Thursday, September 08, 2011

How to Do Something Even When You Don’t Feel Like Doing It

ဘ၀မှာ ကိုယ်မလုပ်ချင်တာတွေကိုလည်း လုပ်ရတဲ့အခါမျိုးတွေ ရှိတတ်ပါတယ်။ အဲဒီလိုအချိန်မျိုးမှာ စိတ်ထဲကလုံးဝ မနှစ်သက်သော်လည်း မလုပ်မဖြစ်မို့၊ တာဝန်အရမို့ လုပ်ကြရပါတယ်။ ကိုယ်စိတ်ထဲက မကြိုက်သော်လည်း လုပ်ရတဲ့အခါမျိုးတွေမှာ အသုံးတည့်မယ့် ခြေလှမ်း(၃)ခုကို  မျှဝေလိုပါတယ်။
ခြေလှမ်း ၁ – လက်ခံပါ
မလုပ်ချင်ပေမဲ့ မဖြစ်မနေလုပ်ရမယ့် အလုပ်တစ်ခုကို လုပ်တဲ့အခါ ကျနော်တို့ဟာ အဲဒီမလုပ်ချင်တဲ့စိတ်ကို  ဖျောက်ဖျက်ပစ်ဖို့ ကြိုးစားတတ်ကြပါတယ်။ အဲဒီလိုလုပ်တာဟာ စိတ်ကိုပင်ပန်းစေပါတယ်။ ဒါကြောင့် အဲဒီမလုပ်ချင်တဲ့စိတ်ကို လက်ခံပါ။ ကိုယ့်ကိုယ်ကိုယ် ဒီလိုပြောကြည့်လိုက်- “ငါ ဒီအလုပ်ကို မလုပ်ချင်ဘူး။ ငါမကြိုက်ဘူး။ အဲဒါကို ငါလက်ခံတယ်။”
အဲဒီစကားက အရှုံးပေးတဲ့စကားလိုလို ထင်ရပါတယ်။ ဒါပေမဲ့ သင့်စိတ်ထဲမှာ ခံစားနေရတဲ့ခံစားချက်တစ်ခုခုကို အတင်းတွန်းလှန်ဖို့ ကြိုးစားခြင်းဟာ စွမ်းအင်တွေအများကြီး ကုန်ခမ်းစေပါတယ်။ ဒါကြောင့် မကြိုက်တဲ့စိတ်ကို ဖယ်ရှားပစ်ဖို့မကြိုးစားဘဲ လက်ခံလိုက်ပါ။ တဖြေးဖြေးနဲ့ အဲဒီစိတ်ဟာ ဆီကုန်သွားတဲ့ကားလို အရှိန်လျော့သွားပါလိမ့်မယ်။ ပြီးတော့ မကြာခင်ပဲ သင့်စိတ်ထဲကနေ ပျောက်သွားပါလိမ့်မယ်။
ဒီခြေလှမ်းနဲ့ အဆင်မပြေသေးဘူးဆိုရင်တော့ နောက်ထပ်ခြေလှမ်းတစ်ခုကို သွားကြရအောင်။
ခြေလှမ်း ၂ – အကျိုးကျေးဇူးတွေကို စဉ်းစားပါ
သင်ဟာ အဲဒီအလုပ်ကို မကြိုက်ဘူး၊ မလုပ်ချင်ဘူးဆိုတာကို သင် လက်ခံပြီးတဲ့နောက်မှာ အဲဒီအလုပ် ပြီးမြောက်သွားခြင်းအားဖြင့် ရရှိလာမယ့်အကျိုးကျေးဇူးတွေကို ချရေးကြည့်ပါ။ စာရွက်ပေါ်မှာဖြစ်ဖြစ်၊ ကွန်ပျူတာထဲမှာဖြစ်ဖြစ်ပေါ့။ ဒါမှမဟုတ် စိတ်ထဲကနေပဲ စဉ်းစားကြည့်ပါ။ အလုပ်တစ်ခုကို သင်မကြိုက်တဲ့အခါ အဲဒီအလုပ်နဲ့ပတ်သက်တဲ့ မကောင်းတဲ့အကြောင်းအရာတွေဘက်ကို စိတ်က ရောက်သွားဖို့ အလွန်လွယ်ကူပါတယ်။ ဥပမာ- အဲဒီအလုပ်ဟာ အရမ်းခက်ခဲလွန်းတယ်ဆိုတဲ့ အတွေးမျိုးပေါ့။
ဘယ်လိုပဲဖြစ်ဖြစ် မလုပ်မဖြစ် လုပ်ရတော့မယ်ဆိုမှတော့ သင့်စိတ်ကိုသင် တက်ကြွလာအောင် ခွန်အားပေးဖို့လိုပါတယ်။ ဒီတော့ သင့်ရဲ့ အာရုံကို ပြောင်းလိုက်ရပါမယ်။ အဲဒီအလုပ်ကို လုပ်ခြင်းဖြင့် ရလာမယ့် အခွင့်အရေးတွေ၊ အကျိုးကျေးဇူးတွေကို ချရေးကြည့်ခြင်းဟာ သင့်ရဲ့ စိတ်ကို တက်ကြွလာစေပါတယ်။ဘယ်အရာနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ် ကောင်းတဲ့အရာတွေကို အမြဲတမ်း ရှာဖွေတွေ့ရှိနိုင်ပါတယ်။ သင်ဟာ အကြောင်းအရာဖြစ်ရပ်တွေကို မှန်ကန်တဲ့နည်းလမ်းနဲ့ ရှုမြင်မယ်ဆိုရင် သင့်ကိုယ်သင်နဲ့ ပတ်သက်တဲ့၊ သင့်ရဲ့ဘ၀နဲ့ပတ်သက်တဲ့ သင်ခန်းစာတွေကို တွေ့နိုင်ပါတယ်။ ပြီးတော့ အခွင့်အရေးတွေကိုလည်း သင် တွေ့ရပါလိမ့်မယ်။
ခြေလှမ်း ၃ – အခု စ လုပ်ပါ
အခုဆိုရင် အလုပ်တစ်ခုကို သင်မကြိုက်ဘူးဆိုတဲ့အတွေးတွေကို လျှော့ချပြီးပြီ။ အဲဒီအလုပ်ကို လုပ်ဖို့ လိုအပ်တဲ့ စိတ်ဓာတ်ခွန်အားတွေရအောင်လည်း လုပ်ပြီးလောက်ပါပြီ။ ဒီအဆင့်မှာ စိတ်က နောက်တစ်ကြိမ် ပြန်တွေးမိတတ်ပါတယ်။ သင်ဟာ သင်အစပြုခဲ့တဲ့နေရာကို ပြန်ရောက်သွားတတ်ပါတယ်။ ဒီအလုပ်ကို ဘာကြောင့်လုပ်ရမှာလဲဆိုတဲ့အတွေးတွေ ပြန်ဝင်လာတတ်ပါတယ်။ ပြီးတော့ အဲဒီအလုပ်နဲ့ပတ်သက်တဲ့ မကောင်းတဲ့အကြောင်းအရာတွေအပေါ် စိတ်က ပြန်ရောက်သွားတတ်ပါတယ်။
ဒါကြောင့် ဒီအဆင့်ကို ရောက်တဲ့အခါ ကျနော်လုပ်လေ့ရှိတာကတော့ တွေးနေတာကို ရပ်လိုက်ပြီး ထိုင်ခုံကနေ ထလိုက်ပါတယ်။ ပြီးတော့ အဲဒီအလုပ်ကို စလုပ်တော့တာပါပဲ။
ဒီစာက သင့်အတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။ ထူးကဲတဲ့နေ့တစ်နေ့ကို သင်ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။
Ref: How to Do Something Even When You Don’t Feel Like Doing It by Henrik
Posted by ဝတီ

Wednesday, September 07, 2011

အီရန်မီဒီယာက သုံးသပ်ဖော်ပြလိုက်သော ထားဝယ်ရေနက်ဆိပ်ကမ်းအကြောင်း

မြန်မာနိုင်ငံတောင်ပိုင်း ထားဝယ်မြို့တွင် စတင်အကောင်အထည် ဖော်နေပြီဖြစ်သည့် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းသည် အင်ဒိုချိုင်းနားကျွန်းဆွယ်သို့ တံခါးပေါက်တစ်ခု အသွင်ဖြစ်လာနိုင်သကဲ့သို့ ကမ္ဘာ့အကြီးဆုံးစက်မှုဇုန်ကြီးအဖြစ် မှတ်တမ်းဝင်နိုင်ကြောင်း အီရန်နိုင်ငံအခြေစိုက် မီဒီယာတစ်ခုဖြစ်သည့် Press TV က ရေးသားဖေါ်ပြချက်ကို ပြည်တွင်းထုတ် Myanmar Post သတင်းဂျာနယ်က ဖေါ်ပြလိုက်ပါသည်။
အဆိုပါစီမံကိန်းတွင်ပါဝင်သည့် စတုရန်းကီလိုမီတာ ၂၅၀ ကျော်ရှည်လျားသော ရေနက်ဆိပ်ကမ်းတစ်ခုကို ထားဝယ်မြို့တွင် တည်ဆောက်နေပြီဖြစ်ကြောင်း၊ အီတာလျံ-ထိုင်းကုမ္ပဏီက ထိုင်းနိုင်ငံရှိကျွမ်းကျင် အင်ဂျင်နီယာများစုစည်း၍ အဆိုပါစီမံကိန်းကို ၁၀ နှစ်ကြာ အကောင်အထည် ဖော်မည်ဖြစ်ကြောင်း၊ အမေရိကန်ဒေါ်လာရှစ်ဘီလျံသုံးစွဲမည့် ယင်းစီမံကိန်းတွင် ရေနက်ဆိပ်ကမ်း ၀န်ဆောင်မှုများ၊ ရေနံချက်စက်ရုံနှင့် ဧရာမ စက်မှုဇုန်ကြီးတစ်ခု ပါဝင်မည်ဖြစ်ကြောင်း၊ ထိုစီမံကိန်း၏ ပထ၀ီနိုင်ငံရေးနှင့် ပထ၀ီ စီးပွားရေးဆိုင်ရာ အနေအထားအရ အလုပ်အကိုင် အခွင့်အလမ်းသစ် ၁,၀၀,၀၀၀ ဖန်တီးနိုင်မည်ဖြစ်ကြောင်း၊ သို့ရာတွင်  စီမံကိန်းတစ်လျှောက်ရှိ လူနေအိမ်အချို့ကို ပြောင်းရွှေ့ဖယ်ရှားရမည်ဖြစ်သည့်အတွက် လူ့အခွင့်အရေးဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်လာနိုင်ကြောင်း အီတာလျံ-ထိုင်းကုမ္ပဏီ ဒါရိုက်တာက Press TV သို့ ပြော ကြားပါသည်။ 
မကြာသေးမီက အဆိုပါစီမံကိန်းတွင်ပါဝင်သည့် မြန်မာ-ထိုင်းအဝေးပြေးလမ်းမတစ်ခု တည်ဆောက်ခြင်းနှင့်စပ်လျဉ်း၍ မြန်မာ့တပ်မတော်နှင့် ကရင်အမျိုးသား အဖွဲ့ချုပ်(KNU)အကြား တိုက်ပွဲများ ပေါ်ပေါက်ခဲ့သော်လည်း စီမံကိန်းပြီးဆုံးသည်အထိ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း အီတာလျံ-ထိုင်းကုမ္ပဏီက ကြေညာခဲ့သည်။
အဆိုပါ စီမံကိန်းသည် အရှေ့အလယ်ပိုင်းနှင့် အာဖရိကနိုင်ငံများသို့ လမ်းပွင့်သွားစေမည့် ကုန်သွယ်ရေးလမ်းကြောင်းသစ်တစ်ခုဖြစ်ပြီး စီးပွားရေးအခွင့်အလမ်းများစွာ ဖန်တီးနိုင်မည်ဟု အီတာလျံ-ထိုင်းကုမ္ပဏီက ယုံကြည်ထားကြောင်း အဆိုပါသတင်းတွင် ဖေါ်ပြထားပါသည်။
Posted by မောင်စူးစမ်း(MTLA GTI)

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၂၈)

တဖက်သားကို ခိုင်းစေတဲ့ဝါကျ ( တောင်ပန်တာ၊ အမိန့်ပေးတာ သဒ္ဒါသဘောမှာ အတူတူပါပဲ ) ကို Imperative လို့ခေါ်ပါတယ်။ ကွဲကွဲပြားပြား ဖြစ်စေလိုလျှင် ဒါမှမဟုတ် လေးနက်အောင်စေလိုလျှင် ကတ္တား You ဆိုတာကို တခါတလေ ထည့်ပြီးပြောတာ တွေ့ရပါရဲ့။
You keep quiet.
You go now.
ဒါပေမယ့် အများအားဖြင့်တော့ You ကို ထည့်ပြီး ပြောမနေတော့ပါဘူး။ ပါတယ်လို့ နားလည်လိုက်ရတာချည့်ပဲ။
Keep quiet.
Go now.
မှတ်ချက်။...........။ ဘာသာစကားတော်တော်များများဟာ ဒီအတိုင်းတွေ့ရတယ်။ မြန်မာစကားမှာ
( ငြိမ်ငြိမ်နေ) ၊ ( အခုသွားစမ်း) ရယ်လို့သာ အသုံးများပြီး အလေးအနက် ပြောလိုမှ၊ လုပ်ရမှာက တခြားသူ မဟုတ်ဘူး၊ မင်းပဲဆိုတာကို ကွဲပြားစေလိုမှ ( မင်းငြိမ်ငြိမ်နေ )၊ ( မင်းအခုသွားစမ်း ) လို့ ကတ္တားထည့်ပြီး ပြောကြပါတယ်။
ခိုင်းစေတဲ့ ၀ါကျမှာ အဲလို ကတ္တားချန်ထားတာကို သဒ္ဒါလေ့ကျင့်ခန်းမှာ ကွင်းစကွင်းပိတ်နဲ့ ထုတ်ဖော်ပြရတယ်။ အဲသလို ပြလိုက်တဲ့အခါ အမိန့်ပေး ၀ါကျဆိုတာလည်း ရိုးရိုးဝါကျတွေလို တည်ဆောက်ထားတာပါလားဆိုတာကို သိသာစေတယ်။
Stop!.................................................. (S)xV
Keep quiet. ....................................... (S)xVxSC
Take this. .......................................... (S)xVxDO
Give her that. .................................... (S)xVxIOxDO
Make yourself comfortable. ............... (S)xVxDOxOC
( ကျွန်တော် သွားပါရစေ ) ဆိုတဲ့ ၀ါကျကို အင်္ဂလိပ်လို Let me go လို့ ဆိုရတယ်။ ဒါဟာ (You) let me go ပါပဲ။ ( ခင်များ ) ကျွန်တော့်ကို သွားခွင့်ပေးပါလို့ ပြောတာပေါ့ ။ ဒါကို သင်္ကေတနဲ့ပြရရင်... .........(S)xVxDOxDO .. လို့ ရပေလိမ့်မယ်။
အလားတူပဲ ( သွားကြစို့ ) လို့ အဓိပ္ပာယ်ရတဲ့ Let's go = ( Let us go ) ဆိုတာဟာလလည်း (S)xVxDOxDO ... ပုံစံပါပဲ။
မှတ်ချက်။................။ ဘာသာစကားတစ်ခုရဲ့ သဒ္ဒါကို လေ့လာရာမှာ အခြားဘာသာစကားရဲ့ ရှု့ထောင့်ကနေ မကြည့်မိဖို့၊ အင်္ဂလိပ်စကားကို မြန်မာစကားနဲ့ တိုက်ရိုက်စကားလုံးလိုက် ဖလှယ်မကြည့်မိဖို့ ကျနော်တို့ သတိပြုသင့်တယ်။ အခု Let's go ကို ကြည့်လေ။ မြန်မာမှာက
( ကျွန်တော်တို့ )က ကတ္တား၊ ( သွားကြစို့ )က ကြိယာဖြစ်နေပါတယ်။

Tuesday, September 06, 2011

Interview with Myanmar Students

ဗြိတိသျှကောင်စီမှ Programme Officer (Education UK) နှင့် ယူကေတွင် ဆေးကျောင်းတက်ရောက်နေပြီး ခေတ္တပြန်လည်ရောက်ရှိနေကြသော မြန်မာကျောင်းသား/သူ သုံးဦးတို့၏ ၂၀၁၁ ဩဂုတ်လတွင် ပြုလုပ်ထားသော အမေးအဖြေကဏ္ဏကို အောက်တွင်နားဆင်နိုင်ပါသည်။
အသံဖိုင်များအား online မှနားထောင်လိုပါက လိုအပ်သော interview အပေါ်တွင်နှိပ်၍နားထောင်နိုင်ပြီး mp3 အနေဖြင့် download လုပ်လိုပါက သက်ဆိုင်ရာ download ခလုတ်အားနှိပ်၍ mp3 Fileအား ဆွဲယူနိုင်ပါသည်။
ဤအမေးအဖြေကဏ္ဏတွင် King’s College, London၌ ဆေးပညာတက်ရောက်နေသော မောင်မြင့်မိုရ်လွင် နှင့် မောင်ဟိန်းမြတ်သူထက်၊ Newcastle University တွင် ဆေးပညာတက်ရောက်နေ သော မမြင့်မြတ်သူတို့က ၎င်းတို့၏အတွေ့အကြုံများ အပေါ်တွင်အခြေခံ၍ ယူကေသို့ သွားရောက်ပညာသင်ရန် စိတ်ဝင်စားသော ကျောင်းသားများ အများဆုံးမေးတတ်သည့် မေးခွန်းများကို ထည့်သွင်းဖြေဆိုထားပါသည်။ အင်္ဂလိပ်စာလေ့လာနေသူများအတွက် အသုံးဝင်စေဖို့အတွက်လဲ ရည်ရွယ်ပါတယ်။


Posted by ကိုတူး(မိတ္ထီလာ GTI)

Handset တွေအကြောင်းသိဖို့လိုပါသည်

မြန်မာ့အလင်းမှ
Posted by စိုးမင်းခိုင်

Monday, September 05, 2011

Personal Interview တွင်မေးလေ့မေးထရှိသော အမေးအဖြေများ

Personal Interview တွင် ဘယ်လိုမေးခွန်းမျိုး မေးလာမည်ဆိုတာကို အတိအကျမှန်းဆဖို့ရာ မဖြစ်နိုင်မေမဲ့လည်း လူတွေ့စစ်ဆေးရာတွင် အများဆုံး မေးလေ့မေးထရှိသော မေးခွန်းများကို ဖြေနိုင်အောင် လေ့ကျင့်ထားခြင်းဖြင့် သင့်ကိုယ်သင်ပြင်ဆင်ထားနိုင်ပါသည်။ ဒီပြင်ဆင်မှုမျိုးသည် သင့်ကို တွေ့ဆုံ မေးမြန်းနေစဉ်အတွင်း စိတ်တည်ငြိမ်မှုရှိအောင် ပံ့ပိုးပေးရုံသာမက ရလဒ်ကိုလည်း ထိန်းချုပ်နိုင်အောင် ကူညီပေးပါသည်။
သင့်ရဲ့ကျွမ်းကျင်မှုဟာ ဘာပဲဖြစ်နေပါစေ တွေ့ဆုံမေးမြန်းသူတိုင်းလိုလို မေးတတ်တာကတော့ မေးခွန်း ၅-ခုပါပဲ။ 
သင့်အကြောင်းပြောပြနိုင်မလား (Can you tell me about yourself?)
ဒီမေးခွန်ဟာ Personal Interview တွေမှာတော့ အမုန်းဆုံးနှင့် အမေးအများဆုံးမေးခွန်းဖြစ်ပါတယ်။ တွေ့ဆုံမေးမြန်းခြင်းရဲ့အစမှာ မေးလေ့မေးထရှိပြီး ဒီမေးခွန်းဟာ မေးမြန်းသူကို သင်နှင့်သင့်ရဲ့စွမ်းရည်ကို သိနိုင်မဲ့ အခွင့်အရေးကိုပေးပါတယ်။ သင်ဖြေတဲ့အခါမှတော့ သင့်ရဲ့ပင်ကိုယ်စရိုက်၊ စွမ်းရည်၊ အတွေ့အကြုံနှင့် အလုပ်ရာဇ၀င်တို့ကို အတိုချုပ်ဖြေလိုက်ပါ။ သင်ဟာ ဘာ့ကြောင့် အဲဒီအလုပ်အတွက် သင့်တော်တဲ့သူ ဖြစ်ပါတယ်ဆိုတာကို သရုပ်ဖော်သွားမယ့် အချက်များကိုသာ အဓိကထားပြီးဖြေဆိုပါ။
ဒီမှာ ဘာ့ကြောင့် အလုပ်လုပ်ချင်တာလဲ (Why do you want to work here?)
အဲဒီမေးခွန်းမျိုးကို-  ဘာကြောင့်လဲဆိုတော့ ကျွန်တော်/ကျွန်မ အလုပ်တကယ်လိုနေတဲ့အချိန်မှာ ဒီကလည်း ခေါ်လို့ပါ ဆိုတဲ့ အဖြေမျိုးကို မဖြေမိပါစေနဲ့။ ဘယ်လောက်ပဲ မှန်နေပါစေ။ အဲဒီလိုမျိုးတော့ လုံးဝ မဖြေလိုက်ပါနဲ့။ တွေ့ဆုံမေးမြန်းမှုမတိုင်ခင် သုတေသနပြုခဲ့မယ်ဆိုရင်တော့ ဒီမေးခွန်းကို ဖြေနိုင်မှာပါ။ ကုမ္ပဏီအကြောင်း သင်သိထားသမျှကို အသုံးချလိုက်ပါ။ မေးမြန်းသူအား သင်ဟာ ကုမ္ပဏီနှင့် ၄င်း၏ အလေ့အကျင့်များ (သို့) ရလဒ်များကို ဘာ့ကြောင့် အားကျတယ်ဆိုတာကို ပြောပြပါ။ တခြားအရာတွေက မအောင်မြင်ဘူးဆိုရင် သင့်ရဲ့စွမ်းရည်တွေနဲ့ အလုပ်ရဲ့လိုအပ်ချက်တွေကို ဆက်စပ်ပြပါ။ သင်ဟာ ဘာကြောင့် သူတို့ကုမ္ပဏီအတွက်သင့်တော်တယ်ဆိုတာကို မေးမြန်းသူအား ပြောပြပါ။
ဘာ့ကြောင့် သင့်ကို အလုပ်ခန့်ရမှာလဲ (Why should we hire you?)
ဒီမေးခွန်းကတော့ သင်အမေးခံရမယ့် မေးခွန်းတွေထဲက အရေးကြီးဆုံးသော မေးခွန်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် သင့်မှာလည်း ခိုင်လုံတဲ့အဖြေတစ်ခုရှိထားဖို့ အသေအချာ စီစဉ်ထားပါ။ သင်ဟာ ဘာ့ကြောင့် ၀န်ထမ်းကောင်းတစ်ဦး ဖြစ်နိုင်တယ်ဆိုတာရယ်၊ သင်ဟာဒီအလုပ်နဲ့ဘာကြောင့်သင့်တော်တယ်ဆိုတာရယ်၊ တခြား အလုပ်လာလျှောက်သူတွေထက် သင်ဟာ ဘယ်အချက်မှာ သာတယ်ဆိုတာရယ်တွေကို အသေးစိတ်ရှင်းပြပါ။ သင့်ရဲ့ အောင်မြင်မှုတွေ ကျွမ်းကျင်မှုတွေ၊ အသုံးချနိုင်မဲ့ အတွေ့အကြုံတွေကို ထောက်ပြပါ။
နောက်ဆုံးအလုပ်က ဘာကြောင့်ထွက်ခဲ့သလဲ? (Why did you leave your last job?)
ဒီမေးခွန်းဟာ မေးခွန်းမေးခြင်းထက် စစ်ဆေးတာဆိုရင် ပိုမှန်မယ်။ မေးမြန်းသူအနေနဲ့ သင့်စိတ်ကို ဘယ်အရာက လှုပ်ရှားစေမလဲဆိုတာကို သိချင်လို့ပဲ။ တတ်နိုင်သမျှ အမှန်တရားကိုပဲဖြေပါ။ ဘာပဲလုပ်လုပ် နာကြည်းပုံ၊ စိတ်ဆိုးတဲ့ပုံ၊ စိတ်ကြီးတဲ့ပုံမပေါက်ပါစေနဲ့။ အရင်ကုမ္ပဏီ၊အလုပ်ရှင် နဲ့ လုပ်ဖော် ကိုင်ဖက်များ အကြောင်းမကောင်း  မပြောမိပါစေနဲ့။
နောက် ၅ နှစ်ကြာရင် သင့်ကိုယ်သင် ဘယ်မှာမြင်လဲ? (Where do you see yourself in 5 years?)
ဘာကြောင့်များ တွေ့ဆုံမေးမြန်းသူတွေက ဒီမေးခွန်းကို ဆက်ပြီးမေးနေကြပါလိမ့်။ ဘာကြောင့်လဲဆိုတော့ ဒီမေးခွန်းဟာ ဒီအလုပ်နဲ့ပတ်သက်တဲ့ သင့်ရဲ့စိတ်ဝင်တစား ကြိုးပမ်းအားထုပ်မှု အတိုင်းအတာနဲ့ သင်ထားရှိတဲ့ အလုပ်ရည်မှန်းချက်ကို ထိုးဖေါက်မြင်ရလို့ပါပဲ။ ဒါကြောင့် “ဗဟားမားကျွန်းစု (Bahamas) မှာ ရွက်လှေစီးနေချင်ပါတယ် လို့ ဖြေမဲ့အစား သင့်ရဲ့အလုပ်နဲ့သော်လည်းကောင်း သင့်ရဲ့ကြိုးစားအားထုတ်မှုနဲ့ သော်လည်းကောင်း ဆက်နွှယ်နေတဲ့ ရည်မှန်းချက်တွေအကြောင်းကို ပြောပြပါ။
Posted by ဝတီ

ဖူကူရှီးမား နျူကလီးယား ဓာတ်ပေါင်းဖို၏ နောက်ဆက်တွဲဖြစ်ရပ်

ဂျပန်နိုင်ငံရှိ ဖူကူရှီးမား နျူကလီးယားဓာတ်ပေါင်းဖို ပေါက်ကွဲခဲ့မှုအခက်အခဲများကို ဂျပန်တို့က မရေမရာ ပြောဆိုနေကြသည့်အချက်မှာ ငလျင်ကြီးလှုပ်ခြင်းနှင့် ဆူနာမီဒဏ်ခံရခြင်းတို့၏ နောက် ကွယ်မှမမြင်နိုင်သော အကြောင်းအရာအဖြစ်အပျက်များ ရှိနေကြောင်းပင်ဖြစ်သည်။ သို့ရာတွင် နောက် ဆုံးဖြစ်လာသောအကြောင်းတရားများက ဓာတ်ပေါင်းဖိုများကို ကံဆိုးမိုးမှောင်ကျအောင် ပြုလိုက်ကြပေပြီ။ ”ဂျပန်၏ နျူကလီးယား ဓာတ်ပေါင်းဖို အကျပ်အတည်း များ၏ ထူးဆန်းမှုတစ်ခု” မေးခွန်းတစ်ခုမှာ အဓိကပင် ဖြစ်သည်။ ”၂ဝ၁၁ မတ်လ ဆူနာမီရေလှိုင်းကြီးများ မထိရိုက် မီကပင်ဖူကူရှီးမား ဓာတ်ပေါင်းဖိုသည် ငလျင်ကြောင့် ဘယ်လောက် ထိခိုက်ပျက်စီးခဲ့ရသလဲ” ဟူ သော မေးခွန်းဖြစ်သည်။ ဂျပန်နိုင်ငံ၏ နျူကလီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၏ ဖွဲ့စည်းတည်ဆောက်ထားမှုများမှာ ငလျင်ဒဏ်လာရောက်ထိခိုက်မိလျှင် နျူကလီးယားလောင်စာအခန်း ပိတ်သွားနိုင်ရမည့် လုံခြုံမှုရယူလျက် တည်ဆောက်ထားခဲ့ကြသည်။ ဂျပန်နိုင်ငံရှိ နျူကလီးယားဓာတ်ပေါင်းဖို ၅၄ လုံးတွင် ၃၅ လုံးမှာ ပိတ်ခဲ့ရသည်။ ၄င်းတို့၏ တည်ဆောက်ထားမှုအပါအဝင် လုံခြုံမှုအပေါ် အဆုံးအဖြတ်ပေး၍ ပြန်လည် စတင်လည်ပတ်စေခဲ့ပြီးဖြစ်သည်။ ဖူကူရှီးမားဓာတ်ပေါင်းဖိုမှ Tokyo Electric Power Co (Tepco) ၏စက်ကိုင်မောင်းနှင်သူ တာဝန်ခံနှင့်ဂျပန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ယူကီယိုအီဒါနိုတို့က ထပ်ကာ တလဲလဲ   ကြေညာချက်မှာ ”ငလျင်ပြီးနောက် နျူကလီးယားလောင်စာများ အရည်ပျော်ခြင်းမရှိ” ဟူသောသတင်း စကားပင်ဖြစ်သည်။ ငါးလခန့်ကြာပြီးနောက်မှသာ မစ္စတာအီဒါနိုက ထပ်မံပြောကြားလာခဲ့သည်မှာ သူတို့သည် နျူကလီးယားလောင်စာရည်များပျော်ကျခြင်းကို သိရှိခဲ့ရပြီဖြစ်ကြောင်းဟူသော စကားပင်ဖြစ်သည်။ လများစွာတစ်လျှောက်လုံး လိမ်ညာမှုများနှင့် သတင်းမှားများကိုပေးခြင်း ဇာတ်လမ်းတစ်ပုဒ်မှာ ထိုးဖောက်တိုက်ခိုက်ထွက်ပေါ်လာခဲ့သည်။

Sunday, September 04, 2011

ဖြစ်တောင့်ဖြစ်ခဲ ဖြစ်ရပ်ဆန်း

 တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ချန်ချွမ်မြို့တွင် လမ်းပေါ်တွင် ရှိနေသော အပေါက်ကြီး ထဲသို့ မော်တော်ဆိုင်ကယ် တစ်စီး ထိုးကျ သွားပုံကို သြဂုတ်လ ၈ ရက်နေ့က တွေ့မြင်ရပုံ ဖြစ်သည်။ မော်တော်ဆိုင်ကယ် မောင်းသူမှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားသော်လည်း မြင်ကွင်းမှာ ရယ်စရာ ကောင်းလှသောကြောင့် ရပ်ကြည့်နေသူတိုင်း မရယ်ဘဲ မနေနိုင်အောင် ဖြစ်ရသည်ဟု ဆိုသည်။ လူအများ တဟားဟား ပွဲကျ နေကြသော်လည်း မော်တော်ဆိုင်ကယ် မောင်းသူ ဇန်ဘို ခမျာ ဆိုင်ကယ်စီး ဦးထုပ်ကို ဆောင်းထားခြင်း မရှိသောကြောင့် ဦးခေါင်းခွံ ကွဲအက်ပြီး မေးရိုးကျိုးကာ ဆေးရုံသို့ ပို့ခဲ့ရကြောင်း သိရသည်။ ယင်းအပေါက်ကြီးကို သံမဏိ အဖုံးဖြင့် ဖုံးထားသော်လည်း သူခိုး ခိုးသွားသောကြောင့် အပေါက်ကြီးမှာ ပွင့်လျက် ရှိနေရခြင်း ဖြစ်သည်ဟု ဆိုသည်။
Posted by မောင်စူးစမ်း(MTLA GTI)

၅ သိန်းတန် SIM Card

    ဖုန်း အမည်က LG 200-E လေးပါ။ သူလေးက အနေစုပ်ပေမဲ့ ရွှေထုတ်တဲ့ မြပုဝါ လို့ ပြောရမလိုဘဲ။ သိပ်စွမ်းဆောင်ရေကောင်းပါတယ်။ ခုမြန်မာပြည်မှာ၅၀၀၀၀၀တန် ဖုန်းတွေ ၀ယ်သုံးကြတယ်။ တချို့ တလေ ငြီးကြတယ်။ငါလည်း သိပ်မပြောဘဲနဲ့ ဖုန်းဘေတွေ သိပ်တက်တယ် ဆိုတာလေ။ ဟဲဟဲ ကျွန်တော် သိတာလေး ဖောက်သည် ပြန်ချတာနော်။ဒီဖုန်းကSIM Card မပါဘဲ ဖုန်းခေါ်လို့ရတယ် လို့ပြောရင် ယုံကြပါ့မလား။ဘယ်သူမှ ယုံမှာမဟုတ်ပါဘူး။ကျွန်တော်လည်းမ ယုံ ပါ ဘူး။ ဒါပေမဲ့ လက်တွေ့ တွေ ခဲ့တာလေ ပြန်ဖောက်သည် ချလိုက်ပါရစေ။
         ကျွန်တော့်ရဲ့သူငယ်ချင်းက ဒီဖုန်းထဲ မှာ ၅ သိန်းတန် SIM Card ကိုထည့်ထား လိုက်တယ်။ပြီးတော့ bar code ရိုက်ထည့် လိုက်တယ်။ ဖုန်းက SIM Card ကို ဖတ်ပြီး ဖုန်းထဲမှာ Store လုပ်ထားတယ်။ ပြီးတော့ ဖုန်းကို battery power ပေးလိုက်တယ်။ ပြီးတော့ SIM Card ဖြုတ်လိုက်တယ်။ ဒါဆိုရင် သာမာန် ဖုန်းအားဖြင့် SIM Card မရှိတော့ရင် လိုင်းမရှိတော့ဘူးပေါ့။ဟဲဟဲ ဒီဖုန်းက SIM Card မရှိတော့ပေမဲ့ လိုင်းရှိတယ်။ခုဏ ဖုန်းထဲ store လုပ်ထား တာတွေလေ။ဒါပေမဲ့ အဲဖုန်းက battery ကုန်လို့မ ရဘူးဗျ။battery ကုန်တာနဲ့ မှတ်ထားတာတွေ gone ရောဗျ။
       ကြိုက်တဲ့ နေရာကိုခေါ်ပေတော့။အ၀င်ရောအထွက်ပါသုံးလို့ရတယ်။ဒီနည်းနဲ့ SIM Card တစ်ခုတည်းကို ဖုန်းတွေ ပွားပြီး SIM Card ကိုရောင်းစားလိုက် တယ်။ဝယ်လိုက်တဲ့သူက မောင်ဖြူ ဆိုပါတော့။ ကျွန်တော်က SIM Card ကိုပွားထားတဲ့ သူဆိုပါတော့။ လူတစ်ယောက်က မောင်ဖြူဆီ ဖုန်းခေါ်လိုက်ရင် ကျွန်တော် ပွားထားတဲ့ ဖုန်းမှာလည်း ring လာမြည်တယ်။ကျွန်တော်က Answer လုပ်လိုက်တယ်။မောင်ဖြူ မသိပါ။ခေါ်တဲ့လူနဲ့ မောင်ဖြုပြောနေကြရာမှာ ခေါ်တဲ့သူပြောတာကို ကျွန်တော်ကြားရတယ်။ ကျွန်တော်လည်းဝင်ပြောလို့ ရတယ်။ ကျွန်တော်ပြောတာကိုတော့ ခေါ်တဲ့သူကြားရပြီး မောင်ဖြူ မကြားရဘူးဗျ။ ပြီးတော့ ကျွန်တော် အပြင်ကို ခေါ်သမျှ မောင်ဖြူမသိပါ။
  ဟဲ...ဟဲ ဖုန်းဘေကတော့ မောင်ဖြူဆီသွားတာပေါ့။တော်တော် တော်တဲ့ သူတွေပါ။ ကျွန်တော်တောင်တော်တော်လက်ဖျားခါသွားတယ်။အဲဒါနဲ့ barcode လေးသူငယ်ချင်း ဆီကပ်တောင်းတာ မပေး ဘူးဗျ။နောက်မှ ယူတဲ့ဗျ။ အဲတော့ ဘော်ဒါတို့ ဖုန်းတွေ ဘေတွေသိပ်တက်နေရင် မြန်မာ့ ဆက်သွယ်ရေးဆီ သွားပြီး နာမည် တစ်ခါတည်းတာပြောင်းလိုက်တော့ဗျာ။ပြောင်းခကတော့ ၁၅၀၀၀၀ လောက် ပေးရမယ်တဲ့။နောက်၁ခုက  lg st ဆိုတဲ. ဖုန်းလေးကလဲ  ခုပေါ်နေပြီလေ။ ၁မိနစ်လောက် သူများစီက  SIM Card ရလိုကတော့  ဖုန်းပွားပြီးသာပဲ။ ခုရန်ကုန်က ဖုန်း ဆိုင်တော်တော်များများတွေမှာ ရောင်းနေကြပါတယ်။၃၁.၈ လပိုင်း မြန်မာသတင်းစာမှာလည်ရေးသားထားပါတယ်။ သူငယ်ချင်းတို.ရဲ့ ဖုန်းတွေအပွားမခံရအောင်  မိမိဖုန်း သို.မဟုတ် SIM Card ကို သူတစ်ပါကိုမငှားမိစေနဲနော်....မဟုတ်ရင် ၁၅၀၀၀၀လောက် ကုန်ဖို.သာပြင်ထား....
             သူငယ်ချင်းအားလုံး  ဖုန်းအပွားခံရချင်းမှ ကင်ဝေးနိုင်ပါစေ....
E-mail မှရရှိလာသော Information အားပြန်လည် မျှဝေပါသည်။
Posted by ဂျွန်

Saturday, September 03, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၂၇)

S တစ်ခုနဲ့ V တစ်ခုတွဲထားတာကို Clause လို့ ခေါ်ကြောင်း တင်ပြခဲ့ပါပြီ။ Clause တစ်ခုတည်းပါတဲ့ ၀ါကျကို Simple Sentence လို့ ခေါ်ပါတယ်။ ဥပမာ….
Birds fly.
S.......V
the girl who is wearing a blue cardigan is a friend of my sister.
.......................................................S......V..
Clause တစ်ခုထက် ပိုလာလျှင်တော့ကာ......
(က) အဲဒီ Clause တွေဟာ Coordinate တွေ ဖြစ်နေလျှင် Compound Sentence လို့ ခေါ်တယ်။

ဥပမာ…………
Birds fly and fish swim.
S.......V...........S......V
Men may come and men may go but I go on for ever.
S................V.............S............V........S..V
(ခ) ပင်မဖြစ်တဲ့ Clause ( Main Clause ) တစ်ခုရယ်၊ သူ့လက်အောက်ခံ၊ တစ်နည်းသူ့ရဲ့ အစိတ်အပိုင်းသဖွယ် ကပြနေရတဲ့ Clause ( Subordinate Clause ) ရယ် ပါလာလျှင်တော့ Complex Sentence လို့ ခေါ်တယ်။ ဥပမာ……..
When the headmaster arrived the ceremony began.
...........................................................S.............V
( Main Clause က the ceremony began ဖြစ်တယ်။ when the headmaster arrived ဆိုတဲ့ Sub Clause က Adv ဖြစ်တယ်။ )
Whose woods these are I think I know.
......................................S...V
( Main Clause က I think ဖြစ်တယ်။ think ရဲ
Object က I know ဖြစ်တယ်။ know ရဲ့ Object က whose woods these are ဖြစ်တယ်။ )
ဒါကျနော်တို့ဆီက သင်ရိုးသင်စဉ် ကျောင်းသုံးသဒ္ဒါစာအုပ်များအတိုင်း တင်ပြလိုက်တာပါ။ ခုခေတ် သဒ္ဒါဆရာတစ်ချို့ကတော့ Simple and Compound နှစ်မျိုးပဲ ခွဲကြပါတယ်။ Complex ကို Compound ထဲမှာ သွတ်သွင်းပါတယ်။ အဓိက မှတ်ရမှာက Simple, Complex, Compound သုံးမျိုး ရှိတယ်လို့ မှတ်ထားပါ။