Friday, September 23, 2011

လီကွမ်ယုတိုက်တွန်းမူအပေါ် တုံပြန်ချက်

စင်္ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်ယု၏ ပါရဂူဘွဲ့ရရှိရန် ကြိုးစားနေသည့် ခေတ်ပညာတတ် အမျိုးသမီးများအပေါ် ထားရှိသောသဘောထားကို အမျိုးသမီးအဖွဲ့အစည်းများမှ ဝေဖန်ပြစ်တင်လိုက်သည်။
လွန်ခဲ့သည့်အပတ်က နန်ယန်တက္ကသိုလ်တွင် ပြုလုပ်သည့်ဆွေးနွေးပွဲတစ်ခုအတွင်း ပါရဂူဘွဲ့ယူရန် ကြိုးပမ်းနေသည့် ကျောင်းသူတစ်ဦးမှ စင်္ကာပူနိုင်ငံအတွင်းသို့ နိုင်ငံခြားသားဝင်ရောက်လာမှုနှင့် ပတ်သက်၍သောမေးခွန်းကို ဖြေကြားရာတွင် “ ပါရဂူဘွဲ့ယူဖို့ အချိန်ဖြုန်းမနေနဲ့ အိမ်ထောင်ပြုဖို့ ကြိုးစားပါ၊ မိသားစုဘ၀က သင့်ရဲ့ပါရဂူဘွဲ့ထက် အရေးပါတယ်၊ ကျွန်တော်မျှော်လင့်တာက ပါရဂူဘွဲ့လည်းရ၊ အိမ်ထောင်ဖက်လည်းရဖို့ မျှော်လင့်ပါတယ်” ဟု ဖြေကြားခဲ့သည်။
(ထိုမေးမြန်းချက်ကို စင်္ကာပူနိုင်ငံရဲ့ ဒုက္ခ ဆောင်ပါးတွင်ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။)
လီကွမ်ယု၏ မှတ်ချက်နှင့်စပ်လျဉ်း၍ (Association of women for Action and Research -Aware) မှ ဥက္ကဌ နီကိုးတန်မှ လီကွန်ယု၏မှတ်ချက်ကို ငြင်းချက်ထုတ်လိုက်ပြီး၊ လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ်နှင့်အားကစားဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ် ယာကို့ Yacob မှ ကြေငြာချက်ထုတ်ပြန်ကာ တုံ့ပြန်ခဲ့သည်။ စင်္ကာပူနိုင်ငံသည် အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုတိုက်ဖျက်ရေး Cedaw ကို လက်မှတ်ရေးထိုးထားသည့် နိုင်ငံဖြစ်သည်။
“ကျားမတန်းတူမှုဟာ စင်္ကာပူရဲ့လူမှုစီးပွားရေးဖွံ့ဖြိုးမှုမှာ အဓိကအရေးပါတယ်။ ကျားမခွဲခြားမှုအပေါ် အခြေမခံတဲ့တစ်ဦးချင်း၏ အရေးပါမှုကိုချဲ့ထွင်ပြီး ဦးစားပေးထားရမည်” ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
“စင်္ကာပူရဲ့စီးပွားရေးဖွံ့ဖြိုးမှုကို ထိန်းထားဖို့အတွက် တစ်နှစ်ကို နိုင်ငံခြားသားအလုပ်သမား ခြောက်သောင်းလိုတယ်။ နိုင်ငံခြားသားအလုပ်သမားဦးရေကို လျော့ချဖို့အတွက် စင်္ကာပူမိသားစုတစု ကလေးမွေးနှုန်းက (၁ ဒသမ ၈) သို့မဟုတ် (၂ ဒသမ ၁) ရှိဖို့လိုတယ်” ဟု နိုင်ငံခြားသား အလုပ်သမား ၀င်ရောက်မှုနှင့် ပတ်သတ်၍ လီကွမ်ယုက မှတ်ချက်ပေးခဲ့သည်။   
Aware ဥက္ကဌ နီကိုးတန်မှ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုတိုက်ဖျက်ရေး Cedaw ကို လက်မှတ် ရေးထိုးထားသည့် နိုင်ငံအနေဖြင့် “ ရှေးရိုးစွဲကိုအခြေခံတဲ့ အမျိုးသား၊ အမျိုးသမီးဆိုတဲ့ အယူအဆကို စင်္ကာပူရဲ့ လူမှုရေးနဲ့ယဉ်ကျေးမှုနယ်ပယ်မှာ သင့်လျှော်သလို ထိန်းညှိဖို့ အစိုးရမှာတာဝန်ရှိကြောင်း” ပြောဆိုခဲ့သည်။ “ လီကွမ်ယုလို သြဇာတိက္ကမကြီးတဲ့ပုဂ္ဂိုလ်က ဒီလိုမှတ်ချက်မျိုးပေးတာ လူမှုရေးပြောင်းလဲမှု ဖြစ်စဉ်မှာ အရေးပါတယ်။ သူ့ရဲ့မှတ်ချက်က အမျိုးသမီးဆိုတာ အိမ်ထောင်မှု အလုပ်လုပ်ဖို့ နဲ့ အမျိုးသားရဲ့တာဝန်က အိမ်ထောင်စုကို ပံ့ပိုးဖို့ဖြစ်တယ်ဆိုတဲ့ ရှေးရိုးစွဲဟာ ဒီနေ့လူမှုအဆင့်အတန်းကို လိုက်မီအောင် ကြိုးစားနေတဲ့ မိသားစုတွေကို အထင်သေးရာရောက်ကြောင်း” ထောက်ပြပြောဆိုခဲ့သည်။
Posted by အိမ်လွမ်းသူ

မြန်မာအပါအ၀င် နိုင်ငံပေါင်း ၁၅ နိုင်ငံကို အင်ဒိုနီးရှားက ဗီဇာကင်းလွတ်ခွင့်ပြု

မြန်မာနိုင်ငံအပါအ၀င် နိုင်ငံပေါင်း (၁၅) နိုင်ငံမှ လာရောက်သူများအား အင်ဒိုနီးရှားနိုင်ငံက ဗီဇာကင်းလွတ်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တစ်ရပ်အရ သိရှိရပါသည်။
ယင်းသို့ ဗီဇာကင်းလွတ်ခွင့်ပြုလိုက်သည့် နိုင်ငံများမှာ မြန်မာ၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ ချီလီ၊ အီကွေ ဒေါ၊ ဟောင်ကောင်၊ လာအို၊ မကာအို၊ မလေးရှား၊ မော်ရိုကို၊ ပီရူး၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့ ဖြစ်ကြောင်း သိရသည်။
အဆိုပါနိုင်ငံများသည် ဗီဇာမလိုအပ်ဘဲ အင်ဒိုနီးရှားနိုင်ငံတွင်း ရက် (၃၀) ကြာနေထိုင်ခွင့်ရှိသည်ဟု  စင်ကာပူနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးက ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့က ထုတ်ပြန်ထားသည်။
အင်ဒိုနီးရှားနိုင်ငံသည် အာဆီယံအဖွဲ့အစည်း၏ဥက္ကဋ္ဌအဖြစ် ယခုနှစ်တွင် ဆောင်ရွက်နေပြီး၊ အာဆီယံအဖွဲ့အစည်းက နှစ်စဉ်ကျင်းပလေ့ရှိသော ထိပ်သီးဆွေးနွေးပွဲနှင့် အစည်းအဝေးများကိုလည်း လက်ခံကျင်းပလျက်ရှိသည်။
အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ယခုနှစ်တွင် လက်ခံကျင်းပရသော အစည်းအဝေးများ၊ ဆွေးနွေးပွဲများ၊ ပြပွဲများသို့ လာရောက်သူများလည်း များပြားခဲ့ကာ ကျန်ရှိနေသေးသည့် အခမ်းအနားများသို့လည်း တက်ရောက်သူ ပိုမိုနိုင်သည်ဟု အင်ဒိုနီးရှားနိုင်ငံ Antara News က ထုတ်ပြန်ထားသည်။
(၁၉)ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးများကို အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် နိုဝင်ဘာလ၌ ပြုလုပ်မည်ဖြစ်သည်။ နိုဝင်ဘာလအတွင်းတွင်ပင် (၂၆)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်)ကိုလည်း ကျင်းပမည်ဖြစ်ရာ ဒေသတွင်းနိုင်ငံများမှ နိုင်ငံသားများရောက်ရှိမှု ပိုမိုလာနိုင်သည်ဟု သိရှိရသည်။
အာဆီယံအတွင်းရေးမှူးချုပ် ရုံးတည်ရှိသည့်အတွက်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အစိုးရအရာရှိများ လာရောက်မှုများမှာ ယခင်ကတည်းက ရှိနေသည်။
၂၀၁၁ ခုနှစ် မတ်လအတွင်း  အာဆီယံဒေသတွင်း နိုင်ငံများမှ ခရီးသွားဦးရေ ၂၁၀၀၀၀ ကျော် အင်ဒိုနီးရှားနိုင်ငံသို့ ၀င်ရောက်ခဲ့ကာ စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနိုင်ငံတို့ အဓိက ပါဝင်ခဲ့သည်ဟု သိရှိရသည်။ အင်ဒိုနီးရှားနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအနက် ခရီးသွားများပြားသော အနေအထားဖြင့်ရပ်တည်နေပြီး ဘာလီကျွန်းမှာလည်း အာရှ၏ကျော်ကြားသော ခရီးသွားဒေသတစ်ခုလည်း ဖြစ်နေသည်။
မြန်မာနိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံသို့ သွားရောက်ပါကလည်း ဗီဇာကြိုတင် လျှောက်ထားရန် မလိုအပ်ဘဲ ဆိုက်ရောက်ဗီဇာဖြင့် ၀င်ရောက်ခွင့်ရရှိထားသည်။
Posted by အိမ်လွမ်းသူ

Thursday, September 22, 2011

နိုင်ငံခြားငွေ တရားဝင်ကိုင်ဆောင်ရောင်းဝယ်ဖောက်ကားခွင့် မြန်မာနိုင်ငံပြည်တွင်းဘဏ် (၆) ခုရရှိ

နိုင်ငံခြားငွေ တရားဝင်လဲလှယ်ရေးကောင်တာအား ဖွင့်လှစ်ရန် နေ့ရောညပါ ပြင်ဆင်နေပုံကို စက်တင်ဘာလ ၂၁ ရက်နေ့ ညပိုင်းကတွေ့ရစဉ်
နိုင်ငံခြားငွေကို ပြည်တွင်း၌ တရားဝင်ကိုင်ဆောင် ရောင်းဝယ်ဖောက်ကားခွင့်အား ဘဏ် ၆ ခုမှ ရရှိထားကြောင်းနှင့် ဗဟိုဘဏ်မှ သတ်မှတ်သည့် ငွေလဲနှုန်းဖြင့် နိုင်ငံခြားငွေ တရားဝင်လဲလှယ်ရောင်းဝယ်ရေး ကောင်တာအား ရန်ကုန်တွင် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က ပြောကြားခဲ့ပါသည်။
နိုင်ငံခြားငွေ တရားဝင်ကိုင်ဆောင်ခွင့် ရောင်းဝယ်ဖောက်ကားခွင့် ရရှိသည့် ဘဏ်များမှာ မြ၀တီဘဏ်၊ အင်းဝဘဏ်၊ စီဘီဘဏ်၊ ကမ္ဘောဇဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်နှင့် မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုးရေးဘဏ်တို့ ဖြစ်ကြောင်း ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က ပြောပြခဲ့သည်။
နိုင်ငံခြားငွေ တရားဝင်ကိုင်ဆောင် ရောင်းဝယ်ခွင့်ရသည့်ဘဏ်များအနေဖြင့် နိုင်ငံခြားငွေသုံးမျိုးနှင့် FEC တစ်မျိုး စုစုပေါင်းလေးမျိုးကို ရောင်းဝယ်လဲလှယ်ဖောက်ကား ခွင့်ပြုထားကြောင်း၊ စက်တင်ဘာလ ကုန်နှင့် အောက်တိုဘာလဆန်း ၀န်းကျင်ကာလတွင် အစောဆုံးဖွင့်လှစ်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။   
''မြ၀တီ၊ အင်းဝ၊ စီဘီ၊ ကမ္ဘောဇ၊ မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုးရေးဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ် အားလုံး ဘဏ်ခြောက်ခုက နိုင်ငံခြားငွေတရားဝင် ကိုင်ဆောင်ရောင်းဝယ်ဖောက်ကားခွင့် ရရှိထားပါပြီ။ ဖွင့်မယ့် နေရာက သိမ်ဖြူလမ်း အောက်ဘလောက်က အရင်နိုင်ငံခြားငွေလဲလှယ်ရေးကောင်တာနေရာမှာ ဖွင့်ပါမယ်။ ဘဏ်ခြောက်ဘဏ်စလုံး ပေါင်းဖွင့်မယ်။ ကိုင်ဆောင်လဲလှယ်ခွင့်ရတဲ့ နိုင်ငံခြားငွေက အမေရိကန်ဒေါ်လာ၊ စင်ကာပူဒေါ်လာနဲ့ ယူရိုငွေကြေးတွေ ဖြစ်တယ်။ ဒါ့အပြင် FEC ကိုလည်း လဲလှယ်ခွင့် ရရှိပါတယ်။ ဗဟိုဘဏ်က သတ်မှတ်တဲ့ ငွေလဲနှုန်းနဲ့ လဲလှယ်ပေးမှာပါ။ နိုင်ငံခြားငွေသုံးမျိုးနဲ့ ပြည်တွင်းကြားခံ ငွေကြေးတစ်မျိုး စုစုပေါင်းလေးမျိုး ကိုင်ဆောင်လဲလှယ်ရောင်းဝယ်ပေးမှာပါ။ အခုဖွင့်မယ့်ကောင်တာနေရာကို ပြင်ဆင်မွမ်းမံနေပါတယ်။ ဘဏ်တွေဘက်က အဆင်သင့်ဖြစ်နေပါပြီ။ ကောင်တာ ပြီးတာနဲ့ဖွင့်မှာပါ။ စက်တင်ဘာလကုန်နဲ့ အောက်တိုဘာလဆန်းပိုင်းလောက်မှာ ဖွင့်ဖြစ်မယ်ထင်ပါတယ်'' ဟု ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က ပြောကြားခဲ့ပါသည်။
ဘဏ်ဟောင်းများသာ နိုင်ငံခြားငွေ တရားဝင်ကိုင်ဆောင်ခွင့်ရရှိပြီး ဘဏ်သစ်များနိုင်ငံခြားငွေကိုင်ဆောင် ခွင့်မရရှိသည့်အပေါ် ကမ္ဘောဇဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးသန်းလွင်က ''နိုင်ငံခြားငွေကြေးတရားဝင် ကိုင်ဆောင် လဲလှယ်ခွင့်ပေးတဲ့အခါ ပြည်ပကနိုင်ငံခြားဘဏ်တွေနဲ့ ချိတ်ဆက်ရပါတယ်။ ပြည်ပက နိုင်ငံခြားဘဏ်တွေက ပြည်တွင်းကဘဏ်တွေနဲ့ချိတ်ဆက်တဲ့အခါ အဓိကကတော့ အနည်းဆုံးသက်တမ်း သုံးနှစ် သက်တမ်းရှိရမယ်လို့ သတ်မှတ်လို့ ဘဏ်သစ်တွေမပါတာပါ။ ခိုင်မာမှု-ယုံကြည်စိတ်ချရမှု၊ အကျိုးအမြတ်ရရှိမှု ကိုကြည့်ပြီး ချိတ်ဆက်ကြတာပါ''ဟု ပြောကြားခဲ့ပါသည်။
Posted by အိမ်လွမ်းသူ

အင်္ဂလိပ်စာ လေ့လာနည်းအဖြာဖြာ

(ဆရာဦးတင်ညွန့်ရဲ့ "အင်္ဂလိပ်စာ လေ့လာနည်းအဖြာဖြာ" ဆိုတဲ့ဆောင်းပါးအသစ်ပါ။ နိုင်ငံတကာမှာ အင်္ဂလိပ်စာသင်ကြားနေတဲ့ ၀ါရင့်ဆရာတွေရဲ့ လမ်းညွှန်ချက်တွေကို စုပေါင်းဖော်ပြထားတာဖြစ်ပါတယ်။)
သင်ယူခြင်းဆိုတာ အနုပညာတစ်ခုပါ။ လေ့လာတယ်လို့သာပြောတယ်၊ တွေ့ကရာလျှောက်ဖတ်၊ လုပ်ချင်တိုင်း လုပ်နေလို့ကတော့ ပန်းတိုင်နဲ့ အလှမ်းဝေးနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံတကာမှာ အင်္ဂလိပ်စာသင်ကြားနေတဲ့ ၀ါရင့်ဆရာတွေရဲ့ လမ်းညွှန်ချက်တွေကို စုပေါင်းဖော်ပြလိုက်ပါတယ်။
သင်ယူမှုထိရောက်အောင် သိထားသင့်တာတွေက
-       ကိုယ့်ကိုယ်ကို သိပါ။
-       ကိုယ့်သင်ယူလေ့လာနိုင်စွမ်းကို သိပါ။
-       ယခင်လုပ်ဆောင်အောင်မြင်ခဲ့ဖူးတဲ့နည်းလမ်းတွေကို သိပါ။
-       ဘာကိုသိချင်၊ တတ်ချင်၊ လေ့လာချင်ဆိုတာ သိပါ။
ကိုယ့်ကိုယ်ကို လှုံ့ဆော်ပေး
ကိုယ်တိုင်က အင်္ဂလိပ်စာကို စိတ်မ၀င်စားရင် တိုးတက်လာမှာလည်း မဟုတ်ဘူး။ စိတ်ပျက်ပြီး ဘေးထွက်ထိုင်ရင် ပိုဆိုးသွားလိမ့်မယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို အရင်မေးကြည့်ပါ။
အရိုးသားဆုံးဖြေကြည့်ပါ။
-       ဘာကြောင့် အင်္ဂလိပ်စာကို လေ့လာချင်တာလဲ။
-       ဘာကြောင့် အင်္ဂလိပ်စာတတ်ချင်တာလဲ။
-       အင်္ဂလိပ်စာတတ်ရင် ဘယ်နေရာမှာ အသုံးချမှာလဲ။
-       အင်္ဂလိပ်စာရဲ့ ဘယ်အပိုင်းကို လေ့လာချင်တာလဲ။ (Reading/Writing/Listening/Speaking)
-       ဘယ်လောက်ကြာကြာလေ့လာမှာလဲ။
-       အချိန်ဘယ်လောက်ပေးနိုင်သလဲ။
-       ငွေဘယ်လောက် အကုန်ခံနိုင်သလဲ။
-       စီမံချက် သို့မဟုတ် နည်းစနစ်တွေရှိသလား။
လမ်းဆုံးအောင်လျှောက်
အင်္ဂလိပ်စာလေ့လာတော့မယ်လို့ ဆုံးဖြတ်ပြီးပြီဆိုပါတော့ ပထမဦးဆုံး ကိုယ့်ကိုယ်ကို မေးရမှာက “အချိန် ဘယ်လောက်ပေးနိုင်သလဲ” ဆိုတာပဲ။ တစ်နေ့ကို အချိန်နည်းနည်းပဲပေး နေ့တိုင်းလေ့လာတာ ပိုကောင်းတယ်။  တစ်ပတ်တစ်ရက်တို့၊ တစ်ပတ်နှစ်ရက်တို့ပဲ အချိန်ရတယ်ဆိုတာကိုတော့ အားမပေးချင်ဘူး။ ဆိုလိုချင်တာက နေ့စဉ် ကိုယ်တိုင်လည်း ကြုံသလိုလေ့လာလို့ရပါလျက် တစ်ပတ်မှတစ်ရက်လောက် စာလာကျက်တာမျိုးကို တော့ ရေရှည်လုပ်ငန်းကြီးဖြစ်နိုင်လို့ အားမပေးချင်ဘူးပြောရတာ။ နောက်ပြီး ရက်တိုသင်တန်းလိုဟာမျိုး တစ်ပတ်ဆက်တိုက်တက်တာက တစ်ပတ်မှာ တစ်ရက်၊ ၆ လသင်တန်းဆိုတာမျိုးထက် ပိုကောင်းတယ်လို့ ခံယူထားပါ။

Wednesday, September 21, 2011

ကမ္ဘာ့လုံခြုံရေးကို ခြိမ်းခြောက်နေသော အာတိတ်ရေခဲပြင် အရည်ပျော်မှု

၉/၁၁ တိုက်ခိုက်မှု(၁၀)နှစ်ပြည့်တွင် ကမ္ဘာ့လုံခြုံရေးနှင့် ပတ်သက်သော သုတေသနစာတမ်းနှင့် ဆောင်းပါးများ ရေးသားဖေါ်ပြခဲ့ကြသော်လည်း လက်ရှိကမ္ဘာ့လုံခြုံရေးကို အဓိကခြိမ်းခြောက်လာနေသော ရာသီဥတုပြောင်းလဲမှုကို မျက်ကွယ်ပြုခဲ့ကြသည်။
စက်တင်ဘာတိုက်ခိုက်မှု နှစ်ပတ်လယ်နေ့မတိုင်မီ တစ်ရက်အလိုတွင် ဂျာမန်သိပ္ပံပညာရှင်တစ်ဦးမှ အာတိတ်ဒေသတွင် ရေခဲတည်ရှိမှုသည် အနိမ့်ဆုံးအဆင့်သို့ သမိုင်းတင်ရောက်ရှိခဲ့ကြောင်း ရာသီဥတုပြောင်းလဲမှုနှင့် ပတ်သက်၍ သတိပေးပြောကြားခဲ့သည်။
ကမ္ဘာကြီး၏မြောက်ပိုင်းရေခဲပြင်သည် တဖြည်းဖြည်းခြင်း လျော့ကျနေသည်။ ဤကဲ့သို့ လျော့ကျနေရခြင်း၏ အဓိကအကြောင်းအရင်းမှာ ကမ္ဘာ့မြောက်ဝင်ရိုးစွန်းတွင် သစ်တောများပြုန်းတီးမှုသည် အဓိကအရင်းခံဖြစ်ကြောင်း၊ ကမ္ဘာ့ရာသီဥတုမှာလည်း ခန့်မှန်း၍မရနိုင်သော နည်းလမ်းဖြင့် ပြောင်းလဲနေကြောင်း ပြောကြားခဲ့သည်။ စက်တင်္ဘာ(၈)ရက်နေ့တွင် ဂျာမနီနိုင်ငံ (Bremen) တက္ကသိုလ်တွင် သုတေသနပညာရှင်များမှ (၂၀၀၇)နှစ်သည် အာတိတ်ဒေသတွင် ရေခဲအရည်ပျော်မှု အများဆုံးဖြစ်ကြောင်း၊ ၂၀၁၁ ရေခဲအရည်ပျော်မှုမှာ ဒုတိယစံချိန်တင် ဒုတိယအနေအထားတွင် ရှိနေကြောင်းထောက်ပြခဲ့သည်။

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၃၂)

ဝါကျတစ်ခုမှာ Subject, Verb, Object, Complement ရယ်လို့ အစိတ်အပိုင်းများ ပါဝင်ဖွဲ့စည်းထားလေ့ရှိပုံကို ဆွေးနွေးခဲ့ပြီ။ အပိုင်းနှစ်ပိုင်းပါတဲ့ ၀ါကျဆိုရင်တော့ Subject နဲ့  Verb ပဲပေါ
Iron rusts.
သံဟာ သံချေးတက်တတ်တယ်။
The storm passed.
မုန်တိုင်း လွန်သွားပြီ။
ဝါကျမှာ အပိုင်းသုံးပိုင်းပါရင်တော့ Subject နဲ့ Verb အပြင် Object ဒါမှမဟုတ် Complement ပါ ပါနေတာ ဖြစ်လိမ့်မယ်။
1. Cows eat grass.
......S......V....O
....နွားများမြက်စားတယ်။
2. I know the woman.
...S...V.............O
....ငါ အမျိုးသမီးကို သိတယ်။
3. She is a singer.
......S...V......C
...သူက အဆိုတော်ဖြစ်တယ်။
4. He became a millionaire.
.....S......V..............C
... သူ သန်းကြွယ်သူဌေး ဖြစ်သွားတယ်။
ဝါကျ (3) မှာ a singer ဟာ Complement ဖြစ်တယ်။ ကတ္တားဖြစ်တဲ့ She ကိုပဲ ဖြည့်စွက်ပြောတာဖြစ်လို့မို့ Subject Complement လို့ ခေါ်ပါတယ်။ အလားတူ ၀ါကျ (4) မှာလည်း a millionaire ဟာ He ကိုပဲ ဖြည့်စွက်ပြောတာ ဖြစ်တဲ့အတွက် Subject Complement ခေါ်ပါတယ်။ ဒီမှာ singer ရော millionaire ပါ နာမ်တွေ ဖြစ်ကြပါတယ်။ သူတို့ကို Subject နေရာမှာ ထားပြီး ပြောနိုင်ပါတယ်။ ဥပမာ......

Tuesday, September 20, 2011

Apple iPad ကို ယှဉ်ပြိုင်မည့် Sony Tablet နှစ်မျိုး စတင်ရောင်းချတော့မည်

ဂျပန် နည်းပညာ လုပ်ငန်းကြီး Sonyက Apple၏ iPad နှင့် ယှဉ်ပြိုင်ရန် Tablet ကွန်ပျူတာ အမျိုးအစားသစ်တစ်ခုကို ထုတ်လုပ်လိုက်ပြီဖြစ်သည်။ ခေါက်သိမ်းထားနိုင်သည့် (၅.၅)လက်မအရွယ် Touch Screen နှစ်ခုပါရှိသော Sony Tablet P သည် Apple၏ဈေးကွက်လွှမ်းမိုးမှုကို တန်ပြန်ချေဖျက်နိုင်မည့် ထုတ်ကုန်အဖြစ် Sonyက မျှော်လင့်နေသည်။ Sonyသည် သမားရိုးကျ Touchsreen တစ်ခုသာ ပါသော Tablet S ကိုလည်း ထုတ်လုပ်ခဲ့သေးသည်။
(ခေါက်သိမ်းထားနိုင်သည့် Sony Tablet P)

Printer အကြောင်း

Printer အကြောင်းလေးကို သိသလောက်ပြောပြချင်ပါတယ်။ Printer အကြောင်းမပြောခင်လေးမှာ Hardware နဲ့ Software ကွဲခြားကြောင်းလေးကို ပြောပြခြင်ပါတယ်။ ကျွန်တော်တို့ Print ကို Software ဖြစ်တဲ့ မျက်စီနဲ့မြင်လို့ရပြီး ကိုင်လို့မရအောင်လဲ ထုတ်လို့ရပါတယ်။ဒီလို ထုတ်တဲ့နေရာမှာ Printer မလိုအပ်ပါဘူး။ ဒါပေမဲ့Hardware ဆိုပြီး မျက်စီနဲ့လဲ မြင်ရအောင်၊ကိုင်တွယ်လို့လဲရအောင် ထုတ်ဖို့အတွက်တော့ Printer လိုအပ်ပါတယ်။ Printer ကို ၁၉၃၈ ခုနစ်မှာ Chester Carlson က dry printing process (သို့) Electrophotography (သို့) လူသိများတဲ့ Xerox လို့ နာမည်အမျိုးမျိုးနဲ့ခေါ်တဲ့ ဒီ Printer လေးကို တီထွင်ခဲ့ပါတယ်။ ဒီ Xerox Printer ဟာဆိုရင် Laser Printer ပေါ်ပေါက်လာဖို့ အဓိကအုတ်မြစ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ၁၉၅၃ ခုနှစ်မှာ Universal Automatic Computer (UNIAC) ဆိုတဲ့ Computer မှာအသုံးပြုဖို့ ပထမဦးဆုံး high-speed printer ကို Remington-Rand ကထီတွင်ခဲ့ပါတယ်။ ဒီလိုဘဲအခု ခေတ်ကာလမှာလဲ Printer တွေက အမျိုးအစားအမျိုးမျိုး၊ Company မျိုးမျိုးကနေပြီးတော့ နာမည်အမျိုးမျိုးနဲ့ ထုတ်ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော် ဒီ  Printer  အမျိုးအစားအမျိုးမျိုး၊ Company အမျိုးမျိုးတွေအကြောင်းကို ရှင်းမပြတော့ဘဲ အားလုံးကို ခြုံပြီးရှင်းပြခြင်းပါတယ်။
Printer မှာအဓိက Main အနေနဲ့ (၄)မျိုးရှိပါတယ်။ ဒီလေးမျိုးကတော့ Laser, Dot-Matrix, Ink-Jet or Bubble-Jet, Dye-sublimations printers ဆိုပြီးရှိပါတယ်။

ရှင်သီဝလိ (ထေရုပ္ပတ္တိ)

ဗုဒ္ဓဘာသာဝင်များက ရှင်သီဝလိကို ကိုးကွယ်ပူဇော်လျှင် အရောင်းအ၀ယ် ကောင်းသည်။ လာဘ်လာဘ ပေါများသည်ဟု ယုံကြည်ရင်းစွဲ ရှိကြသည်။ ယင်းသို့ယုံကြည်သည့်အလျောက် ရှင်သီဝလိပုံတော်ကို ထုလုပ်ကိုးကွယ်၍ အဆောင်ကောင်းအဖြစ် သွားလေရာသို့ ယူဆောင်သွားကြသည်။ ရှင်သီဝလိဆိုသည်မှာ လာဘ်လာဘ ဖွံ့ဖြိုးသော ရဟန္တာတပါးဖြစ်ကြောင်းကိုမူ အားလုံးက သိထားကြ၏။ ရှင်သီဝလိနှင့်ပတ်သက်၍ တောင်းခဲ့သော ဆု၊ ပြုခဲ့သော ကုသိုလ်၊ ကျူးလွန်ခဲ့သော အပြစ်၊ စံစားရသော အကျိုးပေး၊ ခံစားရသော ဒဏ်ချက်များကိုလည်း အပြည့်အစုံ လေ့လာမှတ်သားဖို့ ကောင်းပေသည်။

( တောင်းခဲ့သော ဆု)
ရှင်သီဝလိ အလောင်းတော်သည် ပဒုမုတ္တရမြတ်စွာဘုရား လက်ထက်တော်၌ လာဘ်လာဘအရာ၌ ဧတဒဂ်ဘွဲ့ ပေးခဲ့ရသော ရဟန်းတပါးကို အားကျပြီး ထိုဧတဒဂ်မျိုး ရလိုကြောင်း ပဒုမုတ္တရဘုရားထံ ဆုတောင်း၍ ပါရမီကို စတင်ဖြည့်ခဲ့လေသည်။

(ပြုခဲ့သော ကုသိုလ်)
ဝိပဿီမြတ်စွာဘုရား လက်ထက်သို့ ရောက်သောအခါ ကျေးလက်ဇနပုဒ်တခု၌ အညတရ တောသားတဦး ဖြစ်ခဲ့ရ၏။ ထိုအချိန်၌ ဗန္ဓုမတီမြို့သူ မြို့သားတို့က ဗန္ဓုမတီမင်းကြီးနှင့် သူနိုင်ငါနိုင် အပြိုင်ကြဲ၍ ဒါနပွဲကို ဆင်နွှဲနေချိန်ဖြစ်၏။ ၆-ကြိမ်တိတိ ဘုရင်ကလည်း ပြည်သူတွေကို နိုင်အောင်မလုပ်နိုင်။ ပြည်သူတွေကလည်း ဘုရင်ထက်သာအောင် မလုပ်နိုင်။ အားပြိုင်၍ နေလေ၏။ ၇-ကြိမ်မြောက် ဒါနပြိုင်ပွဲတွင်မူ ပြည်သူများဘက်မှ ထူးခြားချက်တခု ဖြစ်ပေါ်လာလေသည်။

Monday, September 19, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၃၁)

နာမ်ပုဒ်စု
ဝါကျဆိုတာ စကားလုံးအစုကလေးတွေနဲ့ တည်ဆောက်ထားတာ ဖြစ်တယ်။ ဒီအစုကလေးတွေကို ကတ္တားနဲ့ ကြိယာရယ်လို့ နှစ်ပိုင်းပိုင်း
နိုင်တယ်ဆိုတာကို တင်ပြခဲ့ပြီးပါပြီ။ ကတ္တားမှာ စကားလုံးတစ်လုံးတည်လဲ ပါချင်ပါမယ်။ အစုတစ်ခု ဖြစ်ချင်လည်း ဖြစ်နေမယ်။
( ကြိယာလည်း အလားတူ ) ဆိုတာကိုလည်း ပြခဲ့ပြီး။ ကတ္တားဟာ စကားလုံးတစ်လုံး၊ ဒါမှမဟုတ် စကားလုံးတစ်လုံးကို တည်ပုဒ် ( Head-word or head ) အဖြစ်ထားပြီး သူ့ကို ၀န်းရံနေတဲ့ ပုဒ်စုတစ်ခု ၀ါ ပုဒ်စုများ ပါဝင်တယ်..။ ဥပမာ....
Flowers....................................die.
Beautiful flowers......................die.
Flowers in the garden..............die.
Flowers that smell sweet..........die.
ဒီဝါကျတွေမှာ ပထမကတော့ ကတ္တားဟာ စကားလုံးတစ်လုံး၊ ကြိယာက စကားလုံးတစ်လုံးပဲ ပါရှိတယ်။ ဒုတိယမှာတော့ Flowers ဆိုတဲ့ တည်ပုဒ်နဲ့ သုံးလုံးတစ်စု ၀ိသေသန ( in the garden ) ပါတယ်။ တတိယမှာလည်း အလားတူ တည်ပုဒ်နဲ့ ၀ိသေသနနဲ့ စကားလုံးစုပါဝင်တယ်။
ကြိယာပုဒ်စု
ကတ္တားနည်းတူပဲ ကြိယာဟာလည်း စကားလုံးတစ်လုံးတည်း ဖြစ်နိုင်တယ်။ တည်ပုဒ်စကားလုံးနဲ့ သူ့ကို သိုင်းဝိုင်းထားတဲ့ စကားလုံးလေးများရဲ့ အစုဖြစ်ချင်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကြိယာအစုဟာ နာမ်အစုနဲ့ မတူတာကတော့ စကားလုံး လေးငါးလုံးထက် မပိုတတ်တာပါပဲ။
( ကြံဖန်ပြောမယ်ဆိုလျှင်တော့ ဒီထက်မက ကြိယာအရှည်ကြီး ဖြစ်နိုင်တာပါတယ်။ ဒါပေမယ့် သုံးလေ့မရှိပါဘူး။ )
Flowers die.
Flowers will die.
Flowers ought not to die.
Flowers might not have died.
Flowers will go on dying.
နမူနာ ၀ါကျတွေမှာ ပထမတစ်ကြောင်းသာ ကြိယာက စကားတစ်လုံးတည်း ပါတာတွေဖြစ်ပြီး၊ ကျန်တာတွေမှာ ကြိယာဟာ die ဆိုတဲ့ တည်ပုဒ်နဲ့ စကားလုံးကလေးများ ဖွဲ့စည်းထားတဲ့ အစုဖြစ်တယ်။
come, go ဆိုတဲ့ ကြိယာခြေခံနဲ့ in, on, of, out, up စတဲ့ နိပါတ်ပုဒ်များ တွဲသုံးရာမှ ဖြစ်လာတဲ့ Phrasal Verbs ကို ကြိယာ ( ၀ါစက ) တစ်ခုတည်းလို့ ယူဆရမှာပါ။
She came in.
( ကတ္တား She၊ ကြိယာက came in )
She came in a taxi.
( ကတ္တား She၊ ကြိယာ came သာလျှင် ဖြစ်တယ်။ in က in a taxi လို့ အစုတစ်စု ဖြစ်တယ်။ )
အပိုင်းသုံးပိုင်းပါ ၀ါကျ
အခုထိဟာ အပိုင်းနှစ်ပိုင်း ( ကတ္တားနဲ့ ကြိယာ ) ၀ါကျများချည်း ဖြစ်ပါတယ်။ အောက်ပါ ၀ါကျများကို လေ့လာကြည့်ပါ။