Thursday, October 13, 2011

စင်ကာပူနိုင်ငံ၏ ရေသုံးစွဲမူအကြောင်း(၃)

၃) ပင်လယ်ရေကို ကျိုချက်သောရေ (Desalinated Water)
၂၀၀၅ ခုနှစ်တွင် Tuas ၌ SingSpring desalination plant ကို ဖွင့်လှစ်လိုက်ခြင်းအားဖြင့် စင်ကာပူပံ့ပိုးရေ ကဏ္ဍသစ်တစ်ရပ် ဖွင့်လိုက်သည်။ ထိုစက်ရုံမှ တစ်နေ့လျှင် ရေဂါလံ သန်း ၃၀ (၁၃၆၀၀၀ ကုဗမီတာ) ကျိုချက်နိုင်သည်။ ကမ္ဘာပေါ်တွင် ပင်လယ်ရေကို အများဆုံးကျိုသုံးသည့်နိုင်ငံများအနက် တစ်နိုင်ငံပင်ဖြစ်ပါတော့သည်။ နယူးဝါးတားကဲ့သို့ပင် PUB ၏ ငွေကုန်ကြေးကျများစွာခံကာ ရင်းနှီးမြှုပ်နှံထားသော သုတေသနလုပ်ငန်းများ၏ ရလာဒ်ပင် ဖြစ်ပါသည်။ ရေသည် အသက်၊ အသက်သည်ရေ ဖြစ်သဖြင့် ရေကိစ္စ အထူးသုတေသနပြုနိုင်ရန် လာမည့် ၅ နှစ်အတွက် သုတေသနရံပုံငွေ စင်ကာပူဒေါ်လာ သန်းပေါင်း ၃၃၀ သုံးစွဲရန် ချမှတ်ထားပါသည်။
တစ်နေ့လျှင် ရေဂါလံ သန်း ၇၀ ထုတ်ပေးနိုင်မည့် နောက် ပယ်လယ်ရေချက်စီမံကိန်းတစ်ခုမှာလည်း Tuas တွင်ပင်ရှိ၏။ ထိုစီမံကိန်းမှ ထုတ်မည့်ရေကို PUB သို့ ၂၀၁၃ ခုနှစ်မှ ၂၀၃၈ ခုနှစ်ထိ ၂၅ နှစ်ရောင်းမည်။ ဈေးတော့နည်းနည်းကြီးသည်။ တစ်ကုဗမီတာကို ၄၅ ပြား ဖြစ်၏။
၂၀၆၀ ခုနှစ်သို့ရောက်လျှင် စင်ကာပူရေလိုအပ်ချက်၏ ၃၀% ကို ပင်လယ်ရေကိုကျိုသောရေမှ ပံ့ပိုးပေးနိုင်ရန် ရည်မှန်းချက် ထားပါသည်။
၎) သုံးရေကို ပြန်လည်ပြုပြင်ထားသောရေ (New Water)
၂၀၀၂ ခုနှစ်မှစကာ အများပြည်သူသုံးသောရေထဲသို့ နယူးဝါးတားကို စမ်းလွှတ်ခဲ့သည်။ သုံးပြီးသားရေကို ပြန်သုံးခိုင်းတာ ဆိုတော့ လွယ်လွယ်လေးတော့မဟုတ်။ သည်အဆင့်ရောက်အောင် သိပ္ပံစမ်းသပ်ချက် ၆၅၀၀၀ လုပ်ခဲ့ရသည်။ WHO ၏ လိုအပ်ချက်များနှင့်အညီ စမ်းသပ်စစ်ဆေးပြီး အတည်ပြုချက်ရတော့မှ လွှတ်ရတာဖြစ်၏။ သည်ရေအတွက် ၂၀၀၇ ခုနှစ်တွင် PUB သည် Stockholm Industry Water Award ကို ရခဲ့သည်။
လက်ရှိကျွန်တော်တို့သုံးနေသောရေတွင် နယူးဝါးတား (ရေသစ် ဟုတော့ ဘာသာမပြန်ပါရစေနှင့်) ၇% ပါသည်။ ထိုပေါင်းစပ်နှုံး ကို နှစ်စဉ်တဖြည်းဖြည်း တိုးမြှင့်သွားမည်။ ၂၀၆၀ ရောက်လျှင် နယူးဝါးတား ပေါင်းစပ်မှုမှုအချိုးကို ၅၀% ထိ တိုးမြှင့်မည်။
နိုင်ငံရပ်ခြားကျွမ်းကျင်သူများ၊ အင်ဂျင်နီယာများ ပါသောအဖွဲ့က နယူးဝါးတားအတွင်း ဓါတုဗေဒပေါင်းစပ်ပါဝင်မှု၊ အဆိပ် နှင့် အဏုဇီဝများအတွက် တစ်နှစ်လျှင်နှစ်ကြိမ် စမ်းသပ်စစ်ဆေးသည်။
နယူးဝါးတားထုတ်လုပ်မှုတွင် အကြမ်းဖျဉ်းအားဖြင့် သုံးဆင့်ပါသည်။

Wednesday, October 12, 2011

Sunday, October 09, 2011

စင်ကာပူနိုင်ငံ၏ ရေသုံးစွဲမူအကြောင်း(၂)

စင်ကာပူကုန်းတွင်း ရေကန်ကြီးများ
Pandan Reservoir              Kranji Reservoir                          Murai Reservoir
Tengeh Reservoir              Jurong Lake Reservoir                 MacRitchie Reservoir
Sarimbun Reservoir           Pulau Tekong Reservoir               Upp Peirce Reservoir
Lower Peirce Reservoir      Marina Reservoir                        Serangoon Reservoir
Bedok Reservoir                Upp Seletar Reservoir                 Pungol Reservoir
Poyan Reservoir                Lower Seletar Reservoir
စင်ကာပူ မြစ်များ
Jurong River                     Pandan River                              Mandai Kechi River
Seletar Simpang River       Ulu Pandan River                        Peng Siang River
China River                      Sembawang River                       Tengah River
Kangkar River                   Mandai River                              Punggol River
Singapore River                Kallang River                              Khatib Bongsu River
Seletar River                    Rochor River                              Geylang River
Tong Kang River               Serangoon River                         Bedok River
Changi River                    Pinang River                              Api Api River
Selarang River                  Loyang River                              Tampines River
၂) ဂျိုဟိုး(မလေးရှား)မှ တင်သွင်းသောရေ (Imported Water from Johor)
စင်ကာပူသို့ ရေတင်ပို့ရန် မလေးရှားနှင့် စင်ကာပူတို့ ၁၉၆၁ နှင့် ၁၉၆၂ ခုနှစ်တို့တွင် စာချုပ်ခဲ့သည်။ ပထမစာချုပ်သည် ၂၀၁၁ ခုနှစ်တွင် သက်တမ်းကုန်မည်ဖြစ်ပြီး ဒုတိယစာချုပ်သည် ၂၀၆၁ ခုနှစ်တွင် သက်တမ်းကုန်မည်။ ဆိုလိုသည်မှာ ၂၀၆၁ ခုနှစ် ရောက်လျှင် စင်ကာပူသည် မလေးရှားမှ ရေမ၀ယ်တော့ဘဲ မိမိရေဖြင့်သာ လည်ပတ်မည်ဖြစ်ပါသည်။
ထိုစာချုပ်အရ မလေးရှားမှဝယ်သော ရေဈေးနှုံးမှာ အင်မတန် သက်သာပါသည်။ ဂါလံတစ်ထောင်(၄၅၀၀ လီတာ) မှ ၁ ပြားသာ ကျသင့်၏။ သို့သော်လည်း ဤဈေးနှုံးကို မလေးရှားဘက်မှ ကျေနပ်သည်တော့မဟုတ်ပါ။ သည့်အတွက် စင်ကာပူ အစိုးရကလည်း ရေကိစ္စတွင် မိမိခြေထောက်ပေါ်မိမိရပ်တည်နိုင်ရေး နည်းလမ်းပေါင်းစုံဖြင့် ကြံဆပါတော့သည်။
(မလေးရှားမှ ရေတင်ပို့သော ပိုက်လုံးကြီးများအား တွေ့ရစဉ်)
Posted by သူငယ်ချင်းတစ်ဦး

Saturday, October 08, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၃၅)

ဝါကျထဲမှာ ကတ္တား (S)၊ ကံ (O) စတာတွေကို ခွဲခြားသိမြင်ဖို့ အရေးကြီးတာနဲ့ အမျှ အခက်အခဲတွေလည်း တွေ့နိုင်ပါတယ်။ ဒါနာမ်ပဲ၊ ဒါကြိယာပဲ၊ ဒါနာမ၀ိသေသနပဲလို့
အမြဲတမ်း လွယ်လွယ်ကူကူနဲ့ ခွဲခြားသိမြင်နိုင်တာ မဟုတ်ဘူး။ တစ်ပိုင်းစီမှာ ပါဝင်တဲ့ ပုဒ်တွေရဲ့ အရေအတွက်ကလည်း တူညီနေတတ်တယ်။ ဥပမာ - Cows are animals. ဆိုတဲ့ ၀ါကျမှာ စကားလုံးသုံး ပါတယ်။ S က တစ်လုံး၊ V ကလည်း တစ်လုံး၊ C ကလည်း တစ်လုံး။ Cows eat grass. ဆိုတဲ့ ၀ါကျမှာလည်း သုံးလုံးပါပြီး S, V, O တို့ကလည်း တစ်လုံးစီ ပါဝင်နေကြတယ်။ စကားလုံးအမျိုးအစားကို ကြည်ပြန်ရင်လည်း N+V+N တူညီနေကြပြန်ရော။ နောက် ဥပမာတစ်ခုပြရရင် Cows give people milk. နှင့် Love makes men fools. ၀ါကျနှစ်ခုကို ကြည့်လေ။ စကားလုံးအမျိုးအစားအရ ခွဲကြည့်ရင် နှစ်ဝါကျစလုံးမှာ N+V+N+N ချည်းဖြစ်နေတာ တွေ့ရလိမ့်မယ်။ ဒီတော့ ကျောင်းသားအနေနဲ့ ဒီ N တွေဟာ O လား၊ C လား ခွဲခြားရ ခက်ရပြန်တယ်။ ဒီတော့ ၀ါကျထဲမှာ S နဲ့ V,O,C တို့ ရပ်တည်နေပုံကို အနေအထားအရတင် မဟုတ်ဘဲ အခြားအမှတ်အသား လက္ခဏာလေးတွေနဲ့ပါ ညွှန်ပြထားတာကို လေ့လာထားဖို့ လိုလာတယ်။
အင်္ဂလိပ်စကားမှာ နာမ်တွေဟာ နောက်ဆက် S ပါတဲ့အခါပါ၊ မပါတဲ့အခါ မပါကြဘူး။
( Cows, Cow )။ ရှေ့က a, an, the, this, that, all, some, any စတဲ့ စကားလုံးလေးတွေ ပါလေ့ရှိကြတယ်။ ( A cow, the boy, All dogs စသည် )။ မပါတဲ့အခါလည်း မပါဘူး။( Cows Boys, Men )။

မင်းကြောင်လေး သေသွားပြီ


Posted by ဂျစ်တီး

Friday, October 07, 2011

စင်ကာပူနိုင်ငံ၏ ရေသုံးစွဲမူအကြောင်း(၁)


ယနေ့ စင်ကာပူတွင် သုံးနေသော ရေပမာဏမှာ တစ်ရက်လျှင် ဂါလံသန်းပေါင်း ၃၈၀ (၁,၇၃၀,၀၀၀ ကုဗမီတာ) ရှိသည်။ နောင်နှစ်ပေါင်း ၅၀ ကြာလျှင် ဤပမာဏထက် နှစ်ဆတိုးလာမည်ဟု ခန့်မှန်းထားပါသည်။ ဤပမာဏ၏ ၇၀ ရာခိုင်နှုံးမှာ စက်မှုလုပ်ငန်းသုံးဖြစ်ပြီး အိမ်သုံးမှာ ၃၀ ရာခိုင်နှုံးသာ ဖြစ်ပါသည်။ ၂၀၀၃ ခုနှစ်က လူတစ်ဦး၏ ရေအသုံးပမာဏမှာ တစ်ရက်လျှင် ၁၆၅ လီတာရှိရာမှ ယခု ၂၀၁၀ တွင် ၁၅၄ လီတာသို့ လျှော့ချနိုင်ခဲ့ပါသည်။ ရည်မှန်းချက်မှာ ၂၀၂၀ ခုနှစ်တွင် လူတစ်ဦး တစ်ရက် ၁၄၇ လီတာ၊ ၂၀၃၀ ခုနှစ်တွင် ၁၄၀ လီတာ ဖြစ်ပါသည်။ လူတို့အသုံးအများဆုံးမှာ ရေချိုးခန်း (၂၉%) နှင့် မီးဖိုဆောင် (၂၂%) ဖြစ်၏။ ဤအသုံးများတွင် မလိုဘဲ ဖြုန်းတီးနေမှုများ အများအပြား ပါဝင်နေပါသည်။
မလိုပဲ ရေကို မဖြုန်းမိအောင် ပညာပေးအစီအစဉ်များလုပ်နေရာ ထိုအကြောင်း နောက်ပိုင်းတွင် ဖော်ပြပါမည်။
စင်ကာပူတွင် လက်ရှိ နေ့စဉ်သုံးနေသောရေကို အဓိက ရေအရင်းအမြစ် ၄ ခုမှရယူထားသည်။
၁) ကုန်းတွင်းစုဆောင်းရေ (Local Catchment Water)
၂) ဂျိုဟိုး(မလေးရှား)မှ တင်သွင်းသောရေ (Imported Water from Johor)
၃) ပင်လယ်ရေကို ကျိုချက်သောရေ (Desalinated Water)
၎) သုံးရေကို ပြန်လည်ပြုပြင်ထားသောရေ (New Water)
PUB (Public Utility Board) မှ စင်ကာပူတွင်လိုသမျှရေကို ထောက်ပံ့ပေးနေရာ ထိုရေများကို ကုန်းတွင်းစုဆောင်းရေမှ ၅၀%၊ မလေးရှားမှ တင်ပို့သောရေ ၃၃%၊ ပင်လယ်ရေမှ ချက်သောရေ ၁၀% နှင့် ပြန်ပြင်ထားသောရေ ၇% ဟု ပေါင်းစပ်ကာ ပံ့ပိုးပေးခြင်း ဖြစ်ပါသည်။  
၁) ကုန်းတွင်းစုဆောင်းရေ(Local Catchment Water)
ကုန်းတွင်းစုဆောင်းရေတွင် နှစ်ပိုင်းရှိ၏။ တစ်ပိုင်းမှာ မိုးရေဖြစ်ပြီး နောက်တစ်ပိုင်းမှာ သုံးပြီးရေ ဖြစ်သည်။
ပင်လယ်ထဲမှ ကျွန်းတစ်ခုဖြစ်သော စင်ကာပူတွင် အ၀ီစိတွင်းတူးဘို့ မဖြစ်နိုင်။ သည်တော့ မိုးရေကို အားကိုးရသည်။ သည်ရေကို Surface water ဟု ခေါ်သည်။ စင်ကာပူလို ကျွန်းသေးသေးလေးအတွက် တစ်နိုင်ငံလုံးသုံးနိုင်လောက်အောင် မိုးရေခံစရာ ကုန်းမြေပင် အလုံအလောက်မရှိပါ။ သည်တော့ မိုးရေကို အဖိတ်အစင် အလေအလွင့်မရှိအောင် မည်ကဲ့သို့ ကဲ့ယူ စုဆောင်းထားသည်ကို ဗဟုသုတရစေရန် ပြည့်ပြည့်စုံစုံလေး တင်ပြပါမည်။ ဤကဲ့သို့ ရေစုဆောင်းခြင်းကို ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် ပြည့်ပြည့်စုံစုံ ပြဌာန်းထားပါသည်။ ဤဥပဒေ နှင့် လုပ်ထုံး လုပ်နည်းများအကြောင်းလည်း အနည်းငယ် မိတ်ဆက်ပေးပါမည်။ ပညာတတ်သူများ လုပ်တာ မည်မျှစနစ်ကျသနည်းဆိုတာ ပြောလိုရင်းဖြစ်ပါသည်။
ရွာချလိုက်သော မိုးရေကို ပထမ ရေမြောင်းများဆီ ကဲ့ယူသည်။ ထိုရေမြောင်းများမှသည် ကန်များအတွင်းသို့ဖြစ်စေ၊ မြစ်များ အတွင်းသို့ဖြစ်စေ စီးစေသည်။ ထို တူးမြောင်း၊ မြစ်များမှရေကို လှောင်ထားကာ သန့်စင်ပြီး သုံးရေအဖြစ် ဖြန့်ဝေသည်။
စင်ကာပူတွင် ကုန်းတွင်းရေကန် စုစုပေါင်း ၁၇ ခုရှိသည်။ Punggol နှင့် Serangoon Reservoir များမှာ ယခုမှပြီးသော ၁၆ ခု နှင့် ၁၇ ခုမြောက် ရေလှောင်ကန်များဖြစ်သည်။ မရီနာရေကန်သည်ကား စင်ကာပူမြို့တွင်း ဟက်တာ တစ်သောင်းမျှသော မိုးရေခံဧရိယာများမှ ရေကို Ang Mo Kio, Kallang မြစ်များမှတစ်ဆင့် စုဆောင်းသည်။ ထိုပမာဏသည် မနည်းပါ။ စင်ကာပူ ရေလိုအပ်ချက်၏ ၁၀% ထိ စုပေးနိုင်သည်။  Punggol, Serangoon နှင့် Marina ရေကန်များ၏ ရေစုဆောင်းဧရိယာသည် စင်ကာပူတစ်နိုင်ငံလုံး၏ ထက်ဝက် သို့မဟုတ် သုံးပုံနှစ်ပုံထိ ရှိသဖြင့် အကြီးဆုံးဟု ပြော၍ရပါသည်။ ထိုမိုးရေခံဧရိယာကို နည်းပညာအသစ်များသုံးလျှက် စင်ကာပူဧရိယာ၏ ၉၀% ထိ တိုးမြှင့်သွားရန် ရည်ရွယ်ထားပါသည်။ အဘယ်ကြောင့် ဆိုသော် ပင်လယ်ရေမှ ရေချိုချက်လုပ်ခြင်းစရိတ်စကမှာ အလွန်ကြီးမြင့်သောကြောင့် မိုးရေကို အဓိကအားထား သုံးစွဲရန် ဖြစ်သည်။
လက်ရှိ စင်ကာပူတွင် ရေသယ်ပေးရန် မြစ် ၃၂ ခု နှင့် မြောင်း၊ တူးမြောင်း စုစုပေါင်း ကီလိုမီတာ ၇၀၀၀ မျှရှိသည်။
Posted by သူငယ်ချင်းတစ်ဦး

Thursday, October 06, 2011

IPaid


Posted by ဂျစ်တီး

Apple ၏ဖခင်ကြီး စတိဗ့်ဂျော့ အနိစ္စရောက်

          ကွန်ပြူတာလောကနှင့် Mobile ဖုန်းလောကတို့တွင် ဆရာတဆူဖြစ်သော အဲပယ်လ်ကွန်ပြူတာ ကိုတည်ထောင်သူ စတိဂျော့ အနိစ္စရောက်ရှိသွားပြီဖြစ်သည်။ ကွယ်လွန်ချိန်မှာ သူဟာ အသက် ၅၆ နစ်ဖြစ်ပြီး ကင်ဆာရော ဂါ နဲ့ ကွယ်လွန်သွားခြင်းဖြစ်ပါတယ်။ သူ မကွယ်လွန်ခင် ယခုရက်ပိုင်းအတွင်းမှာပဲ IPhone 4S ဆိုပြီး မကြာခင် ၀ယ်ယူနိုင် တော့မည့်အကြောင်း Apple Company မှ Intro လုပ်ခဲ့ပါသေးတယ်။ သူ့ရဲ့ ဖန်တီးနိုင်မှု စွမ်းပကားနဲ့ အင်မတန်မှ ကောင်းမွန်လှသော Idea တို့ကို ကျွန်တော်တို့ တသသ လွမ်းဆွတ်နေရဦးမည် မှာ မုချ ပင်။ သူကွယ်လွန်သွားခြင်းသည် နည်းပညာလောက အတွက် အင်မတန်မှ ကြီးမားသော ဆုံးရှူံးမှု ကြီး ဖြစ်ပေတော့သည်။ Steve Jobs တစ်ယောက် ကောင်းရာသုဂတိ လားပါစေ။




Posted by ဂျစ်တီး

Tuesday, October 04, 2011

USB Disk Security 2012 (Full Version)

USB Disk Security ဆိုမှတော့ အထွေအထူးရှင်းပြပေးဖို့ မလိုအပ်ဖူး ထင်ပါတာယ်။ နောက်ဆုံးထွက်တဲ့ Version အသစ်မို့လို့ သူငယ်ချင်းများသုံးနိုင်အောင် တင်ပြပေးလိုက်ပါတယ်။ Full Version လေးတင်ပေးထားပါတယ်။
အောက်က Link မှာ အလွယ်တကူ ဒေါင်းလုပ် ရယူနိုင်ပါပြီ။
Posted by ဝတီ

အင်္ဂလိပ်စကားပြော ပိုကောင်းစေရန်နည်းလမ်းများ (အပိုင်း-၂)

အရင်တစ်ပတ်က နည်းလမ်းတစ်ချို့ရေးခဲ့ပါတယ်။ post တစ်ခုတည်းအပြတ်ရေးဖို့ မအားတာက တစ်ကြောင်း၊ မိမိအပျင်းနည်းနည်းထူတာက တစ်ကြောင်း၊ အင်တာနက်ဆိုင် မရောက်ဖြစ်တာက တစ်ကြောင်း၊ ရောက်ပြန်တော့ connection မကောင်းတာက တစ်ကြောင်း၊...အကြောင်းတွေများလွန်းလို့ ကျွန်တော်လည်း typical Myanmar တစ်ယောက်ဖြစ်သွားခဲ့ပါတယ်။
ဒီ post မှာတော့ အရင်တစ်ခေါက်က ကျန်ခဲ့တဲ့အကြောင်းအရာလေးတွေကိုတင်ပြပါ့မယ်။
ဝေါဟာရအရေးအကြီးဆုံး
Linguistic လို့ခေါ်တဲ့ သိပ္ပံပညာကို ကိုးကားပြီးပြောရမယ်ဆိုရင်တော့ ဘာသာစကားတစ်ခုဟာ အသံတွေနဲ့ဖွဲ့စည်းထားပါတယ်။ ၄င်းအသံတွေကိုမှ အက္ခရာ (character) များနဲ့ ကိုယ်စားပြုဖော်ပြပြီး အဓိပ္ပါယ်ရှိတဲ့ အသံအစုအဖွဲ့တစ်ခုကို ဝေါဟာရဟု ရည်ညွှန်းကြပါတယ်။ ဒီတော့ ဘာသာစကားကိုလေ့လာခြင်းဟာ အခြေခံအားဖြင့် အသံတွေကိုမှတ်မိခြင်း နှင့် ပြန်လည်အသံထွက်ခြင်း၊ တစ်နည်းမဟုတ် ဝေါဟာရတွေကိုမှတ်မိခြင်းနှင့် ပြန်လည်သီကုံး ဖွဲ့နွဲ့ခြင်း ဟုဆိုချင်ပါတယ်။
အပိုင်း-၁ တွင် ဘာသာစကား ပြောရခြင်း၏အဓိကရည်ရွယ်ချက်မှာ ဆက်သွယ်မှု ပြုရန် ဟု တင်ပြခဲ့ပါသည်။ ၄င်းသည် အခြေခံအချက်သာဖြစ်သည်ကို မမေ့သင့်ပါ။ ဘာသာစကားသုံးရခြင်းတွင် တခြားရည်ရွယ်ချက်များစွာလည်း ရှိပါသေးသည်။
ဥပမာ - မကြာသေးခင်ကမှ ရင်းနှီးသွားကြသော ကောင်မလေးက ကောင်လေးကို “သူ့မှာ စိတ်ပူရမယ့်သူရှိလို့လား”  ဟု မေးလိုက်ခြင်းသည် ဘာကိုဆိုလိုကြောင်း မြန်မာစကားပြောတတ်သူတိုင်း သိကြမှာမလွဲပါ။ စကားပရိယာယ် ဆိုသည့်အတိုင်း မိမိပြောချင်တာကို ထိထိမိမိရှိဖို့ စကားလုံးကို ရွေးချယ်မှုမှန်ကန်ရပါမည်။ ကိုယ်လိုရင်းကိုပြောနိုင်ဖို့ ဝေါဟာရကြွယ်ဝ မှုရှိရပါမည်။  အောက်ပါဝါကျများမှာ အခြေခံဆိုလိုရင်း တူညီသော်လည်း ပြောသူ၏ခံစားချက်ကို ဖော်ပြနိုင်မှု ကွာခြားကြပါသည်။