Monday, November 14, 2011
You're Hired - အပိုင်း (၃)
Episode (3)
Marcia calls two of the candidates giving them details of the interview process.
(မာစီယာသည် အလုပ်လျှောက်သူ နှစ်ယောက်ကို ဖုန်းဆက်၍ လူတွေ့မေးမည့်အစီအစဉ်အသေးစိတ်ကို ပြောကြားသည်။)
Sunday, November 13, 2011
Facebook ပိတ်တော့မယ်
Facebook တည်ထောင်သူ Mark Zuckerberg မှနေ၍ Facebook ကို မတ်လ ၂၀၁၂ မှာ ပိတ်ရတော့မှာဖြစ်ကြောင်းနဲ့ Facebook ကို လုပ်နေရတာ သူ့အတွက် အရမ်းစိတ်ဖိစီးမှု များနေပါတယ်လို့ ပြောသွားပါတယ်။
"Facebook က ထိန်းလို့မရတော့ပါဘူး" လို့ Palo Alto ရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ Zuckerberg မှတဆင့်ပြောကြားခဲ့ပါတယ်။ "နောက်ပြီးတော့ Facebook ကို လုပ်နေရတာ ကျွန်တော့်အတွက် စိတ်ဖိစီးမှု အရမ်းများနေ တာကြောင့် ကျွန်တော် ဒီဟာကို အဆုံးသတ်ဖို့ လိုအပ်နေပါပြီ။
Zuckerberg ဟာ Facebook ကို ၂၀၁၂ မတ်လ ၁၅ရက်နေ့တွင် အသုံးပြုသူများ အနေနှင့် Facebook အကောင့် များ ကို ပိတ်မည်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ အသုံးပြုသူများ အနေနဲ့ ဒီနှစ်မှာ Facebook မရှိ ဘဲ နေနိုင်အောင် နေပေးကြပါလို့လဲ ပြောသွားပါတယ်။
"မတ်လ ၁၅ ရက်နေ့ ၂၀၁၂ ခုနှစ် နောက်ပိုင်း မှာ Website ကြီး တစ်ခုလုံး ပိတ်လိုက်ပါတော့မယ်" လို့ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့ပါတယ်။ "အဲဒါကြောင့် သင့်ရဲ့ ဓါတ်ပုံတွေကို လိုချင်သေးရင် Facebook ပေါ်က ပြန်ယူထားဖို့လည်း အကြံပေးချင်ပါတယ်။ Facebook ပိတ်လိုက်ရင် ဓါတ်ပုံတွေ ပြန်ရတော့မှာ မဟုတ်ပါဘူး" လို့လည်း ပြောသွားခဲ့ပါသေးတယ်။
Zuckerberg ကတော့ Facebook ကိုပိတ်ဖို့ ဆုံးဖြတ်ရတာဟာ သူ့အတွက် အရမ်းကို ခက်ခဲကြောင်းနဲ့ သူ ပိတ်လိုက်တဲ့အတွက် အသုံးပြုသူတွေကို ၀မ်းမနည်းစေချင်ပါဘူးလို့လဲ မျှော်လင့်ကြောင်း ပြောသွားပါသေးတယ်။
"ကျွန်တော်အနေနဲ့တော့ အဲဒါ သိပ်အရေးကြီးတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ဘူးလို့တော့ ထင်တယ်ခင်ဗျ" ဆိုပြီး သူ့ရဲ့ အင်တာဗျူးတစ်ခုမှာ ဖြေကြားသွားပါတယ်။ "ရိုးရိုးသားသား ၀န်ခံရရင် ကျွန်တော် အဲဒီလိုလုပ်တာ ပိုကောင်းမယ်လို့ထင်ပါတယ်။ ဘာလို့လဲဆိုတော့ Facebook မရှိရင် လူတွေဟာ အပြင်ထွက်ပြီး တကယ့်သူငယ်ချင်းတွေနဲ့ စကားပြောဖြစ်ကြမှာပါ။ အဲဒါကို ကျွန်တော်မျှော်လင့်ပါတယ်။"
Facebook သုံးစွဲသူ တချို့ကတော့ အဲဒီသတင်းကို ကြားပြီး ထိတ်လန့်ခဲ့ပါတယ်။ အင်ဒီယားနား ပြည်နယ်မှ အထက်တန်းကျောင်းသား Denise Bradshaw ဆိုရင် "ကျွန်တော် Facebook သာမရှိရင် ဘာလုပ်နေရမလဲ?" လို့ ငြီးငြူခဲ့ပါသေးတယ်။ "ကျွန်တော့် ဘ၀က Facebook က အဓိကပါ။ ကျွန်တော် Facebook ကို တစ်နေ့ ၁၀ နာရီလောက် သုံးပါတယ်။ အခု Facebook မရှိတော့ဘူးဆိုရင် ကျွန်တော့် အဲဒီအချိန်တွေကို ဘယ်နားသွားသုံးရမလဲဗျာ?"
သို့ပေမယ့် မိဘတွေကတော့ အဲဒီသတင်းတွေကြားပြီး စိတ်သက်သာရာရခဲ့ပါတယ်။ "Facebook ပိတ်သွားတာ တော်တော်ကောင်းပါတယ်" လို့ Detroit မှ မိဘတစ်ဦးဖြစ်သူ Jon Guttari မှ ပြောသွားပါတယ်။ "အဲါးဆို ကျွန်တော့်ကလေးက ကွန်ပျူတာနဲ့ မျက်နာကို နေ့တိုင်း ကပ်မနေတော့ဘူးပေါ့ဗျာ။ ကျွန်တော်နဲ့ စကားပြောဖို့ အချိန်ပိုရနိုင်တာပေါ့" လို့ ၀မ်းမြောက်ဝမ်းသာ ပြောသွားပါတယ်။
Source: Facebook
Posted by ဂျစ်တီး
Friday, November 11, 2011
ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၃၉)
Adverbs ဆိုတာ Verb ရဲ့ အဓိပ္ပာယ်ထဲကို ဖြည့်စွက်ပြောပြတဲ့ စကားလုံး၊ ဒါမှမဟုတ် စကားစုဖြစ်တယ်။
He walked quickly.
He walked to the station.
He walked as fast as he could.
ဒီဝါကျ သုံးခုမှာပါတဲ့ quickly, to the station, as fast as he could တို့ဟာ Adverb တွေပါပဲ.။ တစ်ခုက စကားလုံးတစ်လုံးတည်း Adv၊ တစ်ခုက စကားလုံးစု Phrase Adv၊ တစ်ခုက S နဲ့ V ပါတဲ့ Clause Adv.။ အားလုံးဟာ walked ဆိုတဲ့ Verb ကို ဖြည့်စွက် ပြောနေကြတာချည်း။
Adv ဟာ V ကိုတင် ညွှန်းတာမဟုတ်ဘဲ Sentence တစ်ခုလုံးကို ညွှန်းနိုင်သေးတယ်။ ဥပမာ....
Nothing could be done in the circumstances.
အခြေအနေအရ ဘာမှ မလုပ်နိုင်ကြဘူး။
ဒီဝါကျမှာ in the circumstances ဆိုတဲ့ Adv ဟာ could be done ဆိုတဲ့ V သက်သက်ကိုသာ ညွှန်းတာမဟုတ်ဘဲ Nothing could be done ဆိုတဲ့ ၀ါကျတစ်ခုလုံးကို ညွှန်းနေတာ ဖြစ်တယ်။ ဒီလို Adv မျိုးကို Sentence Adv လို့ ခေါ်ရမယ်။ ( တစ်ချို့ကလည်း Sentence Modifier လို့ ခေါ်ကြရဲ့။ )
Sentence Adv တွေကို ၀ါကျနောက်၊ ၀ါကျရှေ့၊ ၀ါကျအလယ် ကြိုက်ရာမှာ အလျဉ်းသင့်သလို လွတ်လွတ်လပ်လပ် ထားနိုင်တယ်။ ဥပမာ အထက်က ၀ါကျကို ..
In the circumstances, nothing could be done. လို့ ရေးလည်း ရပါတယ်။ အဓိပ္ပာယ်အလေး အပေါ့ အနည်းအပါးပဲ ရှိတယ်။
Nothing, in the circumstances, could be done. လို့ ရေးလည်း ရသေးတာပါပဲ။ အလားတူ ...
To our surprise, she had married the rascal.
She had married the rascal to our surprise.
( ဒီဝါကျကို မြန်မာလိုပြန်ရင် Adv သဘောပျောက်သွားမယ်။ ၀ါကျ အဆောက်အအုံကို ပြင်ရမယ်။ “ သူခွေးသူတောင်းစားကို ယူလိုက်သဗျ၊ အံ့ရော ” လို့ ဖြစ်မယ်။ )

Wednesday, November 09, 2011
You're Hired - အပိုင်း (၂)
Episode 2
After firing WebWare’s sales director and advertising the new post. Philip Hart and Marcia Boardman discuss the applications and decide on an interview format.
(Webware ကုမ္ပဏီ၏ အရောင်းဒါရိုက်တာအား အလုပ်ဖြုတ်၍ အလုပ်နေရာသစ်အတွက် ကြော်ငြာထည့်ပြီးနောက် Philip Hart နှင့် Mercia Boardman တို့သည် အလုပ်လျှောက်သူများ အကြောင်းဆွေးနွေးကြပြီး လူတွေ့မေးခွန်းပုံစံကို ဆုံးဖြတ်နေကြသည်။)
စတုထ္ထအကြိမ် မိတ္ထီလာ GTI မြတ်ဆရာပူဇော်ပွဲနှင့် စုံညီမိတ်ဆုံစားပွဲအတွက် အလှူရှင်များစာရင်း
၁၉-၁၁-၂၀၁၁ နေ့တွင် နေပြည်တော်၌ကျင်းပပြုလုပ်မည့်ဖြစ်သော စတုထ္ထအကြိမ် မိတ္ထီလာ GTI မြတ်ဆရာပူဇော်ပွဲနှင့် စုံညီမိတ်ဆုံစားပွဲ အတွက် မိမိတို့၏ကျေးဇူးရှင် ဆရာ၊ဆရာမဟောင်းများကို ပူဇော်ကန်တော့နိုင်စေရန် ကိုတင့်လွင်၊ ကိုသန့်ဇင်မောင်မောင်၊ ကိုမျိုးကျော်ဇင်၊ မရီမာအုန်း နှင့် မခိုင်သင်းအေး တို့မှ အလှူငွေကောက်ခံခဲ့ကြ၍ ထည့်ဝင်လှူဒါန်းခဲ့ကြသော အလှူရှင်များစာရင်းနှင့် ငွေလွှဲစာရွက်တို့ကို အောက်တွင်ဖော်ပြပေးထားပါသည်။ ထိုသို့ အလှူငွေ ကောက်ခံပေးကြသူများနှင့် အလှူရှင်များဖြစ်ကြသော မိတ္ထီလာ GTI/GTC/GTU ကျောင်းသား/သူဟောင်းများ၏ ဤမွန်မြတ်သောအလှူအတွက် အလှူရှင်များနှင့် မိတ္ထီလာ GTI/GTC/GTU သူငယ်ချင်းများအားလုံး ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်စေရန် ကျွန်တော်တို့ Blog မှ ဖော်ပြပေးလိုက်ပါသည်။
(ကိုမျိုးကျော်ဇင်၊ မရီမာအုန်း နှင့် မခိုင်သင်းအေး တို့မှကောက်ခံရရှိသော အလှူငွေစာရင်း)
(အလှူငွေလွှဲ စာရွက်)
(ကိုတင့်လွင်၊ ကိုသန့်ဇင်မောင်မောင် တို့မှကောက်ခံရရှိသော အလှူငွေစာရင်း)
(အလှူငွေလွှဲ စာရွက်)
Posted by MTLA GTI GROUP
Monday, November 07, 2011
GTI Opera (MP) / 1999
၁၉၉၉ ခုနှစ် Meiktila GTI, Mechanical Power (MP) Major ရဲ့ မြတ်ဆရာပူဇော်ပွဲနှင့် နောက်ဆုံးနှစ် ကျောင်းသား/သူဟောင်းများ နှုတ်ဆက်ပွဲက Opera လေးပါ။ ဗွီဒီယို ဖိုင်မရလို့ အော်ဒီယို ဖိုင်အနေနဲ့ ပဲ တင်လိုက်ပါတယ်။ အမှတ်တရ လေးပေါ့ဗျာ။
Posted by MTLA GTI GROUP
Posted by MTLA GTI GROUP
Saturday, November 05, 2011
E-books for useful applications
Windows 7 အသုံးပြုနည်း မြန်မာလို ဖတ်ချင်တယ် ဆိုရင်တော့ ဒီမှာ ယူပါ။
Basic AutoDesk 3D Design အသုံးပြုနည်း မြန်မာလို ဖတ်ချင်တယ် ဆိုရင်တော့ ဒီမှာ ယူပါ။
Power Point 2007 အသုံးပြုနည်း မြန်မာလို ဖတ်ချင်တယ် ဆိုရင်တော ဒီမှာ ယူပါ။
MS Word 2010 အသုံးပြုနည်း မြန်မာလို ဖတ်ချင်တယ် ဆိုရင်တော့ ဒီမှာ ယူပါ။
MS Excel 2010 အသုံးပြုနည်း မြန်မာလို ဖတ်ချင်တယ် ဆိုရင်တော့ ဒီမှာ ယူပါ။
Adobe Photoshop CS4 အသုံးပြုနည်း မြန်မာလို ဖတ်ချင်တယ် ဆိုရင်တော့ ဒီမှာ ယူပါ။
Credit to Ko Nyi Nay Min

Friday, November 04, 2011
You're Hired - အပိုင်း (၁)
"You're hired" ဗီဒီယိုဇာတ်လမ်းတွဲသည် British Council မှစီစဉ်တင်ဆက်သော ဝန်ထမ်းရွေးချယ်ခြင်းနှင့်သက်ဆိုင်သော အသုံးအနှုန်းဝေါဟာရ နှင့်စကားပြောဆိုပုံများကို ဖေါ်ပြထားသည့် ဗီဒီယိုဇာတ်လမ်းတွဲဖြစ်ပါသည်။ အဆိုပါ ဗီဒီယိုဇာတ်လမ်းတွဲမှ စကားပြောများကို ဘာသာပြန်ဆို၍ တင်ဆက်ပေးလိုက်ပါသည်။
Philip Hart, CEO of IT peripherals company WebWare, gives Sales Director Brian O’Dell some bad news.
(Webware အိုင်တီဆက်စပ်ပစ္စည်းကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် Philip Hart သည် အရောင်းဌာန ဒါရိုက်တာ Brian O’Dell အား သတင်းဆိုးအချို့ ပေးလိုက်သည်။)
Episode 1

PH : You what? What do you mean? You’ve lost the DollarMart contract? Oh Brian, tell me you’re joking! That’s our biggest contract! And you’ve lost it!
(PH : မင်းဘာဖြစ်တယ်? ဘာကိုဆိုလိုချင်တာလဲ? ဒေါ်လာမတ် (DollarMart) ကုမ္ပဏီနဲ့ သဘောတူ စာချုပ်မချုပ်ဖြစ်လိုက်ဘူး? ဘရိုင်ယန်ရယ် ငါ့ကို နောက်နေတာလို့ ပြောလိုက်ပါ!အဲ့ဒါ ငါတို့အတွက် အကြီးမားဆုံး သဘောတူညီမှုစာချုပ်ပဲ! အဲ့ဒါကို မင်း ဆုံးရှုံးသွားတယ်!)
Ok…ok…yes, I know you’ve had some personal problems recently…yes, sure…yes, I know our competitors have improved their offer…but, really Brian, these are just excuses…(အိုကေ..အိုကေ..ဟုတ်ပါပြီ။ မင်းမှာ အခုတလော ကိုယ်ရေးကိုယ်တာပြဿနာလေးတွေရှိနေတာကို သိပါတယ်။ မှန်ပါတယ်.. မှန်ပါတယ်.. ငါတို့ရဲ့ ပြိုင်ဘက်တွေကလဲ သူတို့ရဲ့ ကမ်းလှမ်းချက်ကို ပိုမိုကောင်းမွန်အောင် လုပ်လိုက်တယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ဘရိုင်ယန်ရယ် အဲဒါတွေက တကယ်တမ်းတော့ ဆင်ခြေတွေပါပဲ။)

Monday, October 31, 2011
ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၃၈)
ကျောင်းသုံးမြန်မာသဒ္ဒါ လေ့ကျင့်ခန်းများမှာ ( သဒ္ဒါအထားအသို ) ဆိုတာ ပါလေ့ရှိတယ်။ စကားလုံးတစ်လုံးကို ဒီနားထားရင် ဒီလို အဓိပ္ပါယ်ထွက်ပြီး ဟိုနားထားရင် ဟိုလိုအဓိပ္ပါယ် ထွက်တတ်တာကို ဆင်ခြင်ခိုင်းတဲ့ လေ့ကျင့်ခန်းပါပဲ။ အင်္ဂလိပ်သဒ္ဒါ စာအုပ်များမှာလည်း ဒီလေ့ကျင့်ခန်းမျိုးပါလေ့ရှိတယ်။ ( တကယ်တော့ မြန်မာသဒ္ဒါစာအုပ် ပြုစုသူများဟာ အင်္ဂလိပ်သဒ္ဒါစာအုပ်တွေဆီက နည်းယူထားတာပါ။ ) တစ်ချို့က ( ၀ါကျမှာ စကားလုံးတို့ရဲ့ အစီအစဉ် - Order of words in a sentence ) လို့ ခေါ်ကြပြီး တစ်ချို့ကတော့ စကားလုံးတစ်လုံးနား တစ်လုံးသွားထားတာမို့ ( နီးကပ်မှု - Proximity ) လို့ ခေါင်းစဉ်တပ်ကြတယ်။ ၀ါကျမှာ စကားလုံးတို့ရဲ့ ( အစီအစဉ် ) ၀ါ ( အထားအသို ) ဆိုရင် ကျွန်တော်တို့ ဆွေးနွေးနေတဲ့ S, V, DO စကားတွေရဲ့ အစီအစဉ်၊ ၀ါ၊ အထားအသိုကိုလည်း ဆိုနိုင်တာမို့ ယေဘုယျကျလွန်းနေတယ်။ ဒါကြောင့် ( နီးကပ်မှု ) လို့ ခေါ်တာကမှ အခုပြောချင်တာကို တိတိကျကျညွှန်းနိုင်တယ်။ စကားလုံးတစ်လုံး၊ ပုဒ်စုတစ်စုဟာ တစ်ခြားစကားလုံးတစ်လုံး ပုဒ်စုတစ်စုနဲ့ နီးကပ်နေရင် နီးကပ်သလို အဓိပ္ပါယ်ပြောင်းလဲသွားနိုင်တာကို ပြောချင်တာ ဖြစ်တယ်။ S, V, DO တို့ အထားအသိုကို ဆိုလိုတာမဟုတ်ဘူး။ အောက်ပါ ဥပမာကို ကြည့်ပါလေ။
Subscribe to:
Posts (Atom)