Thursday, December 01, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၄၀)

Sentence Structure - (13) - Adjectives
ပညာရပ်တစ်ခုကို လေ့လာတဲ့ကျောင်းသားအဖို့ ကြုံတွေ့ရမယ့် ပြဿနာတစ်ခုကတော့ ဝေါဟာရပြဿနာပါပဲ။ ဆရာသမားများဟာ “ သူ့ထက်သူ ” လူစွမ်းကောင်း လုပ်ကာ ဝေါဟာရတွေ ထွင်ချင်ကြတယ်။ အင်္ဂလိပ်သဒ္ဒါကို လေ့လာမယ်ဆိုရင် တွေ့ရမှာတွေကတော့ Noun လို့ ရှိပြီးသားကိုပဲ Substantive ခေါ်သူကခေါ်၊ Nominal လုပ်သူက လုပ်ပြီး Subject ကိုလဲ Nominative Case ရယ်လို့ ရှေးဟောင်းခေါ် သဒ္ဒါစကားလုံးကို ပြန်လည်ဆန်းသစ်ကာ အမည်ပေးချင်တဲ့လူက မရှားဘူး။ အခု ဆွေးနွေးမယ့် Adjective ကို ကြည့်လေ။ Verb ကို ချဲ့ထွင်တော့ Adverb ခေါ်တာကို အကြောင်းပြုပြီး Noun ကို ချဲ့ထွင်တာမို့ Adnominal ခေါ်သူက ခေါ်နေကြပြီ။ တလောဆီက ကျွန်တော်တို့ ကျောင်းတွေမှာလည်း Noun modifier လို့ တော်တော်လေး တွင်ကျယ်လိုက်သေးတယ်။ တစ်ချို့ကတော့ Modifier, Qualifier ခွဲခြားပြကြလေသေးရဲ့။ ကျွန်တော်တို့ ငယ်ငယ်က ကျောင်းမှာ သဒ္ဒါသင်စဉ်က Adjunct of Subject / Object စသဖြင့် သင်ခဲ့ရတယ်။ တစ်ချို့စာအုပ်များမှာ Extension, Enlargement သုံးတာကိုလည်း တွေ့ခဲ့ရသေးတယ်။ ခုအခန်းမှာတော့ Adjective ဆိုတဲ့ ဝေါဟာရကိုပဲ သုံးသွားမယ်။ အရင်အခန်းများမှာ တွေ့ခဲ့ရတဲ့အတိုင်း Adjective ကို Complement အဖြစ် သုံးပါတယ်။
Thita is bad-tempered.
....S...V............SC
Toothache made Thita bad-tempered.
.......S...........V........DO............OC
သိကြတဲ့အတိုင်း Adj များကို Noun ရှေ့က၊ နောက်ကထားပြီးလည်း သုံးရတယ်။ တစ်လုံးချင်းလည်း သုံးတယ်။

Wednesday, November 30, 2011

You're Hired - အပိုင်း (၅)

Episode (5)

Sarah goes for an interview with Marcia and Philip.
(မာစီယာနှင့် ဖိလစ်တို့၏ လူတွေ့အင်တာဗျူးသို့ ဆာရာသွားသည်။)
Marcia Boardman : Hi Sarah! I’m Marcia Boardman – we spoke on the phone….
(ဟိုင်းဆာရာ၊ကျွန်မကတော့ မာစီယာ ဘော့မန်းပါ - ကျွန်မတို့ ဖုန်းနဲ့ စကားပြောခဲ့တယ်လေ…)
Sarah : Oh yes, I remember – I was having a bad day!
(အော်၊ဟုတ်ကဲ့၊ ကျွန်မမှတ်မိပါတယ် - ကျွန်မစိတ်အခန့်မသင့်ဖြစ်နေတဲ့နေ့က စကားပြောဖြစ်ခဲ့တာနော်)
Marcia Boardman : … and this is Philip Hart, our CEO.
(… ဒါကတော့ ကျွန်မတို့ရဲ့ အမှုဆောင်အရာရှိချုပ် ဖိလစ်ဟတ်ပါ။)
Philip Hart : Hello! (ဟယ်လို!)
Sarah : Hello, it’s very nice to meet you both.
(ဟယ်လို၊ နှစ်ယောက်စလုံးကို တွေ့ရတာအလွန် ၀မ်းသာပါတယ်။)

Monday, November 28, 2011

တေးစီးရီးအသစ်

တောင်ကြီင်္းသား အဆိုတော်သစ် တိုးမခ ရဲ့ သီချင်းလေးတွေကို တင်ပေးလိုက်ပါတယ်။ နားထောင်ကြည့်တော့လည်း သီချင်းစာသားလေးတွေ နဲ့ သံစဉ်လေးတွေကောင်းတာ တွေ့ရတယ်။ နောက်ပြီး အဆိုတော် ကလည်း ကျွန်တော်တို့ မိတ္ထီလာ GTI ကျောင်းသားဟောင်း ကိုဂျွန်မျိုးမင်း ရဲ့ သူငယ်ချင်းပါ။ အကြိုက်ဆုံး တခန်းရပ်ဇာတ်လမ်း ဆိုတဲ့ သီချင်းလေးကို စမ်းနားထောင်ကြည့် ဖို့တင်ပေးလိုက်ပါတယ်။ စီးရီး အလိုက် Download Link လေးတွေပါ တင်ပေးလိုက်ပါတယ်။ ခံစားကြည့်ကြပါ။





တစ်ခန်းရပ်ဇတ်လမ်း
http://www.mediafire.com/download.php?v4w1i05xk2i14em

စေညွှန်ရာ
http://www.mediafire.com/download.php?l2mskico8mqotn4

ရုန်းထွက်ခွင့်
http://www.mediafire.com/download.php?1mi0n1ulu197u1q

မင်းအကြောင်းတွေပြန်တွေးချိန်
http://www.mediafire.com/download.php?b1mcoarselrbqqq

ငါ့အကြောင်းနဲ့ငါ
http://www.mediafire.com/download.php?qrmomjbo3fqb879

မျှော်လင့်ခြင်းမနက်ဖြန်
http://www.mediafire.com/download.php?8ydx5vvkpx5cb5w

လက်ဆောင်
http://www.mediafire.com/download.php?aj9juaiz4af3s4v

လရိပ်ရောင်မဲ့
http://www.mediafire.com/download.php?o0rfta65ghbog63

အမြဲတမ်းခရီးသည်
http://www.mediafire.com/download.php?3b0aumgpay07cs2

စိတ္တဇ
http://www.mediafire.com/download.php?2ikmh8t29kudm0v

မညီမျှခြင်း
http://www.mediafire.com/download.php?8b7dg972aoi6gi7

မေ့နေတဲ့တန်ဖိုးများ
http://www.mediafire.com/download.php?vcjah7pcobmchpc

Posted by ဂျစ်တီး

Saturday, November 26, 2011

ဒေါသထွက်လာ စကားအထာ

(၁) I'm fed up.
ငါစိတ်ပျက်တယ်ကွာ။
(စိတ်ပျက်တာကို အင်္ဂလိပ်တွေက fed up နဲ့ပြောပါတယ်။)

(၂) Don't swear me!
ငါ့ကိုမဆဲနဲ့။

(၃) Who you think you are?
မင်းကိုယ်မင်းဘာထင်နေလဲ။

(၄) What's wrong with you?
မင်းဘာဖြစ်နေတာလဲ။

(၅) If you say so,
ဒါဆိုလဲ မင်းပြောတဲ့အတိုင်းပဲပေါ့။

(၆) Leave me alone!
ငါ့ဖာသာငါ တစ်ယောက်တည်းနေပါရစေ။

(၇) Clear off!
ဘေးဖယ်ပေး။

(၈) Go away (or) Get away
ငါ့နားမနေနဲ့ သွား။

(၉) He is so aggressive.
ဒီကောင်ရန်လိုနေတယ်။

(၁၀) You are a witness.
မင်းဟာ မျက်မြင်သက်သေပဲ။

Wednesday, November 23, 2011

Core i3, Core i5, Core i7 ဘာတွေ ကွာခြားသလည်း…

Intel Core processor (CPUs) တွေကို စဉ်းစားမယ် ဆိုရင် အခုမှ ကွန်ပျူတာ လောကကို စပြီး အခြေချသူတွေ နဲ့ Intel CPU အသစ်တွေအကြောင်း သေချာမသိသေးတဲ့ သူတွေအတွက် ကျွန်တော် သိတာလေးကို မျှဝေချင်ပါတယ်။
အထူးသဖြင့် Intel ရဲ့ second generation Core processor တွေမှာ Core i3, Core i5, Core i7 ဆိုပြီး ကွဲပြားနေပါတယ်။ ယျေဘူယျ ပြောရရင် Core i7 က အကောင်းဆုံးပေါ့နော်။ Core i5 က Core i3 ထက်ပိုကောင်းတာ ပေါ့နော်။ ဈေးနှုန်းကလည်း ကွာတာကိုး။ ဒါဖြင့် ဘာတွေများ ကွာသလည်းလို့ နဲနဲ ပိုပြီး အတွင်းကျကျ သိချင်တဲ့ beginner တစ်ယောက်က မေးလာမယ်ဆိုရင် ကျွန်တော် သိသလောက် ပြောပြချင်ပါတယ်။
Intel Core i3 processorတွက dual core ဖြစ်ပါတယ်။ ဆိုလိုတာက အထဲမှာ တစ်ကယ် အလုပ်လုပ်တဲ့ CPU core ၂ ခုပါတာပေါ့။ ဒါပေမယ့် ကောင်းတာတစ်ခုက Core i3 CPU က Hyper Thread နည်းပညာကို support လုပ်တဲ့အတွက် သူ့ရဲ့ core တစ်ခုမှာ thread ၂ ခုကို ကိုင်တွယ်နိုင်တဲ့ အတွက် 2 cores/4 threads ဖြစ်သွားပါတယ်။ ဒါကြောင့် Windows OS ထဲမှာ သွားကြည့်ရင် CPU ၄ ခုရှိတယ်လို့ မြင်ရနိုင်ပါတယ်။ တစ်ကယ်တမ်းက 2 cores ဖြစ်ပြီး နောက် ၂ ခုက  ”virtual cores” တွေလို့ပြောရမှာပါ။ Core i5 ကတော့ 4 cores (Quad-core) processor ဖြစ်ပါတယ်။ တစ်ကယ် အလုပ်လုပ်တဲ့ physical cores ၄ ခုပါပါတယ်။ ဒါပေမယ့် Hpyer Thread ကိုတော့ support မလုပ်ပါဘူး။ Core i5 ရဲ့  Core i3 ထက် သာတဲ့ အချက်က Turbo Boost နည်းပညာ ပါပါတယ်။ Turbo Boost ဆိုတာ automatic  overlcocking လို့ အလွယ်ပြောလို့ ရပါတယ်။ တစ်ကယ်လို့ application တွေက လောလောဆယ် CPU ရဲ့   core အကုန်လုံးကို သုံးမနေဘူး ဆိုရင် လက်ရှိသုံးနေတဲ့ cores တွေရဲ့ clock speed ကို default clock spped ထက် ပိုပြီမြန်မြန် လုပ်ခိုင်းတာကို ပြောတာပါ။ ဥပမာ=  3.3GHz Core i5 CPU ရဲ့ Turbo Boost frequency က 3.7GHz ဖြစ်ပါတယ်။ ဒါကြောင့် တစ်ကယ်လို့ လက်ရှိ သုံးနေတဲ့ application က core (all 4 cores) အကုန်လုံးကိုသာ လောလောဆယ် သုံးမနေဘူးဆိုရင် application ကလည်း clock spped မြန်မြန်တစ်ကယ် လိုအပ်တယ်ဆိုရင် လက်ရှိ active ဖြစ်နေတဲ့ cores တွေကို 3.7GHz နဲ့ run နိုင်ပါတယ်။ Core အားလုံးကို တစ်ပြိုင်ထဲမှာ Turbo Boost မသုံးရတဲ့ အကြောင်းကတော့ heat ကြောင့် ဖြစ်နိုင်ပါတယ်။ Core i5 ရဲ့ Core i3 ထက်သာတဲ့ အချက်က Turbo Boost ဖြစ်ပါတယ်။
         

Tuesday, November 22, 2011

Movie Links

အားနေသူများ Movie လေးပဲကြည့်ရင်း အိမ်မှာပဲ နှပ်နေမယ် ဆိုတဲ့ သူတွေအတွက် Link လေးတွေ  Share ပါရစေ။ များသောအားဖြင့် ကြည့်လေ့ရှိတာကတော့ Funshion ပါပဲ။ ဒါပေမယ့် သိတဲ့အတိုင်းပဲ တစ်ချို့ဟာတွေက ကြည့်မရဘူး အောက်ကလင့်လေးကတော့ မဆိုးဘူးပြောရမယ်။ Latest လေးတွေတင်ပေးထားတာတွေ့ရတယ်။ Download ဆွဲပြီး ကြည့်ရုံပဲ။ Mediafire ဆိုတော့ အဆင်ကလဲပြေ။ TV Series တွေလဲရတယ်။ ၀ါသနာပါရင်တော့ ဆွဲပေတော့ဗျာ။

               www.mediafiremovie.org

ဒီအောက်မှာလဲ Movie အကြောင်းလေးတွေ ဆွေးနွေးကြရင်း တင်ပေးနေတဲ့ သူတွေရှိတယ်။ ၀ါသနာပါရင်သွားကြည့်ပါ

              www.facebook.com/5movies

မှတ်ချက်။ မြန်မာကားများမဟုတ်ပါ

Posted by ငခဲ

You're Hired - အပိုင်း (၄)

Episode (4)

Daniel makes some classic mistakes in his interview.
(လူတွေ့စစ်ဆေးပွဲတွင် ဒန်နီရယ်အနေဖြင့်လူအများပြုလုပ်နေကျ အမှားများ ကိုကျူးလွန်မိသည်။)

Monday, November 21, 2011

Which tablet PC …?

Tablet computer လေးတွေ ၀ယ်သုံးချင် သူတွေအတွက် ကျွန်တော့ အတွေ့အကြုံ နဲ့ သိသမျှလေးတွေ ကို မျှဝေပေးချင် ပါတယ်။ အခုမှ tablet တစ်ခု ၀ယ်ဖို့ စဉ်းစားနေသူတွေ အတွက် အသုံးတည့်မယ်လို့ မျှော်လင့်ပါတယ်။
အခုလောလောဆယ် ဈေးကွက်ထဲမှာ နာမည်ကြီးနေတဲ့ tablet ကွန်ပျူတာ တွေက Apple iPad2, Samsung Galaxy Tab 10.1 (or 8.9), Asus EEE Pad Transformer, Acer Iconia နဲ့ Sony ရဲ့ နောက်ဆုံးထွက် 10.1” tablet လေးတွေ ဖြစ်ပါတယ်။ ကျွန်တော့ သူငယ်ချင်းတွေလည်း ၀ယ်ထားကြတော့ iPad, Galaxy Tab 10.1, Acer နဲ့ Asus EEE Pad Transformer တွေကို စမ်းကြည့်ခွင့် ရခဲ့ပါတယ်။
Apple iPad2 က ထုံးစံအတိုင်း IOS နဲ့ ဖြစ်ပြီး တစ်ခြား tablet တွေကတော့ Android OS သုံးပါတယ်။ Acer Iconia W series ကတော့ Windows OS သုံးပါတယ်။ ပုံမှန်အတိုင်း ဆိုရင် ကျွန်တော်က Android OS သုံးထားတဲ့ tablet တွေကို သဘောကျပါတယ်။ ISO ထက်ပိုလို့ လွတ်လွတ်လပ်လပ် ရှိတဲ့အပြင် အဓိက သဘောကျမိတာက Adobe Flash ကို support လုပ်တဲ့အတွက် ဖြစ်ပါတယ်။ ကျွန်တော့ အနေနဲ့ကတော့ ဘယ်လိုပဲဖြစ်ဖြစ် Adobe Flash player က အရေးပါနေဆဲပါ။ Flash content တွေပါတဲ့ web site တွေကို ဖွင့်တာအပြင် Myanmar video/movie တွေကြည့်လို့ ရတဲ့ web site တော်တော်မျာများး ကလည်း Flash နဲ့ပဲ အလုပ်လုပ်တဲ့အတွက် Adobe Flash နဲ့ အဆင်ပြေဖို့က ကျွန်တော့အတွက် အေ၇းကြီးပါတယ်။ Apple ရဲ့ အဓိက ပြဿနာက အဲဒီလို Flash ကို support မလုပ်တာပါပဲ။ Flash contents တွေကို ကြည့်ခွင့် မရတာဟာ ကျွန်တော်တို့ အတွက်တော့ အများကြီး စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ နောက်ပိုင်းမှာ Flash ကို HTLM5 လို နည်းစနစ်တွေနဲ့ အစားထိုးမယ် ဆိုပေမယ့် ကျွန်တော့အမြင်တော့ နောက်နှစ်အတော်ကြာထိ Flash က ရှိနေ၊ သုံးနေ ဦးမှာသေချာပါတယ်။ IOS အတွက် Flash ကို ကြည့်လို့ရအောင် လုပ်ပေးနိုင်တယ် ဆိုတဲ့ software တွေ ရှိပေမယ့် ဘယ်ဟာမှ ရာနှုန်းပြည့် အဆင်မပြေပါဘူး။

Sunday, November 20, 2011

ချောင်းလှဖို့ကို

ဒီချောင်းမှာသာ၊ ကြာပါပေါ့လား။
မဗေဒါပြာနွဲ့နှောင်းငဲ့။
ချောင်းတန်တန် ရေငန်ရပ်မှာ စွဲတတ်နိုင်အား။

သူ့စိတ်နဲ့သူ့ကိုယ်။
ချောင်းတစ်ခွင်မြင်သမျှ ချောင်းလှဖို့ကို။
ဘုတ်မက ချိုချင်ချို
ဗျိုင်းညိုက အောက်ချင်အောက်။
အုန်းညီနောင် စောင်းချင်စောင်း
ချောင်းကောက်ချင်ကောက်။

သူ့လမ်းနဲ့သူ့အမြင်။
ချောင်းဒီရေနေသမျှ၊ ချောင်းလှဖို့ပင်။
ချောင်းဖျားက ထက်တစ်ခွင်
ပင်လယ်က အောက်တလွှား။
စုန်ချည် ဆန်ချည်နဲ့
တစ်လှည့်စီ ဒီသဘော၊ မျောကြမနား။


ဒီချောင်းမှာသာ၊ ကြာချင်လှလေး။
ကျူရိုးမောင် ရွှေယောင်စောင်းငဲ့။
ချောင်းတန်တန် ရေငန်ထဲ၊ စွဲချင်လှလေး။ ။


အင်မတန် ကြိုက်ခဲ့ရတဲ့ ဆရာဇ်ာဂျီ ရဲ့ ဗေဒါလမ်း ကဗျာများထဲက ကဗျာလေးတစ်ပုဒ်ကို ပြန်လည်တင်ပြလိုက်ပါတယ်။ အတော်များများလည်း သိပြီးဖြစ်မှာပါ။ အကြိုက်ဆုံး အပိုဒ်ကတော့ ဒုတိယ အပိုဒ်ပါပဲ။ အသံ အရမ်းလှလို့ပါ။


Posted by ဂျစ်တီး

အိုင်ဖုန်းကို မုန်းတဲ့ ခွေးကလေး ကိုကို

            ကိုကိုဆိုတဲ့ ခွေးမလေးဟာ အသက် ၄ နှစ်ခွဲရှိပါပြီ။  ဒီခွေးမလေးဟာ ရုပ်ရှင် ကြည်ရတာကို အရမ်းကြိုက်ပါသတဲ့။  ဒါပေမယ့် အိုင်ဖုန်း ကြော်ငြာဝင်လာရင်တော့ အပြင်းအထန်ကို ဟောင် ပြီးတော့ ကန့်ကွက်ပါတယ်။  ဒါကြောင့် အိုင်ဖုန်း မကြိုက်တဲ့ ခွေးကလေး ကိုကိုဆိုပြီး အင်တာနက်မှာ ရေပန်းစားနေပါတယ်။  ခွေးရဲ့ သခင်ကတော့ အိုင်ဖုန်း အစား အန်းဒရွိုက်ကို ကြိုက်တယ်ထင်ပါ့ ခွေးကလေးရဲ့ ဘလော့ဂ်မှာ အိုင်ဖုန်း ဆန့်ကျင်ကြောင်းထွေ ရေးထားလေရဲ့။  ဒါတင် ဘယ်ကမလဲ ခွေးကလေးရဲ့ အကျီင်္ကို တစ်ထည် ၁၄ ဒေါ်လောက်နဲ့ ရောင်းထားကိုလည်း တွေ့ရပါသဗျ။  မည်သို့ပင် ဖြစ်စေကာမူ အောက်က YouTube ဗီဒီယိုလေးမှာတော့ ခွေးကလေးနဲ့ အိုင်ဖုန်း ကြော်ငြာ မတည့်ပုံများတော့ ကြည့်ရတာ အတော် ရယ်ရသဗျ။ 




Credit to blog-aunghtut.blogspot.com
Posted by ဂျစ်တီး