Friday, December 09, 2011

How to Improve Your English at Leisure

"How to Improve Your English at Leisure" အသံဖိုင် (podcast) ကို အင်္ဂလိပ်စာစိတ်ဝင်စားသူ သူငယ်ချင်းများအတွက် တင်ပေးလိုက်ပါသည်။ အင်္ဂလိပ်စာလေ့လာသူများအား ရုပ်ရှင်ကြည့်ရင်း၊ အင်တာနက်သုံးရင်း တစ်နေ့လျှင် နာရီဝက်ခန့် မိမိတစ်ဦးတည်း လေ့ကျင့်ရုံမျှဖြင့် သုံး-လေးပါတ်အတွင်း အင်္ဂလိပ်စာတိုးတက်စေရန် မည်သို့ပြုလုပ်ဆောင်ရွက်နိုင်ကြောင်း လမ်းညွန်ပေးထားပါသည်။
Posted by ကိုတူး(မိတ္ထီလာ GTI)

You're Hired - အပိုင်း (၆)

Episode (6)
Watch Daniel and Sarah make their presentations to see who can impress Philip and Marcia the most.
(ဒန်နီရယ်နှင့် ဆာရာတို့၏ တင်ဆက်မှုကိုပြုလုပ်ပြီးနောက် မည်သူက ဖိလစ်နှင့် မာစီယာကို အထင်ကြီးစေမလဲဆိုသည်ကို ကြည့်ရှုပါ။)

Thursday, December 08, 2011

မဆုံးသေးတဲ့ဇာတ်လမ်း

♥♥♣သေချာတွက်ကြည့်ရင်
အထီးကျန် ရှင်သန်ခဲ့တဲ့ လေးနှစ်
ဖြတ်သန်းခဲ့ရ ခရီးကြမ်း
တွေ့သမျှ boss ခေါ်
ရှဲရှဲတွေမိုးလုံးပြည့်
ရယ်ပြနေရတဲ့ ငါ့ပါးစပ်
အာတွေတောင်ညောင်းလို့
ကိုယ့်ကိုယ်ကိုတောင် ရွံမိတယ်။
♥♥♣အရင်ကတော့
မျှော်လင့်ချက်တွေ တစ်ပွေ့တစ်ပိုက်
ရောင်စုံအလွှာ မတူသူတွေကြား ရှင်သန်ဖို့
ရေဆန်ကိုလှော် လေဆန်ကိုကျော်ခဲ့တယ်။
♥♥♣မျှော်ခဲ့မိပါရဲ့ ဒီကွန်ကရစ် တောအုပ်ထဲမှာ
အတ္တမီးတွေကထိန်ထိန်လင်းလို့
ငါတို့မိုးအလင်း ကခဲ့ကြတာပေါ့။
♥♥♣ဖြေသိမ့်စရာက ဘာလဲ
မိုးချုပ်လို့ အိမ်မပြန် ဘ၀အမောတွေကို
ခဏ ပျော်စေတဲ့အယ်ကိုဟောတွေ
ခေါင်းထဲလောင်းထည့်ကြ
ဝေးနေကြရ တို့တွေ ဘယ်မှာလဲ မိသားစုဘ၀။
♥♥♣တစ်ခါတစ်လေလည်း ယောင်ရမ်းတမ်းတ
အမေ့အိမ်ကထမင်းဝိုင်း
အသားမပါတဲ့ညစာ ဆိုလည်း
KFC ထက်တော့ သာပါတယ်။
♥♥♣သွေးမတိတ်တဲ့ အနာတွေနဲ့
ချွေးသိပ်ချင်လွန်းလို့
နွေးထွေးတဲ့ အမေ့အိမ် ပြန်ချင်ပါတယ်။
အခြေအနေကို အရင်းစစ် အရင်းအမြစ်တွေလည်းဆွဲမနုတ်နိုင်
မျှော်လင့်ခြင်း ပန်းတိုင်တစ်ခုအတွက်
အတ္တတွေ မြေမြုပ် မာနတွေမီးရှို့ပြီး
ငါတို့ ဒီဇာတ်ကိုပဲ ရင်နာနာနဲ့
ဆက်ကနေရဦးတော့မှာပေါ့။။။။။

 Nyinyist

Posted by John

Wednesday, December 07, 2011

ဂျပန်နိုင်ငံမှ မြန်မာကျွမ်းကျင်အလုပ်သမား ခေါ်ယူမူ

ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်သော ဂျပန်နိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများ၊ ဆောက်လုပ်ရေး လုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်ရန် ကျွမ်းကျငမြန်မာအလုပ်သမားများကို ခေါ်ယူမှုများရှိလာကြောင်း ရန်ကုန်မြို့တော်အခြေစိုက် ပြည်ပအလုပ်အကိုင် အေဂျင်စီဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။  
ဂျပန်နိုင်ငံက မြန်မာအလုပ်သမားများခေါ်ယူရာတွင် ယခင်က Training Visa (အလုပ်သင်ဗီဇာ) ဖြင့် အလုပ်သမားခေါ်ယူမှုများသာ အများဆုံးရှိခဲ့ရာWork Visa (ကျွမ်းကျင်လုပ်သားဗီဇာ)သည် Training Visa ထက်ပိုအခြေအနေကောင်းလာသဖြင့် Work Visa ဖြင့် အလုပ်သမားခေါ်ယူမှု များရှိလာခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော်အခြေစိုက် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများထံမှ စုံစမ်းသိရှိရသည်။ 

Monday, December 05, 2011

ငယ်ဆရာများသို့ တမ်းချင်း

Teacher

Posted by ထွန်းမြင့်ဌေး

၁၅ ပြား စခန်း

15 pyar sakan


Posted by ထွန်းမြင့်ဌေး

Sunday, December 04, 2011

Security System for US VIP

စိုင်းနေမင်း၊        ၊အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် အသုံးပြုတဲ့ လေယာဉ်တွေအနက် C-40B အမျိုးအစား ဘိုးရင်းဂျက်လေယာဉ်လဲ အပါအ၀င် ဖြစ်ပါတယ်။

 ဟီလာရီ စီးလေ့ရှိသည့် C-40B အထူးဂျက်လေယာဉ်

 C-40B အထူး ဂျက်လေယာဉ်ထဲမှာ အလုပ်လုပ်နေတဲ့ ဟီလာရီ
 ဟီလာရီအတွက် အထူး သံတမန်လုံခြုံရေးအရာရှိ

           C-40B ဂျက်လေယာဉ်ဟာ အလျား ပေ ၁၁၀နဲ့ လေးလက်မရှိပီး အမြင့် ၄၁ပေနဲ့ ၂ လက်မ ရှိပါတယ်။ GE-CFM 56-7B27 အမျိုးအစား အင်ဂျင် ၂ လုံး တပ်ဆင်ထားပြီး ရေမိုင် ၄၆၀၀ ထိ ဆီမဖြည့်ဘဲ ဆက်တိုက် ပျံနိုင်စွမ်းရှိပါတယ်။ မူလအသုံးပြုဖို့ ရည်ရွယ်ချက်က တိုက်ပွဲဝင်မဲ့ အမေရိကန် တပ်မှူးတွေ အမေရိကန်အစိုးရ ထိပ်တန်းအရာရှိတွေကို သွားလိုရာ ကမ္ဘာ့ဒေ သ အသီးသီးကို သက်တောင့်သက်သာ စိတ်ချလက်ချ သယ်ပို့ပေးဖို့ ဖြစ်ပါတယ်။ ဒီလေယာဉ်ဟာ အရပ်သုံး ဘိုးရင်း ဂျက်လေ ယာဉ် ၇၃၇-၇၀၀ ကို စစ်သုံးဖြစ်အောင် အမေရိကန်လေတပ် အတွက် ပြုပြင်ထားတဲ့ အထူးဂျက်လေ ယာဉ်ဖြစ် ပါတယ်။ C-40B ဂျက်လေယာဉ်ကို အမေရိကန် ထိပ်တန်းစစ်အရာရှိတွေ အမေရိကန်အစိုးရ ခေါင်းဆောင်တွေအတွက် မိုးပျံရုံးခန်း ဖြစ်အောင် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
         

Thursday, December 01, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၄၀)

Sentence Structure - (13) - Adjectives
ပညာရပ်တစ်ခုကို လေ့လာတဲ့ကျောင်းသားအဖို့ ကြုံတွေ့ရမယ့် ပြဿနာတစ်ခုကတော့ ဝေါဟာရပြဿနာပါပဲ။ ဆရာသမားများဟာ “ သူ့ထက်သူ ” လူစွမ်းကောင်း လုပ်ကာ ဝေါဟာရတွေ ထွင်ချင်ကြတယ်။ အင်္ဂလိပ်သဒ္ဒါကို လေ့လာမယ်ဆိုရင် တွေ့ရမှာတွေကတော့ Noun လို့ ရှိပြီးသားကိုပဲ Substantive ခေါ်သူကခေါ်၊ Nominal လုပ်သူက လုပ်ပြီး Subject ကိုလဲ Nominative Case ရယ်လို့ ရှေးဟောင်းခေါ် သဒ္ဒါစကားလုံးကို ပြန်လည်ဆန်းသစ်ကာ အမည်ပေးချင်တဲ့လူက မရှားဘူး။ အခု ဆွေးနွေးမယ့် Adjective ကို ကြည့်လေ။ Verb ကို ချဲ့ထွင်တော့ Adverb ခေါ်တာကို အကြောင်းပြုပြီး Noun ကို ချဲ့ထွင်တာမို့ Adnominal ခေါ်သူက ခေါ်နေကြပြီ။ တလောဆီက ကျွန်တော်တို့ ကျောင်းတွေမှာလည်း Noun modifier လို့ တော်တော်လေး တွင်ကျယ်လိုက်သေးတယ်။ တစ်ချို့ကတော့ Modifier, Qualifier ခွဲခြားပြကြလေသေးရဲ့။ ကျွန်တော်တို့ ငယ်ငယ်က ကျောင်းမှာ သဒ္ဒါသင်စဉ်က Adjunct of Subject / Object စသဖြင့် သင်ခဲ့ရတယ်။ တစ်ချို့စာအုပ်များမှာ Extension, Enlargement သုံးတာကိုလည်း တွေ့ခဲ့ရသေးတယ်။ ခုအခန်းမှာတော့ Adjective ဆိုတဲ့ ဝေါဟာရကိုပဲ သုံးသွားမယ်။ အရင်အခန်းများမှာ တွေ့ခဲ့ရတဲ့အတိုင်း Adjective ကို Complement အဖြစ် သုံးပါတယ်။
Thita is bad-tempered.
....S...V............SC
Toothache made Thita bad-tempered.
.......S...........V........DO............OC
သိကြတဲ့အတိုင်း Adj များကို Noun ရှေ့က၊ နောက်ကထားပြီးလည်း သုံးရတယ်။ တစ်လုံးချင်းလည်း သုံးတယ်။

Wednesday, November 30, 2011

You're Hired - အပိုင်း (၅)

Episode (5)

Sarah goes for an interview with Marcia and Philip.
(မာစီယာနှင့် ဖိလစ်တို့၏ လူတွေ့အင်တာဗျူးသို့ ဆာရာသွားသည်။)
Marcia Boardman : Hi Sarah! I’m Marcia Boardman – we spoke on the phone….
(ဟိုင်းဆာရာ၊ကျွန်မကတော့ မာစီယာ ဘော့မန်းပါ - ကျွန်မတို့ ဖုန်းနဲ့ စကားပြောခဲ့တယ်လေ…)
Sarah : Oh yes, I remember – I was having a bad day!
(အော်၊ဟုတ်ကဲ့၊ ကျွန်မမှတ်မိပါတယ် - ကျွန်မစိတ်အခန့်မသင့်ဖြစ်နေတဲ့နေ့က စကားပြောဖြစ်ခဲ့တာနော်)
Marcia Boardman : … and this is Philip Hart, our CEO.
(… ဒါကတော့ ကျွန်မတို့ရဲ့ အမှုဆောင်အရာရှိချုပ် ဖိလစ်ဟတ်ပါ။)
Philip Hart : Hello! (ဟယ်လို!)
Sarah : Hello, it’s very nice to meet you both.
(ဟယ်လို၊ နှစ်ယောက်စလုံးကို တွေ့ရတာအလွန် ၀မ်းသာပါတယ်။)

Monday, November 28, 2011

တေးစီးရီးအသစ်

တောင်ကြီင်္းသား အဆိုတော်သစ် တိုးမခ ရဲ့ သီချင်းလေးတွေကို တင်ပေးလိုက်ပါတယ်။ နားထောင်ကြည့်တော့လည်း သီချင်းစာသားလေးတွေ နဲ့ သံစဉ်လေးတွေကောင်းတာ တွေ့ရတယ်။ နောက်ပြီး အဆိုတော် ကလည်း ကျွန်တော်တို့ မိတ္ထီလာ GTI ကျောင်းသားဟောင်း ကိုဂျွန်မျိုးမင်း ရဲ့ သူငယ်ချင်းပါ။ အကြိုက်ဆုံး တခန်းရပ်ဇာတ်လမ်း ဆိုတဲ့ သီချင်းလေးကို စမ်းနားထောင်ကြည့် ဖို့တင်ပေးလိုက်ပါတယ်။ စီးရီး အလိုက် Download Link လေးတွေပါ တင်ပေးလိုက်ပါတယ်။ ခံစားကြည့်ကြပါ။





တစ်ခန်းရပ်ဇတ်လမ်း
http://www.mediafire.com/download.php?v4w1i05xk2i14em

စေညွှန်ရာ
http://www.mediafire.com/download.php?l2mskico8mqotn4

ရုန်းထွက်ခွင့်
http://www.mediafire.com/download.php?1mi0n1ulu197u1q

မင်းအကြောင်းတွေပြန်တွေးချိန်
http://www.mediafire.com/download.php?b1mcoarselrbqqq

ငါ့အကြောင်းနဲ့ငါ
http://www.mediafire.com/download.php?qrmomjbo3fqb879

မျှော်လင့်ခြင်းမနက်ဖြန်
http://www.mediafire.com/download.php?8ydx5vvkpx5cb5w

လက်ဆောင်
http://www.mediafire.com/download.php?aj9juaiz4af3s4v

လရိပ်ရောင်မဲ့
http://www.mediafire.com/download.php?o0rfta65ghbog63

အမြဲတမ်းခရီးသည်
http://www.mediafire.com/download.php?3b0aumgpay07cs2

စိတ္တဇ
http://www.mediafire.com/download.php?2ikmh8t29kudm0v

မညီမျှခြင်း
http://www.mediafire.com/download.php?8b7dg972aoi6gi7

မေ့နေတဲ့တန်ဖိုးများ
http://www.mediafire.com/download.php?vcjah7pcobmchpc

Posted by ဂျစ်တီး