Sunday, January 22, 2012

ကတ်သီးကတ်သတ် အင်္ဂလိပ်စကားလုံးများ

တာရာမင်းဝေ ရေးထားတဲ့ တကယ့်ကို ကတ်သီးကတ်သတ် အင်္ဂလိပ်စကားလုံးတွေပါ။ ဒါလေးတွေကလည်း သိထားဖို့ လိုအပ်ပါတယ်။ ဒီစာအုပ်မှာ တစုတစည်း ထဲတွေ့ရလို့ အတော်အသုံးဝင်တဲ့ စာအုပ်လို့ ညွှန်းချင် ပါတယ်။ လေ့လာချင်တယ်ဆိုရင်တော့ ဒီမှာ ပါ။

Posted by ဂျစ်တီး

Saturday, December 31, 2011

Tuesday, December 27, 2011

ပြည်ပနိုင်ငံမှ သက်သေခံလက်မှတ်ပါရှိလျှင် အိုင်တီပစ္စည်းများအတွက် အကောက်ခွန်ပေးဆောင်ရန်မလို

            အာဆီယံနိုင်ငံများ၏ သဘောတူညီမှုအရ ကုန်သွယ်မှု အခွန်ကင်းလွတ်ခွင့်များကို သက်မှတ်ခဲ့ကြောင်း အဆိုပါကင်းလွတ်ခွင့်အရ အိုင်တီနှင့် ဆက်စပ်ပစ္စည်းများအတွက် ပြည်ပနိုင်ငံများမှ ကုမ္ပဏီများ၏ သက်သေခံမှုရင်းလက်မှတ်ပါရှိလျှင် အကောက်ခွန်ပေးဆောင်ရန် မလိုအပ်တော့ကြောင်း အကောက်အခွန်ဦးစီးဌာန၊ စီမံရေးရာ ဌာနခွဲ ညွှန်ကြားရေးမှုးဦးကျော်ဝင်းက ပြောသည်။ အကောက်အခွန်အနေဖြင့် အိုင်တီပစ္စည်းများတင်သွင်းရာ၌ သက်ဆိုင်ရာ နိုင်ငံများ၏ ကုမ္ပဏီများမှ သက်သေခံလက်မှတ် မှုရင်းများ တင်ပြနိုင်သူများကို သုညရာခိုင်နှုန်းအထိ အကောက်အခွန် လျှော့ပေးခြင်းဖြစ်သည်။ “ အများဆုံးကောက်လည်း ၅ ရာခိုင်နှုန်းပါပဲ။ သုညရာခိုင်နှုန်းအတွက် သက်သေခံမူရင်းလက်မှတ် ပြနိုင်ဖို့တော့လိုတယ်” ဟု ၎င်းက ဆိုသည်။ အာဆီယံနိုင်ငံများ၏ သဘောတူညီမှုအရ အိုင်တီပစ္စည်းများအတွက် အကောက်ခွန် သုညရာခိုင်နှုန်း သတ်မှတ်ထားသော်လည်း လက်ရှိတင်သွင်းနေသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အိုင်တီပစ္စည်းများအတွက် အကောက်ခွန် ပေးဆောင်နေရဆဲဖြစ်ကြောင်း ရန်ကုန်မြို့လယ်ရှိ အိုင်တီစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ “ကုန်သွယ်ခွန် ၁.၅ ရာခိုင်နှုန်းနဲ့ အကောက်ခွန် ၂.၅ ရာခိုင်နှုန်းက ပေးနေရတုန်းပဲ။ သုညရာခိုင်နှုန်း ဆိုတာမျိုးတော့ မကြုံဖူးသေးဘူး” ဟု အဆိုပါ စီးပွားရေးလုပ်ငန်းရှင်က ပြောသည်။ ကုန်သွယ်ခွန်နှင့် အကောက်ခွန်ကို ၁.၅ ရာခိုင်နှုန်းနှင့် ၂.၅ ရာခိုင်နှုန်း ပေးဆောင်ရသော်လည်း သတ်မှတ်ချက် ငွေလဲလှယ်ဈေးနှုန်းကြောင့် ပေးဆောင်နိုင်သည့် အနေအထားတွင် ရှိကြောင်း အဆိုပါ စီးပွားရေးလုပ်ငန်းရှင်က ဆိုသည်။ အာဆီယံနိုင်ငံများအကြား အကောက်ခွန်ကိစ္စရပ်နှင့် ပတ်သက်၍ အပြန်အလှန် အသိအမှတ်ပြုနိုင်ရန်အတွက် Soft Certificate Code ကို စမ်းသပ်အသုံးပြုနေပြီဖြစ်ကြောင်း၊ စမ်းသပ်သုံးစွဲမှုတွင် မြန်မာနိုင်ငံ အနေဖြင့် ပါဝင်နိုင်ခြင်း မရှိသေးသော်လည်း စင်ကာပူ၊ မလေးနှင့် ဘရူနိုင်း နိုင်ငံတို့၌ စတင်စမ်းသပ်သုံးစွဲနေကြောင်း အကောက်ခွန်ဦးစီးဌာန စီမံရေးရာဌာနခွဲ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ပြောကြားခဲ့ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။
 Source: ခေတ်လူငယ်
Posted by ကိုကိုနေ

Sunday, December 25, 2011

လွမ်းည

အလွမ်းငွေ့တွေဖြာကျ
သတိရခြင်းတွေ လှိုင်းထနေမှတော့
ဒီည....
မအိပ်တာက ပိုကောင်းမယ် မဟုတ်လား.......


Posted by ဂျစ်တီး

အစိုးရနည်းပညာတက္ကသိုလ်များတွင် ကျောင်းလခများ တတ်နိုင်သလောက်ခွဲပေးရန် ခွင့်ပြု

အစိုးရနည်းပညာတက္ကသိုလ်များတွင် ကျောင်းသားမိဘများ၏ အဆင်မပြေမှုတင်ပြချက်များကြောင့် ကျောင်းလခ တစ်နှစ်စာ တစ်ခါတည်း အကျေပေးသွင်းရမည့်အစား ယခင်နှစ်များကဲ့သို့ တတ်နိုင်သလောက်သာ ခွဲဝေပေးသွင်းရန် ကျောင်းသားရေးရာဌာနမှ ခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။ ၂၀၁၀-၂၀၁၁ ပညာသင်နှစ်အတွက် နည်းပညာတက္ကသိုလ်များရှိ AGTI (ပထမနှစ်နှင့် ဒုတိယနှစ်) သင်တန်းသားများအတွက် တစ်လလျှင် ငါးရာကျပ်၊ B-Tech (ပထမနှစ်နှင့် ဒုတိယနှစ်) သင်တန်းသားများအတွက် တစ်ထောင်ကျပ်နှင့် BE သင်တန်းသားများအတွက် တစ်ထောင့်ငါးရာကျပ်ဖြင့် ကျောင်းလခများကို မိမိတို့ တတ်နိုင်သလောက်သွင်းရန် ခွင့်ပြုကောက်ခံခဲ့သော်လည်း ယခုနှစ် ၂၀၁၁-၂၀၁၂ ပညသင်နှစ်တွင် သင်တန်းအားလုံး အသီးသီးကို နှစ်ဆတိုးမြှင့်၍ ကောက်ခံခဲ့၍ ကျောင်းလခ တစ်နှစ်စာကို တစ်ကြိမ်တည်းဖြင့် အကျေပေးသွင်းရမည်ဟု သတ်မှတ်ခဲ့သည့်အပြင် ကျောင်းသုံးပုံနှိပ်စာအုပ်များကို ကျောင်းအပ်နှံရာတွင် မယူမနေရအနေဖြင့် သင်တန်းဌာနအလိုက် ကျောင်းသားတစ်ဦးလျှင် နှစ်သောင်းကျပ်ပါ ကောက်ခံခဲ့သည်။ နှစ်ကျ ကျောင်သားများအနေဖြင့် ပုံနှိပ်ဖတ်စာအုပ်ဖိုး တစ်သောင်းကျပ်သာ ကောက်ခံမည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း ကောက်ခံခြင်းမရှိခဲ့ဟု သတင်းရရှိသည်။ ကျောင်းလခ တိုးမြှင့်ခဲ့သည့်အပြင် ကျောင်းသားကတ် (Smart Card) အတွက် သုံးထောင်ကျပ်နှင့် တခြား အထွေထွေကြေးများ ပေါင်းကာ AGTI (ပထမနှစ်နှင့် ဒုတိယနှစ်) သင်တန်းသားတစ်ဦးအတွက် လေးသောင်းနီးပါး သွင်းရပြီး B-Tech (ပထမနှစ်နှင့် ဒုတိယနှစ်) အတွက် ငါးသောင်းကျပ်ကျော် သွင်းရကာ BE အတွက် ခြောက်သောင်းနီးပါး ပေးသွင်းနေရသဖြင့် ကျောင်းသားကျောင်းသူများ ကျောင်းအပ်နှံရာတွင် များစွာအခက်အခဲရှိကြောင်း သိရသည်။ ယခုအခါ ကျောင်းသားမိဘများ၏ အဆင်မပြေမှု တင်ပြချက်များကြောင့် ယခင်နှစ်များကဲ့သို့ ကျောင်းလခကို မိမိတို့ တတ်နိုင်သလောက်သာ ခွဲဝေပေးသွင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။ နည်းပညာတက္ကသိုလ်များတွင် ဒီဇင်ဘာလ အစောပိုင်းမှ စတင်၍ ဒီဇင်ဘာလကုန်အထိ ကျောင်းအပ်လက်ခံလျက်ရှိကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။
Posted by ဝတီ

Saturday, December 24, 2011

အင်ဂျင်နီယာ ကျောင်းသားများအတွက် စိတ်မီးအိမ် ပညာသင်ဆု


အသိမိတ်ဆွေ အင်ဂျင်နီယာ တစ်ဦးက သူတို့ အဖွဲ့အစည်းမှ ပညာသင်ဆုပေးနေသည်ဟု ဆိုကာ Address Card လေးပေးလာသဖြင့် Web site သို့သွားရောက်ကြည့်ရှု ရင်း ပညာ သင်ကြားရေး အတွက် အခက်အခဲ ဖြစ်နေသော အင်ဂျင်နီယာ ကျောင်းသားများ အတွက် အားထားရမည့် အဖွဲ့ ဖြစ်သဖြင့် ပြန်လည်မျှဝေပါသည်။ မိမိတို့ ပတ်ဝန်းကျင်မှာ ပညာရေးအတွက် အကူအညီ လို အပ်နေ သူများကို တွေ့ရ၊သိရရင် သူတို့ စိတ်မီးအိမ်  အဖွဲ့ဝင်များကို အမြန်ဆုံး  အသိပေးပြီး အကူအညီတောင်းခံ နိုင်ပါသည်။ စိတ်မီးအိမ် ပညာသင်ဆု အတွက် ရံပုံငွေများ ပေးအပ်လိုပါကလည်း ပေးနိုင်ပါသည်။
စိတ်မီးအိမ် ပညာသင်ဆု လျှောက်ထား ဖို့အတွက်လိုအပ်တဲ့ အသေးစိတ် အချက်အလက်များကိုတော့ အောက်ဖော်ပြပါ Web Site မှာသွားရောက်ကြည့်ရှု နိုင်ပါသည်။ အခုလို မွန်မြတ်သော ရည်ရွယ်ချက်ရှိတဲ့ လူမှု အဖွဲ့အစည်းများ အများအပြား ပေါ်ပေါက်လာပါစေ ဟု ဆန္ဒပြုလိုက်ပါသည်။

www.seitmeeain.net                                        ရန်ကုန် ကိုယ်စားလှယ်

admin@seitmeeain.net                                     ssp.yangon@gmail.com

+65-96300224

Posted by ဂျစ်တီး

Photo of the week

funny officer waqawwwww 
 
Source: lwanmapyay.blogspot.com
 
Posted by ဂျစ်တီး

ဥမင်လှိုင်ခေါင်းဖောက် စက်ကြီး

ကဲ...ရွှေပြည်ကြီးမှာလည်း Subway Project Plan ရှိတယ်ဆိုတော့ ဥမင်ဘယ်လိုတူး သလဲဆိုတာ သိရအောင် ဗဟုသုတ အနေနဲ့ ဥမင်လှိုင်ခေါင်းဖောက် စက်ကိုတွေ့လို့ တင်ပေးလိုက်ပါတယ်။

Impressive Size

Impressive Size

Impressive Size

Impressive Size

Source: lwanmapyay.blogspot.com

Posted by ဂျစ်တီး