Monday, March 05, 2012
အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ(၂)
No wonder (မဆန်းပါဘူး)
You say no wonder when you think that something is not at all surprising in the circumstances:
မဆန်းပါဘူး (no wonder) ကို တစ်စုံတစ်ခုသည် လုံးဝအံ့သြစရာမကောင်းဟု ထင်မြင်သည့်အခါတွင် သုံးသည်။
1. No wonder your father is angry. You borrowed his car without permission and then crashed it.
မင်းအဖေဒေါသထွက်နေတာ မဆန်းပါဘူး။ သူ့ကားကို သူ့ခွင့်ပြုချက်မရပဲလဲ ငှားသွားတယ်။ ပြီးတော့ တိုက်လာလိုက်သေးတယ်။
2. 'Anne's upset.'
Anne က စိတ်မချမ်းမသာဖြစ်နေတယ်။
'No wonder. She has just discovered that her boyfriend has been going out with another girl.'
မဆန်းပါဘူး။ သူ့ကောင်လေးက တစ်ခြားကောင်မလေးတစ်ယောက်နဲ့ တွဲနေတာ သိသွားတယ်လေ။
Sunday, March 04, 2012
ပန်တော်ဦး
ပန်တော်ဦး...
မင်းက လတစ်စင်းဆိုရင်
ငါက ဒီရေပဲဖြစ်ချင်ပါတယ်။
ပန်တော်ဦး...
မင်းက နေရောင်ခြည်ဆိုပါတော့
ငါက သစ်တပင်ပဲ ဖြစ်ပါလိမ့်မယ်။
ပန်တော်ဦး...
မင်းက ကံဇာတ်ဆရာ ဆိုရင်လည်း
ငါက လူတစ်ယောက်ပါပဲ။
Posted by ဂျစ်တီး
မင်းက လတစ်စင်းဆိုရင်
ငါက ဒီရေပဲဖြစ်ချင်ပါတယ်။
ပန်တော်ဦး...
မင်းက နေရောင်ခြည်ဆိုပါတော့
ငါက သစ်တပင်ပဲ ဖြစ်ပါလိမ့်မယ်။
ပန်တော်ဦး...
မင်းက ကံဇာတ်ဆရာ ဆိုရင်လည်း
ငါက လူတစ်ယောက်ပါပဲ။
Posted by ဂျစ်တီး
ဘရူနိုင်းဖိတ်ခေါ်ဖလားပွဲ၏ မြန်မာယူ-၂၁အသင်းရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်
ဘရူနိုင်းဖိတ်ခေါ်ဖလားပွဲ၏ အုပ်စု(က) ဒုတိယပွဲစဉ်အဖြစ် ယနေ့ည စင်ကာပူစံတော်ချိန် ည(၈း၁၅)တွင် မြန်မာ ယူ-၂၁ အသင်း နှင့် စင်ကာပူ ယူ-၂၁ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ တစ်သင်းနဲ့တစ်သင်း ဂိုးမသွင်းနိုင်ကြပဲ သရေပွဲဖြစ်ခဲ့ကြသည်။ အုပ်စု(က) ပထမပွဲစဉ်တွင် အင်ဒိုနီးရှား ယူ-၂၁ အသင်းက ဖိလစ်ပိုင် ယူ-၂၁ အသင်းကို ၃ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ မြန်မာ ယူ-၂၁ အသင်းသည် အုပ်စု(က)တွင် လေးပွဲကစား ရမှတ်(၁၀)ဖြင့် အုပ်စုပထမ၊ အင်ဒိုနီးရှားအသင်းသည် လေးပွဲကစား ရမှတ်(၇)ဖြင့် အုပ်စုဒုတိယဖြင့် အကြိုဗိုလ်လုပွဲသို့ အသီးသီးတက်ရောက်သွားကြပြီ ဖြစ်သည်။ အုပ်စု(ခ)တွင် ဗီယက်နမ်အသင်းသည် လေးပွဲကစား ရမှတ်(၁၀)ဖြင့် အုပ်စုပထမ၊ အိမ်ရှင် ဘရူနိုင်းအသင်းနှင့် အရှေ့တီမောအသင်းတို့သည် သုံးပွဲစီကစား၍ ရမှတ်(၆)စီဖြင့် ဂိုးကွာခြားချက်အရ အုပ်စုဒုတိယနှင့်တတိယ အသီးသီးရပ်တည်နေကြသည်။ မတ်လ(၅)ရက်နေ့ အုပ်စု(ခ)ဒုတိယပွဲစဉ်အဖြစ် အိမ်ရှင်ဘရူနိုင်း ယူ-၂၁ အသင်းနှင့် အရှေ့တီမော ယူ-၂၁ အသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်၍ အနိုင်ရရှိသောအသင်းသည် အကြိုဗိုလ်လုပွဲသို့ တက်ရောက်နိုင်မည်ဖြစ်ပြီး သရေဖြစ်ခဲ့လျှင် အိမ်ရှင်ဘရူနိုင်းအသင်းသည် အကြိုဗိုလ်လုပွဲသို့ တက်ရောက်သွားမည်ဖြစ်သည်။ တချိန်တည်းတွင် အုပ်စု(ခ)ပထမပွဲစဉ်အဖြစ် မလေးရှား ယူ-၂၁ အသင်းနှင့် ကမ္ဘောဒီးယား ယူ-၂၁ အသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ပထမအကြိုဗိုလ်လုပွဲ
မတ်လ(၇)ရက် စင်ကာပူစံတော်ချိန် (ည ၈း၀၀)နာရီ
မြန်မာ ယူ-၂၁ အသင်း နှင့် ဘရူနိုင်း ယူ-၂၁ အသင်း (သို့) အရှေ့တီမော ယူ-၂၁ အသင်း
ဒုတိယအကြိုဗိုလ်လုပွဲ
မတ်လ(၇)ရက် စင်ကာပူစံတော်ချိန် (ည ၁၀း၀၀)နာရီ
ဗီယက်နမ် ယူ-၂၁ အသင်း နှင့် အင်ဒိုနီးရှား ယူ-၂၁ အသင်း
Posted by ဝတီ
အမေရိကန်တက္ကသိုလ်တွေမှာ ပညာသင်ယူခဲ့တဲ့ နိုင်ငံတကာ ခေါင်းဆောင်များ
ဂရိ ၀န်ကြီးချုပ်နှင့် အီတလီ ၀န်ကြီးချုပ်
လစ်ဗျားဝန်ကြီးချုပ် Abeurrahim el-Keib ၊ ဂရိဝန်ကြီးချုပ် Lucas Papademos နဲ့ အီတလီ ၀န်ကြီးချုပ် Mario Monti တို့မှာ တူညီမှု အတော်များများရှိပါတယ်။ အဲဒီခေါင်းဆောင်သုံးဦးဟာ တည်ငြိမ်အေးဆေးသူတွေဖြစ်ပြီး၊ နိုင်ငံရေးသမားတွေ မဟုတ်ဘဲ ပညာရှင် technocrat တွေ ဖြစ်ခြင်းက အဓိက ထူးခြားချက် ဖြစ်ပါတယ်။
နိုင်ငံရေးသမားတွေ မဟုတ်ကြပေမဲ့၊ အခု သူတို့နိုင်ငံတွေရဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ သူတို့ ပခုံးပေါ် တာဝန်တွေ ပုံကျလာပါတယ်။ သူတို့နိုင်ငံတွေကို ရေထဲမိုးထဲ အခြေအနေကနေ ပြန်ရုန်းထွက်နိုင်အောင် သူတို့ရဲ့ အတတ်ပညာကျွမ်းကျင်မှုနဲ့ နိုင်ငံတကာ အတွေ့အကြုံတွေက ကူညီနိုင်မယ်လို့ အားလုံးက မျှော်လင့်ထားကြပါတယ်။ ဒါဖြင့် သူတို့ သုံးဦးက အဲဒီ အတတ်ပညာတွေ ဘယ်ကများ ဆည်းပူးခဲ့တာလဲ။
လစ်ဗျားဝန်ကြီးချုပ် Abeurrahim el-Keib ၊ ဂရိဝန်ကြီးချုပ် Lucas Papademos နဲ့ အီတလီ ၀န်ကြီးချုပ် Mario Monti တို့မှာ တူညီမှု အတော်များများရှိပါတယ်။ အဲဒီခေါင်းဆောင်သုံးဦးဟာ တည်ငြိမ်အေးဆေးသူတွေဖြစ်ပြီး၊ နိုင်ငံရေးသမားတွေ မဟုတ်ဘဲ ပညာရှင် technocrat တွေ ဖြစ်ခြင်းက အဓိက ထူးခြားချက် ဖြစ်ပါတယ်။
နိုင်ငံရေးသမားတွေ မဟုတ်ကြပေမဲ့၊ အခု သူတို့နိုင်ငံတွေရဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ သူတို့ ပခုံးပေါ် တာဝန်တွေ ပုံကျလာပါတယ်။ သူတို့နိုင်ငံတွေကို ရေထဲမိုးထဲ အခြေအနေကနေ ပြန်ရုန်းထွက်နိုင်အောင် သူတို့ရဲ့ အတတ်ပညာကျွမ်းကျင်မှုနဲ့ နိုင်ငံတကာ အတွေ့အကြုံတွေက ကူညီနိုင်မယ်လို့ အားလုံးက မျှော်လင့်ထားကြပါတယ်။ ဒါဖြင့် သူတို့ သုံးဦးက အဲဒီ အတတ်ပညာတွေ ဘယ်ကများ ဆည်းပူးခဲ့တာလဲ။
Saturday, March 03, 2012
နောက်အနှစ် ၁၀၀ ခန့်တွင် ကမ္ဘာကို ဂြိုလ်တစ်လုံးဝင်တိုက်မည်
နောက်အနှစ် ၁၀၀ ခန့်တွင် ကမ္ဘာဂြိုလ်ကို အခြား ဂြိုလ်တစ်လုံး ဝင်တိုက်မိမည်ဖြစ်ကြောင်း
နက္ခတ်တာရာ ပညာရှင်များက တွက်ချက်ခန့်မှန်းခဲ့ကြသည်။
ယင်းတွက်ချက်မှုသည် ကွန်ပျူတာတွက်ချက်မှုပါ ပါဝင်ပေါင်းစပ်ထားပြီး၊ မည်သည့်နည်းလမ်းနှင့် ရှောင်လွဲနိုင်မည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။ ထိုဖြစ်ရပ်မှာ ကမ္ဘာပျက်သည့် အလားသဏ္ဍန် လေလား ဟု နက္ခတ်ပညာရှင်များအကြား အငြင်းပွားဖွယ် ရာများ ဖြစ်ပေါ်လျက်ရှိသည်။
၂၀၁၁၊ နိုဝင်ဘာလ ၈ ရက်( အင်္ဂါနေ့)တွင်လည်း စကြဝဋ္ဌာအတွင်း မှ ဂြိုလ်ငယ်တစ်လုံး သည် ကမ္ဘာနှင့် အနီးဆုံး ကီလိုမီတာ သုံးသိန်းခန့်အကွာမှ ဖြတ်သန်းသွားမည်ဖြစ်ကြောင်း သိရသည်။
ယခင်နှစ် ဧပရယ်လတွင်လည်း ယင်းကဲ့သို့ဖြစ်ရပ် ဖြစ်ပွားခဲ့ဖူးသော်လည်း ယခုတစ်ကြိမ် လောက်နီးစပ်မှုမရှိခဲ့ပေ။ သို့သော်လည်း ဂြိုလ်ငယ်၏ ဖြတ်သန်းမှုသည် ကမ္ဘာသို့မည်သည့် အန္တာရယ်မှ သက်ရောက်မှု မရှိနိုင်ကြောင်း နက္ခတ်တာရာ ပညာရှင်များ က ပြောကြားခဲ့သည်။
Source: MDSNG
Posted by ဂျစ်တီး
Friday, March 02, 2012
ဘရူနိုင်းဖိတ်ခေါ်ဖလားပွဲ၏ မြန်မာယူ-၂၁အသင်းရဲ့ တတိယပွဲစဉ်
ဘရူနိုင်းဖိတ်ခေါ်ဖလားပွဲ၏ အုပ်စု(က)ပထမပွဲစဉ်အဖြစ် ယနေ့ည စင်ကာပူစံတော်ချိန် ည(၈း၁၅)တွင် မြန်မာ ယူ-၂၁ နှင့် လာအို ယူ-၂၁ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာလူငယ် အသင်းက ၂ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ မြန်မာအသင်းက ပထမပိုင်း၃၉မိနစ်တွင် ကျော်ကိုကို၏ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယဂိုးအား ၈၇မိနစ်တွင် ကျော်ဇေယျာဝင်းက ပင်နယ်တီမှတစ်ဆင့် သွင်းယူပေးခဲ့သည်။ အုပ်စု(က) ဒုတိယပွဲစဉ်တွင် စင်ကာပူ ယူ-၂၁ အသင်းက ဖိလစ်ပိုင် ယူ-၂၁ အသင်းကို ၂ဂိုး ၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ မြန်မာ ယူ-၂၁ အသင်းသည် မတ်လ(၄)ရက်နေ့ တနင်္ဂနွေနေ့ည စင်ကာပူစံတော်ချိန် ၈း၁၅ (မြန်မာစံတော်ချိန် ၆း၄၅)တွင် စင်ကာပူု ယူ-၂၁ အသင်းနှင့် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဆက်လက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ မြန်မာ ယူ-၂၁ အသင်းသည် အုပ်စု(က)တွင် သုံးပွဲကစားပြီး သုံးပွဲနိုင် ရမှတ်(၉)မှတ်ဖြင့် အကြိုဗိုလ်လုပွဲသို့ တက်ရောက်သွားပြီဖြစ်ပါသည်။
Posted by ဝတီ
Wednesday, February 29, 2012
ဆင်းရဲခြင်းသည် ရောဂါ (Poverty is a disease)
ဆင်းရဲမွဲတေမှု လျော့ချရေးကို ဦးသိန်းစိန်အစိုးရက လုပ်ဆောင်နေပါသည်။ နိုင်ငံသားတွေကလည်း ပါဝင်နေကြသည်။ နိုင်ငံရေးပါတီတွေကလည်း ဆင်းရဲမှုလျော့ကျအောင် အလုပ်အကိုင် အခွင့်အလမ်း များပြားအောင် ဖန်တီးပေးမယ်ဆိုပြီး မဲဆွယ်စည်းရုံးနေကြသည်။ စီးပွားရေးပညာရှင်တွေ၊ စီးပွားရေးဘွဲ့ရတွေကလည်း Seminar လေးတွေ လုပ်ပြီး ဆင်းရဲမွဲတေမှု လျော့ကျအောင် ဆွေးနွေး အဖြေရှာနေကြသည်။ အားလုံးသော ပုဂ္ဂိုလ်များမှာ ကျေးဇူးတင်စရာ ကောင်းပါသည်။ လေးစားစရာလည်း ကောင်းပါသည်။ သို့သော် ဆင်းရဲမွဲတေမှုကို အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်းက ဘောင်ကျဉ်းနေသည်ဟု ထင်မြင်မိပါသည်။ အကြောင်းအရာတခုကို ဆွေးနွေးရာတွင် ထောင့်စုံမှ စဉ်းစားပါက အဖြေရှာရန် လွယ်ကူပြီး ဆက်လက်လုပ်ဆောင်ရန် လွယ်ကူမည်ဟု ထင်ပါသည်။
ဆင်းရဲခြင်းသည် နောက်ပိုင်း ရောဂါအမျိုးအစားအထဲ ထည့်သွင်းလာသဖြင့် ဆရာဝန်တွေလည်း သိထားသင့်ပါသည်။ ထို့ကြောင့် ဆင်းရဲမွဲတေမှုကို ရောဂါတခုကို လေ့လာသလို လေ့လာခြင်းသည် အဖြေမှန်ရရန် ပိုနီးစပ်ပါသည်။ လက်တွေ့လည်း ပါရပါမည်။
လေ့လာပုံမှာ ...
(၁) ဆင်းရဲမွဲတေမှုကို အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း (Definition)
(၂) ဆင်းရဲမွဲတေခြင်း၏ လက္ခဏာများ (Signs and symptoms)
(၃) ဆင်းရဲမွဲတေမှုဖြစ်ရခြင်း အကြောင်းအရင်းများ (Causes)
(၄) ဆင်းရဲမွဲတေခြင်း၏ နောက်ဆက်တွဲ လက္ခဏာများ (Complications)
(၅) ဆင်းရဲခြင်း ရာဇ၀င်နှင့် စမ်းသပ်ပုံ (History taking and Physical examination)
(၆) ဆင်းရဲခြင်း ရောဂါသတ်မှတ်ပုံ (Diagnosis)
(၇) ဆင်းရဲခြင်းရောဂါကို စီမံကုသပုံ (Management)
အထက်ပါအတိုင်း လေ့လာကုသပါမှ ရောဂါအမြစ်ပြတ်နိုင်မည်။
Tuesday, February 28, 2012
ဘရူနိုင်းဖိတ်ခေါ်ဖလားပွဲ၏ မြန်မာယူ-၂၁အသင်းရဲ့ ဒုတိယပွဲစဉ်
ဘရူနိုင်းဖိတ်ခေါ်ဖလားပွဲ၏ အုပ်စု(က) ဒုတိယပွဲစဉ်အဖြစ် ယနေ့ညတွင် မြန်မာ ယူ-၂၁ နှင့် အင်ဒိုနီးရှား ယူ-၂၁ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာလူငယ် အသင်းက ၃ဂိုး ၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အင်ဒိုနီးရှားအသင်းက ပထမပိုင်းတွင် အန်ဒစ်ခ်၏ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင် မြန်မာအတွက် ကျော်ဇေယျာဝင်းက ချေပဂိုး သွင်းယူပေးသွားခဲ့ပြီး၊ အနိုင်ဂိုး(၂)ဂိုးကို ကျော်ကိုကို တစ်ဦးတည်းက သွင်းယူပေးသွားခဲ့သည်။ အုပ်စု(က) ပထမပွဲစဉ်တွင် လာအို ယူ-၂၁ အသင်းက စင်ကာပူ ယူ-၂၁ အသင်းကို ၂ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ မြန်မာ ယူ-၂၁ အသင်းသည် မတ်လ(၂)ရက်နေ့ သောကြာနေ့ည စင်ကာပူစံတော်ချိန် ၈း၁၅ (မြန်မာစံတော်ချိန် ၆း၄၅)တွင် လာအို ယူ-၂၁ အသင်းနှင့် တတိယပွဲစဉ်အဖြစ် ဆက်လက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ မြန်မာ ယူ-၂၁ နှင့် အင်ဒိုနီးရှား ယူ-၂၁ အသင်းတို့၏ ဘောလုံးပွဲစဉ်ကို အောက်ပါ link မှတဆင့် တိုက်ရိုက်ပြသသွားခဲ့ပါသည်။
http://www.poztmo.com/2011/08/rcti-online-live-streaming.html
Posted by ဝတီ
http://www.poztmo.com/2011/08/rcti-online-live-streaming.html
Posted by ဝတီ
Subscribe to:
Posts (Atom)


