Monday, March 12, 2012

အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ(၃)

With a bit of luck (ကံကောင်းမယ်ဆိုရင်)
You say with a bit of luck when you hope that you will be fortunate enough for something to happen:
ကံကောင်းမယ်ဆိုရင် (with a bit of luck) ကို တစ်စုံတစ်ခုဖြစ်ပေါ်လာစေရန် ကံအကြောင်းတိုက်ဆိုက်မှုရှိလာစေရန် မျှော်လင့်သည့် အချိန်တွင် ပြောဆိုနိုင်သည်။
1. With a bit of luck we should reach home before midnight.
    ကံကောင်းမယ်ဆိုရင် အိမ်ကို ညသန်းခေါင်မရောက်ခင် ပြန်ရောက်နိုင်တယ်။
2. With a bit of luck we'll find a cheap hotel down by the beach.
    ကံကောင်းမယ်ဆိုရင် ကမ်းခြေမှာ ဈေးပေါပေါနဲ့ ဟိုတယ် ရနိုင်မယ်။
What did I tell you? (မင်းကိုငါဘာပြောခဲ့လဲ)
You say what did I tell you? when you have been proved to be right about something, especially when you had warned someone that something bad might happen:
မင်းကိုငါဘာပြောခဲ့လဲ (what did I tell you?) ကို တစ်စုံတစ်ခုနှင့်ပတ်သက်၍ မှန်ကန်ကြောင်း ကို သက်သေပြနိုင်သည့်အခါ၊ အထူးသဖြင့် တစ်စုံတစ်ယောက်အား ဆိုးရွားစွာ ဖြစ်ပေါ်လာနိုင်သည့်ကိစ္စတစ်ခုခုနှင့် ပတ်သက်၍ သတိပေးထားသည့်အခါမျိုးတွင် သုံးနိုင်သည်။

Sunday, March 11, 2012

ရောင်စုံရုပ်ပြပဋ္ဌာန်း[၂၄]ပစ္စည်းနှင့်ရှင်းချက်များ

ရောင်စုံရုပ်ပြပဋ္ဌာန်း[၂၄]ပစ္စည်းနှင့်ရှင်းချက်များ-SS-ခင်မောင်အေး
From https://sagarwarmyae.wordpress.com
Posted by Htun

စင်ကာပူနိုင်ငံ မြန်မာသံရုံးတွင် Online Appointment လျှောက်နိုင်ပြီ

စင်ကာပူမှာ အလုပ်လုပ်နေသော သူငယ်ချင်းတို့အနေနဲ့  မိမိတို့၏ Passport သက်တမ်းတိုးရာတွင်၎င်း၊ အသစ်လျှောက်ထားရာတွင်၎င်း၊ ကျောင်းသားဖြစ်ကြောင်း ထောက်ခံစာ လျှောက်ထားရာတွင်၎င်း၊ မှီခိုသူဖြစ်ကြောင်း ထောက်ခံစာ လျှောက်ထားရာတွင်၎င်း စသည့်ဖြင့်ပြုလုပ်ရာတွင် အရင်လို အချိန်ကုန်ခံပြီး မြန်မာသံရုံးသို့သွားရောက်၍ Appointment ရက်ချိန်းရယူရန်အတွက် စောင့်ဆိုင်းတန်းစီဖို့မလိုတော့ပဲ ယခုအခါ online မှတဆင့် မြန်မာသံရုံး၊ စင်ကာပူ website http://www.mesingapore.org.sg တွင် လျှောက်ထားနိုင်ပြီ ဖြစ်သည်။ မည်သို့်မည်ပုံ ဝင်ရောက်၍ လျှောက်ထားရမည်ကို အောက်ပါအတိုင်း ကြည့်ရှူလေ့လာနိုင်ပါသည်။
Online Appointment Handbook
Posted by အိမ်လွှမ်းသူ

Saturday, March 10, 2012

စင်္ကာပူမြန်မာသံရုံးအကြောင်း သမ္မတထံ ပေးစာ – open letter

 
၁. ကျွန်တော်သည် စင်ကာပူနိုင်ငံသို့ ၂၀၀၈ ခုနှစ်ကရောက်ရှိပြီး S Pass ဖြင့် ယခုအချိန် (၁၀.၃.၂၀၁၂) ထိ အလုပ် လုပ်ကိုင်လျက်ရှိပါသည်။
၂. ၂၀၀၉ ခုနှစ်တွင် ကျွန်တော့် ပတ်(စ)ပို့ သက်တမ်းတိုးရန် လိုအပ်သည့် အတွက်၂၀၀၉ ခုနှစ် ဇန်န၀ါရီလအထိ… တစ်လကို စင်ကာပူဒေါ်လာ (၈၀) နှုန်းဖြင့်စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးသို့ အခွန် ပေးဆောင်ခဲ့ပါသည်။
၃. ထိုသို့အခွန်ပေးဆောင်ရခြင်းမှာ (ကျွန်တော် နားလည်သလောက်) တကယ်တမ်း ဥပဒေအရ ပေးဆောင်စရာ မလိုအပ်သော်လည်း ပတ်(စ)ပို့ သက်တမ်း တိုးရန်အတွက် ပေးဆောင်ခဲ့ရခြင်းသာဖြစ်ပါသည်။
(မှတ်ချက်။ ။ ပူးတွဲပါဖိုင် ၁ …. ၁၉၉၉ ဖေဖော်ဝါရီလ (၂၃) ရက်နေ့တွင် မြန်မာပြည်နှင့် စင်ကာပူနိုင်ငံတို့ နှစ်ထပ်အခွန် မပေးဆောင်ရေး သဘောတူစာချုပ်တွင် ကြည့်နိုင်ပါသည်။ ထိုစဉ်က မြန်မာပြည်ဘက်မှ လက်မှတ်ရေးထိုးသူမှာဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး (ဦး) ခင်မောင်သိန်း ဖြစ်ပါသည်။)
၎. ထိုကိစ္စများသည် အရင် စစ်အုပ်ချုပ်ရေးအစိုးရ အုပ်ချုပ်နေစဉ် ဖြစ်သောကြောင့်လုပ်ဆောင်မှု မမှန်ကန်မှန်း သိသော်လည်း မိမိတို့ စင်ကာနိုင်ငံတွင် အလုပ် ဆက်လက်လုပ်နိုင်ရေးအတွက် ပတ်(စ)ပို့ သက်တမ်းတိုးရန် အခွန်ပေးခဲ့ကြရပါသည်။
(ထိုကဲ့သို့ နှစ်ထပ်အခွန် မပေးရေးအတွက် စင်ကာပူနိုင်ငံရှိ မြန်မာများ ဥပဒေကြောင်းအရ တောင်းဆိုခဲ့ကြသော်လည်း ထိုစဉ်က မြန်မာ စစ်အစိုးရသည် မသိကျိုးကျွန်ပြုခဲ့ကြပါသည်။ ထိုသတင်းများကို စင်ကာပူနိုင်ငံထုတ် StraitsTimes ၊ Today သတင်းစာများမှ သတင်းဟောင်းများကို ပြန်လည်ကြည့်ရှုနိုင်ပါသည်။)

Wednesday, March 07, 2012

မြန်မာ ယူ-၂၁ အသင်း နှင့် ဘရူနိုင်း ယူ-၂၁ အသင်း တို့၏ ပထမအကြိုဗိုလ်လုပွဲစဉ်

ဘရူနိုင်းနိုင်ငံတွင်ကျင်းပသည့် ဘရူနိုင်းဖိတ်ခေါ်ဖလားပွဲ၏ ဒုတိယအကြိုဗိုလ်လုပွဲစဉ်အဖြစ် မြန်မာ ယူ-၂၁ အသင်း နှင့် ဘရူနိုင်း ယူ-၂၁ အသင်း တို့ယှဉ်ပြိုင်ခဲ့ကြရာ ဘရူနိုင်း ယူ-၂၁ အသင်းက ၃ဂိုး ၂ဂိုးဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားနိုင်ပြီ ဖြစ်သည်။ ပထမအကြိုဗိုလ်လုပွဲစဉ်တွင် အင်ဒိုနီးရှား ယူ-၂၁ အသင်းက ဗီယမ်နမ် ယူ-၂၁ အသင်း ကို ၂ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ ဗိုလ်လုပွဲတွင် ဘရူနိုင်း ယူ-၂၁ အသင်းနှင့် အင်ဒိုနီးရှား ယူ-၂၁ အသင်းတို့သည် မတ်လ(၉)ရက်နေ့တွင် ဆက်လက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
Posted by MTLA GTI Group

ပဋ္ဌာန်းဒေသနာတော် ( ပါဠိ - မြန်မာပြန်အကျဉ်း )

Path an Book
Posted by Htun

သုံးဆယ့်တစ်ဘုံ

31 Bone
Posted by Htun

Tuesday, March 06, 2012

မြန်မာဘောလုံးအသင်းကို အားပေးကြစို့

မြန်မာဘောလုံးပွဲကို နှစ်သက်အားပေးကြသော သူငယ်ချင်းတို့အတွက် မတ်လ(၇)ရက်နေ့ည စင်ကာပူစံတော်ချိန် (၈း၀၀)တွင် ဘရူနိုင်းနိုင်ငံတွင်ကျင်းပသည့် ဘရူနိုင်းဖိတ်ခေါ်ဖလားပွဲ၏ ပထမအကြိုဗိုလ်လုပွဲစဉ်တွင် မြန်မာ ယူ-၂၁ အသင်း နှင့် ဘရူနိုင်း ယူ-၂၁ အသင်း တို့ ယှဉ်ပြိုင်အားကစားကြပုံကို online မှတဆင့် တိုက်ရိုက်ကြည့်ရှူအားပေးနိုင်စေရန် ကြိုးစားတင်ဆက်ပေးသွားပါမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Posted by MTLA GTI Group

အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု တိုးတက်စေမည့် နည်းလမ်း (၇၀) - အပိုင်း (၁)

၁။ အင်တာနက်မှာ အင်္ဂလိပ်ဘာသာနဲ့ ဘလော့ဂ် (အင်တာနက်မှတ်တမ်း) ရေးပါ။ အင်္ဂလိပ်ဘာသာနဲ့ ရေးတာ မဟုတ်ရင်တောင်မှ စာရေးရင်း ကိုယ့်အကြောင်းကိုယ်ဖော်ပြတဲ့အခါ၊ ဒါမှမဟုတ် စိတ်ပါဝင်စားတဲ့ အကြောင်းအရာတွေကို ဖော်ပြတဲ့အခါ ဘယ်လိုဝေါဟာမျိုး လိုအပ်တယ်ဆိုတာ သိလာမယ်။ သဒ္ဒါမှားမှာ စိုးရိမ်မနေဘဲ ရေးရဲလာမယ်။ လူအများစုမှာ ကြုံတွေ့ရတဲ့ ပြဿနာက ဘာရေးရမယ်ဆိုတာ မသိတဲ့ပြဿနာ ဖြစ်ပါတယ်။ နေ့စဉ်စာရေးဖြစ်အောင် ပေးလေ့ရှိတဲ့အကြံဥာဏ်က အင်္ဂလိပ်ဘာသာနဲ့ နေ့စဉ်မှတ်တမ်း ဒါမှမဟုတ် ဂျာနယ်ရေးခြင်းဖြစ်ပါတယ်။ အခုခေတ်နဲ့ ပိုပြီး ကိုက်ညီအောင် ဘလော့ဂ် ရေးနိုင်ပါတယ်။ လူကြိုက်များတဲ့ အကြောင်းအရာတွေကတော့ ဘာသာစကား သင်ကြားတဲ့အတွေ့အကြုံ၊ ပြည်ပမှာ စာသင်ရတဲ့ အတွေ့အကြုံ၊ နယ်မြေဒေသအကြောင်း၊ မိခင်ဘာသာစကားအကြောင်း၊ ဒေသသတင်းတွေကို အင်္ဂလိပ်ဘာသာနဲ့ ဘာသာပြန်ခြင်းတို့ ဖြစ်ပါတယ်။

Monday, March 05, 2012

ဘရူနိုင်းဖိတ်ခေါ်ဖလားပွဲ၏ အကြိုဗိုလ်လုပွဲစဉ်များ

ပထမအကြိုဗိုလ်လုပွဲ
မတ်လ(၇)ရက် စင်ကာပူစံတော်ချိန် (ည ၈း၀၀)နာရီ
မြန်မာ ယူ-၂၁ အသင်း နှင့် ဘရူနိုင်း ယူ-၂၁ အသင်း
 
ဒုတိယအကြိုဗိုလ်လုပွဲ
မတ်လ(၇)ရက် စင်ကာပူစံတော်ချိန် (ည ၁၀း၀၀)နာရီ
ဗီယက်နမ် ယူ-၂၁ အသင်း နှင့် အင်ဒိုနီးရှား ယူ-၂၁ အသင်း 
Posted by ဝတီ