Posted by Htun
Monday, March 26, 2012
Sunday, March 25, 2012
ဘုရား ရှိခိုးရန် သိသင့်သော အချက် (၅)ချက်
ကျွန်တော် အမြဲ ဘုရား ရှိခိုးတဲ့ နည်းလေးပါ။လူတိုင်းကို ဒီနည်းအတိုင်း ဘုရားရှိခိုး စေချင်လို့ပါ။ ကျွန်တော် ရဟန်းခံစဉ်က မဟာစည် ဆရာတော်ဘုရားကြီး သင်ကြား ပေးလိုက်တာပါ။ ဆရာတော် ဘုရားရဲ့ ဘွဲ့ကို ကျွန်တော် မရေးတတ်လို့ပါ။ ဆရာတော်ဘုရားကြီးက ကျွန်တော်ကို ဒကာ ဘုရားရှိခိုးတာ အချက် (၅)ချက်
ပြည့်အောင် ကန်တော့ရဲ့လား။ တပည့်တော်က ထိချင်း (၅)ပါးပဲ သိပါတယ် ဘုရား။
အေး ဒကာ သိအောင်ပြောပြ မယ်။
(၁) ဘုရား ၊ တရား ၊ သံဃာ ၊ မိဘ ၊ ဆရာ တို့ကို အရင် ကန်တော့ပါ။
(၂) အပါယ် ဖျက် ရတယ်။ ဒီအချက်က လူတိုင်း မသိကြ ဘူး။
ပြည့်အောင် ကန်တော့ရဲ့လား။ တပည့်တော်က ထိချင်း (၅)ပါးပဲ သိပါတယ် ဘုရား။
အေး ဒကာ သိအောင်ပြောပြ မယ်။
(၁) ဘုရား ၊ တရား ၊ သံဃာ ၊ မိဘ ၊ ဆရာ တို့ကို အရင် ကန်တော့ပါ။
(၂) အပါယ် ဖျက် ရတယ်။ ဒီအချက်က လူတိုင်း မသိကြ ဘူး။
အရိမေတ္တယမြတ်စွာဘုရားအကြောင်း သိကောင်းစရာများ - ပဲခူးဆရာတော် ဘဒ္ဒန္တတေဇောသာရ
From www.dhammavideo.com
Posted by Htun
Saturday, March 24, 2012
အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု တိုးတက်စေမည့် နည်းလမ်း (၇၀) - အပိုင်း (၅)
၂၁။ ကလေးတွေ ဒါမှမဟုတ် မိတ်ဆွေသူငယ်ချင်းတွေကို အင်္ဂလိပ်စာ သင်ပေးပါ။ မကြာသေးခင်က သုတေသန ပြုလုပ်ချက်တွေအရ ညီအကိုမောင်နှမတွေကြားထဲမှာ အကိုကြီး၊ အမကြီးတွေက ညီငယ်၊ ညီမငယ်တွေထက် IQ နည်းနည်း သာတာကို တွေ့ရပါတယ်။ အဲဒီလို IQ သာရခြင်း အဖြစ်နိုင်ဆုံး အကြောင်းကတော့ ညီငယ်နှမငယ်တွေကို ဟိုအကြောင်း၊ ဒီအကြောင်း ရှင်းပြရတဲ့အတွက် အသိဥာဏ်ပိုင်း မြင့်တက်သွားတာဖြစ်နိုင်ပါတယ်။ အဲဒီအတိုင်း အင်္ဂလိပ်စာမှာ ကိုယ့်လောက် မတတ်သေးသူ တစ်ယောက်ယောက်ကို သင်ကြားပေးခြင်းအားဖြင့် ကိုယ်တိုင် ခေါင်းထဲမှာ စွဲမြဲပြီး တတ်သွားနိုင်ပါတယ်။
၂၂။ ကုမ္ပဏီဝန်ထမ်းဆိုရင် ကုမ္ပဏီမှာ အင်္ဂလိပ်စာသင်တန်း လုပ်ပေးနိုင်မလား မေးမြန်းတိုက်တွန်း ကြည့်ပါ။ လုပ်ငန်းခွင်မှာ အင်္ဂလိပ်လိုပြောဖို့ မလိုအပ်ဘူးဆိုရင်တောင် အင်္ဂလိပ်စာ သင်တန်း ဖွင့်ပေးခြင်းအားဖြင့် ကုမ္ပဏီအတွက်လည်း ကုန်ကျစရိတ် မများလွန်းဘဲ ကုမ္ပဏီရဲ့ သင်တန်းဘတ်ဂျက်ကို အများနှစ်သက်တဲ့ နည်းလမ်းနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
၂၃။ အိမ်အလုပ်လုပ်နေစဉ်မှာ အင်္ဂလိပ်လိုလွှင့်တဲ့ ရေဒီယိုကို ဖွင့်ထားပါ။ ဂရုတစိုက်နားမထောင်ဘဲ နဲ့တောင် သဘာဝအတိုင်းပြောတဲ့ အင်္ဂလိပ်စကား စည်းချက် လေယူလေသိမ်းတွေကို နားယဉ် သွားနိုင်ပါတယ်။
Friday, March 23, 2012
နားထောင်တိုင်းလည်း မကြားပါ။ ကြားတိုင်းလည်း နားမလည်ပါ (၁)
ဘာသာစကားတစ်ခုကိုလေ့လာရာတွင် အကြားသန်အောင်ပါ အားထုတ်ရသည်။ အကြားသန်အောင် များများနားထောင်ရာမှတစ်ပါး အခြားမရှိပါ။ နားထောင်စရာ နှစ်မျိုးရှိသည်။ တစ်ဦးနှင့်တစ်ဦး စကား ပြောသောအခါတွင် သူတစ်ပါးဘာပြောသလဲဆိုသည်ကို ကြားအောင် နားထောင်ရသည်။ ရုပ်ရှင်ဂီတ စသည့် ဖျော်ဖြေစရာများနှင့် သတင်းမိန့် ခွန်းစသည့် အချက်အလက်တို့ ကိုနားထောင်ရာတွင်လည်း ကြားအောင် နားထောင်ရပါသည်။
ကြားအောင် နားထောင်ခြင်း
မိခင်ဘာသားစကားမဟုတ်သည့် စကားဖြင့် ပြောသောသူတစ်ပါး ပြောစကား (သို့မဟုတ်) သတင်း (သို့မဟုတ်) ပုံပြင်တစ်ပုဒ်ကို နားထောင်ကြည့်ပါ။ ဘာကြားပါသလဲ။ ကွိကွိ ကွကွ အိအိ အအ ဒိဒိ ဒဒ ကလွဲပြီး ဘာမှကြားမည်မထင်ပါ။ ကြားဖို့ ဘာလိုသလဲ။ အခြေခံ စကားသံတို့ကို ကြားနိုင်ရပါမည်။
အင်္ဂလိပ်စကားနှင့် ပတ်သက်လျှင် Phoneme ဟုခေါ်သော /s/, /i:/ စသည့် အင်္ဂလိပ်စကားသံတို့နှင့် နားယဉ်နေရပါမည်။ ၎င်းစကားသံတို့ ကို နှစ်မျိုးခွဲထားသည်။ ဗျည်းသံ consonant နှင့် သရသံ vowel တို့ ဖြစ်သည်။ /s/, /b/, /k/ စသည်တို့ သည် ဗျည်းသံများဖြစ်၍ /i:/, /u:/ တို့ သည် သရသံများဖြစ်သည်။ ထိုအသံများပေါင်း၍ စကား လုံး တစ် လုံး၏ အသံဖြစ်ပေါ်လာပါသည်။ ဥ ပ မာ အားဖြင့် see သည် /s/ နှင့် /i:/ တို့ ပေါင်းကာ /si:/ ဟု အ သံ ထွက် ခြင်း ဖြစ်သည်။
Thursday, March 22, 2012
အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု တိုးတက်စေမည့် နည်းလမ်း (၇၀) - အပိုင်း (၄)
၁၆။ အင်္ဂလိပ်လို ရေးထားတဲ့ မဂ္ဂဇင်းတွေကိုဖတ်ပါ။ စာအုပ်တွေလိုပဲ မဂ္ဂဇင်းကိုလည်း ဘာသာနှစ်မျိုးနဲ့ ဖတ်နိုင်ပါတယ်။ (ဥပမာ ကိုယ့်ဘာသာစကားနဲ့ ရေးထားတဲ့ Newsweeks မဂ္ဂဇင်းနဲ့ အင်္ဂလိပ်လို ရေးထားတဲ့ Newsweeks မဂ္ဂဇင်းကို ယှဉ်ဖတ်တာမျိုးဖြစ်ပါတယ်။) အဲဒါဆို နားလည်ဖို့ အများကြီးပိုပြီး လွယ်သွားမှာဖြစ်ပါတယ်။
၁၇။ အချိန်ပြည့် ရက်သတ္တပတ်တစ်ပတ် သင်တန်းတက်ပါ။ သင်တန်းတိုတိုလေးကို တက်ပြီး သင်တန်း ပြီးဆုံးချိန်မှာ အင်္ဂလိပ်လို အများကြီး ပိုကောင်းသွားတာမျိုးကို မျှော်လင့်လို့မရပေမယ့် သင်တန်းပြီးနောက် ရက်ပိုင်း၊ လပိုင်းတွေမှာ ဆက်ပြီး လေ့လာလိုက်မယ်ဆိုရင် သင်တန်းကရခဲ့တဲ့ အသိပညာတွေ ပေါ်ထွက်လာပြီး အပြောနဲ့အကြား စတဲ့ ကျွမ်းကျင်မှုအဆင့်တွေ သိသိသာသာ တိုးတက်လာနိုင်ပါတယ်။ သင်တန်းတစ်ခုကြောင့် ဖြစ်လာတဲ့ အကျိုးကျေးဇူးတွေဟာ သင်တန်းတက်ပြီး တစ်နှစ်လောက်အထိ ဆက်ပြီး ပေါ်ပေါက်လာနိုင်ပါတယ်။
၁၈။ အချိန်ပြည့်သင်တန်းတက်ပြီးရင် အချိန်နည်းနည်းနဲ့ ကြာကြာတက်ရတဲ့ သင်တန်းမျိုးကို ဆက်တက်ပါ။ အင်္ဂလိပ်စာ လေ့လာဖို့ အချိန်ပေးနိုင်လေ ကောင်းလေပါပဲ။ ဒါပေမယ့် အချိန်ပြည့် ပြင်းပြင်းထန်ထန် လေ့လာတဲ့ သင်တန်းတွေ တက်လိုက်၊ တစ်ပတ်ကို နာရီအနည်းငယ်သင်တဲ့ သင်တန်းတွေတက်လိုက် တစ်လှည့်စီ သွားမယ်ဆိုရင် ကုန်ကျစရိတ်သက်သာပြီး အကျိုးလည်း များနိုင်ပါတယ်။ အခြားစနစ်တွေထက် ပိုပြီးတော့ ကောင်းနိုင်ပါတယ်။ ဦးနှောက်က မသိစိတ်နဲ့ သင်ယူဖို့ အချိန်ရသွားပြီး သင်ယူခဲ့ပြီး ဘာသာစကား အသုံးအနှုန်းတွေကို စတင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ပြီးတဲ့နောက်မှ ဘာသာစကား အသုံးအနှုန်းအသစ်တွေကို ဆက်ပြီးတော့ သင်သွားဖို့ဖြစ်ပါတယ်။
Monday, March 19, 2012
ရင်ကိုထိမှန်စေသော ပုံလေးတစ်ပုံ
"ကမ္ခ္ဘ္ဘ္ဘ္ဘာမြေ ငြိမ်းချမ်းပါစေ၊ ကလေးငယ်များ ပျော်ပါစေ" ဆိုတဲ့ ထူးအိမ်သင်ရဲ့ သီချင်းလေးကို သွားသတိရတယ်။
"မြန်မာပြည် ငြိမ်းချမ်းပါစေ၊ ကလေးငယ်များ ပျော်ပါစေ" ဆိုပြီး လောလောဆယ် အနေနဲ့ ဆုတောင်းပေးဖို့ လိုနေတာတော့ အမှန်ပဲဗျာ။ ဒီပုံလေးကို ကြည့်ပြီး အတော်ခံစားလိုက်ရတယ်။ ကိုယ်တိုင်သာ ကြည့်ပြီး ခံစားကြည့်ကြပါတော့။
Jinghpaw Kasa ရဲ့ facebook မှာတွေ့ရတဲ့ ပုံလေးတစ်ပုံကို မျှဝေခံစားပါသည်။
Posted by ဂျစ်တီး
"မြန်မာပြည် ငြိမ်းချမ်းပါစေ၊ ကလေးငယ်များ ပျော်ပါစေ" ဆိုပြီး လောလောဆယ် အနေနဲ့ ဆုတောင်းပေးဖို့ လိုနေတာတော့ အမှန်ပဲဗျာ။ ဒီပုံလေးကို ကြည့်ပြီး အတော်ခံစားလိုက်ရတယ်။ ကိုယ်တိုင်သာ ကြည့်ပြီး ခံစားကြည့်ကြပါတော့။
ကချင်ဒေသက စစ်ဘေးရှောင်နေရတဲ့ ကလေးငယ်တွေရဲ့ ဘ၀ပါ
Jinghpaw Kasa ရဲ့ facebook မှာတွေ့ရတဲ့ ပုံလေးတစ်ပုံကို မျှဝေခံစားပါသည်။
Posted by ဂျစ်တီး
Friday, March 16, 2012
အငြင်းပွားနေသော ရေပြင်ပိုင်နက်ပြဿနာ နောက်ဆက်တွဲ
အတော်များများ သိကြမှာပါ ဒီသတင်းကိုတော့။ တရားရင်ဆိုင်တဲ့ နေရာမှာ မြန်မာ ရှုံးပါတယ်။ အင်မတန်မှ တန်ဖိုး ရှိတဲ့ သဘာဝ ဓါတ်ငွေ့ လုပ်ကွက် နှစ်ကွက် ရှိနေတဲ့ ရေပိုင်နက်တွေလည်း ပါသွားပါတယ်။ တရား သူကြီးမင်း များ သဘောကောင်းချက်ကတော့ ဘင်္ဂလားဒေ့ရှ် ကပင်လယ်ပြင်ရေပိုင်နက် အကျယ်အဝန်း စတုရန်းကီလိုမီတာ တစ်သိန်း ခုနစ်ထောင် ပိုင်ဆိုင်သင့်ကြောင်း တောင်းခံခဲ့ရာမှာ တရားရုံးက စတုရန်းကီလိုမီတာ တစ်သိန်း တစ်သောင်း တစ်ထောင်အထိ ပေးအပ်လိုက်ပါတယ်။ အတော်ကို နှမြောစရာ ကောင်းလှပါတယ်။
စစ်ဦးစီးချုပ်ဟောင်း သူရ ဦးတင်ဦးက သုံးသပ်ချက်လေးကလည်း ဆင်ခြင်စရာလေးပါ။ "ဒီပြသနာ ဖြစ်ကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံက နိုင်ငံခြားရေး ၀န်ကြီးအဆင့် ကိုယ်တိုင် ဦးဆောင် ဆောင်ရွက် နေပေမယ့် မြန်မာဖက် ကတော့ တရားသူကြီးချုပ် အဆင့်လောက်နဲ့သာ ဖြေရှင်းနေတဲ့ အချက် ဟာလည်း အားနည်း ခဲ့တယ်လို့ ဦးတင်ဦးက မြင်ပါတယ်။" ဒါလေးတွေက နောက်မမှားအောင် သတိပြု ဆင်ခြင် စရာလေးတွေပါ။ ဘာကိုမှ လျှော့မတွက်ဖို့နဲ့ ကျားကုတ်ကျားခဲ လုပ်ဖို့ပါပဲ။ ကျွန်တော့် အမြင်ကတော့ ဒီပြဿနာ စဖြစ်ပြီ ဆိုကတည်းက နိုင်ငံတကာ ကကြားအောင် ကျယ်ကျယ်လောင်လောင် အော်ပေးဖို့ လိုပါတယ်။ ကိုယ်ပိုင်တယ် ဆိုပြီး ဇွတ်တွေ အော်ထားရ လိမ့်မယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီးက အော်တယ် မဆုံးဖြတ်ခင် ကတည်းက။ ဆိုတော့ အပြင်မှာ ထွက်နေတဲ့ အသံတွေကို ဒီတရားသူကြီးတွေ လည်းမကြားမှာ မဟုတ်ဘူး။ ဒါမျိုးလေးတွေ လည်း လိုသလားလို့ဗျာ။ ဒါပါပဲ။
Posted by ဂျစ်တီး
Subscribe to:
Posts (Atom)

