Thursday, April 12, 2012

သင်္ကြန်သီချင်းများ

သင်္ကြန်မိုး ရုပ်ရှင်သီချင်းများ
Alpine သင်္ကြန်
သင်္ကြန်ရေ
ဒီနှစ်ကူးမှာကဲနေပြီ
2006 ရတနာမြိုင်သင်္ကြန်
အကောင်းဆုံးသင်္ကြန်တေးများ ( အောင်ရင် )
အမြူးဆုံးသင်္ကြန် ၂၀၀၃
အေးချမ်းပါစေသင်္ကြန်ရေ
အင်တာနက်သင်္ကြန်
Hip Hop သင်္ကြန်
Lazy Club သင်္ကြန်
မာစတာ သင်္ကြန်
နှစ်ကိုယ်တူချစ်သမျှ
နှစ်သစ်မင်္ဂလာ ၁
နှစ်သစ်မင်္ဂလာ ၂
နှစ်သစ်မင်္ဂလာ ၃
နွေလယ်မိုး
နွေဦးရဲ့လတန်ခူး
ပိတောက်ကပွဲ
ပိတောက်ပင်လယ် ၁
ပိတောက်ပင်လယ် ၂
Rock & Roll သင်္ကြန်
Posted by ဝတီ

Saturday, April 07, 2012

The Terrafugia Transition (ကားပျံ)



ကမ္ဘာ့ ​ပထမဆုံး​ မိုး​ပျံကား​ကို မကြာမီ ​ရောင်း​ချသွား​တော့​မည်ဖြစ်သည်။ အ​မေရိကန် ကုမ္ပဏီ Terrafugia Transitionက မိုး​ပျံကား​ စမ်း​သပ်မှုများ​အား​လုံး​ စိတ်​ကျေနပ်​လောက်ဖွယ် အပြီး​သတ်နိုင်ခဲ့​ပြီး​နောက် ယင်း​ကို မကြာမီ ​ရောင်း​ချသွား​တော့​မည်ဟု ​ကြေညာခဲ့​သည်။
ဘော်စတွန် အ​ခြေစိုက် ကုမ္ပဏီက ဖန်တီး​ထား​သော ​မော်​တော်ကား​သည် စက္ကန့်​ ၃၀ အတွင်း​ ​မော်​တော်ကား​ အသွင်မှ ​လေယာဉ်ငယ် တစ်စင်း​အဖြစ် အသွင်​ပြောင်း​လဲနိုင်သည်။ ယင်း​သည် ​လေထဲတွင် တစ်နာရီ ၁၈၅ မိုင်နှုန်း​ ​မောင်း​နှင်နိုင်ပြီး​ လမ်း​ပေါ်တွင် ၁ နာရီ ၁၀၅ မိုင်နှုန်း​ထိ မြန်နှုန်း​မြှင့်​တင်နိုင်သည်။ ​မော်​တော်ကား​​အဖြစ် ​မောင်း​နှင်​နေစဉ် ​တောင်ပံများ​ကို ​ခေါက်ထား​နိုင်မည်​ဖြစ်သည်။ ယခုနှစ် အတွင်း​ စတင်​ရောင်း​ချမည့်​ ​မော်​တော်ကား​များ​၏ ​ဈေး​နှုန်း​ကို ​ပေါင်စတာလင် ၁၂၅ဝဝဝ မှ ၁၆၀၀၀၀ အတွင်း​ သတ်မှတ်သွား​ဖွယ် ရှိ​နေသည်။ ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦး​ဖြစ်​သော ရစ်ချတ်ဂရက်က နှစ်စဉ် မိုး​ပျံကား​စင်း​ရေ ၂၀၀ ဝန်း​ကျင်မျှ ​ရောင်း​ချသွား​ရန် ​မျှော်လင့်​ကြောင်း​ ​ပြောကြား​ခဲ့​သည်။
ယင်း ​ကား​များ​ သည် တစ်ကြိမ် ဆီဖြည့်​ထား​လျင် မိုင် ၄၀၀ မှ ၄၅၀ ထိ ခရီး​ပေါက်​အောင် သွား​လာနိုင်ပြီး​ ယခုအခါ စင်း​ရေ ၁၀၀ စာ ​အော်ဒါလက်ခံရရှိထား​ကြောင်း​ ၎င်းက ဆက်လက်​ပြောဆိုသွား​သည်။
Posted by Htun

ပရောဂျက် အင်ဂျင်နီယာ နဲ့ Lifting စပါယ်ရှယ်လစ်

Mun Siong Engineering Limited
Mun Siong Engineering Limited is an integrated mechanical engineering, electrical and instrumentation service provider in the process industries. With a wide range of highly efficient specialized in-house services, the Group is able to provide comprehensive integrated solutions to its customers, which include petroleum majors, petrochemical companies and multi-national engineering, procurement and construction contractors.
Project Engineer
Across Singapore

Responsibilities:
  • Effectively follow up the progress of the assigned projects through different phases on safety, schedule, budget, and quality
  • Work in close liaison with the Planning section to get the projects scheduled for execution and ensure timely material delivery.
  • Provide regular feedback on the project status to management.
  • Liaise with vendors and contractors, procurement approvals for purchase of materials, etc.,
  • Liaise with the client on project requirements and various departments on engineering, procurement, budget control, etc
  • Ensure that Quality, Health, Safety and Environmental Standards are met.
Requirements:
  • Candidate must possess at least diploma or Degree in Mechanical Engineering or equivalent.
  • At least 2 year(s) of working experience in Construction Projects.
  • Good working knowledge of relevant international standards on project management.
  • Possess good communication, interpersonal and analytical skills.

Interested applicants, please submit your full CV with present, expected salaries, contact number(s) and notice period required by email to:
or 
htun.myint.htay@mun-siong.com or
write in to
Mun Siong Engineering Limited
Human Resource Department
35 Tuas Road, Jurong
Singapore 638496
အလုပ်ပြောင်းဖို့ ရှာနေသော မြန်မာအင်ဂျင်နီယာများ လျောက်နိုင်ပါတယ်။ 
ထွန်းမြင့်ဌေး (9645 6244 or 9080 1253) 


Posted by Htun


Friday, April 06, 2012

မေတ္တသုတ် ( မြန်မာပြန် အဓိပ္ပါယ် )

၁။ယဿာနုဘာဝတော ယက္ခာ၊
နေ၀ ဒေဿန္တိ ဘီသနံ။
ယဥှိ စေ၀ါနုယုဉ္ဇန္တော၊
ရတ္တိန္ဒိဝ မတန္ဒိတော။

 
မေတ္တသုတ်ပရိတ်တော်၏ တန်ခိုးရှိန်စော် အာနုဘော်ကြောင့် ကြမ်းတမ်းခက်ထန်သော ဘီလူး သရဲစသော နာနာဘာဝတို့သည် မခြောက်လှန့်နိုင်ကြကုန်၊ ယင်းသုတ်ကို နေ့ညမပြတ် ရွတ်ဖတ်သရဇ္ဈာယ်သောသူသည်...

၂။ သုခံ သုပတိ သုတ္တော စ၊
ပါပံ ကိဉ္စိ န ပဿတိ။
ဧ၀မာဒိ ဂုဏူပေတံ။
ပရိတ္တံ တံ ဘဏာမ ဟေ။

ချမ်းသာစွာ အိပ်ပျော်ခြင်း၊ အိပ်နေစဉ်လည်း အိပ်မက်ဆိုးများ မမြင်မက်ခြင်းစသော အကျိုးဂုဏ်များရှိသောကြောင့် - အို သူတော်ကောင်းအပေါင်းတို့ ငါတို့ ရွတ်ဆိုကြပါစို့…

 ၃။ကရဏီယ မတ္ထကုသလေန၊
ယန္တ သန္တံ ပဒံ အဘိသမေစ္စ။
သက္ကော ဥဇူ စ သုဟုဇူ စ၊
သုဝစော စဿ မုဒု အနတိမာနိ၊

အကျိုးစီးပွားလိုလား၍ လိမ္မာကျွမ်းကျင်သောအမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့သည် ငြိမ်သက်အေးချမ်းသော နိဗ္ဗာန်၏ ဂုဏ်တို့ကို အာရုံပြုကာ ယခုကဲ့သို့မေတ္တာပွားမှုကို ပြုသင့်ပါပေ၏၊ ထိုသို့ မေတ္တာပွားလိုသူသည် တစိုက်မတ်မတ်စွမ်းနိုင်အောင် ပွားများအပ်၏၊ ကိုယ်စိတ်နှစ်ပါး ရိုးသားဖြောင့်မတ်သင့်၏၊ အလွန် ရိုးဖြောင့်သူ ဖြစ်သင့်၏၊ ဆုံးမလွယ်သူ၊ သူတပါး၏စကားကို နာခံလွယ်သူဖြစ်ပြီး ကိုယ်နှုတ်နှလုံး သိမ်မွေ့ကာ ကိုယ့်ကိုယ်ကို အထင်ကြီးခြင်းမာန်မာနလဲ မထားသင့်ပေ။

Sunday, April 01, 2012

အလုပ်လုပ်ချိန်မှာ အစဉ်လိုက်သိသင့်သောအရာ ၁ဝခု

(၁) အလုပ်အကိုင် အရင်တန်ဖိုးထား၊ အသိအမှတ်ပြုပါ။ ပြီးမှ ရာထူးတိုးအောင်လုပ်ပါ။

(၂) ပြောဆိုဆက်ဆံရေး တူညီမှုအရင်ရယူပါ။ ပြီးမှ ကွဲလွဲတာကို ဆွေးနွေးပါ။

(၃) အကောင်အထည်ဖော်မှု ဖြစ်မြောက်အောင်အရင်လုပ်ပါ။ ပြီးမှ အကောင်းဆုံးဖြစ်အောင်ကြိုးပမ်းပါ။

(၄) သင်ယူမှု အရင်ဆုံးမှတ်သားပါ။ ပြီးမှ မှတ်ဉာဏ်ထဲထည့်ပါ။

(၅) ပြုလုပ်ဖန်ဆင်းမှု အရင်ဆုံး အတုယူပါ။ ပြီးမှ ဆန်းသစ်တီထွင်ပါ။

(၆) စီးပွားရေးလုပ်ငန်း အရင်ဆုံးဖြစ်ထွန်းအောင်ပျိုးထောင်ပါ။ ပြီးမှ အောင်မြင်မှုကိုရယူပါ။

(၇) ဖွံ့ဖြိုးတိုးတက်မှု အရင်ဆုံး မတ်မတ်ရပ်နိုင်အောင်လုပ်ပါ။ ပြီးမှ မြင့်မားအောင်လုပ်ပါ။

(၈) လူလူချင်းဆက်ဆံရေး လဲလှယ်ပြောဆိုပါ။ ပြီးမှ စိတ်အချင်းချင်း ဖလှယ်ပါ။

(၉) ကိုယ့်ကိုယ်ကို ကောင်းအောင်အရင်လုပ်ပါ။ ပြီးမှ တခြားလူကို တောင်းဆိုပါ။

(၁ဝ) စိတ်ခံစားချက်ကို အရင်ဖြေရှင်းပါ။ ပြီးမှ ကိစ္စရပ်ကို ဖြေရှင်းပါ။

Ref: Nine Nine Sanay @ နိုင်းနိုင်းစနေ
Posted by KAE

Saturday, March 31, 2012

စင်ကာပူရောက် မြန်မာမိသားစုများ၏ ပျော်ပွဲရွှင်ပွဲ

Source : စင်ကာပူရောက် မြန်မာများ
Posted by ဝတီ

အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ(၄)

I know (ငါသိပြီ)
You use I know when you have just had an idea or wish to make a suggestion:
ငါသိပြီ  (I know)  ကို အကြံဥာဏ် (သို့) အကြံပေးမှုတစ်ခုကို ပြုလုပ်လိုသည့်အခါတွင် အသုံးပြုနိုင်သည်။
    1. It's a holiday weekend. We really ought to do something interesting.
    ဒီစနေ၊တနင်္ဂနွေက ရုံးပိတ်ရက်ပဲ။ ငါတို့တစ်ခုခု စိတ်ဝင်စားစရာ လုပ်သင့်တယ်။
    I know, let's hire a boat.
    ငါသိပြီ။ လှေတစ်စင်းငှားရအောင်။
    2. We'll have to do something to raise money for the children's charity.
    ကလေးတွေရံပုံငွေအတွက် ပိုက်ဆံရအောင် တစ်ခုခုလုပ်မှဖြစ်မယ်။
    I know, let's organize a race and get people to sponsor the runners.
    ငါသိပြီ။ အပြေးပြိုင်ပွဲတစ်ခုကျင်းပပေးပြီး အပြေးသမားတွေကို စပွန်ဆာပေးဖို့လူရှာရမယ်။
No such luck (ကံကိုမကောင်းတာပါ)
You say no such luck to express disappointment that something has not happened:
ကံကိုမကောင်းတာပါ (no such luck) ကို တစ်စုံတစ်ခုမဖြစ်ပေါ်သည့်အတွက် စိတ်ပျက်မှုကို ပြသည့်အခါတွင် အသုံးပြုသည်။

Wednesday, March 28, 2012

နားထောင်တိုင်းလည်း မကြားပါ။ ကြားတိုင်းလည်း နားမလည်ပါ (၂)

အင်္ဂလိပ်စကားလုံးတို့ ၏ အသံထွက်တွင်ရှိသည့် ဖိသံstress သဘောကို “နားထောင်တိုင်းလည်း မကြားပါ။ ကြားတိုင်းလည်း နားမလည်ပါ” ဆောင်းပါးတွင်ပြောခဲ့ပါသည်။ စာကြောင်းတွင်ပါသည့် ဖိသံသဘော ကို ဆက်ပါမည်။
စာကြောင်းတစ်ကြောင်းကိုရွတ်ဆိုရာတွင်လည်း ဖိသံပါသည်။ ဥပမာအားဖြင့် I went to school. ကိုပြောရာတွင် went နှင့် school ကို အခြား I နှင့် to တို့ ထက် ပိုရှည်ရှည်နှင့် ကျယ်ကျယ် ပြော လေ့ရှိပါသည်။ အများအားဖြင့် နာမ်၊ ကြိယာ စသည့် အချက်အလက်ကိုဖော်ပြသည့် content words ဟု ပညာရှင်များကခေါ်ကြသော စာလုံးများကို နာမ်စား၊ ၀ိဘတ်စသည့် စာကြောင်းတည်ဆောက်သည့် function words ဟုပညာရှင်များကခေါ်ကြသော စာလုံးများထက် ပိုပြီး ကျယ်ကျယ် နှင့် ရှည်ရှည် ရွတ်တတ်ကြပါသည်။ အထက်ပါစာကြောင်းတွင် ဘယ်ကိုသွားသည်ဆိုသည့် အချက်အလက်ကို အသားပေးပြီး wentနှင့် school ကို ဖိသံဖြင့် ထွက်ပါသည်။ ဤသဘောကိုသိလျှင် နားထောင်ရာတွင် ဖိသံနှင့် ထွက်သည့်စကားလုံးများကိုပိုပြီး သတိပြုလျှက် ကြားအောင်နားထောင်သင့်ပါသည်။
နားထောင်ကျင့်နည်းသေးလျှင် မည်သည့်စကားလုံးများကို ဖိသံနှင့် ထွက်သွားသည်ကို အလွယ်တကူဖမ်းမိဦးမည် မဟုတ်ပါ။ ထို့ ပြင် စာကြောင်းများတွင် စကားလုံးတစ်လုံးနှင့်တစ်လုံးကို တစ်ဆက်တည်း ရွတ်သွားသည်ကိုလည်း နားယဉ်ဦးမည်မဟုတ်ပါ။ ထို့ကြောင့် အကြားစွမ်းရည်တိုးတက် လိုလျှင် များများနားထောင်၍ လေ့ကျင့်ခြင်းမှတပါး အခြားမရှိပါ။

Monday, March 26, 2012

အဖေနဲ့သမီး

(ဒီနေ့ကတော့ ကျွန်တော်သမီးလေး (၅)နှစ်ပြည့်တဲ့မွေးနေ့လေးပါ။ ကျွန်တော်အရင်က ဖတ်ခဲ့ဖူးတဲ့ ဒီဆောင်ပါးလေးကို ကျွန်တော်လိုပဲ သမီးချစ်သောအဖေများအတွက် ခံစားဖော်ပြပေးလိုက်ပါတယ်။)
လူမှုအဖွဲ့အစည်းကြီးဟာ အမှန်တော့ သမီးနဲ့အဖေထက် သမီးနဲ့အမေ ဆက်ဆံရေးကို ပိုပြီးအလေးထား အားပြုပါတယ်။ ဒါပေမဲ့ အမေက စောင့်ရှောက်ပြုစုလို့ ကြီးပြင်းလာရတဲ့ သမီးနဲ့ အဖေက စောင့်ရှောက်ပြုစုလို့ ကြီးပြင်းလာရတဲ့ သမီးမှာ  ပျော်ရွှင်မှုခြင်း၊ ရလဒ်ချင်း အတူတူပဲ ဖြစ်ပါတယ်။ အမေလုပ်သူဟာ အပြင်ထွက်ပြီး စီးပွားရှာတယ်ဆိုရင် အဖေလုပ်သူဟာ အိမ်တွင်းမှာနေပြီး သမီးဖြစ်သူနဲ့ ပိုပြီး အချိန်ပေးနိုင်ပါတယ်။ အမှန်တော့ အဖေတိုင်း သားသမီးတွေနဲ့ အချိန်ပေးချင် ကြပါတယ်။ ဒါပေမဲ့ စီးပွားရေးအတွက် ရုန်းကန်နေရတာမို့ အချိန်မပေးနိုင်တာ ဖြစ်ပါတယ်။ ဖခင် ၈၀ ရာခိုင်နှုန်းဟာ မိသားစုတာဝန် ကျေပွန်ဖို့အတွက် ပိုက်ဆံရှာ နေကြရတယ်။ အလုပ်ထွက်လုပ်တဲ့ မိခင်တစ်ယောက်နဲ့ အလုပ်ထွက်လုပ်တဲ့ ဖခင်တစ်ယောက်တို့ဟာ အချိန်အားလပ်ပုံချင်း မတူညီပါဘူး။ ဖခင်မှာပိုပြီးတော့ အချိန်ရှားပါတယ်။ သာမန်အားဖြင့် အိမ်ထောင်ဦးစီး ဖခင်ဟာ အလုပ်ထွက်လုပ်တဲ့ အိမ်ထောင်ရှင်မထက် ၁၀ ရာခိုင်နှုန်း ပိုပြီးလုပ်ရလေ့ ရှိပါတယ်။ နောက်ပြီး အဖေနဲ့အမေ ရန်ဖြစ်တဲ့အခါမှာ သားသမီး အများစုဟာ မိခင်ဘက်ကိုသာ လိုက်လေ့ ရှိကြပါတယ်။
အဖေ့သြဇာ
သမီးအပေါ်အဖေ လွှမ်းမိုးကူညီပေးနိုင်တဲ့ ကဏ္ဍတွေက အတော်လေး များပါတယ်။ ကျောင်းပညာရေး၊ အသက်မွေးဝမ်းကျောင်းပညာ၊ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ မိမိကိုယ်ကို ယုံကြည်မှုစတဲ့ ကဏ္ဍတွေမှာ လွှမ်းမိုးနိုင်ပါတယ်။ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း အဖေတစ်ယောက်ဟာ သမီးတစ်ယောက်ကို ယောက်ျားတွေအပေါ် အလွန်အမင်း ယုံကြည်တာ၊ လိုအပ်တာ၊ မှီခိုတာစတဲ့ အစွန်းနှစ်ဖက်တွေကို ထိန်းညှိ ပေးနိုင်ပါတယ်။ ယောက်ျားတွေအပေါ် ကြောက်ရွံ့တာ၊ မှီခိုလွန်းတာတွေကို ဖျောက်ဖျက်ပေးနိုင်ပါတယ်။ အချစ်ရေးမှာ ချစ်သူရဲ့ အနိုင်ကျင့်ခြင်းကိုလည်း မခံရအောင် အဖေလုပ်သူက ထိန်းကျောင်း ပေးနိုင်ပါတယ်။ အိမ်ထောင်ရေးမှာလည်း အဖေမရှိတဲ့ အိမ်ထောင်စုက သမီးအတော်များများဟာ အသက်မပြည့်ခင်မှာ စောစီးစွာနဲ့ အိမ်ထောင်ကျ တတ်ကြပါတယ်။