Sunday, May 06, 2012

Autodesk AutoCAD 2013 64bit

Requirements to install 64-Bit AutoCAD 2013
1)Microsoft Windows 7 Enterprise, Ultimate, Professional, or Home Premium (compare Windows 7 versions) or Microsoft Windows XP Professional (SP2 or later)
2)AMD Athlon 64 with SSE2 technology, AMD Opteron® processor with SSE2 technology, Intel® Xeon® processor with Intel EM64T support and SSE2 technology, or Intel Pentium 4 with Intel EM64T support and SSE2 technology
3)2 GB RAM (4 GB recommended)
4)6 GB free space for installation
5)1,024 x 768 display resolution with true color (1,600 x 1,050 with true color recommended)
6)Internet Explorer 7.0 or later
ကျွန်တော် တင်ပေးလိုက်ပါပြီ။ ဖိုင်ဆိုဒ်ကတော့ 3.08 GB ရှိပါတယ်။ ကျွန်တော် ၁၃ဖိုင်ခွဲပြီး တင်ထားပါတယ်။
Installation procedures of Autodesk Autocad 2013
1.Install Autodesk Autocad 2013
2.Use as Serial 666-69696969, 667-98989898, 400-45454545 066-66666666 ..
  or anything matching those templates
3.Use as Product Key 001E1
4.Finish the installation & restart Autodesk Product
5.Before clicking on Activate
  You have 2 options :
   - a) Disable Your network Card, pull the network cable out or block with firewall
     (this is just to disable online serial check)
OR
   - b) Click on Activate and it will tell you that your serial is wrong, simply click
     on close and click on activate again.
Choose option a or b.
6. Select I have an activation code from Autodesk
7.Once at the activation screen:
  start XFORCE Keygen 32bits version or 64bits version
8.Click on Mem Patch (you should see successfully patched)
9.Copy the request code into the keygen and press generate
10.Now copy the activation code back to the activation screen and click Next
  You have a fully registered autodesk product
NB: Make sure you are running the Keygen as administrator and with UAC off on Windows7
    And use the keygen for the right Product
မှတ်ချက်။ Keygun က Crack ဆိုတဲ့ဖိုင်ထဲမှာရှိပါတယ်။
အကယ်၍ ကီးဂျမ်းကို ရှာမတွေ့ရင် ဒီမှာ ဒေါင်းသွားပါ။
Source : မောင်ညီ (နည်းပညာနှင့် အထွေထွေ)
Posted by ဝတီ

Saturday, May 05, 2012

Vesak (ဝိသာခါ)နေ့ပူဇာမင်္ဂလာ ဓမ္မသဘင် ဖိတ်ကြားလွှာ


နဝမမြောက် ရွှေစင် တိပိဋကဓရ ဆရာတော် ဒေါက်တာ ဂန္ဓာမာလာ လင်္ကာရ၏ တရားတော်အား LiveDhamma.com ၏ (CHANNEL A) မှ ထုတ်လွှင့်သွားမည် ဖြစ်ပါသည်။
Posted by မောင်စူးစမ်း(MTLA GTI)

ကဆုန်လပြည့်နေ့ အကြောင်း

(ကဆုန်လပြည့်နေ့(ယနေ့) ရွှေတိဂုံစေတီတော် မြင်ကွင်း)
ကဆုန်လပြည့်နေ့ဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့အတွက် နှိင်းလို့မရနိုင်တဲ့ နေ့ထူးနေ့မြတ်တနေ့ဆိုတာ သေချာပါတယ်။ ဒါကြောင့်လဲ ၁၂ လ ရှိတဲ့အထဲက အခြောက်သွေ့ အပူပြင်းဆုံးလို့ ဆိုရမယ့် ကဆုန်လကို ရေပြတ်တဲ့လ၊ ရေရှားပါးတဲ့လ လို့ဆိုရတာပါ၊ သစ်ပင်ကြီးငယ်အားလုံး ရေရှားလွန်းလို့ ညှိုးရော်နွမ်းလျနေတာကြောင့် ရေလိုအပ်နေတဲ့အချိန်မှာ ဘုရားရှင်ရဲ့ ဖွားဖက်တော်၊ ပရိဘောဂစေတီ၊ သဗ္ဗညုတဥာဏ်တော်ရဲ့ မှီခိုရာဖြစ်တဲ့ မဟာဗောဓိပင်ကို ကာလဒါနလို့ဆိုရမယ့် ရေသွန်းလောင်းခြင်း ဥဒကဒါနကို ပြုကြခြင်းပဲ ဖြစ်ပါတယ်။
ကဆုန်လပြည့်နေ့နှင့် ပက်သက်ပြီး ဖြစ်ပျက်ခဲ့တဲ့ ဗုဒ္ဓ၀င်တွေက ဗုဒ္ဓဘာသာဝင်တို့အား ကြည်နူးမှု့၊ လွမ်းဆွေးမှု့၊ သက်တော်ထင်ရှား ဘုရားရှင်ကို တမ်းတမှု့တွေဖြစ်စေတာကြောင့် ကဆုန် ညောင်ရေသွန်းပွဲတော်ကို ပိုမိုအသက်ဝင်စေပြီး စိတ်ကိုတက်ကြွလန်းဆန်းစေပါတယ်။
“ဗျာဒိတ်တော် ခံ၊ ဖွား၊ ပွင့် ၊ စံ၊ ဟောညွှန် ဗုဒ္ဓဝံသ ဖြစ်တော်စဉ် ငါး၊ ကြုံကြိုက်သား၊ ထူးခြား ကဆုန်လ” လို့ ရှေးရှေး ပညာရှိတွေ မိန့်ဆိုထားခဲ့ကြပါတယ်။
(၁) ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမ
အမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာ မြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခဲ့သည်။
(၂) မဟာသက္ကရာဇ် ၆၈-ခု ကဆုန်လပြည့်နေ့တွင် ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခဲ့သည်။ ( ဘီစီ ၆၂၃ )
(၃) မဟာသက္ကရာဇ် ၁၀၃-ခု ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူခဲ့သည်။
( ဘီစီ ၅၈၈ )
(၄) မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။
( ဘီစီ ၅၄၃ )
(၅) မဟာသက္ကရာဇ် ၁၀၄ ခုနှစ် မှာ လေးသင်္ချေနဲ့ ကမ္ဘာတသိန်းကာလ ပါရမီ ဖြည့်ဆည်းရာ ကာလမှ စ၍ ယခုဘ၀ ဂေါတမ ဘုရားရှင် ဖြစ်တော်မူရာ ဘ၀ပေါင်းများစွာ ပါဝင်တဲ့ မဟာဗုဒ္ဓ၀င် အတ္ထုပ္ပတ္တိကိုလည်း ဒီ ကဆုန်လပြည့်နေ့မှာပဲ ဟောတော်မူခဲ့ပါသတဲ့။
( ဘီစီ ၅၈၇ )
ပါရမီ ဖြည့်ဖက်တို့ အတုယူဖွယ်ရာ
ဘုရားရှင် ကပိလ၀တ်ပြည်ကို ရောက်တော်မူတဲ့ အခါမှာ ဖခင်ဘုရင်ကြီးနဲ့ တကွ ကပိလ၀တ်နန်းတော် တခုလုံး အုံးအုံးကျွတ်ကျွတ် ဘုရားရှင်ကို လာရောက် ဖူးမြော်ဦးခိုက်ကြတယ်။ ဒါပေမယ့် အဲဒီအထဲမှာ ယသော်ဓရာ ပါမလာခဲ့ဘူး။ ယောက္ခမ ဘုရင်ကြိးကိုယ်တိုင် ဘုရားကို သွားရောက်ဖူးမြော်ဖို့ ပြောပေမယ့် ဘယ်လိုပြန်ပြောတယ် မှတ်ပါသလဲ။

Friday, May 04, 2012

JOB VACANCY ANNOUNCEMENT

Posted by ဝတီ

ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၂ ဦး ဆော်ဒီတွင် ခေါင်းဖြတ် ကွပ်မျက်ခံရ

ဘင်္ဂလာဒေခ်ျ့နိုင်ငံသား ၈ ဦး ခေါင်းဖြတ် ကွပ်မျက်ခံရပြီး (၇) လအကြာတွင် နောက်ထပ် ဘင်္ဂလီ ၂ ဦးကို ဆော်ဒီ အာရေဗီးယားတွင် မေလ ၁ ရက်နေ့က လူသတ်မူနှင့် ခိုးမူကြောင့် ခေါင်းဖြတ် ကွပ်မျက်ခဲ့သည်ဟု သိရသည်။
ခေါင်းဖြတ် ကွပ်မျက်ခံရသူ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား အလုပ်သမား (၂) ဦးမှာ Najoum Md Amin abdul sharif နှင့် Abdul Majid Abu Bakr Manza တို့ဖြစ်ကြသည်။
သူတို့ နှစ်ဦးအား တစ်နိုင်ငံတည်းသား လုပ်ဖေါ်ကိုင်ဘက် တစ်ဦးကို သတ်ဖြတ်ပြီး ငွေနှင့် မိုဘိုင်း တယ်လီဖုံးကို ခိုးယူမူကြောင့် ဆော်ဒီ အာရေဗီးယားနိုင်ငံ Jazan ဒေသတွင် ခေါင်းဖြတ် ကွပ်မျက်ကာ ပြစ်ဒဏ်ပေးလိုက်ခြင်း ဖြစ်ကြောင်း Saudi Press Agency (SPA) က ပြည်ထဲရေး ဌာနကို ကိုးကားပြီး သတင်း ရေးသား ဖေါ်ပြသည်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၂ ဦးကို လူမြင်ကွင်း ကွပ်မျက်ပြီးနောက် ဆော်ဒီ ပြည်ထဲရေး ၀န်ကြီးဌာနမှ လည်း သတင်း ထုတ်ပြန်ခဲ့သည်ဟု ဆိုသည်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၂ ဦးကို ကွပ်မျက်ရန် ဆော်ဒီတရားရုံးချုပ်မှ အတည်ပြုကာ ဘုရင်အုပ်ချုပ်ရေး အဖွဲ့မှ အမိန့်ထုတ်ခဲ့ကြောင်း သိရသည်။
လွန်ခဲ့သောနှစ် အောက်တိုဘာလ ၇ ရက်နေ့ကလည်း ဘင်္ဂလာဒေခ်ျ့နိုင်ငံသား (၈) ဦးကို အီဂျစ်နိုင်ငံသား အစောင့် တစ်ဦးကို ဓါးပြတိုက်ပြီး သတ်ဖြတ်ပစ်မူဖြင့် ဆော်ဒီနိုင်ငံ ရီယဒ်မြို့တွင် ခေါင်းဖြတ်သတ်ကာ ပြစ်ဒဏ်စီရင်ခဲ့သည်။
ဘင်္ဂလာဒေခ်ျ့ အစိုးရမှ အဆိုပါ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားများကို ခေါင်းဖြတ်သတ်ခြင်းမှ ချမ်းသာ ပေးရန် မေတ္တာရပ်ခံခဲ့သော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ကြားမူ မရှိဘဲ ခေါင်းဖြတ်ကာ ကွပ်မျက် ပစ်ခဲ့သည်။ 

မည်သို့ပင် ဆိုစေကာမူ အဲဒီလို့ နိုင်ငံမျိုးကို မြန်မာနိုင်ငံသားများ မသွားကြဖို့ တိုက်တွန်းချင်ပါတယ်။
 Posted By Htun

Thursday, May 03, 2012

ထောပတ်သီးစားခြင်းက အရွယ်တင်နုပျိုစေနိုင်

ထောပတ်သီးကမူ ဆဲလ်အဖွဲ့အစည်းထိ အကျုံးဝင် သက်ရောက်နိုင်သည့် သဘာဝ သတ္တိထူးမျိုး ပိုင်ဆိုင်ထားကြောင်း ဇီဝဓာတုနှင့် မော်လီကျူးဆိုင်ရာ ဇီဝဗေဒ နှစ်ပတ်လည် အစည်းအဝေးတွင် အမေရိကန် သုတေသီ ခရစ္စတီယန် ကော်တက်စ် ရိုဂျိုက ပြောကြားခဲ့သည်။
ထောပတ်သီးသည် နုပျိုကျန်းမာခြင်းအတွက် သဘာဝ၏ လက်ဆောင်မွန် ဆေးကောင်းဝါးကောင်းတစ်လက် ဖြစ်နေကြောင်း သုတေသီများက ပြောကြားခဲ့သည်။ ခန္ဓာကိုယ်ကို အန္တရာယ်ပေးနိုင်သည့် မော်လီကျူးများကို ထောပတ်သီးက ဖယ်ရှားပေးနိုင်စွမ်း ရှိနေကြောင်း သိပ္ပံပညာရှင်များက ဆိုသည်။ အထူးသဖြင့် အိုမင်းရင့်ရော်မှုကို ဖြစ်ပေါ်စေသော ဓာတ်သဘာဝများကို ထောပတ်သီးက နှောင့်နှေးစေသလို နှလုံးနှင့် ကင်ဆာရောဂါများ မဖြစ်အောင် အကာအကွယ် ပေးနိုင်ကြောင်း သိရသည်။ ထိုသစ်သီးမှ ထွက်သော အဆီဓာတ်သည် ခန္ဓာကိုယ်ကို အဆိပ်သင့်စေသော မော်လီကျူးများအား တိုက်ဖျက်ပေးတတ်ပြီး ဓာတုဗေဒ ဘေးထွက်ဆိုးကျိုးများကို ချေဖျက်ပေးနိုင်သည်။

Wednesday, May 02, 2012

အင်္ဂလိပ်စာလေ့လာရာတွင် အသိများလေ ပိုလွယ်လေ

အကြားသန်ရန်အားထုတ်ရာတွင် အင်္ဂလိပ်စာလေ့လာရသည့် ရည်ရွယ်ချက်ပေါ်မူတည်ပြီး ဘာကို နားထောင်မလဲ ဆိုသည်မှာလည်း ကွဲပြားသွားနိုင်သည်။ ပညာရပ်တစ်ခုကို အင်္ဂလိပ်စကားပြော တက္ကသိုလ်တစ်ခုတွင် သင်ယူဖို့ ရည်ရွယ်ပါက လက်ချာဟု အများခေါ်ကြသော ဟောပြောပို့ချချက်များကို နားလည်နိုင်စွမ်းရှိရမည်။ ထို့ပြင် ၀ိုင်းဖွဲ့ဆွေးနွေးပြောဟန် (seminar) ကိုလည်း ယဉ်ပါးထားရပါလိမ့်မည်။
ထိုသို့ နားထောင်စရာများကို အင်တာနက်စာအိမ်များပေါ်တွင် ရှာနိုင်ပါသည်။ အင်္ဂလိပ်စာ လေ့လာ သူများအတွက် သီးသန့်ဟောပြောချက်များကိုမူ သိပ်ရှာတွေ့မည်မဟုတ်ဘဲ ပုံမှန်စကားပြောနှုန်းဖြင့် ပြောသော ဟောပြောမှု၊ ဆွေးနွေးမှု စကားပြောများကိုသာ များသောအားဖြင့် နားထောင်နိုင်ပါလိမ့်မည်။ bbcworldservice.com bbc.co.uk စာအိမ်များတွင် အကြောင်းအရာအမျိုးမျိုးကို ဆွေးနွေးဟောပြောထားသော နားထောင်စရာများစွာ ရှိပါသည်။
ဤနေရာတွင် အခက်အခဲတစ်ခုရှိပါသည်။ ပြောသော အသံများ၊ စကားလုံးများကို အကုန် ဖမ်းမိလျင်သော်မှ နားမလည်လိုက်သော အဖြစ်မျိုးရှိနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဆွေးနွေး ဟောပြောသော အကြောင်းအရာကို တီးမိခေါက်မိမရှိသောကြောင့်ဖြစ်ပါသည်။ ဥပမာ ဘီဘီစီ အင်္ဂလိပ်ပိုင်းရှိ သိပံ္ပဆိုင်ရာ သတင်းလွှာသော်လည်းကောင်း၊ ကျန်းမာရေးဆိုင်ရာ ဆွေးနွေးမှု အစီအစဉ်သော်လည်းကောင်း၊ စာပေဆွေးနွေးမှုများကိုလည်းကောင်း နားထောင် ရာတွင် ထိုအကြောင်းတို့ ၏ အခြေခံ သဘောများကိုအနည်းငယ် တီးမိခေါက် မိရှိထားပါက မြန်မြန်နားလည် နိုင်ပါလိမ့်မည်။
မေးစရာရှိပါသည်။ ထိုအရာတို့ကို မသိပါ။ ကျောင်းတွင်မသင်ခဲ့ရပါ။ ထို့ကြောင့် ဘယ်လိုသိနိုင်မလဲ။ သတိပြုစရာ တစ်ခုရှိပါသည်။ ၎င်းရေဒီယို အစီအစဉ်များမှာ သိပံ္ပပညာရှင် စာပေပညာရှင် ကျန်းမာရေးပညာရှင်များအတွက်သာ သီးသန့်ထုတ်လုပ်ထားသည် မဟုတ်ပါ။ သူလိုကိုယ်လို သာမန်နားဆင်သူများအတွက် မေးမြန်းဆွေးနွေးထားချက်များ ဖြစ်ပါသည်။ မေးမြန်းသူက နားထောင်သူများ လိုက်နိုင်မည်ဟု ထင်သည့်နေရာက စထားတတ်ပါသည်။ ထို့ကြောင့် ထိုအရာတွေကို မသိ၍ စနားမထောင်ဘူးဟု ဆင်ခြေမပေးသင့်ပဲ အကြောင်းအရာအသစ်များကို စိတ်ဝင်စားအောင် အားထုတ်သင့်ပါသည်။

Tuesday, May 01, 2012

ဘန်ကီမွန်းပြောတဲ့ သူ့ငယ်စဉ်ဘ၀နှင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး

ကိုရီးယားစစ်ပွဲကာလမှာ ကျနော် ကလေးအရွယ်ပဲ ရှိသေးပေမဲ့၊ ဆင်းရဲမွဲတေမှုကို ကိုယ်တိုင် ကြုံခဲ့ရပါတယ်။ ကျနော့်် ပတ်လည်မှာ ဆင်းရဲတဲ့ မြင်ကွင်းတွေ နေ့တိုင်း မြင်ခဲ့ရသလို၊ ကျနော်ကိုယ်တိုင်လည်း ဆင်းဆင်းရဲရဲ နေခဲ့ရပါတယ်။ ကျနော့်ငယ်စဉ်ဘ၀ အမှတ်ရစရာတွေထဲကတခုကတော့ နှစ်ဖက်တိုက်ပွဲတွေဖြစ်နေရာက လွတ်မြောက်ဖို့ ရွှံ့ညွန်တွေဖြတ်ပြီး တောင်တန်းတွေဆီ ပြေးခဲ့ရတာပါ။ နောက်ဘက်မှာ ကျနော်တို့ တစ်ရွာလုံး မီးလောင်ကျန် ခဲ့ပါတယ်။ ရှေ့မှာ ကျနော်နဲ့ ကျနော့်မိသားစုနဲ့ ဘာဆက်ဖြစ်မလဲဆိုတာ ရင်တမမပါ။
နောက်ဆုံး အဖြေကတော့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့တွေပါ။ နိုင်ငံပေါင်းစုံက မိတ်ဆွေတွေရဲ့ အကူအညီကြောင့် ကျနော်တို့နိုင်ငံဟာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ပြန်ရပ်လာနိုင်ပါတယ်။ ကြောက်မက်ဖွယ် ပဋိပက္ခတွေအပြီး၊ အပျက်အစီးပုံတွေကြားကနေ နိုင်ငံကို ပြန်လည်ထူထောင်ဖို့ ကြိုးစားခဲ့ပါတယ်။ သန်းနဲ့ချီတဲ့ ကိုရီးယားတွေရဲ့ အလုပ်ကြိုးစားလုပ်ကိုင်မှုနဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကြောင့် ကိုရီးယား သမ္မတနိုင်ငံဟာ နှစ်ငါးဆယ်တောင်မကြာဘဲ အဆုံးစွန်ဆင်းရဲမွဲတေမှုကနေ ချမ်းသာကြွယ်ဝတဲ့အဆင့်ကို ရောက်ရှိလာပါတယ်။
အခု ကျနော် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုချုပ် ဖြစ်တော့လည်း၊ ငယ်စဉ်က ဇာတ်လမ်းမျိုးတွေနဲ့ ကြုံတွေ့ ရင်ဆိုင်နေရတုန်းပါပဲ။ ကမ္ဘာပေါ်မှာ အဆုံးစွန်ဒုက္ခရောက်နေတဲ့ လူသန်းတစ်ထောင်ရဲ့ ဆင်းရဲမွဲတေမှု ပြဿနာကို ကူညီဖြေရှင်းဖို့ နေ့တိုင်း ကျနော် အလုပ်လုပ်နေရပါတယ်။
အာဖရိကတောင်ပိုင်းက ကုန်းကောက်စရာမရှိအောင် ဆင်းရဲမွဲတေနေတဲ့ မာလာဝီနိုင်ငံက ကျေးလက်တွေ ရောက်သွားတော့ ကျနော်ငယ်စဉ် ကြုံခဲ့ရတဲ့ ဆင်းရဲမွဲတေမှုနဲ့ အခက်အခဲဒုက္ခတွေကို ပြန်အမှတ်ရလာပါတယ်။

မြန်မာနိုင်ငံ (၁၃၀၀ - ၁၈၈၅) ဖြစ်ပေါ် တိုးတက်မှု အကျဉ်းချုပ်

မြန်မာနိုင်ငံ (၁၃၀၀ - ၁၈၈၅) ဖြစ်ပေါ်တိုးတက်မှု အကျဉ်းချုပ်ကို ကြည့်မယ်ဆိုလျှင် အောက်ပါအတိုင်း တွေ့ရမှာ ဖြစ်ပါတယ်။
၁၃၀၀ ပုဂံနိုင်ငံပျက်
၁၃၀၁ တရုတ်က မြင်စိုင်းကို ရအောင် မသိမ်းနိုင်
၁၃၁၂ ပင်းယမြို့တည်
၁၃၆၂ ဗညားဦး ရွှေတိဂုံ စေတီ ဉာဏ်တော်ကို ၆၆ ပေထိမြှင့်
၁၃၆၄ ရှမ်းဖျက်လို့ ပင်းယ၊ စစ်ကိုင်းပျက်
၁၃၆၅ အဝမြို့တည်
၁၃၆၈ ဇီးတောဆည် ဆောက်၊ မိတ္ထီလာကန် ပြန်ဆည်
၁၃၆၉ မဒမ က နန်းတော်ကို ဗဂိုးပြောင်း
၁၃၇၄ ရခိုင်က မြန်မာမှာ နန်းလျာတောင်း
၁၃၉၀ - ၉၁ ဗောလောကျန်းတော သေ၊ မင်းရဲကျော်စွာ မွေး
၁၄၀၄ ရခိုင်မင်းတွေ ရခိုင်ဘွဲ့အပြင် မဟာမေဒင်ဘွဲ့ကိုလဲယူ
၁၄၃၃ မြို့ဟောင်း (မြောက်ဦး) တည်
၁၄၃၅ ပထမ ဥရောပတိုက်သား နိကိုလိုဒီကွန်တီ ဗဂိုးရောက်

Monday, April 30, 2012

ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဓါတ်တော်များပူဇော်ပွဲနှင့် မိုးကုတ်ဝိပဿနာ ၇-ရက် အထူးတရားစခန်းပွဲ

လေးစားအပ်ပါသော ဓမ္မမိတ်ဆွေ သူတော်စဉ် အပေါင်းတို့ခင်ဗျာ...

ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဓာတ်တော်များဖြစ်ကြသော
အံသွားတော်
မျက်လုံးတော်
ဆံတော်များ
အသွေး၊အသား ဓာတ်တော်များနှင့်
ဆရာတော်ကြီး၏ အသုံးအဆောင်ပစ္စည်းများကို (၇) ရက်တိုင်တိုင် ပူဇော်ပွဲနှင့် မန္တလေးမြို့
မိုးကုတ်ဝိပဿနာ မင်္ဂလာရိပ်သာ ဌာနချုပ်မှ နာယကချုပ်ဆရာတော်ဖြစ်သော အရှင် ဣန္ဒက
(ဓမ္မကထိကဆရာတော်)မှ မိုးကုတ်ဝိပဿနာ (၇)ရက်  အထူးတရားစခန်းပွဲကို မေလ (၁)ရက်မှ (၇)ရက်နေ့ အထိကျင်းပသွားမည်ဖြစ်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်အသိပေး နှိုးဆော်လိုက်ရပါသည်။