Monday, May 14, 2012
Sunday, May 13, 2012
Saturday, May 12, 2012
မိုးကုတ်ဆရာတော်ကြီး၏ ဥပနိဿယအတိုင်း ပဋ္ဌာန်းအဓိပ္ပာယ်ဖွင့်တရားတော် -ဦးခင်စိုး
ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်ပါ။
Posted by Htun
Friday, May 11, 2012
Thursday, May 10, 2012
Singapore - Yangon လေယာဉ်ပျံ လက်မှတ်များဈေးချ
စင်္ကာပူနဲ့ရန်ကုန်မြို့ကြား
အသွားအလာများနေတာနဲ့အမျှ လေကြောင်းလိုင်းများအနေနဲ့ အပြိုင်အဆိုင်ဈေးချလေ့ရှိပါတယ်။
အထူးသဖြင့် မြန်မာလေကြောင်းက အနိုမ့်ဆုံးဈေး S$230 လောက်နဲ့ SIN-YGN ကိုချပေးပေမယ့်
ရန်ကုန်ကနေ စင်္ကာပူကိုလာတဲ့ဈေးကိုတော့ သိပ်ချလေ့မရှိပါဘူး။ Silk Air အနေနဲ့လောလောဆယ်
အနိုမ့်ဆုံးဈေးဆိုလို့ S$345 မှာ online promotion ရောင်းပေးနေတာတွေ့ ရပါတယ်။
အခုမြန်မာပြည်မိုးတွင်းဝင်လာပြီး
ခရီးသွားရာသီအခေါ် low season အတွက် Jet Star Asia ကနေ ချလိုက်တော့ ဈေးကိုတော့ ပြိုင်ဖက်လေကြောင်း
လိုင်းတွေဖြစ်တဲ့ MAI နဲ့ Silkair တို့ ဘယ်လိုမှလိုက်မချနိုင်လောက်တော့ဖူးလို့ ထင်တာပါပဲ။
JetStar က လွန်ခဲ့တဲ့ ၂ ရက်မှာ Take a Friend FREE promotion နဲ့ ဈေးချတဲ့အခါ ရန်ကုန်ကပဲ
စင်္ကာပူလာလာ၊ စင်္ကာပူကနေ ရန်ကုန်ပဲသွားသွား၊ အနိုမ့်ဆုံးဈေး (၂)ယောက်ကို S$344 နဲ့ဝယ်လို့ရပါတယ်။
တစ်ယောက်ကို အသွားအပြန် အပြီးအစီး ကီလို ၂၀၊ လက်ဆွဲ ၁၀ သယ်ခွင့်အပါ S$172 ပဲကျတော့တဲ့အတွက်
အလွန်သက်သာတယ်လို့ ပြောရမှာပါပဲ။ (၂) ယောက်အတွက် S$344 လျော့လှပြီအောက်မေ့လို့ ဝယ်လိုက်ကြပြီးတဲ့
အခါမှာတော့ JetStar က
Travel Asia Sales Promotion ကို Launch လုပ်လိုက်တဲ့အခါ ခရီးသည် ဘယ်နှစ်ဦးပဲသွားသွား
ရန်ကုန် - စင်္ကာပူ၊ စင်္ကာပူ - ရန်ကုန်လက်မှတ်ကို အနိုမ့်ဆုံးဈေး တစ်ယောက်ကို S$158 နဲ့
ထပ်ပြီးဈေးချလိုက်ပါတယ်။ အခုမြန်မာငွေပေါက်ဈေးနဲ့ဆို ၁ သိန်းစွန်းစွန်းလေးပဲ ကျလို့
ရန်ကုန် - မန္တလေးလေပျံလက်မှတ်တွေ၊ ရန်ကုန် - ဘန်ကောက်လေပျံလက်မှတ်တွေထက်တောင် သက်သာသွားပါတယ်။
သို့သော် promotion လက်မှတ်ဖြစ်သည်နှင့်အမျှ weekend တွေမပါပဲ weekday တွေထဲမှာပဲ ရမှာပါ။
သူငယ်ချင်း ညီအကို၊ မောင်နှမများ ရန်ကုန်ကို သက်သက်သာသာလေးနဲ့ ပြန်ချင်တယ်ဆိုရင် သိရအောင်
မျှဝေပေးလိုက်ပါတယ်။
အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု တိုးတက်စေမည့် နည်းလမ်း (၇၀) - အပိုင်း (၇)
၃၁။ စာဖတ်နိုင်တဲ့အဆင့်ကိုလည်း ကိုယ့်အဆင့်ကို ကိုယ်သိဖို့ဖြစ်ပါတယ်။ အားလုံးနီးပါး
နားလည်တဲ့စာကို ဖတ်မယ်ဆိုရင် အများဆုံး တိုးတက်မှုရှိတယ်လို့ သုတေသနပြုလုပ်သူ အများစုက
သဘောတူညီကြပါတယ်။ စာတစ်မျက်နှာလုံးမှာ မမြင်ဘူးတဲ့စကားလုံး တစ်လုံးနှစ်လုံးပဲရှိတယ်ဆိုရင်
အဲဒါဟာ ကိုယ်နဲ့ကိုက်ညီတဲ့ အဆင့်ပါပဲ။ စာမျက်နှာတစ်မျက်နှာမှာ မသိတဲ့စာလုံး ၃လုံးနဲ့အထက်
ပါနေပြီဆိုရင် ဒီထက်လွယ်တဲ့စာမျိုး ဖတ်သင့်ပါတယ်။ နောက်မှ ခက်တဲ့စာကို ပြန်ကြိုးစားကြည့်ဖို့ဖြစ်ပါတယ်။
၃၂။ အဆင့်လိုက်ပြုစုထားတဲ့ ဖတ်စာအုပ် (Graded readers) တွေကိုဖတ်ပါ။ (အလွယ်ဖတ်
ဖတ်စာစာအုပ်တွေဖြစ်ပါတယ်။) အဲဒီစာအုပ်တွေကို ဘာသာစကားသင်သူတွေအတွက် သီးသန့်ရည်ရွယ်ပြီးရေးသားထားတာဖြစ်ပါတယ်။
ဥပမာ ပင်ဂွင်းဖတ်စာအုပ်တွေ (Penguin Readers) ဖြစ်ပါတယ်။ သတင်းစာ ဒါမှမဟုတ် အင်တာနက်မှာ
ရေးထားတဲ့ စာတွေလောက် စိတ်ဝင်စားစရာကောင်းတာမျိုး ရှာဖတ်ဖို့ ခက်တတ်ပေမယ့် အဆင့် သတ်မှတ်ထားတဲ့
ဖတ်စာစာအုပ်တွေကို ဖတ်မယ်ဆိုရင် အများကြီး တိုးတက်မှုရှိနိုင်ပါတယ်။ အလုပ်အတွက် ဖတ်ရတဲ့သူတွေ၊
စာမေးပွဲအတွက် ဖတ်ရတဲ့သူတွေသာလျှင် ဘာသာစကား တတ်မြောက်ဖို့ ကိစ္စနဲ့ပတ်သက်ပြီး ပိုပြီးတော့
တတ်မြောက်နိုင်ပါတယ်။ Charles Dickens လိုမျိုး ဂန္ထ၀င်စာအုပ်တွေကို လွယ်ကူအောင် အဆင့်သတ်မှတ်ပြီးပြန်ရေးထားတဲ့
ဖတ်စာစာအုပ်တွေ ဖတ်ခြင်းအားဖြင့် အင်္ဂလိပ်စကား ပြောတဲ့ နိုင်ငံတွေက စာပေနဲ့ ယဉ်ကျေးမှု
အကြောင်း အထွေထွေဗဟုသုတတွေ အချိန်တိုအတွင်း အများအပြားရသွားတဲ့ အကျိုးကျေးဇူးကိုလည်း
ရရှိမှာဖြစ်ပါတယ်။
၃၃။ စာတစ်အုပ်လုံးကို အကူအညီမယူဘဲ ဖတ်ကြည့်ပါ။ အဘိဓာန်သုံးမယ်ဆိုရင် ဝေါဟာရ အသုံးအနှုန်းတွေ၊
ကာလတိုနှင့် ကာလရှည်နှစ်မျိုးစလုံး သင်ဖို့ အထောက်အကူဖြစ်တယ်လို့ တွေ့ရပါတယ်။ ဒါပေမယ့်
အဘိဓာန်သုံးနေရတဲ့အတွက် စာဖတ်ရတာ နှေးသွားတတ်ပါတယ်။ အဲဒါဆို တချို့လူတွေက အင်္ဂလိပ်လို
လုံးဝမဖတ်ဖြစ်တော့ဘူး။ တစ်ခါတစ်ခါ စာအုပ်တစ်အုပ်လုံးကို အလျင်အမြန် အပျော်ဖတ် ဖတ်သွားတာမျိုး
လုပ်မယ်ဆိုရင် အခြားဘာသာစကားတစ်ခုနှင့် စာဖတ်ရတဲ့ အရသာကို သိရှိခံစားနိုင်မှာ ဖြစ်ပါတယ်။
၃၄။ တစ်အုပ်လုံး တစ်လုံးမကျန် ဖတ်မှတ်ပါ။ဒါကတော့ တခြားတစ်ဖက်စွန်းဖြစ်ပါတယ်။
ပင်ပန်းပေမယ့် စာအုပ်တစ်အုပ်လုံး တစ်လုံးမကျန် လေ့လာဖတ်ရှုပြီးတဲ့အခါ စိတ်ကျေနပ်စရာ
အင်မတန်ကောင်းပါတယ်။ တစ်အုပ်လုံး ကျေကျေညက်ညက် ဖတ်ဖို့ လွယ်ကူတဲ့စာအုပ်မျိုး၊ ဝေါဟာရအသုံးအနှုန်းတွေကလည်း
အသုံးဝင်တဲ့စာအုပ်မျိုးဖြစ်အောင်လို့ ဒီဆောင်းပါးမှာ ဖော်ပြထားတဲ့ အခြား အကြံပြုချက်တွေကို
ကြည့်ပြီး ဘယ်စာအုပ်ကို စေ့စေ့စပ်စပ် ဖတ်မလဲ ရွေးချယ်ပါ။
Subscribe to:
Posts (Atom)

