လာမည့်ဇွန်လအတွင်းမှာ ဆရာတော်အရှင်ဇဝန (မေတ္တာရှင်-ရွှေပြည်သာ)
မှ စင်္ကာပူ-အင်ဒိုနီးရှား-မလေးရှားနိုင်ငံများသို့ ကြွရောက်ရန်ရှိပြီး စင်္ကာပူနိုင်ငံသို့ရောက်ရှိစဉ်ကာလအတွင်း
မေတ္တာရှင်ဖောင်ဒေးရှင်း(စင်္ကာပူ)၊ စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းမှကြီးမှူး၍ တစ်ရက်တာ
တရားပွဲကျင်းပသွားမည်ဖြစ်ရာ နိဗ္ဗာန်ရောက်ကြောင်းတရားတော်များကို လာရောက်နာယူနိုင်ရန်
အောက်ပါအစီအစဉ်အတိုင်း လေးမြတ်စွာဖိတ်ကြားအပ်ပါသည်။
Tuesday, May 29, 2012
Monday, May 28, 2012
အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ (၈)
Just a minute (ခဏလေးစောင့်ပါ)
You say just a minute when you want someone to
wait for a very short time:
ခဏလေးစောင့်ပါ
just a minute ကို တစ်စုံတစ်ယောက်အား အချိန်အနည်းငယ် စောင့်စေလိုသောအခါ အသုံးပြုပါသည်။
1. 'Can
you give me Pat's phone number?'
Pat ရဲ့ ဖုန်းနံပါတ်ပေးနိုင်မလား။
'Just a minute and I'll look it up in my
address book.'
ခဏလေးစောင့်ပါ။ လိပ်စာစာအုပ်ထဲမှာ ရှာပေးမယ်။
2. 'Do
you know where Ken's new house is?' 'Just a minute and ask my son. He's a
friend of Ken's daughter.'
Ken ရဲ့အိမ်က ဘယ်နားမှာလဲဆိုတာ သိလား? ခဏလေးစောင့်ပါ
ငါ့သားကိုမေးလိုက်ဦးမယ်။ သူက Ken သမီးရဲ့ သူငယ်ချင်းလေ။
Suit yourself! (မင်းကြိုက်သလိုသာလုပ်)
You say suit yourself! in an angry way to tell
someone that they can do what they want even though that is not what you want:
မင်းကြိုက်သလိုသာလုပ် suit yourself ကို သင်က မလုပ်စေချင်သော်လည်း
ထိုအကြောင်းကိစ္စနှင့်ပတ်သက် ၍ တစ်စုံတစ်ဦးအား ၄င်းကြိုက်သလို လုပ်နိုင်ကြောင်းကို စိတ်ဆိုးသောအားဖြင့်
ပြောရာတွင် အသုံးပြုသည်။
1. Suit
yourself! You can stay longer at the party if you like, but I'm going home now!
မင်းကြိုက်သလိုသာလုပ်။ ပါတီမှာ မင်းအချိန်ကြာကြာ
ဆက်နေချင်ရင်နေ။ ငါကတော့ အခုပဲ အိမ်ပြန်တော့မယ်။
2. I
don't really want to go to the cinema this evening.'
တကယ်တော့ ဒီညနေ ရုပ်ရှင်ရုံကို မသွားချင်ဘူး။
'Suit yourself'!I’ll go by myself then!'
မင်းကြိုက်သလိုသာလုပ်။ ဒါဖြင့်ရင် ငါ့ဘာသာငါပဲ သွားတော့မယ်။
Sunday, May 27, 2012
3D Studio Max အသုံးပြုနည်း (မြန်မာလို)
3D Studio Max အကြောင်း အသုံးပြုနည်းလမ်းညွှန် စာအုပ်လေးပါ။ 3D အကြောင်း စိတ်ဝင်းစားသူများအတွက် အဆင်ပြေမဲ့ စာအုပ်တစ်အုပ်ပါ။
Posted by ဝတီ
Posted by ဝတီ
Friday, May 25, 2012
Easy way to speak English (2)
I’ve decide to + Verb
မိမိတစ်ခုတစ်ခုကို ပြုလုပ်ဖို့ဆုံးဖြတ်ပြီးဖြစ်တဲ့အကြောင်းပြောတဲ့အခါ I have
decide to ဆိုတဲ့ စကားလုံး အတွဲကို ကျက်မှတ်ထားပြီး နောက်က Verb
အမျိုးမျိုးပြောင်းလဲတွဲပေးကာ မိမိပြောချင်တဲ့ စိတ်ကူးအတွေး တွေကို
အမျိုးမျိုးပြောဆိုနိုင်ပါတယ်။
ဥပမာ ၀ါကျတွေကို လေ့လာကြည့်ရအောင်………
I’ve decide to accept the job.
ကျွန်တော်အလုပ်ကို လက်ခံဖို့
ဆုံးဖြတ်ပြီးပြီ။
I’ve decide to complete my
degree.
ကျွန်တော် ဘွဲ့ရသည်အထိ သင်ယူဖို့
ဆုံးဖြတ်ပြီးပြီ။
I’ve decide to change my bad
habits.
ကျွန်တော့ရဲ့မကောင်းတဲ့အကျင့်တွေကို
ပြောင်းလဲဖို့ ဆုံးဖြတ်ပြီးပြီ။
xxxxxxxxxxxxxxxxxxxxxxxxxxxxx
I was about to + Verb
တစ်ခုခုကိုလုပ်ခါနီးမှာ၊ တစ်ခုခုဖြစ်ပျက်တယ်လို့ပြောဆိုတဲ့အခါမှာ I was
about to +verb ပုံစံနဲ့ပြောဆို နိုင်ပါတယ်။ ဥပမာ ထမင်းစားမယ်လုပ်တုန်း
ဧည့်သည်ရောက်လာတယ်။ ရေချိုးမယ်လုပ်နေတုန်း တယ်လီ ဖုန်းလာတယ် ဆိုတဲ့
သဘောမျိုးတွေမှာ သုံးနိုင်ပါတယ်။ “တော့မလို့” ဟု ဘာသာပြန်နိုင်ပါတယ်။
ဥပမာဝါကျတွေကိုလေ့လာကြည့်ပါဦး…………
I was about to go out.
ကျွန်တော်အပြင်သွားတော့မလို့။
I was about to go to dinner.
ကျွန်တော် ညစာစားဖို့
သွားတော့မလို့။
I was about to go to bed.
ကျွန်တော်အိပ်ယာထဲဝင်တော့မလို့။
I was about to go to work.
ကျွန်တော်အလုပ်သွားတော့မလို့
I was about to send you an
e-mail.
ကျွန်တော် ခင်ဗျားကို
အီးမေလ်းတစ်စောင့် ပို့တော့မလို့။
Thursday, May 24, 2012
Tuesday, May 22, 2012
အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု တိုးတက်စေမည့် နည်းလမ်း (၇၀) - အပိုင်း (၉)
၄၁။ မှတ်စုတွေအားလုံးလွှင့်ပစ်လိုက်ပြီး အသစ်ပြန်စနိုင်ပါတယ်။
တချို့လူတွေအတွက် စာမသင်ချင်တော့ဘဲ နောက်ဆုတ်သွားရတဲ့ အကြောင်းတစ်ခုကတော့
တစ်ဝက်တစ်ပျက်ပဲ ဖတ်ရသေးတဲ့ စာအုပ်တွေက အပုံလိုက်၊ ကျက်ရမယ့် Vocubulary
စာရင်းကလည်း အရှည်ကြီးဖြစ်နေတာပါဘဲ။ အဲဒါတွေအကုန်လုံးကို ဘေးဖယ်ထားလိုက်ပြီး အစကနေ
အသစ်တဖန် ပြန်စမယ်ဆိုရင် စိတ်အားထက်သန်ပြီး စာပြန်ဖတ်ဖြစ် လာနိုင်ပါတယ်။
၄၂။ အိမ်ထဲကပစ္စည်းတွေ၊ ရုံးကပစ္စည်းတွေမှာ post-it စာရွက်လေးတွေနဲ့
အခေါ်အဝေါ်တွေ ရေးပြီး ကပ်ထားနိုင်ပါတယ်။ နေ့စဉ် မြင်တွေ့အသုံးပြုနေတဲ့ အရာဝတ္ထုအမည်
ဝေါဟာရတွေကို အလွယ်ဆုံး သင်ယူနည်းပဲဖြစ်ပါတယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ အရာဝတ္ထုတွေရဲ့
အမည်တွေကို စာရွက်ကလေးတွေနဲ့ ရေးပြီး လိုက်ကပ်ထားမယ်ဆိုရင် အသုံးဝင်တဲ့ ဝေါဟာရတွေ
တတ်မြောက်လာဖို့ အင်မတန်ကောင်းတဲ့ နည်းလမ်းဖြစ်ပါတယ်။ လာမယ့်နေ့တွေ၊ ရက်သတ္တပတ်တွေမှာ
အဲဒီ Vocabulary တွေကို ဆက်ပြီး ကပ်ထားနိုင်ပါတယ်။ စနစ်တကျ တတ်မြောက်ပြီးတဲ့အထိ
Vocabulary ကို အလွယ်တကူပြန်နွှေးပြီး ဖြစ်သွားနိုင်ပါတယ်။
၄၃။ ရုပ်ပုံမှာစာတမ်းထိုးပါ။ တကယ့်ပစ္စည်းတွေမှာ စာတမ်းမထိုးနိုင်ဘူးဆိုရင်
ဒုတိယအကောင်းဆုံး နည်းလမ်းကတော့ ရုံးခန်းလိုမျိုး နေ့စဉ်ဘ၀ တကယ်တမ်း
ကြုံတွေ့နေရတဲ့ နေရာကို ဓာတ်ပုံရိုက်လိုက်ပြီး Printer နဲ့ထုတ်၊ ပြီးရင်
ပုံမှာပါတဲ့ အရာဝတ္ထုတွေအားလုံးကို အင်္ဂလိပ်လို စာတမ်းထိုးဖို့ဖြစ်ပါတယ်။
အဘိဓာန်ရဲ့အကူအညီနဲ့ စာတမ်းထိုးပါ။ ဘူတာရုံလိုမျိုး နေ့စဉ်ဖြတ်သန်းသွားရတဲ့
နေရာတွေကိုလည်း အလားတူ ဓာတ်ပုံရိုက်၊ Print ထုတ်၊ စာတမ်းထိုးနိုင်ပါတယ်။
ဒီမြင်ကွင်းကိုပဲ ထပ်ကာထပ်ကာ မြင်ရမှာဖြစ်တဲ့အတွက် အရာဝတ္ထုတွေအတွက် ဝေါဟာရတွေကို
အလွယ်တကူ တတ်မြောက်သွားမှာ ဖြစ်ပါတယ်။
Monday, May 21, 2012
ဗွီဒီယိုတည်းဖြတ်မူဆိုင်ရာ နည်းပညာစာအုပ်
Easy way to speak English (1)
ဒီကဏ္ဍမှာ ကျွန်တော်တို့သိထားသင့်တဲ့စကားစုတွေ၊
စကားလုံးတွဲတွေကို လေ့လာဖို့အပြင်၊ အစားထိုးရမယ့် နေရာမှာ စိတ်ကူးရှိသလို လိုအပ်တဲ့စကားလုံးတွေကို
ပြောင်းလဲအသုံးပြုနိုင်မယ်ဆိုရင် သဒ္ဒါစည်းမျဉ်းလည်း စဉ်းစားစရာ မလိုပဲ လွယ်လွယ်ကူကူနဲ့စကားတွေပြောနိုင်ပါလိမ့်မယ်။
ကဲ့ လေ့လာကြည့်ရအောင်ဗျာ…..။
I don’t have time to + (Verb)
မိမိတစ်စုံတစ်ခုကို ပြုလုပ်ဖို့အချိန်မရှိတဲ့
အကြောင်းပြောတဲ့အခါမှာ I don’t have time to ဆိုတဲ့ စကား လုံးတွဲကို ကျက်မှတ်ထားပြီး
နောက်က Verb အမျိုးမျိုးပြောင်းလဲတွဲပေးခြင်းဖြင့် မိမိရဲ့ လတ်တလောအခြေ အနေကို ပြောပြနိုင်ပါတယ်။
ဥပမာအားဖြင့်-
I don’t have time to
explain.
ကျွန်တော့်မှာရှင်းပြဖို့
အချိန်မရှိဘူး။
I don’t have time to
eat.
ကျွန်တော့်မှာ စားဖို့အချိန်မရှိဘူး။
I don’t have time to
exercise.
ကျွန်တော့်မှာ လေ့ကျင့်ဖို့
အချိန်မရှိဘူး။
I don’t have time to
watch my favourite TV Show.
အနှစ်သက်ဆုံး တီဗီကြည့်ဖို့
ကျွန်တော့်မှာအချိန်မရှိဘူး။
I don’t have time to
talk.
ကျွန်တော့်မှာစကားပြောဖို့
အချိန်မရှိဘူး။
မိမိမနှစ်သက်တဲ့အရာ၊ မိမိနားမလည်တဲ့အရာ၊
မိမိမလုပ်ချင်တဲ့ကိစ္စတွေအကြောင်း ပြောချင်ရင်တော့-
ကျနော်တို့သိပြီးသား I don't ဆိုတဲ့ စကားလုံးတွဲကို အလွတ်ကျက်ထားပြီး နောက်ဘက်က ကြိယာတွဲလုံး
စကားစု (Verb phrase) တွေအမျိုးမျိုး ပြောင်းလဲ ထည့်ပေးကာ ပြောဆိုနိုင်ပါတယ်။ နောက်ဘက်က
ပြောင်းလဲထည့်ပေးတဲ့ Verb phrase တွေက V 1 ပုံစံဖြစ်ရပါမယ်။
ဥပမာအားဖြင့်-
Sunday, May 20, 2012
Internet ကနေ Mobile Phone တွေဆီ Free SMS ပို့ကြရအောင်
ခေါင်းစဉ်လေးကိုဖတ်လိုက်တာနဲ့တင်ဘဲ
အားလုံးစိတ်ဝင်စားသွားကြမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီwebsite လေးက
ဘယ်လောက်တောင်အဆင်ပြေလည်းဆိုရင် Register လည်းလုပ်စရာမလိုဘူး။ တခါတည်းတန်းပြီး
နိုင်ငံရွေး ဖုန်းနံပါတ်ရေးပြီး Message ရိုက်ပြီးတာနဲ့ တန်းပို့လိုက်ရုံပါပဲ။ အရမ်းလွယ်ပါတယ်။
အားလုံးအဆင်ပြေမယ်လို့ ထင်ပါတယ်။ ပြည်ပနိုင်ငံများအချင်းချင်းလဲ ပို့လို့
အဆင်ပြေပါတယ်။ စမ်းပြီးသုံးကြည့်ပါ။ အောက်မှာအသုံပြုပုံကို ပုံလေးတွေနဲ့ သေချာစွာ
ရှင်းပြပေးထားပါတယ်။
Subscribe to:
Posts (Atom)
