Friday, June 08, 2012

အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု တိုးတက်စေမည့် နည်းလမ်း (၇၀) - အပိုင်း (၁ဝ)

၄၆။ အင်္ဂလိပ်ဘာသာနဲ့ထုတ်လွှင့်တဲ့ ရေဒီယိုသတင်းကိုနားထောင်ပါ။ ပိုလွယ်အောင်လို့ သတင်းကို အင်္ဂလိပ်လို ဖတ်ထားပြီးမှ နားထောင်နိုင်ပါတယ်။ ဒါမှမဟုတ် ကိုယ့်ရဲ့ဘာသာစကားနဲ့ သတင်းကို ကြိုဖတ် ကြိုနားထောင်ထားနိုင်ပါတယ်။
၄၇။ အင်္ဂလိပ်ဘာသာ သတင်းစာကို ဖတ်ပါ။ လန်ဒန်မှာ Metro သတင်းစာလို အခမဲ့ရတဲ့ သတင်းစာတွေက ဖတ်လို့ အလွယ်ဆုံး ဖြစ်တတ်ပါတယ်။ အဲဒီနောက်တော့ အင်္ဂလိပ်ဘာသာ အသုံးအနှုန်း ခက်ခဲမှု အလယ်အလတ်အဆင့်ရှိတဲ့ Daily Express သတင်းစာ၊ Daily Mail သတင်းစာတွေ ရှိပါတယ်။ The Sun လိုမျိုး လူကြိုက်များတဲ့ သတင်းစာတွေကတော့ မျက်နှာဖုံးသတင်းခေါင်းစဉ်တွေ၊ ဆောင်းပါးတွေမှာ Idiom တွေ၊ ဘန်းစကားအသုံးအနှုန်းတွေ နောက်ပြီးတော့ ဟာသတွေလည်း ထည့်ရေးထားတဲ့အတွက်ကြောင့် ပိုပြီးတော့ ခက်ခဲတတ်ပါတယ်။
၄၈။ အင်္ဂလိပ်လိုဝတ္ထုရေးပါ။ ဥပမာ ၀တ္ထုတိုရေးနိုင်ပါတယ်။ နေ့တိုင်းဘာတွေဖြစ်ပျက်တယ်ဆိုတာကို နေ့စဉ်မှတ်တမ်းရေးရတာ ပျင်းရိငြီးငွေ့သူတွေအတွက် အကောင်းဆုံးကတော့ စိတ်ကူးစိတ်သန်းရှိတဲ့အတိုင်း ခေါင်းထဲဝင်လာတာတွေကို လွတ်လွတ်လပ်လပ် ရေးခြင်း ဖြစ်ပါတယ်။ ဒီအတွက် ကောင်းကျိုးကတော့ အင်္ဂလိပ်လိုတစ်ခုခုကို ဘယ်လို ပြောရမလဲ စဉ်းစားလို့မရဘူးဆိုရင် ရေးလို့လွယ်တဲ့ အကြောင်းအရာ တစ်ခုကို ပြောင်းလဲလိုက်လို့ ရပါတယ်။ အင်္ဂလိပ်လို ၀တ္ထုစရေးဖို့ အလွယ်ကူဆုံးနည်းလမ်းကတော့ နေ့စဉ်မှတ်တမ်းရေးတာကနေစပြီး အသေးစိတ် အချက်အလက်လေးတွေကို ပြောင်းပြီးတော့ စိတ်ဝင်စားစရာ ဖြစ်လာအောင် လုပ်နိုင်ပါတယ်။ ၃ပတ် ၄ပတ် စသည်ဖြင့် အချိန်ကြာလာတာနှင့်အမျှ စိတ်ကူးယဉ်အချက်တွေကို ပိုပြီးတော့ထည့်နိုင်ပါတယ်။

Thursday, June 07, 2012

New Big Money


    မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တစ်သောင်းကျပ်တန်ငွေစက္ကူအမျိုးအစားသစ်ကို ၂၀၁၂ခုနှစ် ဇွန်လ၁၅ရက်တွင် စတင်ထုတ်ဝေမည်ဖြစ်ကြောင်း ယနေ့ညနေ (ဇွန်၇ရက်) ၆နာရီသတင်းတွင် တရားဝင်ကြေညာခဲ့သည်။
  အဆိုပါငွေစက္ကူအမျိုးအစားသစ်ကို အများပြည်သူအား ဘဏ်ဖွင့်ချိန် အ တွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ငွေကြေးဌာန၊ ဘဏ်များနှင့်အစိုးရငွေတိုက်များတွင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုလက်ရှိတရားဝင် လှည့်လည်သုံးစွဲလျက်ရှိသည့် ငွေစက္ကူများနှင့် ငွေအကြွေများသည် တရားဝင်သုံးစွဲငွေများအဖြစ် ဆက်လက်တည်ရှိသွားမည်ဖြစ်ကြောင်းလည်း အဆိုပါသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
              တစ်သောင်းကျပ်တန်ငွေစက္ကူသစ်၏အရွယ်အစားမှာ 15x7 စင်တီမီတာရှိပြီး လက်ရှိသုံးစွဲနေသော ကျပ်၁၀၀၀တန်(အသေး)နှင့်ကျပ်ငါးထောင်တန်တို့နှင့်အရွယ်အစားတူညီသည်။
ပေါ်လွင် ထင်ရှားသောအရောင်မှာ အပြာရောင်ဖြစ်ပြီး၊ မျက်နှာစာတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်မြေပုံ၊ သပြေခက်နှစ်ခက်နှင့် ဆင်ဖြူနှစ်စီးနှင့် ကြာဖြူတစ်ပွင့်တို့ဖြင့် ဖွဲ့စည်းရိုက်နှိပ်ထားသည်။
“ထူး၂ခြား၂ဖြစ်မယ်မထင်ဘူး။         ငါးထောင်တန်ထွက်တုန်းကလည်း ငွေကြေးဖောင်းပွမှုနဲ့ပတ်သက်ပြီး ပြောခဲ့ကြတယ်။ ဒါပေမယ့် မဖြစ်ခဲ့ဘူး။ အခုလည်းဖြစ်မယ်မထင်ဘူး”ဟု စီးပွားရေးပညာရှင် ဦးခင်မောင်ညို(ဘောဂဗေဒ)ကသုံးသပ်ပြောကြားသည်။
Posted by ဂျစ်တီး

Sunday, June 03, 2012

အင်္ဂလိပ်ဘာသာစကား ပြောဆိုရေးသားရာတွင် သွက်လက်ချောမွေ့မှုရှိခြင်း

ဤဆောင်းပါးကို Alireza ZareaBecoming Fluent in Speaking and Writing English အား ဆီလျော်သလို ဘာသာပြန်ဆိုထားပေးထားခြင်း ဖြစ်ပါသည်။
အင်္ဂလိပ်ဘာသာစကားကို သွက်သွက်လက်လက် ချောချောမွေ့မွေ့ ပြောဆိုချင်တယ်ဆိုရင် အခုပေးမယ့် အကြံအတိုင်း လိုက်နာပြီး ကြိုးစားကြည့်ပါ။ အင်္ဂလိပ်စကားသင်ရာမှာ တတ်မြောက်ဖို့ လိုအပ်တဲ့ ကျွမ်းကျင်မှု ၄မျိုးရှိပါတယ်။ အဖတ်၊ အကြား၊ အပြောနဲ့ အရေး ကျွမ်းကျင်မှုတွေ ဖြစ်ပါတယ်။
သတိပြုရမယ့် အရေးကြီးဆုံးအချက်ကတော့ အဖတ်နဲ့ အကြား ကျွမ်းကျင်မှုတွေဟာ လက်ခံရယူတဲ့ ကျွမ်းကျင်မှုတွေဖြစ်ပြီး အပြောနဲ့ အရေးကတော့ ထုတ်ဖော်သိစေတဲ့ ကျွမ်းကျင်မှုတွေ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ဆိုရရင် အပြောနဲ့ အရေး ကျွမ်းကျင်မှုတွေ တိုးတက်ကောင်းမွန်စေဖို့ အဖတ်နဲ့ အကြား ကျွမ်းကျင်မှုတွေကို အရင်ဆုံး ပိုင်နိုင်ထားရမှာ ဖြစ်ပါတယ်။ အဲဒီလို ပိုင်နိုင်လာဖို့ နည်းလမ်းအချို့ ရှိပါတယ်။ အကျဉ်းချုပ် ပြောပြပါမယ်။

Thursday, May 31, 2012

ယူရို ၂၀၁၂ ယှဉ်ပြိုင်ကစားမည့် ဘောလုံးကွင်းကြီးများအကြောင်း

ယူရို ၂၀၁၂ ယှဉ်ပြိုင်ကစားမည့် ပိုလန်နိုင်ငံနှင့် ယူကရိန်းနိုင်ငံမှ ဘောလုံးကွင်းကြီးများအကြောင်းကို ဘောလုံးချစ်သူ စာဖတ်သူများ သိရှိစေရန်အလို့ငှာ တင်ဆက်ပေးလိုက်ရပါသည်။
ယူကရိန်းနိုင်ငံမှ ဘောလုံးကွင်းကြီးများ
ကိဗ်အိုလံပစ် စတေဒီယမ် ( ပရိသတ် ၀င်ဆန့်မှု – ၆၀၀၀၀ )
ကိဗ် အိုလံပစ်ဘောလုံးကွင်းကြီးကို ယူကရိန်းနိုင်ငံမြို့တော် ကိဗ်ယက် တွင် တည်ဆောက်ထားသည်။ အဆိုပါကွင်းကြီးသည် လက်ရှိယူကရိန်းတွင် အကြီးဆုံးကွင်းကြီးအဖြစ် သတ်မှတ်ထားပြီး ယူကရိန်း ကလပ် ဒိုင်နမိုကိဗ်အသင်း ပိုင်ဆိုင်သောကွင်းကြီးလည်း ဖြစ်သည်။
ထိုကွင်းကြီးတွင် ယူရို ၂၀၁၂ ပြိုင်ပွဲ၏ ဗိုလ်လုပွဲစဉ်ကို ယှဉ်ပြိုင်ကစားရန် စီစဉ်ထားပြီး၊ ကွာတားဖိုင်နယ် ပွဲစဉ်တစ်ပွဲနှင့် ယူကရိန်းအသင်း ပါဝင်သောအုပ်စုပွဲစဉ်များကိုလည်း အဆိုပါကွင်းတွင်ပင် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
နယူးအယ်လ်ဗစ် စတေဒီယမ် (ပရိသတ် ၀င်ဆန့်မှု – ၃၀၀၀၀)
အဆိုပါကွင်းကို ယူကရိန်းဘောလုံးကလပ် FC Lviv အသင်းပိုင်ဆိုင်ပြီး ယူကရိန်းနိုင်ငံ အနောက်ပိုင်းမြို့တော်ဟု ခေါ်တွင်သည့် Lviv မြို့တွင် တည်ဆောက်ထားသည်။ အဆိုပါကွင်းတွင် ဂျာမနီ၊ ပေါ်တူဂီ၊ ဒိန်းမတ်နှင့် ဟော်လန်အသင်း တို့ပါဝင်သော အုပ်စုပွဲစဉ် အချို့ကို လက်ခံကျင်းပမည် ဖြစ်သည်။

Wednesday, May 30, 2012

Easy way to speak English (3)

East way to speak English ကဏ္ဍမှာ အင်္ဂလိပ်စကားပြောတဲ့အခါ အလွယ်တကူသုံးလို့ရမယ့် စကားစုတွဲလုံး (phrase) တွေကို ဆက်လက်ဖော်ပြလိုက်ပါတယ်။
I have to + (Verb)
ဖော်ပြထားတဲ့ have to (ဒါမှမဟုတ်) has to ဟာ အကူကြိယာစကားလုံးဖြစ်တဲ့ must နဲ့အဓိပ္ပါယ်တူပါတယ်။ တစ်ခုခုကိုလုပ်ဖို့ တာဝန်ရှိတဲ့သဘော၊ မဖြစ်မနေလုပ်ရမယ့်သဘောမျိုးကို ဆိုလိုပါတယ်။
ရန်ရှိတယ်/ဖို့ ရှိတယ် (သို့) ရမယ် စသည်ဖြင့် ဘာသာပြန်ဆိုနိုင်ပါတယ်။ ဥပမာအားဖြင့် -
လေ့လာဖို့ရှိတယ်၊ သွားဖို့ရှိတယ်၊ လုပ်ဖို့ရှိတယ်… စသည့်ဖြင့် ပြောဆိုလိုတဲ့အခါမှာ သုံးရပါတယ်။
ဥပမာ ၀ါကျတွေကို လေ့လာကြည့်ရအောင်…
    I have to switch school.
    ကျွန်တော် ကျောင်းပြောင်းဖို့ရှိတယ် (= ကျောင်းပြောင်းရမယ်)
    I have to use the telephone.
    ကျွန်တော် တယ်လီဖုန်းသုံးဖို့ရှိတယ်။
    I have to go to the bathroom.
    ကျွန်တော် သန့်စင်ခန်းကို သွားရမယ်။
    I have to leave.
    ကျွန်တော်ထွက်ခွာရမယ်။
အထက်ဖော်ပြပါ ဥပမာဝါကျတွေနဲ့ အမေးစကားပြောချင်ရင်တော့…….
    Do you have to use the telephone?
    Do you have to switch schools? အစရှိသဖြင့် ပြန်လည်မေးခွန်းထုတ်နိုင်ပါတယ်။
ဖော်ပြခဲ့တဲ့ မဖြစ်မနေလုပ်ရမယ့် ကိစ္စတွေကို လုပ်ဖို့ မလိုဘူး၊ လုပ်ဖို့မရှိဘူး၊ မလုပ်ရဘူးလို့ ပြောချင်ရင်တော့ I don’t have to + (Verb) ပုံစံနဲ့ ပြောဆိုနိုင်ပါတယ်။
ဥပမာဝါကျတွေကိုလေ့လာကြည့်ပါ။

Tuesday, May 29, 2012

စင်္ကာပူနိုင်ငံ၌ ဇွန်လတွင် ကျင်းပမည့် ဆရာတော်အရှင်ဇဝန(မေတ္တာရှင်-ရွှေပြည်သာ) တရားပွဲဖိတ်ကြားလွှာ

လာမည့်ဇွန်လအတွင်းမှာ ဆရာတော်အရှင်ဇဝန (မေတ္တာရှင်-ရွှေပြည်သာ) မှ စင်္ကာပူ-အင်ဒိုနီးရှား-မလေးရှားနိုင်ငံများသို့ ကြွရောက်ရန်ရှိပြီး စင်္ကာပူနိုင်ငံသို့ရောက်ရှိစဉ်ကာလအတွင်း မေတ္တာရှင်ဖောင်ဒေးရှင်း(စင်္ကာပူ)၊ စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းမှကြီးမှူး၍ တစ်ရက်တာ တရားပွဲကျင်းပသွားမည်ဖြစ်ရာ နိဗ္ဗာန်ရောက်ကြောင်းတရားတော်များကို လာရောက်နာယူနိုင်ရန် အောက်ပါအစီအစဉ်အတိုင်း လေးမြတ်စွာဖိတ်ကြားအပ်ပါသည်။

Photoshop Cs5 (မြန်မာလို)

Photoshop လေ့လာလိုသူများအတွက် ရည်ရွယ်၍ တင်ပေးလိုက်ပါတယ်။
Posted by ဝတီ

Monday, May 28, 2012

အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ (၈)

Just a minute (ခဏလေးစောင့်ပါ)
You say just a minute when you want someone to wait for a very short time:
ခဏလေးစောင့်ပါ  just a minute ကို တစ်စုံတစ်ယောက်အား အချိန်အနည်းငယ် စောင့်စေလိုသောအခါ အသုံးပြုပါသည်။
  1. 'Can you give me Pat's phone number?'
      Pat ရဲ့ ဖုန်းနံပါတ်ပေးနိုင်မလား။
      'Just a minute and I'll look it up in my address book.'
      ခဏလေးစောင့်ပါ။ လိပ်စာစာအုပ်ထဲမှာ ရှာပေးမယ်။
  2. 'Do you know where Ken's new house is?' 'Just a minute and ask my son. He's a friend of Ken's daughter.'
      Ken ရဲ့အိမ်က ဘယ်နားမှာလဲဆိုတာ သိလား? ခဏလေးစောင့်ပါ ငါ့သားကိုမေးလိုက်ဦးမယ်။ သူက Ken သမီးရဲ့ သူငယ်ချင်းလေ။
Suit yourself! (မင်းကြိုက်သလိုသာလုပ်)
You say suit yourself! in an angry way to tell someone that they can do what they want even though that is not what you want:
မင်းကြိုက်သလိုသာလုပ် suit yourself ကို သင်က မလုပ်စေချင်သော်လည်း ထိုအကြောင်းကိစ္စနှင့်ပတ်သက် ၍ တစ်စုံတစ်ဦးအား ၄င်းကြိုက်သလို လုပ်နိုင်ကြောင်းကို စိတ်ဆိုးသောအားဖြင့် ပြောရာတွင် အသုံးပြုသည်။
  1. Suit yourself! You can stay longer at the party if you like, but I'm going home now!
      မင်းကြိုက်သလိုသာလုပ်။ ပါတီမှာ မင်းအချိန်ကြာကြာ ဆက်နေချင်ရင်နေ။ ငါကတော့ အခုပဲ အိမ်ပြန်တော့မယ်။
  2. I don't really want to go to the cinema this evening.'
      တကယ်တော့ ဒီညနေ ရုပ်ရှင်ရုံကို မသွားချင်ဘူး။
      'Suit yourself'!I’ll go by myself then!'
      မင်းကြိုက်သလိုသာလုပ်။ ဒါဖြင့်ရင် ငါ့ဘာသာငါပဲ သွားတော့မယ်။

Sunday, May 27, 2012

3D Studio Max အသုံးပြုနည်း (မြန်မာလို)

3D Studio Max အကြောင်း အသုံးပြုနည်းလမ်းညွှန် စာအုပ်လေးပါ။ 3D အကြောင်း စိတ်ဝင်းစားသူများအတွက် အဆင်ပြေမဲ့ စာအုပ်တစ်အုပ်ပါ။
Posted by ဝတီ

Friday, May 25, 2012

Easy way to speak English (2)

I’ve decide to + Verb
မိမိတစ်ခုတစ်ခုကို ပြုလုပ်ဖို့ဆုံးဖြတ်ပြီးဖြစ်တဲ့အကြောင်းပြောတဲ့အခါ I have decide to ဆိုတဲ့ စကားလုံး အတွဲကို ကျက်မှတ်ထားပြီး နောက်က Verb အမျိုးမျိုးပြောင်းလဲတွဲပေးကာ မိမိပြောချင်တဲ့ စိတ်ကူးအတွေး တွေကို အမျိုးမျိုးပြောဆိုနိုင်ပါတယ်။
ဥပမာ ၀ါကျတွေကို လေ့လာကြည့်ရအောင်………
    I’ve decide to accept the job.
    ကျွန်တော်အလုပ်ကို လက်ခံဖို့ ဆုံးဖြတ်ပြီးပြီ။
    I’ve decide to complete my degree.
    ကျွန်တော် ဘွဲ့ရသည်အထိ သင်ယူဖို့ ဆုံးဖြတ်ပြီးပြီ။
    I’ve decide to change my bad habits.
    ကျွန်တော့ရဲ့မကောင်းတဲ့အကျင့်တွေကို ပြောင်းလဲဖို့ ဆုံးဖြတ်ပြီးပြီ။
xxxxxxxxxxxxxxxxxxxxxxxxxxxxx
I was about to + Verb
တစ်ခုခုကိုလုပ်ခါနီးမှာ၊ တစ်ခုခုဖြစ်ပျက်တယ်လို့ပြောဆိုတဲ့အခါမှာ I was about to +verb ပုံစံနဲ့ပြောဆို နိုင်ပါတယ်။ ဥပမာ ထမင်းစားမယ်လုပ်တုန်း ဧည့်သည်ရောက်လာတယ်။ ရေချိုးမယ်လုပ်နေတုန်း တယ်လီ ဖုန်းလာတယ် ဆိုတဲ့ သဘောမျိုးတွေမှာ သုံးနိုင်ပါတယ်။ “တော့မလို့” ဟု ဘာသာပြန်နိုင်ပါတယ်။
ဥပမာဝါကျတွေကိုလေ့လာကြည့်ပါဦး…………
    I was about to go out.
    ကျွန်တော်အပြင်သွားတော့မလို့။
    I was about to go to dinner.
    ကျွန်တော် ညစာစားဖို့ သွားတော့မလို့။
    I was about to go to bed.
    ကျွန်တော်အိပ်ယာထဲဝင်တော့မလို့။
    I was about to go to work.
    ကျွန်တော်အလုပ်သွားတော့မလို့
    I was about to send you an e-mail.
    ကျွန်တော် ခင်ဗျားကို အီးမေလ်းတစ်စောင့် ပို့တော့မလို့။