ကျွန်တော်၏
အပိုင်းအစများမှာ အပိုင်းအစများသာ ဖြစ်၏။ ဤကမ္ဘာမြေနှင့်ဆက်စပ်ပက်သက်သော အကြောင်းအရာများ
လည်းဖြစ်၏။ အခြားဂြိုလ်ကမ္ဘာအကြောင်းများ မပါဝင်။ အကြောင်းမှာ ကျွန်ုပ်သည် ဤကမ္ဘာမြေပေါ်တွင်သာ
နေထိုင် နေသောကြောင့် ဖြစ်၏။
ဗုဒ္ဓ၊ ဗိုလ်ချုပ်
တရံရော အခါက
ကျွနု၏လက်ထဲသို့ ထိုအချိန်က ခေတ်စားနေသော “ရေးပေးပါ” ဟူသော စာအုပ်လေး ရင်းနှီးသူတစ်ယောက်ထံမှ
ရေးပေးရန် လက်ခံရ၏။ ကိုယ်ရေးအကြောင်းအရာများ ရေးပေးရန်ဖြစ်ပါ၏။ တချို့က ကိုယ့်အကြောင်းအရာများကို
ဟာသနှော၍ရေး၏။ တချို့ကလည်း သွယ်ဝိုက်၍ရေး၏။ တချို့က အတည်ရေး၏။ မည်သို့ပင်ရေးစေကာမူ
သူ့အကြိုက်၊ ကိုယ့်အကြိုက်သိရ၍ ဆက်ဆံရေးတွင် အရေးပါ၏။ ကောင်းပါ၏။ ကျွန်ုပ်လည်း ရေးခွင့်
ကြုံတုန်း ကိုယ့်အကြောင်းအရာများ အတန်သင့် ရေးလိုက်၏။ ဤလောက၌ မိမိချစ်ခင်လေးစားရသူများဖော်ပြရာတွင်
ဗုဒ္ဓ၊ ဗိုလ်ချုပ် ဟုဖော်ပြခဲ့၏။ ယခု အတန်ငယ် ဆင်ခြင်တုံ တရားလေးရလာတော့ အဆိုပါအကြောင်းအရာကို
ကိုယ့်ကိုယ်ကို ပြန်သုံးသပ်မိ၏။ အထက်ပါ ပုဂိုလ်များကို မိမိ အမှန်တကယ် ချစ်ခင်လေးစားပါရဲ့လား။
အမှန်တကယ် ချစ်ခင်လေးစားပါမူ ထိုသူတို့ ချမှတ်ထားသော ဝါဒများကို မမှိတ်မသုန် လိုက်နာကျင့်သုံးနိုင်ရမည်။
ဒါမှ ချစ်ခင်လေးစားရာရောက်၏။ ဗုဒ္ဓမြတ်စွာဘုရားမှ ငါဘုရား ဟောကြားထားသော တရားတော်တို့ကို
လိုက်နာကျင့်ကြံပါမူ ငါဘုရားနှင့် အနေနီးသည်မည်၏။ ထိုသို့ မဟုတ်မူကား ငါဘုရားနှင့်
အနေဝေးသည် မည်၏ ဟု ဟောကြားထား၏။ ဗိုလ်ချုပ်သည်လည်း ကိုယ်ကျိုးအတ္တ မကြီးရာတွင် နာမည်ကျော်၏။
တိုင်းပြည်ကောင်းစားရေး အတွက်မမှတ်မသုန် လုပ်ရာတွင် နာမည်ကြီး၏။ စာရင်းချုပ်လိုက်တော့
ငါထိုသူတို့ကို အမှန်မချစ်သေး ဟူ၏။




