Wednesday, July 18, 2012

အခြေခံ အင်္ဂလိပ်သဒ္ဒါစည်းမျဉ်းများ အပိုင်း (၁)

အခြေခံ အကျဆုံးနဲ့ အရေးကြီးဆုံး အင်္ဂလိပ်သဒ္ဒါစည်းမျဉ်းတွေကတော့ ၀ါကျဖွဲ့စည်းပုံနဲ့ တိုက်ရိုက် ပတ်သက်တဲ့ စည်းမျဉ်းများဘဲ ဖြစ်တယ်။ အောက်ပါစည်းမျဉ်းမျိုးဖြစ်တယ်။
  • ကတ္တား Subject က အနည်းကိန်း Singular ဆိုရင် ၀ါကျရဲ့အဆိုပိုင်း Predicate ကလည်း အနည်းကိန်း Singular ဘဲဖြစ်ရမယ်။
  • ၀ါကျ Sentence တစ်ကြောင်းမှာ ပြည့်စုံတဲ့ အတွေးကို ဖော်ပြရမယ်။
ဝါကျ Sentence ကို နောက်တစ်မျိုးခေါ်တာက သီးခြားလွတ်လပ်တဲ့ ၀ါကျကဏ္ဍ independent clause ဖြစ်တယ်။
  • ၀ါကျကဏ္ဍ Cause တွေက ၀ါကျ Sentence တွေလိုဘဲ ကတ္တား Subject နဲ့ အဆိုပိုင်း Predicate ပါဝင်တယ်။ စကားစုတစ်ခုမှာ ကတ္တား Subject နဲ့ အဆိုပိုင်း predicate မပါဘူးဆိုရင် စကားစု Phrase လို့ဘဲ ခေါ်တယ်။
  • သီးခြားရပ်တည်နိုင်ပြီး ပြည့်စုံတဲ့ အတွေးတစ်ခုကို ဖော်ပြရင် ၀ါကျ Sentence ဖြစ်တယ်။
  • ပြည့်စုံတဲ့ အတွေးတစ်ခုကို မဖော်ပြရင် မှီခိုဝါကျကဏ္ဍ dependent clause လို့ ခေါ်တယ်။ ဥပမာ “when I finish my work” (အလုပ်ပြီးသောအခါ) ဆိုတာဟာ မှီခိုဝါကျကဏ္ဍ dependent clause ဖြစ်တယ်။
ဒါဆိုရင် အခြေခံ ၀ါကျ ဖွဲ့စည်းပုံ အင်္ဂလိပ်သဒ္ဒါစည်းမျဉ်းတွေက ဘာကို ဆိုလိုပါသလဲ
ကတ္တား Subject နှင့် အဆိုပိုင်း Predicate
ဘယ်ဘာသာမှာမဆို ၀ါကျ sentence က အခြေခံဖြစ်တယ်။ ကတ္တား  Subject နဲ့ အဆိုပိုင်း Predicate ပါဝင်ပြီး ပြည့်စုံတဲ့ အတွေးကို ဖော်ပြတယ်။ ကတ္တား  Subject နဲ့ အဆိုပိုင်း Predicate ဆိုတာ ဘာလဲလို့ မေးရင်

Saturday, July 14, 2012

၁၉၆၂ ခုနှစ်မှ ယနေ့အထိ ဖုံးကွယ်ဖျောက်ဖျက်ထားခြင်းခံရသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း


အောက်ပါ မိန့်ခွန်းမှာ ဂျပန်ခေတ် ၁၉၄၄ -ခု မတ်လ ၁၃ ရက်နေ့ နံနက်အချိန်တွင် မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဆင်း ပွဲ၌ ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိနှင့် စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသော မိန့်ခွန်းတရပ် ဖြစ်ကြောင်း။ သူကျဆုံးသွားခဲ့ရသော ဤဇူလိုင်လတွင် သူ့အား ပြန်ပြောင်းသတိရမိသည့်အားလျှော်စွာ သူ၏ ပြောင် မြောက်သော မိန့်ခွန်းကို ရှာဖွေဖော်ပြလိုက်ရခြင်းဖြစ်ကြောင်း။
(ဗိုလ်ဥတ္တမကျော်)
…………………………………………………………………….
ရဲဘော်တို့
ယနေ့ ရဲဘော်တို့ အစုအချို့ဟာ စစ်ဗိုလ်လောင်းကလေးများအဖြစ် ဘွဲ့အဆင့်အတန်းကို ခံယူကြရတော့မယ်။ ယနေ့ အထိ ရဲဘော်တို့ဟာ ကျောင်းသားများဖြစ်ပြီး တာဝန်ရယ်လို့ မိမိတို့အပေါ်မှာ မရှိကြသေးဘူး။
ယနေ့ကျောင်းကထွက်ပြီး ဗမာ့တပ်မတော်အသီသီး ဋ္ဌာနအသီးသီးမှာ ရာထူးအလုပ်ဝတ္တရားများရတာနဲ့ တပြိုင်နက် ရဲ ဘော်တို့ အသီးသီးမှာ ကိုယ့်တာဝန်နှင့် ကိုယ့်ဝတ္တရားနှင့် ဖြစ်သွားပြီ။ ဒီလို ကိုယ့်တာဝန် ကိုယ့်ဝတ္တရားနှင့် ဗမာနိုင်ငံ တော်နဲ့ ဗမာ့တပ်မတော်ရဲ့ အမှုကိုထမ်းကြတဲ့အခါ ရဲဘော်တို့ကို မှာသင့်မှာရာ အချက်တွေကို ငါတို့မှာကြားလိုတယ်။
ပထမဆုံး ရဲဘော်တို့ကိုမှာချင်တာက ငါတို့ အခု ဗမာနိုင်ငံဟာ ကိုယ့်မင်းကိုယ့်ချင်းနိုင်ငံ ဖြစ်တယ်။ ဒို့တပ်မတော်ဟာ တနိုင်ငံလုံးတမျိုးသားလုံးရဲ့ အကျိုးအတွက်ဖြစ်တယ်။ ဒါကြောင့် ဒီနိုင်ငံ ဒီအကျိုးကို ကာကွယ်ရမယ့် ဗမာ့တပ်မတော် ဟာလည်း ဗမာတနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ်တယ်ဆိုတာ နားလည်ရမယ်။

Dependent's Pass နောက်ဆက်တွဲ

      ဟိုတလောက Dependent's Pass နဲ့ပတ်သက်လို့ Post တစ်ခုတင်ခဲ့ပါတယ်။ MoM ရဲ့  Laws ပြောင်းသွားပြန်တဲ့ အတွက် EP (သို့) S-Pass Holder တစ်ယောက်ဟာ အနည်းဆုံး လစာ $4000 ရမှ သူ့ရဲ့  မိသားစု ကို စင်္ကာပူသို့ အတူနေဖို့ ခေါ်လို့ ရပါတော့မယ်။ ဒါဟာ စက်တင်ဘာ (၁)ရက်နေ့ ကစပြီး အသက်ဝင်တော့မှာ ဖြစ်ပါတယ်။ စက်တင်ဘာ (၁)ရက်နေ့မတိုင်မီတော့ New Application တွေကို $2800 နဲ့ Approve လုပ်ပေးနေဦးမှာ ဖြစ်တယ်လို့တော့ MoM Website မှာဖော်ပြထားပါတယ်။ ဆိုတော့ လက်ရှိမှာ လစာ အနည်းဆုံး $2800 ရနေတဲ့ သူတွေအနေနဲ့ မိသားစုကို ခေါ်ထားချင်တယ်ဆိုရင် စက်တင်ဘာ (၁) ရက်နေ့မတိုင်မီမှာ အမြန်လျှောက်ရမှာ ဖြစ်ပါတယ်။ ဒီမှာ သွားကြည့်နိုင်ပါတယ်။ 
      ဒီနေရာမှာ မရှင်းတာလေးတွေရှိလာပါတယ်။ လက်ရှိ DP နဲ့နေ နေတဲ့သူတွေကို ဒီ ဥပဒေ အသစ်က ဘယ်လို Effect တွေသက်ရောက်မလဲ ဆိုတာနဲ့ အခြားဟာလေးတွေပေါ့။ MoM Website ရဲ့  FAQs မှာ PDF ဖိုင်လေးနဲ့ သိထားသင့်တဲ့ အချက်အလက် အတော်များများကို အမေးအဖြေ ပြုလုပ်ပေးထားပါတယ်။ ဒီမှာ ဖတ်ကြည့်နိုင်ပါတယ်။
       နားလည်သလောက်ဆိုရင်တော့ အခုလို သူတို့လုပ်တာက Non-resident population ကို လျှော့ချ ချင်တာက အဓိက အချက်ပဲ ဖြစ်ပါတယ်။
       FAQs မှာဖတ်ကြည့် ရသလောက် လက်ရှိ DP နဲ့ နေ နေတဲ့ သူတွေနဲ့ စက်တင်ဘာ (၁)ရက်နေ့ မတိုင်မီ Approved ဖြစ်ထားတဲ့ သူတွေ အတွက် ဒီဥပဒေ အသစ်က အကျိုးသက်ရောက် မှုရှိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် Main Pass Holder အနေနဲ့ လက်ရှိ Employer အောက်မှာပဲ ဆက်ပြီး အလုပ်လုပ်နေ ရမှာ ဖြစ်ပါတယ်။ Employer change သွားတာနဲ့ ဒီဥပဒေ အသစ်က အကျုံးဝင်သွားပါပြီ။
      FAQs မှာ ဒီလိုဖော်ပြထားသော်လည်း ကျွန်တော့် အနေနဲ့ ပိုပြီး ရှင်းရှင်း လင်းလင်း သိချင်တဲ့ အတွက် MoM ကို Mail ပို့ပြီး သေချာအောင်ထပ် မေးလိုက်ပါတယ်။

၁)  မိသားစု အနေနဲ့ DP ရထားပြီးဖြစ်တယ်
၂) လက်ရှိ ကျွန်တော့် အနေနဲ့ လစာ $4000 လဲမရသေးဘူး
၃) စက်တင်ဘာ (၁) ရက်နေ့ နောက်ပိုင်းမှာ Pass ကို Renew လုပ်ရတော့မယ်
၎) ကိုယ်ကတော့ လက်ရှိ အလုပ်ကို သက်တမ်းတိုးတာ ဆိုတော့ အများအားဖြင့် Approved ဖြစ်မယ်လို့ ယူဆတယ်။ ကိုယ်တိုးပြီဆိုတာနဲ့ မိသားစု အတွက် တိုးရတော့မယ်။ ဒါဆို ဒီဥပဒေ အသစ်နဲ့ ငြိပြီး Rejected များဖြစ်နိုင်မလားဆိုပြီး မေးလိုက်ပါတယ်။

         မနေ့က MoM ကနေ ကျွန်တော့ဆီကို ဖုန်းဆက်ပြီးဖြေပါတယ်။ ဒီဥပဒေ အသစ်က ကျွန်တော့်လို အခြေအနေ အတွက် Affected မဖြစ်ပါဘူး၊ ကျွန်တော် သက်တမ်းတိုးလို့ Approved ဖြစ်ရင် ကျန်တဲ့ ကျွန်တော့် မိသားစု အတွက်လဲ Approved ဖြစ်ပါလိမ့်မယ်ဆိုပြီးဖြေပါတယ်။ ဒါဟာ New Application အတွက် သက်သက်ပဲ သက်ရောက်ပါလိမ့်မယ် ဆိုပြီး ဖြေပါတယ်။
         ကျွန်တော်သိတာလေးကို ကျွန်တော့်လို သိချင်တဲ့သူတွေ ရှိရင် သိရအောင် ပြန် လည်ဖော်ပြ လိုက်တာပါ။

Posted by ဂျစ်တီး

Wednesday, July 11, 2012

Dictionary ကို Gtalk မှာ Add ပြန်လုပ်လို့ ရနေပါပြီ

နောက်ဆုံးထွက် Google talk English-Myanmar Dictionary အကောင့်

Google Account ရှိရုံဖြင့် မိမိသိလိုသော အင်္ဂလိပ်စာကားလုံး ၏ အဓိပ္ပါယ်ကို လွယ်ကူစွာ မြန်မာဘာသာသို့ ပြန်ဆိုပေးနိုင်သော အကောင့်ဖြစ်ပါတယ်။ နောက်ဆုံး Update အကောင့်ဖြစ်တဲ့ en2my@burmesecloud.net ကို မိမိ Google Talk Account မှာ Add ပီးတော့ အသုံးပြုနိုင်ပါတယ်။

အသုံးပြုပုံမှာ en2my@burmesecloud.net အကောင့်ကို မိမိ၏ Gtalk အကောင့်တွင် ပုံမှန်အကောင့်တစ်ခု Add သည့်အတိုင်း ပြုလုပ်ပေးရပါမယ်။ ထို့နောက် ၄င်း အကောင့် အွန်လိုင်းသို့ ရောက်ရှိလာပါက အထက်ပါပုံတွင်ပြထားသည့်အတိုင်း မိမိသိလို့သည့် အင်္ဂလိပ် meaning ကို ရိုက်ထည့်ပေးလိုက်လျှင် မြန်မာဘာသာသို့ Auto Reply ပြန်ပို့ပေးမှာဖြစ်ပါတယ်။ ယခင် en2mm@mmgeeks.org အကောင့်များအသုံးပြုရန် အဆင်မပြေသူများလည်း ယခု en2my@burmesecloud.net ကို Add ပြီး အဆင်ပြေစွာ အသုံးပြုနိုင်ပါတယ်။


Source: International Social Network Myanmar

Posted by ဂျစ်တီး

မြန်မာပြည်က Mobile Ph ကို message ပို့မယ်

မိမိတို့၏ Andriod (or) IOS ဖုန်းများတွင် အင်တာနက်တပ်ဆင်ထားရုံမျှဖြင့် မြန်မာနိုင်ငံရှိ လက်ကိုင်ဖုန်းများသို့ message ပို့နိုင်သော application တစ်ခုအား Google play store တွင် ရှာဖွေပြီး install ပြုလုပ်နိုင်ပါသည်။

၁။ google play store တွင် txtmyanmar ဟု ရိုက်ပြီး ရှာဖွေပါ။

၂။ Install လုပ်ပါ။

၃။ ထို application အား open ပြီး register ပြုလုပ်ပါ။
Register ပြုလုပ်ပြီးအချိန်မှစ၍ မြန်မာလက်ကိုင်ဖုန်းများသို့ free message ပို့ခွင့် တစ်ပါတ် ရရှိပါမည်။

၎။ထို့နောက် facebook စာမျက်နှာပေါ်ရှိ txtmyanmar ၏ official page ( http://www.facebook.com/Txtmyanmar?ref=ts ) သို့ သွား၍ like ပြုလုပ်ပါ။

၅။ like ပြုလုပ်ပြီး page ၏ cover photo တွင်ပြထားသော ပုံအတိုင်း message ပို့ပါ။
message confirm ဖြစ်ပါက free message တစ်လ ထပ်မံရရှိပါမည်။
နောက်ပိုင်းဆက်လက်အသုံးပြုလိုလျှင် တစ်ပါတ်ကို ၃ဒေါ်လာ ဖြင့်ဝယ်ယူသုံးစွဲနိုင်ပါသည်။

(မှတ်ချက်။ ။ မြန်မာပြည်မှ message လက်ခံမည့် ဖုန်းမှာ အင်တာနက် (လုံးဝ) တပ်ဆင်ထားစရာမလိုပါ။)
ဆက်လက်ပြီးသိရှိရသည်မှာ ထိုရောက်ရှိလာသော message အား မြန်မာပြည်မှ reply ပြုလုပ်ပြီး ပြန်ပို့ပါကလည်း ပြည်တွင်း mobile phone အချင်းချင်း message ပို့ခ 25ကျပ်သာ ဖြတ်ကြောင်း သတင်းကောင်း ပါးလိုက်ရပါသည်။ 


From Ko Htun
Source:International Social Network Myanmar

Posted by ဂျစ်တီး

Monday, July 09, 2012

ငွေလွှဲမယ်ဆိုရင်


  ငွေပေါက်ဈေးကို အဲမှာ သွားကြည့်ကြပါ
http://www.cbbankmm.com/index.php?l=m
Source: ကိုအောင် FB

Posted by ဂျစ်တီး

ကျွန်တော် ပညာသင် (၄)

နံနက် (၇) နာရီ Alarm ပေးထားတာ (၆း၅၆) နာရီမှာနိုးလာပါတယ်။ Alarm မြည်တဲ့ထိစောင့်ပြီးမှ အိပ်ယာက ထလိုက်တယ်။ မနက်စာ ခေါက်ဆွဲပြုတ်၊ ပေါင်မုန့် တို့စားပြီး (၈း၀၀) နာရီ ကျောင်းပြေးခဲ့တယ်။ အချိန်မီရုံလေးပါပဲ။ ဆရာမ Suzawa Chieko သင်ပါတယ်။ ၁၅-မိနစ်နားပြီး (၁၀း၃၀) နာရီ အတန်းပြန်စတော့ အရင် အခြေခံအတန်းနဲ့ ခြားထားတဲ့ နံရံကို ဖယ်လိုက်ပြီး Compound Room လုပ်လိုက်ပါတယ်။ အားလုံး အံ့အားသင့်နေစဉ်မှာပဲ ဆရာ Kashima Tanomu ကနေ Sound Pronunciation တွေသင်ကြားပါတယ်။ ဂျပန်စာ (Nihongo) မှာတော့ အသံထွက်တာ အင်မတန် အရေးကြီးပါတယ်။ ပြောနေတဲ့ အချိန်မှာ မှားနိုင်တာတွေ အများကြီးပါ။ ဥပမာ- စာရွက် နဲ့ နတ်ဘုရား (တရုတ်စာလုံး ခန်းကြီး ရေးပုံမတူပေမယ့် အသံထွက် Kami ကို စာရွက်ကျတော့ “ခ” သံကို လေးထွက်ပြီး နတ်ဘုရားကိုကျတော့ “ခ” သံကို ပေါ့ထွက်ပါတယ်- ရုတ်တရက် နားထောင်လိုက်ရင် တူသလိုလိုနဲ့ မှားနိုင်တာမျိုးပါ။) လိုပေါ့။ တရုတ်စာလုံး ခန်းဂျီးရေးပုံတွေ ကွဲပြားပေမယ့် ပြောနေစဉ် အသံထွက်အလိုက် အဓိပ္ပါယ်ကွဲသွားနိုင်တာတွေ အများကြီးပါ။ ကျွန်တော်တို့ အားလုံး နိုင်ငံပေါင်းစုံ (၂၄) ယောက်ရှိပါတယ်။ နယ်မြေဒေသ အလိုက် အသံထွက်တွေ အမျိုးမျိုးပါ။ သင်နေတဲ့အချိန် တစ်ယောက်ချင်းစီ အသံထွက်ဖတ်ခိုင်းပါတယ်။ သင်နေရင်းနဲ့ ဟာသတွေလဲ မြောက်ပါတယ်။ နေ့လည် (၁း၀၀) နာရီမှာ ဆရာမ Yasui Sumie သင်ပါတယ်။ (၂း၃၀) နာရီ အတန်းပြီးသွားတော့ ကိုစိုင်းတို့နဲ့လူစုပြီးစက်ဘီးဝယ်ဖို့ ထွက်ခဲ့ကြပါတယ်။ 

Sunday, July 08, 2012

အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ (၁၀)

Right you are! (ကောင်းပါပြီ)
ကောင်းပါပြီ right you are! ကို တစ်စုံတစ်ဦးက အကြံပြုသည့်အတိုင်း (သို့) အမှာပြုသည့်အတိုင်းဆောင်ရွက်ရန် သဘောတူသည့်အခါတွင် အသုံးပြုပါသည်။
  1. 'Plant the rose bushes in a sunny place in the garden.'
      နှင်းဆီရုံတွေကို ပနးခြံထဲက နေရောင် ရတဲ့ နေရာတွေမှာ စိုက်လိုက်ပါ။
      'Right you are!'
      ကောင်းပါပြီ။
  2. We would like two black coffees, please.'
      ကျေးဇူးပြု၍ ဘလက်ကော်ဖီ ၂ ခွက် လုပ်ပေးပါ။
      'Right you are!'
      ကောင်းပါပြီ။
Don't you think? (...လို့ မင်းမထင်ဘူးလား)
....လို့ မင်းမထင်ဘူးလား don’t you think?  ကို တစ်ဦးတစ်ယောက်သည် တစ်စုံတစ်ခုနှင့်ပတ်သက်၍ သင်နဲ့တူညီတဲ့ အယူအဆ (သို့) စိတ်ကူးရှိမရှိကို မေးလိုသောအခါတွင် အသုံးပြုပါသည်။ အများအားဖြင့်သင်နှင့်သဘောထားတူညီကြောင်းယူဆပြီး မေးလေ့ရှိပါသည်။
  1. This is an interesting menu, don't you think?
      ဒါက စိတ်ဝင်စားစရာကောင်းတဲ့ ဟင်းလျာစာရင်းလို့မင်းမထင်ဘူးလား
  2. Tom has decorated his flat very well, don't you think?
      Tom က သူ့ရဲ့တိုက်ခန်းကို တော်တော်ကောင်းကောင်းပြင်ဆင်ထားတယ်လို့ မင်းမထင်ဘူးလား
The only trouble is (ပြဿနာကတော့)
ပြဿနာကတော့ the only trouble is ကို တစ်နည်းနည်းဖြင့် မှန်ကန်နေသော (သို့) လက်ခံနိုင်ဖွယ်ရှိသော (သို့) သင့်တော်နေသော အကြောင်းအရာနှင့် ပတ်သက်နေသော ပြဿနာ (သို့) အခက်အခဲကို ရည်ညွှန်းလိုသော အခါတွင် သုံးပါသည်။
  1. The cottage would make an ideal holiday home. The only trouble is that it's a bit small for our large family.
      ဒီအိမ်ငယ်လေးကတော့ အပန်းဖြေအိမ်လုပ်ဖို့ အသင့်တော်ဆုံးဖြစ်မှာပဲ ပြဿနာကတော့ ငါတို့လိုမျိုးမိသားစုများတဲ့ လူတွေအတွက်တော့ သေးလွန်းတယ်
  2. I've been offered a very good job. The only trouble is that I would have to move house if I accept it.
      ငါအလွန်ကောင်းမွန်တဲ့ အလုပ်ကမ်းလှန်းချက်ကို ရထားတယ်။ ပြဿနာကတော့ ငါလက်ခံလိုက်ရင် အိမ်ပြောင်းရမယ်။