Wednesday, September 19, 2012

How to understand the differences between British and American English



Trousers or pants? Can you tell the difference?
ဘောင်းဘီချင်း အတူတူ Trousers နဲ့ pants ဘာကွာသလဲ သိပါသလား။
  • Man: Hey! Nice pants!
    အမျိုးသား - ဟိုလေ၊ ဘောင်းဘီက ကောင်းတယ်နော်။
    Woman: Excuse me?
    အမျိုးသမီး - ဘာပြောတာလဲ။
  • Man: I said nice pants.
    အမျိုးသား - ဘောင်းဘီက ကောင်းတယ်လို့ ပြောတာပါ
    Woman: You can’t see my pants, can you?
    အမျိုးသမီး - (အတွင်းခံ) ဘောင်းဘီကို မမြင်ရပါဘူး မဟုတ်လား။
  • Man: Of course I can.
    အမျိုးသား - မြင်ရတာပေါ့။
    Woman: How can you see my pants?
    အမျိုးသမီး - ဘယ်လိုလုပ်ပြီး (အတွင်းခံ) ဘောင်းဘီကို မြင်ရတာလဲ။
  • Man: They’re on your legs!
    အမျိုးသား - ခင်ဗျား ၀တ်ထားတာဘဲလေ။
    Woman: Ha. You haven’t been to America recently, have you?
    အမျိုးသမီး -
  • သြော်။ ဧကန္တ ရှင် အမေရိကားကပြန်လာတာ မကြာသေးဘူးနဲ့တူတယ်။ ဟုတ်လား။
  • Man: Oh I er …I ..er... actually just got back from LA! That’s “Los Angeles” by the way....

Thursday, September 06, 2012

မြတ်ဆရာ ပူဇော်ပွဲ အမှတ်တရ ပုံရိပ်များ




















Posted by Ko Moe Kyaw Oo

မှားတတ်တဲ့အမှားများ

အင်္ဂလိပ်စာဟာ မိခင်ဘာသာစကားမဟုတ်တဲ့အတွက်ကြောင့် ဗမာလိုတွေး၊ မိခင်ဘာသာလိုတွေးပြီး အင်္ဂလိပ်လိုပြောရာရေးရာမှာ သူတို့နားထဲ ကန့်လန့်ဝင်သွားတဲ့ စကားတွေရှိပါတယ်။ သဒ္ဒါအမှားမဟုတ်သော်ငြားလည်း သူတို့ပြောလေ့ပြောထ မရှိတာမျိုးတွေပါ။ ကျွန်တော်တို့ ခဏခဏနောက်ပြောင်ပြောနေတဲ့ အင်္ဂလိပ်ကြီးရဲ့ “ကျွန်ုပ်ကိုရေချမ်းချမ်းတစ်ခွက်ပေးပါ” လိုမျိုးတွေဖြစ်တတ်ပါတယ်။ အောက်မှာပေးထားတာလေးတွေက တရုတ်လူမျိုးတွေမှားတတ်တာတွေပါ။ ဗမာတွေလည်း သူတို့လိုမမှားအောင်ရှာဖွေတင်ပြပေးလိုက်ပါတယ်။
ခုနှစ်နာရီ နဲ့မိနစ်နှစ်ဆယ်ရှိပြီ။
Chinese Style          It's seven twenty o'clock.
American Style        It's seven twenty.
ကုတ်အင်္ကျီပြဲသွားတယ်။
Chinese Style          Your coat is broken.
American Style        Your coat is torn.
ဘာပဲဖြစ်ဖြစ် ဆူဇန်အမှားမလုပ်ခဲ့ဘူး။
Chinese Style          Susan didn't make a fault anyway.
American Style        Susan didn't make a mistake anyway.
ဒီစာလေးပို့ပေးလို့ရမလား။ သိပ်ရတာပေါ့။
Chinese Style          Would you mind posting this letter for me ? Yes, certainly.
American Style        Would you mind mailing this letter for me? Of course not. OR ( Not at all )
သူပိုကောင်းလာတယ်။/ပိုတော်လာတယ်။
Chinese Style          He becomes better.
American Style        He got better.
မနက်ဖြန်နားထောင်မှုစွမ်းရည်စာမေးပွဲရှိတယ်။
Chinese Style                   We'll have a hearing test tomorrow.
American Style        We'll have a listening test tomorrow.

Monday, September 03, 2012

လုပ်ငန်းခွင်အတွင်း ဘာကြောင့် ၀န်ထမ်း မမြဲကြတာလဲ

စီးပွားရေးလုပ်ငန်း လုပ်ဆောင်ရခြင်း၏ ပဓာနကျသော ရည်ရွယ်ချက်မှာ လုပ်ငန်းရှင်များရဲ့ အခြေခံလိုအပ်ချက်များ ပြည့်မှီရေးပင် ဖြစ်ပါတယ်။ ခုနောက်ပိုင်း ၀န်ထမ်းများသည် ကုမ္ပဏီတစ်ခုတွင် အချိန်အတော်ကြာ ၀င်ရောက်လုပ်ဆောင်ခြင်းမျိုးကို လုပ်ဆောင်ကြခြင်းမရှိပဲ တစ်နေရာမှ နောက်တစ်နေရာသို့ ကူးပြောင်းမှုများ ဖြစ်ပေါ်နေလျှက်ရှိတာကို တွေ့ရှိရခြင်းကြောင့် ဘာတွေကြောင့် ပြောင်းလဲမှုတွေလုပ်နေသလဲဆိုတာ ဆန်းစစ်ကြည့်မိပါတယ်။ အမှန်တော့ ၀န်ထမ်းဆိုတာကလည်း တစ်နေရာမှ တစ်နေရာသို့ ကူးပြောင်းချင်ကြမှာ မဟုတ်ပါဘူး။ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေရဲ့ ဖွဲ့စည်းပုံကြောင့်လား ဒါမှမဟုတ် လုပ်ခလစာငွေကြောင့်လား၊ နောက်တစ်နည်း စဉ်းစားကြည့်မိပြန်တော့ အလုပ်ရှင်တွေနဲ့ သဟဇာတ မဖြစ်ကြလို့လား။ ပြောရရင်တော့ ကုမ္ပဏီအတော်များများရဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံတွေကတော့ မြန်မာနိုင်ငံမှာ Management အတော်လိုသေးတယ်လို့ မြင်မိပါတယ်။ ပြောတော့သာ Human Resource၊ Human Resource နေရာတိုင်းမှာ ကြားနေရတယ်။ ဒီတော့ ပြန်လည် သုံးသပ်ကြည့်မိတယ်။ ဒီ Human Resource ဆိုတာကြီးက ဘာလဲပေါ့။ တကယ်လို့သာ HR အဲ အလွယ်ပဲ ခေါ်လိုက်မယ်။ အမှန်တကယ်သာ HR နဲ့သာ စနစ်တကျ စီမံအုပ်ချုပ်မယ်ဆိုရင် ဒီဝန်ထမ်းတွေ အလုပ်ကထွက်စရာအကြောင်း မရှိဘူးလို့ မြင်မိတယ်။ ကျွန်မ သိသလောက် သုံးသပ်ကြည့်မယ်။ HRဆိုတာ Humanတွေကို Focus လုပ်တာ။ နောက် HRနဲ့လည်း မပြီးပြန်ဘူး၊ Admin ဆိုတာ ပါရဦးမယ်။ ဒီနှစ်ခုကို ခွဲခြားကြည့်တော့ Adminပိုင်းက ဥပဒေအတိုင်းတို့၊ စည်းမျဉ်း စည်းကမ်းအတိုင်း အုပ်ချုပ်ပြီး လုပ်ငန်းခွင်အတွင်း လူမှမဟုတ် အရာအားလုံးကို စီမံတာလို့ မြင်မိပါတယ်။ နောက်တစ်ပိုင်း HRရဲ့ သဘော သဘာဝကတော့ လူတွေကို ဂရုစိုက်ပြီး အဓိကက လူတွေကို ကိုင်တွယ်တယ်။ နောက်တစ်ချက်ကတော့ လူကို လူသားကဲ့သို့ ပုံစံမြင်ပြီး ဆက်ဆံတဲ့ ပုံစံပိုင်းကို ဆိုလိုခြင်း ဖြစ်ပါတယ်။

Friday, August 31, 2012

ရေးလိုက်ကြစို့ သူငယ်ချင်း......

တခါတုန်းက စာရေးသားဖို့တိုက်တွန်းတဲ့အင်္ဂလိပ်လိုအက်ဆေးလေးရေးခဲ့ပါသေးတယ်။ စာရေးသားခြင်းဟာ လူမျိုးတစ်မျိုးနိုင်ငံတစ်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုတိုက်ရိုက်အကျိုးပြုနိုင်ပါတယ်။ လူသားမျိုးနွယ်ကြီးတစ်ခုလုံး အခုလောက်တိုးတက်လာတာဟာ ရှေ့ကလူသားတွေရဲ့အတွေ့အကြုံ၊ အတွေးအကြံတွေကို စာပေရေးသားချန်ထားရစ်ခဲ့လို့နှောင်းလူတွေက အသုံးချနိုင်တာတာကြောင့်ဖြစ်ပါတယ်။  ကျန်စစ်သားမင်းကြီးသာ ဒီလိုကျောက်စာမျိုးမရေးထိုးခဲ့လျှင် ကျွန်တော်တို့ ပုဂံခေတ်က အခြေအနေတွေ၊ အဖြစ်အပျက်တွေကို ဒီနေ့ဒီလိုဘယ်ပြန်ပြောနေနိုင်ပါ့မလဲ။
` ငါ၏ ယာလက်ဖြင့် ဆန်စပါးရိက္ခာ ကိုပေးအံ့၊ ငါ၏၀ဲလက်ဖြင့် ၀တ်စား တန်ဆာ ပေးအံ့။ အမိသည် သားငယ်အား ရင်ခွင်၌ နှစ်သိမ့်သကဲ့သို့ ငါသည်လည်း တိုင်းသူပြည်သားတို့ကို နှစ်သိမ့်ပါအံ့၊´
(ကျန်စစ်သား၏ မူရင်း မွန်ဘာသာဖြင့် ရေးထိုးထားသော ရွှေစည်းခုံဘုရား ကျောက်စာကို မြန်မာပြန်မှ)
မကြာခင်ကဖြစ်ပျက်ခဲ့တဲ့ ရခိုင်အရေးအခင်းမှာ ကျွန်တော်တို့ဘက်က အင်္ဂလိပ်လိုသတင်းရေးသားတင်ဆက်နိုင်မှုအားနည်းတော့ နိုင်ငံတကာမှာ သူများတွေလိမ်ပြောသမျှ ကိုယ်ကလူဆိုးဖြစ်ရတော့တာပေါ့။ ဒါကိုသဘောပေါက်လာလို့ နာမည်ကြီးဂျာနယ်နှစ်စောင်လောက်ကတော့ အင်္ဂလိပ်လိုရေးလာကြပါပြီ။ ဒါကဥပမာပါ။ စာပေရေးသားခြင်းနဲ့တိုင်းပြည်ရဲ့ကောင်းကျိုးဆိုးကျိုးအပေါ်ထောက်ပံ့နိုင်ပုံပါ။ ဒါကြောင့် မြန်မာလိုလည်းရေးကြပါ။ အင်္ဂလိပ်လိုလည်းရေးကြပါ။
အင်္ဂလိပ်လိုရေးနိုင်ခြင်းကတော့ ကိုယ့်ဘ၀တိုးတက်မှုနဲ့တိုက်ရိုက်သက်ဆိုင်နေပြန်ပါတယ်။ ကျောင်းသားဘ၀မှာ essay လိုပေါ့ပေါ့ပါးပါးတွေရေးရတဲ့အပြင် thesis, dissertation လိုကျမ်းတွေခန့်ခန့်ငြားငြားရေးရတာလဲ မလွဲမသွေကြုံရမှာပါ။ အလုပ်ထဲရောက်ပြန်တော့ အများစုက ၀န်ထမ်းဘ၀မှာပဲကျင်လည်ရမှာဖြစ်တော့ အထက်ဌာနတွေကို report တွေရေးတင်ရဦးမှာပါ။ အဲဒီအခါမျိုးမှာ ကိုယ်တိုင်ဟန်ကျပန်ကျရေးနိုင်မှ ကိုယ်လိုရာရောက်အောင်တင်ပြနိုင်ပါလိမ့်မည်။ ကျောင်းသားဘ၀ကလို စာအုပ်ထဲကကူးချတာတွေ သူများကို ရှဲဒိုးရေးခိုင်းတာမျိုးတွေနဲ့တော့ရေရှည်မှာမဖြစ်နိုင်ပါဘူး။

Thursday, August 30, 2012

iPhone အသုံးပြုမူလက်စွဲ လမ်းညွှန်စာအုပ်



Posted by ငခဲ

စာဖတ်ခြင်းဖြင့် လုပ်ငန်းခွင်မှာ တိုးတက်မှုရရှိနိုင်ခြင်း

စာဘယ်လောက်ဖတ်သလဲပေါ်မူတည်ပြီး အင်္ဂလိပ်စာ အဆင့်အတန်း ကွာသွားပါတယ်။ စာဖတ်နည်းသူတွေ၊ လုံးဝစာမဖတ်သူတွေဟာ အင်္ဂလိပ်စာလည်း အားနည်းတတ်ကြတယ်။ စာအများကြီးဖတ်သူတွေဟာ အင်္ဂလိပ်စာမှာလည်း အဆင့်မြင့်မြင့် တတ်မြောက်လေ့ ရှိကြတယ်။
စာဖတ်တယ်ဆိုတာ ဘ၀တစ်သက်တာ ရရှိနိုင်တဲ့ အရေးကြီးဆုံးကျွမ်းကျင်မှုတွေထဲမှာ တစ်ခုအပါအ၀င် ဖြစ်တယ်။ စာဖတ်ရတာကို အလုပ်တစ်ခုလို မြင်တဲ့သူတွေ ရှိပေမယ့် အဲဒီလို သဘောထားတာ မှားယွင်း ပါတယ်။ စာဖတ်တာကို ဖျော်ဖြေရေးလည်း ဖြစ်သင့်ပါတယ်။ စာဖတ်ရတာ ပျော်တယ်ဆိုပြီး စာဖတ်ဖို့ မျှော်လင့်နေတာမျိုးဖြစ်သင့်ပါတယ်။ အင်္ဂလိပ်ဘာသာကျွမ်းကျင်မှု တိုးတက်ဖို့ကတော့ စာမဖတ်လို့ မရပါဘူး။ စာဖတ်ဝါသနာပါရင်တော့ ကောင်းပါတယ်၊ မပါရင်တော့ အင်္ဂလိပ်စာတတ်ဖို့ အခွင့်အလမ်း နည်းသွားပါမယ်။
လူတစ်ယောက်နဲ့ စကားပြောကြည့်ရင် စာဖတ်များသူလား၊ စာဖတ်နည်းသူလား သိနိုင်ပါတယ်။ စာဖတ်များသူက သူ့ရဲ့ ရှုမြင်ပုံကို ဥပမာတွေ၊ နမူနာတွေနဲ့ သိုင်းဝိုင်းပြီး ပြောနိုင်တယ်။ သမိုင်းစာအုပ် ဖတ်ရတာ ၀ါသနာပါသူဆိုရင် သမိုင်းဖြစ်စဉ် ဥပမာတွေကို ထုတ်ပြနိုင်တယ်။ စာဖတ်တော့ ဗဟုသုတ ပိုရှိတာပေါ့။ ကမ္ဘာကြီးအကြောင်း ပိုပြီး သိလာတယ်။ စာဖတ်များတဲ့ဝန်ထမ်းကို အလုပ်ရှင် သဘောကျတယ်။ စာဖတ်များတယ်ဆိုကတည်းက ပညာတတ်သူဖြစ်တော့မယ်။ အလုပ်ကို အလုပ်နဲ့ တူအောင် လုပ်နိုင်တော့မယ်။ ဖတ်နေရုံနဲ့တော့ မပြီးဘူးပေါ့လေ။ အလုပ်ကိုလည်း စနစ်တကျ လုပ်ရမှာ ဖြစ်တယ်။
စာဖတ်ရင်း အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုတွေကို တိုးတက်အောင် ဘယ်လို လုပ်ရမလဲ
စာဖတ်တဲ့အခါ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုတွေ တိုးတက်လာအောင် လုပ်နိုင်တာတွေ ရှိပါတယ်။ ယခင်က မတွေ့မြင်ဘူးတဲ့ ဝေါဟာရတွေနဲ့ ကြုံတွေ့ရနိုင်တယ်။ အဲဒီဝေါဟာရတွေကို ကျော်မဖတ်ဘဲ အချိန်ယူပြီး အဓိပ္ပာယ်သိအောင် လေ့လာသင့်တယ်။ ရှေ့နောက် စကားအဆက်အစပ်ကို ကြည့်ပြီး ဝေါဟာရတွေရဲ့ အဓိပ္ပာယ်ကို တစ်ခါတစ်ရံ အကြမ်းအားဖြင့် သိနိုင်တယ်။ မသိသေးတဲ့ ဝေါဟာရကို ဘယ်လို သုံးထားသလဲ လေ့လာရမယ်။ ဒါဆို သဲလွန်စ ရလာတတ်တယ်။ အချို့ စာရေးဆရာတွေက ဝေါဟာရတွေကို သုံးရင်း အဓိပ္ပာယ်ပါ တစ်ပါတည်း ဖော်ပြတတ်တယ်။ စာဖတ်ရင်း အဓိပ္ပာယ်ပါ သိသွားမှာ ဖြစ်တယ်။
ရှေ့နောက် စကားအဆက်အစပ်ကို ကြည့်ပြီး ဝေါဟာရတွေရဲ့ အဓိပ္ပာယ်ကို မသိနိုင်ရင်၊ စာရေးသူကလည်း အဓိပ္ပာယ်ဖော်ပြမထားရင်၊ အဘိဓာန်ကြည့်ရတော့မယ်။ အလုပ်ရှုပ်လိုက်တာလို့ ထင်ရပေမယ့် တတ်နိုင်သလောက် အဘိဓာန် ကြည့်ပေးသင့်တယ်။