Monday, February 04, 2013
Monday, September 24, 2012
dog နဲ့ပတ်သက်သော အင်္ဂလိပ်အသုံးအနှုံးများ
မြန်မာစကားမှာခွေးကို
မကောင်းတဲ့အနက်နဲ့တွဲဖက်သုံးလေ့ရှိပါတယ်။ “ခွေးကျင့်ခွေးကြံ”၊
“ခွေးဖြစ်သွားမယ်”၊ “ခွေးသူတောင်းစား”၊ “ဆင့်အ၀ှာခွေးမျှော်”၊
“ခွေးမြီးကောက်ကျည်တောက်စွပ်”၊ “ခွေအိုကြီးလက်ပေးသင်”၊ “ခွေးနဲ့ကြောင်လိုပဲ”၊
“ဆင်ခေါင်းခွေးချီ” ၊ “ခွေးတစ်ကောင်ကြောင်တစ်မြီးမှမရှိ”စသဖြင့်ရှိကြသလို
အင်္ဂလိပ်ဘာသာစကားမှာလည်း ခပ်ဆင်ဆင်အသုံးတွေ၊ စကားပုံတွေ၊ အီဒီယံတွေရှိပါတယ်။
တစ်ချို့ကိုလေ့လာဖို့ ဖော်ပြပေးလိုက်ပါတယ်။
To be as sick as a dog ခွေးတွေနေမကောင်းဖြစ်တာတွေ့ဖူးကြတယ်မဟုတ်လား။
စားထားသမျှတွေအကုန်အန်ထုတ်ပစ်တာပဲ။
ဒီလိုပဲလူတစ်ယောက်အော့အန်နေမကောင်းဖြစ်လို့ရှိရင် She is as sick as a dog.
လို့ပြောနိုင်ပါတယ်။
Every dog has its day! ခွေးတွေတောင်မှ
သူ့အတွက်ကောင်းမွန်တဲ့နေ့တစ်နေ့ရှိပါတယ်တဲ့။ ဘယ်လောက်ပဲကံဆိုးလှပါပြီဆိုတဲ့လူတစ်ယောက်ဟာ
တစ်နေ့နေ့မှာတော့ သူ့အတွက် ကံကောင်းခြင်းတွေ၊ အောင်မြင်ခြင်းတွေနဲ့
သာယာလှပတဲ့နေ့တစ်နေ့တော့ အနည်းဆုံးပိုင်ဆိုင်ခွင့်ရမှာပါ။
အခုရက်ပိုင်းအတွင်းမှာ
မိုးတွေကသည်းကြီးမည်းကြီးရွာနေ It's raining cats and dogs. တော့အပြင်ထွက်ဖို့ကတော့ a dog's chance မဖြစ်နိုင်သလောက်အခွင့်အရေးပါပဲ။
To be top dog မြန်မာ့ယဉ်ကျေးမှုမှာ
ခွေးနဲ့အနှိုင်းခံရတာအနာဆုံးအရိုင်းဆုံးဖြစ်ပါလိမ့်မယ်။ ဒါပေမယ့်
ဒီအင်္ဂလိပ်စကားကတော့ အရေးအကြီးဆုံးထိပ်ဆုံးကပုဂ္ဂိုလ်လို့ရည်ညွှန်းတာပါ။ Henry is the
top dog in his company.
Sunday, September 23, 2012
အလုပ်အကိုင်ရရှိစေမည့်အခွင့်အလမ်းများကို ဆုံးရှုံးစေမည့် အင်္ဂလိပ်စာအမှားများ
အလုပ်အတွက်လူတွေ့မေးမြန်းခြင်းခံရဖို့ ပြင်ဆင်နေတာပဲဖြစ်ဖြစ်၊ လူစုလူဝေးရှေ့မှာ မိန့်ခွန်းပြောဖို့ ပြင်ဆင်နေတာပဲဖြစ်ဖြစ်၊ အထက်လူကြီးကို တင်ပြရန် လုပ်ငန်းဆိုင်ရာ တင်ပြချက်ကို ရေးသားနေတာပဲ ဖြစ်ဖြစ် အမှားလုံးဝမပါစေရန် သေသေချာချာလုပ်ရမှာက သင့်အတွက် အလွန်အရေးကြီးလှပါတယ်။
အလုပ်လူတွေ့မေးမြန်းခြင်းမှာ မမှန်ကန်တဲ့ အင်္ဂလိပ်စာကို အသုံးပြုခြင်းသည် သင် အလုပ်မရနိုင်တဲ့ အကြောင်းရင်းဖြစ်သွားပါလိမ့်မယ်။ လူစုလူဝေးရှေ့မှာ မိန့်ခွန်းပြောတဲ့အခါမှာလည်း မမှန်ကန်တဲ့ အင်္ဂလိပ်စာကို အသုံးပြုပါက ပရိသတ်က သင့်ကို ဉာဏ်ရည်နည်းပါးသူလို့ ထင်မှတ်သွားပါလိမ့်မယ်။ အထက်လူကြီးတွေထံ လုပ်ငန်းဆိုင်ရာ အဆိုပြုချက်ကို ရေးသားပြီး တင်ပြတဲ့အခါမှာလည်း မမှန်ကန်တဲ့ အင်္ဂလိပ်စာနဲ့ ရေးသားပါက ထိုအဆိုပြုချက်ဟာ အပယ်ခံရဖို့ များပါလိမ့်မယ်။ မြင်တွေ့ကြတဲ့အတိုင်းပါပဲ။ ရှုံးနိမ့်ခြင်းဟာ ရွေးချယ်မှုတစ်ခု မဟုတ်ပါ။
ဒီဆောင်းပါးမှာတော့ သင့်ရဲ့အလုပ်အကိုင် တိုးတက်စေမဲ့ အခွင့်အလမ်းများကို ပျက်စီးစေနိုင်တဲ့ အများမှားလေ့မှားထရှိသော အင်္ဂလိပ်စာ အမှားများကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။
စကားလုံးတွေရဲ့ အသံထွက်ကိုမှန်ကန်အောင်မထွက်နိုင်ခြင်း
ဒီအမှားတွေထဲက ပထမဦးဆုံးအမှားကတော့ စကားလုံးတွေရဲ့ အသံထွက်ကို မှန်ကန်အောင် မထွက်နိုင်ခြင်းဘဲဖြစ်ပါတယ်။ ဒီအမှားဟာ ရှောင်ရတာ လွယ်တယ်လို့ ထင်ရပေမဲ့ လူတွေအများဆုံး ပြုလုပ်တတ်တဲ့ အမှားတစ်ခုဖြစ်နေပါတယ်။ အင်္ဂလိပ်စာကို ကျွမ်းကျင်တဲ့သူဖြစ်ဖို့ဆိုရင် သင့်အနေနဲ့ စကားလုံးတစ်လုံးကို သိထားရုံ (သို့မဟုတ်) ၄င်း၏ အဓိပ္ပါယ်ဖော်ပြချက်ကို နားလည်ထားရုံနှင့် မလုံလောက်ပါ။ ထိုစကားလုံးကို မှန်ကန်သော အသံထွက်နှင့် ပြောနိုင်ရပါမည်။ စကားလုံးတစ်လုံးကို မှန်ကန်တဲ့ အသံထွက်ဖြင့် မပြောနိုင်တဲ့အခါ- ထိုစကားလုံးကို မှန်ကန်တဲ့ စကားစပ်ဖြင့် အသုံးပြုထားတဲ့အတွက် သင့်ကို အတော်အတန်ဉာဏ်ရည်ရှိတဲ့ လူလို့ လူတွေက သတ်မှတ်မှာဖြစ်ပေမဲ့ ၄င်းကို အသံထွက်မှန်ကန်အောင် မပြောနိုင်တဲ့အတွက်တော့ သူတို့ရဲ့ဝေဖန်ခြင်းကိုခံရမှာ ဖြစ်ပါတယ်။ ဒီပြဿနာကို ပြေလည်စေမဲ့ အကောင်းဆုံးသော နည်းလမ်းတစ်ခုမှာ ထိုစကားလုံးကို သရသံတစ်ခုစီပါတဲ့ အသံများ (syllables)အဖြစ် ခွဲခြမ်းပြီး ထိုအသံများအတိုင်း အသံ ထွက်ခြင်းပင်ဖြစ်ပါတယ်။
ဒီဆောင်းပါးမှာတော့ သင့်ရဲ့အလုပ်အကိုင် တိုးတက်စေမဲ့ အခွင့်အလမ်းများကို ပျက်စီးစေနိုင်တဲ့ အများမှားလေ့မှားထရှိသော အင်္ဂလိပ်စာ အမှားများကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။
စကားလုံးတွေရဲ့ အသံထွက်ကိုမှန်ကန်အောင်မထွက်နိုင်ခြင်း
ဒီအမှားတွေထဲက ပထမဦးဆုံးအမှားကတော့ စကားလုံးတွေရဲ့ အသံထွက်ကို မှန်ကန်အောင် မထွက်နိုင်ခြင်းဘဲဖြစ်ပါတယ်။ ဒီအမှားဟာ ရှောင်ရတာ လွယ်တယ်လို့ ထင်ရပေမဲ့ လူတွေအများဆုံး ပြုလုပ်တတ်တဲ့ အမှားတစ်ခုဖြစ်နေပါတယ်။ အင်္ဂလိပ်စာကို ကျွမ်းကျင်တဲ့သူဖြစ်ဖို့ဆိုရင် သင့်အနေနဲ့ စကားလုံးတစ်လုံးကို သိထားရုံ (သို့မဟုတ်) ၄င်း၏ အဓိပ္ပါယ်ဖော်ပြချက်ကို နားလည်ထားရုံနှင့် မလုံလောက်ပါ။ ထိုစကားလုံးကို မှန်ကန်သော အသံထွက်နှင့် ပြောနိုင်ရပါမည်။ စကားလုံးတစ်လုံးကို မှန်ကန်တဲ့ အသံထွက်ဖြင့် မပြောနိုင်တဲ့အခါ- ထိုစကားလုံးကို မှန်ကန်တဲ့ စကားစပ်ဖြင့် အသုံးပြုထားတဲ့အတွက် သင့်ကို အတော်အတန်ဉာဏ်ရည်ရှိတဲ့ လူလို့ လူတွေက သတ်မှတ်မှာဖြစ်ပေမဲ့ ၄င်းကို အသံထွက်မှန်ကန်အောင် မပြောနိုင်တဲ့အတွက်တော့ သူတို့ရဲ့ဝေဖန်ခြင်းကိုခံရမှာ ဖြစ်ပါတယ်။ ဒီပြဿနာကို ပြေလည်စေမဲ့ အကောင်းဆုံးသော နည်းလမ်းတစ်ခုမှာ ထိုစကားလုံးကို သရသံတစ်ခုစီပါတဲ့ အသံများ (syllables)အဖြစ် ခွဲခြမ်းပြီး ထိုအသံများအတိုင်း အသံ ထွက်ခြင်းပင်ဖြစ်ပါတယ်။
Wednesday, September 19, 2012
How to understand the differences between British and American English
Trousers or pants? Can
you tell the difference?
ဘောင်းဘီချင်း အတူတူ Trousers နဲ့ pants ဘာကွာသလဲ သိပါသလား။
ဘောင်းဘီချင်း အတူတူ Trousers နဲ့ pants ဘာကွာသလဲ သိပါသလား။
- Man: Hey! Nice pants!
အမျိုးသား - ဟိုလေ၊ ဘောင်းဘီက ကောင်းတယ်နော်။
Woman: Excuse me?
အမျိုးသမီး - ဘာပြောတာလဲ။ - Man: I said nice pants.
အမျိုးသား - ဘောင်းဘီက ကောင်းတယ်လို့ ပြောတာပါ
Woman: You can’t see my pants, can you?
အမျိုးသမီး - (အတွင်းခံ) ဘောင်းဘီကို မမြင်ရပါဘူး မဟုတ်လား။ - Man: Of course I can.
အမျိုးသား - မြင်ရတာပေါ့။
Woman: How can you see my pants?
အမျိုးသမီး - ဘယ်လိုလုပ်ပြီး (အတွင်းခံ) ဘောင်းဘီကို မြင်ရတာလဲ။ - Man: They’re on your legs!
အမျိုးသား - ခင်ဗျား ၀တ်ထားတာဘဲလေ။
Woman: Ha. You haven’t been to America recently, have you?
အမျိုးသမီး - - သြော်။ ဧကန္တ ရှင် အမေရိကားကပြန်လာတာ
မကြာသေးဘူးနဲ့တူတယ်။ ဟုတ်လား။
- Man: Oh I er …I ..er... actually just got
back from LA! That’s “Los Angeles” by the way....
Thursday, September 06, 2012
မှားတတ်တဲ့အမှားများ
အင်္ဂလိပ်စာဟာ မိခင်ဘာသာစကားမဟုတ်တဲ့အတွက်ကြောင့်
ဗမာလိုတွေး၊ မိခင်ဘာသာလိုတွေးပြီး အင်္ဂလိပ်လိုပြောရာရေးရာမှာ သူတို့နားထဲ ကန့်လန့်ဝင်သွားတဲ့
စကားတွေရှိပါတယ်။ သဒ္ဒါအမှားမဟုတ်သော်ငြားလည်း သူတို့ပြောလေ့ပြောထ မရှိတာမျိုးတွေပါ။
ကျွန်တော်တို့ ခဏခဏနောက်ပြောင်ပြောနေတဲ့ အင်္ဂလိပ်ကြီးရဲ့ “ကျွန်ုပ်ကိုရေချမ်းချမ်းတစ်ခွက်ပေးပါ”
လိုမျိုးတွေဖြစ်တတ်ပါတယ်။ အောက်မှာပေးထားတာလေးတွေက တရုတ်လူမျိုးတွေမှားတတ်တာတွေပါ။
ဗမာတွေလည်း သူတို့လိုမမှားအောင်ရှာဖွေတင်ပြပေးလိုက်ပါတယ်။
ခုနှစ်နာရီ နဲ့မိနစ်နှစ်ဆယ်ရှိပြီ။
Chinese
Style It's seven twenty o'clock.
American
Style It's seven twenty.
ကုတ်အင်္ကျီပြဲသွားတယ်။
Chinese
Style Your coat is broken.
American
Style Your coat is torn.
ဘာပဲဖြစ်ဖြစ် ဆူဇန်အမှားမလုပ်ခဲ့ဘူး။
Chinese
Style Susan didn't make a fault anyway.
American
Style Susan didn't make a mistake
anyway.
ဒီစာလေးပို့ပေးလို့ရမလား။
သိပ်ရတာပေါ့။
Chinese
Style Would you mind posting
this letter for me ? Yes, certainly.
American
Style Would you mind mailing this
letter for me? Of course not. OR ( Not at all )
သူပိုကောင်းလာတယ်။/ပိုတော်လာတယ်။
Chinese
Style He becomes better.
American
Style He got better.
မနက်ဖြန်နားထောင်မှုစွမ်းရည်စာမေးပွဲရှိတယ်။
Chinese
Style We'll have a
hearing test tomorrow.
American
Style We'll have a listening test
tomorrow.
Monday, September 03, 2012
လုပ်ငန်းခွင်အတွင်း ဘာကြောင့် ၀န်ထမ်း မမြဲကြတာလဲ
စီးပွားရေးလုပ်ငန်း
လုပ်ဆောင်ရခြင်း၏ ပဓာနကျသော ရည်ရွယ်ချက်မှာ လုပ်ငန်းရှင်များရဲ့ အခြေခံလိုအပ်ချက်များ
ပြည့်မှီရေးပင် ဖြစ်ပါတယ်။ ခုနောက်ပိုင်း ၀န်ထမ်းများသည် ကုမ္ပဏီတစ်ခုတွင် အချိန်အတော်ကြာ
ဝင်ရောက်လုပ်ဆောင်ခြင်းမျိုးကို လုပ်ဆောင်ကြခြင်းမရှိပဲ တစ်နေရာမှ နောက်တစ်နေရာသို့
ကူးပြောင်းမှုများ ဖြစ်ပေါ်နေလျှက်ရှိတာကို တွေ့ရှိရခြင်းကြောင့် ဘာတွေကြောင့် ပြောင်းလဲမှုတွေလုပ်နေသလဲဆိုတာ
ဆန်းစစ်ကြည့်မိပါတယ်။ အမှန်တော့ ၀န်ထမ်းဆိုတာကလည်း တစ်နေရာမှ တစ်နေရာသို့ ကူးပြောင်းချင်ကြမှာ
မဟုတ်ပါဘူး။ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေရဲ့ ဖွဲ့စည်းပုံကြောင့်လား ဒါမှမဟုတ် လုပ်ခလစာငွေကြောင့်လား၊
နောက်တစ်နည်း စဉ်းစားကြည့်မိပြန်တော့ အလုပ်ရှင်တွေနဲ့ သဟဇာတ မဖြစ်ကြလို့လား။ ပြောရရင်တော့
ကုမ္ပဏီအတော်များများရဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံတွေကတော့ မြန်မာနိုင်ငံမှာ
Management အတော်လိုသေးတယ်လို့ မြင်မိပါတယ်။ ပြောတော့သာ Human Resource၊ Human
Resource နေရာတိုင်းမှာ ကြားနေရတယ်။ ဒီတော့ ပြန်လည် သုံးသပ်ကြည့်မိတယ်။ ဒီ Human
Resource ဆိုတာကြီးက ဘာလဲပေါ့။ တကယ်လို့သာ HR အဲ အလွယ်ပဲ ခေါ်လိုက်မယ်။ အမှန်တကယ်သာ
HR နဲ့သာ စနစ်တကျ စီမံအုပ်ချုပ်မယ်ဆိုရင် ဒီဝန်ထမ်းတွေ အလုပ်ကထွက်စရာအကြောင်း မရှိဘူးလို့
မြင်မိတယ်။ ကျွန်မ သိသလောက် သုံးသပ်ကြည့်မယ်။ HRဆိုတာ Humanတွေကို Focus လုပ်တာ။ နောက်
HRနဲ့လည်း မပြီးပြန်ဘူး၊ Admin ဆိုတာ ပါရဦးမယ်။ ဒီနှစ်ခုကို ခွဲခြားကြည့်တော့
Adminပိုင်းက ဥပဒေအတိုင်းတို့၊ စည်းမျဉ်း စည်းကမ်းအတိုင်း အုပ်ချုပ်ပြီး လုပ်ငန်းခွင်အတွင်း
လူမှမဟုတ် အရာအားလုံးကို စီမံတာလို့ မြင်မိပါတယ်။ နောက်တစ်ပိုင်း HRရဲ့ သဘော သဘာဝကတော့
လူတွေကို ဂရုစိုက်ပြီး အဓိကက လူတွေကို ကိုင်တွယ်တယ်။ နောက်တစ်ချက်ကတော့ လူကို လူသားကဲ့သို့
ပုံစံမြင်ပြီး ဆက်ဆံတဲ့ ပုံစံပိုင်းကို ဆိုလိုခြင်း ဖြစ်ပါတယ်။
Sunday, September 02, 2012
Saturday, September 01, 2012
Subscribe to:
Posts (Atom)

















