Articles
အင်္ဂလိပ်စကားမှာ နာမ်တွေကို သူ့ချည်း သုံးလို့မရဘူး။ ရှေ့က a, an, the, this, that, my, his စတဲ့ စကားလုံးတွေနဲ့ တွဲပြီး သုံးရတယ်။ Determiners လို့ ခေါ်တယ်။ ဒီအထဲမှာ this, that, my, his စတာတွေက အခက်အခဲ မရှိနိုင်ပါဘူး။ အဓိပ္ပါယ်ကို မှတ်ထားလိုက်ရင် ပြီးတာပါပဲ။ a, an, the တို့ကတော့ ကျကျနန လေ့လာမှတ်သားဖို့ လိုပါတယ်။ သူတို့ကို article လို့ ခေါ်ပါတယ်.။ a, an ရယ်၊ ဘာမှမပါပဲ ထားတာရယ်ကို Indefinite Article လို့ ခေါ်တယ်။ ဘာမှမပါဘဲ ထားတာကို အပြောရလွယ်အောင် ( သုည ) လို့ သုံးလိုက်မယ်။ a ကို ဗျည်းသံနဲ့စတဲ့ နာမ်များနဲ့ သုံးပါတယ်။ a boy, a car, a man, a woman စသဖြင့်..။ ဗျည်းသံလို့ ပြောတာကို သတိပြုပါလေ။ေ၇းတာကို ပြောတာမဟုတ်ပါဘူး။ ဒါကြောင့် a university လို့ သုံးပါတယ်။ u သရနဲ့ေ၇းထားပေမယ့် သရသံမထွက်ဘူး။ ဗျည်းသံထွက်နေလို့ပါ။ an ကို သ၇သံနဲ့ စတဲ့ နာမ်များနဲ့ သုံးပါတယ်။ an orange, an elephant, an umbrella စသဖြင့်..။ သရသံလို့ ပြောတာ ၊ သရနဲ့ ရေးတာကို ပြောတာမဟုတ်ဘူး။ ဒါကြောင့် hour မှာ ဗျည်း h နဲ့ေ၇းထားပေမယ့် သရသံထွက်တဲ့ အတွက်ကြောင့် an hour လို့ သုံးပါတယ်။ေ၇တွက်လို့မရတဲ့နာမ်များ ( Uncountable noun ) ၊ ရေတွက်လို့ရတဲ့နာမ် ဗဟုဝုစ် ( Plural ) များရဲ့ရှေ့မှာ ဘာ Article မှ မသုံးပဲေ၇းလို့ရပါတယ်။ water, oil, rice, wheat, bread, books, dogs, girls, people စသည်ဖြင့်...။ a, an, (0) ဆိုတဲ့ Indefinite Article သုံးလုံးကို ဘယ်သူဘယ်ဝါ ၊ ဘယ်ဝတ္ထုပစ္စည်းကို ပြောတာရယ်လို့ စိတ်ထဲမှာ ရည်စူးမထားတဲ့အခါမှာ သုံးပါတယ်.။ အင်္ဂလိပ်လို any, every ဆိုတဲ့ စကားလုံးများရဲ့ အဓိပ္ပါယ်ပါပဲ။ မြန်မာလို ( ဆိုတာ ) ( ဟူသည် ) ( တိုင်း ) တို့နဲ့ ညီမျှပါတယ်။ ဒါပေမယ့် မြန်မာလို ပြန်ရင် ဒီစကားလုံးတွေမပါဘဲလည်း ပြန်နိုင်ပါတယ်။ ဥပမာ.........