Tuesday, May 31, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၁၄)

V-ing
ခုထိတော့ လေ့လာခဲ့တဲ့ V တွေက Subject နဲ့တွဲပြီး ၀ါကျထဲမှာ သုံးနိုင်တဲ့ V တွေချည်းဖြစ်တယ်။ သူတို့ကို Finite verbs လို့ခ်ါတယ်။ ၀ါကျထဲမှာ Subject နဲ့တွဲပြီး မသုံးနိုင်တဲ့ အခြား V ပုံစံတွေရှိသေးတယ်။ Non-finite- verbs လို့ခေါ်တယ်။ ဒီအထဲမှာ တခုအပါအ၀င်ဖြစ်တဲ့ V မှာ ing ထည့်ထားတဲ့ ပုံစံကို လေ့လာကြရအောင်။ ( တကယ်တော့  V ကို ing ထည့်တာကို N သဖွယ်သုံးရင် Gerund ခေါ်ပြီး၊ ကြိယာတစ်ပိုင်းဖြစ်နေတာကို Participle လို့ခေါ်ကြတယ်။ ဒီမှာတော့လွယ်အောင် V- ing လို့ခေါ်သွားမယ်။)

1. As NounV-ing ကို N လိုသုံးနိုင်ပါတယ်။ Nဆိုတာ Subject နေရာ၊ Object နေရာမှာရှိတဲ့ စကားလုံးကိုခေါ်တာပေါ့။ ဒီတော့ V-ing ကို Subject နေရာ၊ Object နေရာမှာ သုံးနိုင်တယ်လို့ပြောတာပါပဲ။ Object ဆိုရာမှာ V ရဲ့နောက်က လာတာရှိတယ်။ Preposition နောက်ကလာတာရှိတယ်။

Monday, May 30, 2011

ဦးနှောက်အကြောင်း တစေ့တစောင်း

ကျွန်တော်တို့တွေ နေ့တစ်နေ့တာအတွက် မနက်အိပ်ရာနိုးတဲ့အချိန်ကစပြီး ညအိပ်ရာဝင်တဲ့အချိန်ထိ ကိစ္စများမြောင် လူတို့ဘောင် ဆိုသည့်အတိုင်း နေ့တဒူဝအလုပ်တွေနဲ့ပဲ အမြဲကုန်ဆုံးနေခဲ့ကြတာပါ။ ထိုနေ့တစ်နေ့တာအတွင်း ကျွန်တော်တို့တွေ ပြောဆိုလုပ်ကိုင်ခဲ့ကြသမျှကို ကျွန်တော်တို့ရဲ့ဦးနှောက်က အမြဲထိန်းချုပ်ပေးလျက် ရှိနေပါတယ်။ ထို့အတွက် ကျွန်တော်တို့ရဲ့ဦးနှောက်၏ အခန်းကဏ္ဍမှာ အလွန်တရာမှ အရေးကြီးလှပေသည်။ ထိုသို့အရေးကြီးသော ဦးနှောက်အတွက် လူသားတိုင်း ဂရုပြုဆင်ကြဉ်သင့်နိုင်ရန်အတွက် ကျွန်တော်ဖတ်ခဲ့ဖူးသော ဆောင်းပါးများအထဲမှ ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ဆောင်းပါးရေးသူကိုလဲ ကျေးဇူးအထူးတင်ရှိပါကြောင်း........

Sunday, May 29, 2011

ဘဝတု သဗ္ဗမင်္ဂလာ သုံးဂါထာ

(၁)ဘဝတု သဗ္ဗမင်္ဂလံ ၊ ရက္ခန္တု သဗ္ဗဒေဝတာ။
   သဗ္ဗဗုဒ္ဓါ နုဘာဝေန ၊ သဒါ သုခိ ဘဝန္တုတေ။

(၂)ဘဝတု သဗ္ဗမင်္ဂလံ ၊ ရက္ခန္တု သဗ္ဗဒေဝတာ။
   သဗ္ဗဓမ္မာ နုဘာဝေန ၊ သဒါ သုခိ ဘဝန္တုတေ။

(၃)ဘဝတု သဗ္ဗမင်္ဂလံ ၊ ရက္ခန္တု သဗ္ဗဒေဝတာ။
   သဗ္ဗသံဃာ နုဘာဝေန ၊ သဒါ သုခိ ဘဝန္တုတေ။

မှတ်ချက်။     ။ဤဂါထာသည် မင်္ဂလာဖြစ်ရန် ၊ နတ်များချစ်ခင်စောင့်ရှောက်ရန် ၊
                 သတ္တဝါများချမ်းသာရန် ရတနာသုံးပါး၏ တန်ခိုးတေဇော်အာနုဘော်
ကိုယူ၍ ဆုတောင်းသောဂါထာဖြစ်သည် နေ့ စဉ်  ညစဉ်ရွတ်ဆိုပွားများပါက လောကီ
လောကုတ္ထရာနှစ်ဖြာသောအကျိုးစည်းပွားကို ရရှိခံစားရမည် ဖြစ်ပါသည်။

Posted by ဝတ

ကျွန်တော် ခရီးသွား (၁)

၂၀၀၈ ခုနှစ်၊ မေလ (၂၄)ရက်။
ဒီနေ့သည် ဂျပန်ဘာသာသင်ကြားမှု (၁)လခွဲပြည့်မြောက်သည့်နေ့ဖြစ်ပါတယ်။ အဲဒီနေ့မှာ ဂျပန်နိုင်ငံရောက်ပြီး ဦးစွာပထမခရီးတစ်ခု ထွက်ဖြစ်ဖို့ အကြောင်းပေါ်လာပါတယ်။ မြန်မာပြည်က ထွက်မလာခင် ဂျပန်ကို ပညာတော်သင်သွားရဖို့ ပြင်ကြဆင်ကြတုန်းကလည်း ဂျပန်နိုင်ငံနဲ့ ပတ်သက်တဲ့ အထောက်အထားစာရွက်စာတမ်း တွေလက်လှမ်းမှီသလောက် ရှာကြည့်ပါတယ်။ ထုံးစံအတိုင်း အမြဲရောက်နေကျ ပန်းဆိုးတန်းလမ်း ဘက်မှာပဲပေါ့။ ကံကောင်းထောက်မစွာ “ဂျပန်ပြည်မှာ ရက်ပေါင်း ၁၃၀၀” ဆိုတဲ့ စာအုပ်လေးတစ်အုပ်တွေ့တယ်။ ရေးတဲ့သူကလည်း MONBUKAGASHOU အတိုကောက်အခေါ် မွန်ဘူးရှိုး လို့ခေါ်တဲ့ ဂျပန်ပညာရေးဝန်ကြီးဌာန အထောက်အပံ့နဲ့ ဂျပန်နိုင်ငံမှာ ပညာတော်သင်နေသွားသူက ရေးသားထားတာဆိုတော့ ကျွန်တော့်အတွက် မွန်ဘူးရှိုးကျောင်းသားလဲ ဖြစ်ပြန်တော့ များစွာမှ အထောက်အကူရလှပါတယ်။ သူတို့တုန်းက Osaka gaidai အိုဆာကာ ဂိုင်းဒိုင်း လို့ခေါ်တဲ့ အိုဆာကာ နိုင်ငံခြားဘာသာသင် တက္ကသိုလ်မှာ နိုင်ငံတကာက ကျောင်းသားပေါင်းစုံ ဂျပန်စာ စုဝေးသင်ကြရပြီး အဲဒီနောက်မှ သက်ဆိုင်ရာ တက္ကသိုလ်များသို့ သွားကြရတာဖြစ်ပါတယ်။ သူတို့ ဂျပန်စာသင်ကြားနေစဉ်ကာလများမှာလည်း မကြာခဏဆိုသလို လေ့လာရေး အပျော်ခရီးစဉ်လေးတွေ စီစဉ်ပေးတယ်ဆိုတာ ဖတ်ခဲ့ရတယ်။ ဆိုတော့ ခရီးသွားလာရတာ အင်မတန်မှ နှစ်ခြိုက်တတ်တဲ့ ကျွန်တော့်အတွက်တော့ စူဋ္ဌလိပ်ရေထဲလွှတ်သလိုနေတော့တာပေါ့။ ကျွန်တော်လဲ ခရီးသွားလာပြီး ဒေသန္တရဗဟုသုတလေးတွေ ရှာဖွေရတာ အင်မတန်မှ စိတ်ဝင်စားပါတယ်။ ဘာလို့လဲဆိုတော့ ဒေသတစ်ခုနဲ့တစ်ခု၊ အဲဒီဒေသမှာ နေထိုင်နေကြတဲ့ လူမျိုးစုတွေရဲ့ နေထိုင်ပြုမူတာတွေကအင်မတန်မှ စိတ်ဝင်စားစရာကောင်းတဲ့အတွက်ကြောင့်လဲဖြစ်ပါတယ်။

ကျွန်တော် ပညာသင် (၁)

၂၀၀၈ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့။
ဒီနေ့သည် ကျွန်တော်၏ ဘဝသစ်တစ်ခု အစပျိုးမည့်နေ့ဖြစ်ပါသည်။ သွားရမည်နေ့ရောက်သော်လည်း ကျွန်တော့်မှာ လိုအပ်သည်များပြင်ဆင်လို့ မပြီးသေးပါ။ အစတည်းက ဘယ်လိုပင် စီမံချက်ဆွဲ ပြင်ဆင်ခဲ့သော်လည်း လိုအပ်သည်များ ဖြည့်ဆည်းလို့ မဆုံးနိုင်သေးပါ။ ဒါက ဓမ္မတာဖြစ်ပါသည်။ မနှင်းယုရွှေ (ကွန်ပျူတာတက္ကသိုလ်) ထံ ဖုန်းဆက်ဖြစ်တာ ကံကောင်းသည်။ Hand Carry ထဲအစားအသောက်မှအစ Custom မလွတ်ကင်းတာမသယ်ဖို့ Luggage ထဲပဲထည့်ဖို့ပြောပါသည်။ သူက ကိုးရီယားတစ်ခေါက် ထွက်ထားဖူးတော့ သိနေတာဖြစ်သည်။ မြို့ထဲမှ အိမ်ပြန်ရောက်တော့ ပြင်ဆင်ထားသမျှ ပြန်ပြောင်းထည့်ရသည်။ ညနေ (၁၇း၄၅) နာရီ အိမ်မှ ထွက်ဖို့ပြင်ဆင်ထားပါသည်။ KME မှ ကိုဝေဖြိုးဆန်း ဂျစ်တစ်စီးနှင့် TAXI တစ်စီးသွားဖို့ ပြင်ဆင်ထားပြီး၊ ကျွန်တော်ချိန်းထားသည့် အချိန်အတိုင်း ရောက်မှလာပါ့မလား စိုးရိမ်နေဆဲမှာပင် လမ်းထိပ်မှ ကားချိုးကွေ့ဝင်လာတာမြင်ရသည်။ ယောဂီကျောင်းလမ်းထဲမှ ကျွန်တော့်အစ်ကို မိသားစု(ပြင်/ထိန်း) အား ဝင်ခေါ်ပြီး မင်္ဂလာဒုံလေဆိပ်သို့ ထွက်ခဲ့ပါသည်။

Friday, May 27, 2011

မြန်မာတွေစင်ကာပူကိုလာသင့်သေးသလား?

(ဝန်ခံချက်။       ။ဒီ Post ရေးသားခြင်းသည် စင်ကာပူကို အကြောင်းအမျိုးမျိုးနဲ့ လာချင်နေသောသူငယ်ချင်တွေကို စိတ်ပျက်အောင် ရေးသားခြင်းမျိုး မဟုတ်ပါ။ စင်ကာပူသို့ သူငယ်ချင်းတို့မလာဖြစ်ခင်မှာ သိသင့်သောအကြောင်းအရာများအဖြစ် ရေးသားဖော်ပြခဲ့ခြင်းဖြစ်ပါသည်။)
စင်ကာပူဟာ 2008 စီးပွားပျက်ကပ်မှာ အလုပ်အကိုင် အပြိုင်အဆိုင်ဆုံးရှုံးကြအပြီး နိုင်ငံခြားသား ကော်လာဖြု ကော်လာပြာ အလုပ်သမားတွေအပေါ် အမြင်စစောင်းလာကြတာဟာဖြင့် မေ(၇) ရွေးကောက်ပွဲမှာတော့ နှစ်ပေါင်းများစွာ အာဏာကိုလက်ထဲမြဲမြဲကိုင်ထားခဲ့တဲ့ PAP ပါတီဟာ မကြုံစဖူး အတိုက်ခံတွေလက်ထဲကို လွှတ်တော်နေရာ (၆) နေရာပေးလိုက်ရတဲ့ အနေအထားကို ရောက်သွားခဲ့ရတယ်။ ဘာကြောင့်ဒီလို အတိုက်အခံပါတီတွေဖက်က နေရာရလာသလဲဆိုတော့ သူတို့ဟာ စင်ကာပူနိုင်ငံသားတွေရဲ့ ကျယ်လောင်လာတဲ့ နိုင်ငံခြားသားတွေကြောင့် သူတို့အလုပ်အကိုင်တွေ ဆုံးရှုံးကြရတယ်။

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၁၃)

Unreal Past
Condition ရဲ့ သဘောကို နားလည်ရင် အခုသဒ္ဒါရဲ့ သဘောကို နားလည်ပါလိမ့်မယ်။ Condition- 2 နှင့် 3 ဟာ မဖြစ်နိုင်တာကို တင်စားပြောတာဖြစ်သလို အခု Unreal Past ကလည်း မဖြစ်နိုင်တာကို ဖော်ပြနေပါပဲ။ ဒါကြောင့်လည်း Unreal Past ( တကယ်မဟုတ်တဲ့ အတိတ် ) လို့ အမည်ရတာပေါ့။ ဆန္ဒပြုတယ်၊ တောင့်တတယ် ဆိုတာကလည်း တကယ်မဖြစ်သေးပါဘူး။ ဒီတော့ ဒီ Unreal Past ထဲမှာ ပါဝင်တယ်။ သုံးလေ့ရှိတဲ့ ပုဒ်စုလေးတွေကတော့ …
I wish ……………………...... ဆန္ဒရှိ၊ တောင့်တ
I’d rather ……………………. ကောင်းမယ်ထင်တယ်
Suppose …………………….. ဆိုပါစို့
If only ……………………....... သာဆိုရင်
It’s time …………………….... အချိန်ကျပြီ၊ တန်ပြီ။
It’s about time …………….............။
It’s high time ………………........... ။
Would to God ………………. ဆုတောင်းမိပါရဲ့
………. as if ………………….. သကဲ့သို့၊ သလို
တင်စားတာ ၊ ဆန္ဒပြုတာက အခုဆိုရင် Past tense ကို သုံးပါ။ တင်းစားတာ၊ ဆန္ဒပြုတာက အရင်အတိတ်ကဆိုရင် Past Perfect ကိုသုံးပါ ။ ဥပမာ …

နဝမမြောက် ဗန်းမော်ဆရာတော်ဘုရားကြီး၏ ဂုဏပူဇာမင်္ဂလာအခမ်းအနားဖြစ်မြောက်ရေးအတွက် အလှူခံနှိုးဆော်လွှာ







နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ နဝမမြောက်ဗန်းမော်ဆရာတော် “ဒေါက်တာအရှင်ကုမာရာဘိဝံသ” သည် ၂၀၁၁ခုနှစ်၊ မတ်လ (၁၉) ရက်နေ့တွင် သာသနာရေးဆိုင်ရာ အမြင့်ဆုံးဘွဲ့တံဆိပ်တော်ဖြစ်သော “အဘိဓဇ မဟာရဋ္ဌဂုရု” ဘွဲ့တံဆိပ်တော်ကို လက်ခံချီးမြှောက် တော်မူခဲ့ပါသည်။ ၎င်းဘွဲ့တော်ကို အဂ္ဂမဟာပဏ္ဍိတ ဘွဲ့ရပြီးသူ၊ အကြားအမြင်ဗဟုသုတများသူ၊ အနည်းဆုံးသိက္ခာဝါ(၄၀)ရရှိပြီးသူ၊ ရဟန်းရှင်လူတို့အတွက် အကျိုးများသော ကျမ်းစာရေးသားပြီးသူနှင့် တစ်နိုင်ငံလုံးက အလေးအမြတ်ပြုအပ်သော ဆရာတော်ကြီး များကိုသာ အပ်နှင်းသည့် သာသနာရေးဆိုင်ရာ အမြင့်ဆုံးဘွဲ့ဖြစ်ပါသည်။

Thursday, May 26, 2011

စင်ကာပူကို ပညာတော်သင်မသွားခင် သိစေချင်ပါသည်

စင်ကာပူသို့  ပညာတော်သင်လာကြမယ့် ကိုကို မမ များအတွက်ပါ။
စင်ကာပူကို ပညာသင်လာမယ်ဆိုရင် များသောအားဖြင့် အေးဂျင့်တွေကနေ လာကြရတာများတာပါ။
အဲဒီအခ်ျိန်မှာအေးဂျင့်တွေကို မျက်စိမှိတ်ယုံလို့ မရနိုင်ပါဘူး။ အဖြစ်ကလေးတစ်ခုပြောပြပါ့မယ်။

သင့်ကို ကျန်းမာနေစေမည့် လက်တစ်ကမ်းမှ အစာ (၁ဝ) မျိုး

သင့်ကို ကျန်းမာနေစေမယ့် သဘာဝအစားအစာ (၁ဝ)မျိုးရှိပါတယ်။ သင့်ပတ်ဝန်းကျင်မှာပဲ ရှိနေပြီး သတိ မထားလိုက်မိတဲ့ အစားအစာတွေ ထဲမှာ သင့်ကို အကျိုးပြု အာဟာရတွေ ရှိပါတယ်။
၁။ ဟင်းခတ် အမွှေးအကြိုင်များ  
အီတလီ လူမျိုးတွေဟာ ဟင်းထဲမှာ ဟင်းခတ် အမွှေးအကြိုင် တချို့ကို ထည့်စားတတ်ကြပါတယ်။ ဒါဟာ ဘက်တီးရီးယားနဲ့ ရောဂါပိုးမွှား တွေကို တိုက်ထုတ်နိုင်တယ်လို့လည်း ယုံကြည်ကြပါတယ်။ သဘာဝ ဘက်တီးရီးယား ဆန့်ကျင်နိုင်တဲ့ အစားအစာ အဖြစ် ဟင်းတွေထဲမှာ ထည့်ချက်သင့်ပါတယ်။
၂။ အမဲသား  

အာဟာရ ပြည့်စေတဲ့ အသားတစ်မျိုး ဖြစ်ပြီး ခေါင်းတစ်ခြမ်း ကိုက်တဲ့ ရောဂါကို သက်သာစေပါတယ်။
၃။ ကြက်သွန်မြိတ်  

သွေးဖိအား ကျစေပါတယ်။ သွေးလည်ပတ် စီးဆင်းမှုကို ကောင်းစေတာကြောင့် စိတ်ရော၊ ခန္ဓာပါ သက်သောင့်သက်သာ ဖြစ်စေပါတယ်။