Saturday, July 09, 2011

ယမမင်း နှင့် Bill - Gates

မိုက်ခရိုဆော့ခ်၏ ဖခင် Bill - Gatesမှာ မတော်တဆ ကားတိုက်မှုဖြင့်သေဆုံးသွားသည်။ (တကယ်မထင်စေချင်ပါ)။ ယမမင်းက “ ခင်ဗျားကို နတ်ပြည်ပို့ရမလား၊ ငရဲပြည်ပို့ရမလား ဆုံးဖြတ်လို့ မရဘူးဖြစ်နေတယ်။ ကွန်ပြူတာတွေကို ထီထွင်ပြီး လူတွေကို ခင်ဗျား အများကြီး အကျိုးပြုခဲ့တယ်။ အံ့မခန်းတဲ့ အသုံးဝင် WINDOWS တွေကိုလည်း တီထွင်ခဲ့တယ်။ နတ်ပြည်သွားချင်သလား၊ ငရဲပြည် သွားချင်သလား ခင်ဗျားဘာသာ ဆုံးဖြတ်ပေတော့”ဟု မေးလေ၏။ Bill – Gates ကလဲ “ နတ်ပြည်နဲ့ ငရဲပြည် ဘာများကွာခြားပါသလဲ” လို့ပြန်မေးပါသည်။ ယမမင်းက “ခင်ဗျားဆုံးဖြတ်လို့ ရအောင် အဲဒီ နေရာနှစ်နေရာကို ကျုပ်အရင်လိုက်ပြမယ်”ဆိုပြီး Bill – Gates ကိုခေါ်ဆောင်သွားပါသည်။ သို့နှင့် ငရဲပြည်သို့ သူတို့ရောက်လာကြသည်။ ငရဲပြည်မှာ သန့်ရှင်းသော ပင်လယ်ကမ်းစပ်၊ ဖြူဖွေးသော သဲပြင်နှင့် မိန်းမလှလေးများဖြင့် လှပနေသည်။ Bill - Gates မှာ အလွန်ပျော်ရွှင်သွားသည်။ သို့နှင့် နတ်ပြည်သို့ သူတို့ ရောက်လာကြပြန်သည်။ နတ်ပြည်မှာ လှပသော တိမ်တိုက်နှင့် နတ်သမီးများ ပျော်ပါး နေကြသည်။ သို့သော် ငရဲပြည်လောက် စွဲဆောင်မှုမရှိပေ။ Bill - Gates “ကျွန်တော် ငရဲပြည်ပဲ သွားမယ်” ဟု ဆုံးဖြတ်ချက်ချလိုက်ပါသည်။
ယမမင်းကလဲ “ကောင်းပြီလေ ခင်ဗျားကို ငရဲပြည်ပို့ပေးမယ်” ဆိုပြီး Bill - Gates ကို ပို့ပေးလိုက်သည်။ ထို့နောက်နှစ်ပတ်ကြာသော် ယမမင်းမှာ ဒီသန်းကြွယ်သူဌေး ငရဲပြည်မှာ ဘာများလုပ်နေသလဲ ဟု သိချင်သောကြောင်း ငရဲပြည်သို့ သွားရောက်ခဲ့သည်။ Bill - Gatesမှာ လက်ကျင်း၊ ခြေကျင်းများခတ်ပြီး အနှိပ်စက်ခံနေရသည်။ Bill - Gates “ဒီနေရာဟာ အရမ်းကြောက်ဖို့ ကောင်းတယ်။ ကျွန်တော်တွေ့ခဲ့တဲ့ မိန်းမလှလေးတွေရော၊ သဲဖြူဖြူနဲ့ ပင်လယ် ကမ်းစပ်တွေရော ဘယ်ရောက်ကုန်ပြီလဲ” ဟုမေးလိုက်သည်။ ယမမင်းက “ အော် ဒါတာတွေလား....အဲဒါတွေက Screen Saver တွေလေ...”ဟု ပြန်ဖြေလိုက်ပါတော့သည်။
Posted by သူငယ်ချင်းတစ်ဦး

ကျေင်းစာသင်ခန်းထဲက ကမ္ဘာလုံး

တခါက ပညာရေးဝန်ကြီး တစ်ဦးဟာ ကျောင်းတစ်ကျောင်းကို ကြည့်ရှုစစ်ဆေးဖို့ သွားရောက်ခဲ့ပါတယ်။ အတန်းတစ်တန်းထဲ ၀င်ကြည့်တော့ အခန်းထဲမှာ ကမ္ဘာလုံး တစ်လုံး တင်ထားတာတွေ့လို့ ကျောင်းသားတစ်ယောက်ကို ခေါ်ပြီး ........
“ဒီကမ္ဘာကြီးဟာ ဘာလို့ ၂၃ နှစ်ပိုင်းတစ်ပိုင်း ဒီဂရီ တိမ်းစောင်းနေသလဲ” လို့မေးလိုက်တယ်။ မေးခံရတဲ့ ကျောင်းသားက ပျာပျာသလဲနဲ့ “ကျွန်တော်လုပ်တာ မဟုတ်ပါဘူး...” လို့ ပြန်ဖြေတယ်။ ပညာရေးဝန်ကြီးက ၀င်လာတဲ့ နောက်ကျောင်းသားတစ်ဦီးကို မေးလိုက်ပြန်တယ်။ ကျောင်းသားက လက်ကာပြပြီး...
“ကျွန်တော်အခုမှ ၀င်လာတာ... ကျွန်တော်လုပ်တာ မဟုတ်ဘူး” လို့ ဖြေပြန်တယ်။ ပညာရေးဝန်ကြီးက ဆရာဖက်လှည့်ပြီး “ဒါ..ဘယ်လိုဖြစ်ရတာလဲ” လို့ (ဆရာက တပည့်တွေကို ဘယ်လို သင်ခဲ့သလဲဆိုတဲ့ ပုံစံနဲ့) မေးလိုက်တယ်။
ဆရာက တောင်းပန်တဲ့ လေသံနဲ့ “သူတို့ကို အပြစ်တင်လို့ မရပါဘူး..ဒီကမ္ဘာလုံးက၀ယ်လာကတည်းက ၂၃ နှစ်ပိုင်းတစ်ပိုင်း ဒီဂရီတိမ်းစောင်းနေတာပါ” လို့ပြန်ဖြေတယ်။ ပညာရေးဝန်ကြီးက ခရမ်းချဉ်သီးလို့ ပေါက်ကွဲတော့မယ့် မျက်နှာနဲ့ကျောင်းအုပ်ကြီးဖက် လှည့်ကြည့်လိုက်တယ် ဆိုရင်ပဲ ကျောင်းအုပ်ကြီးက “ပြောရမှာ အားတော့နာတယ်...ကျောင်းက ရန်ပုံငွေ အခက်အခဲဖြစ်နေလို့ ဒီကမ္ဘာလုံးကို လမ်းဘေးဈေးမှာ ၀ယ်ခဲ့လို့ အခုလိုတိမ်းစောင်းနေတာပါ” လို့ ပြန်ဖြေလိုက်တော့တယ်။ 
 Posted by သူငယ်ချင်းတစ်ဦး

Thursday, July 07, 2011

စာပေဝါသနာအိုး သူငယ်ချင်းတို့အတွက်

စာပေဝါသနာအိုး သူငယ်ချင်းတို့အတွက် စာပေဟောပြောပွဲ mp3 ( ၁၂၃ ) ဖိုင်ရဲ့ link တွေကို ဖော်ပြပေးလိုက်ပါတယ်။ တချို့လည်း သိပြီးလောက်ပြီဖြစ်မှာပါ။ တစုတစည်းတည်း နားထောင်နိုင်ဖို့ မီးပြတိုက် မှတဆင့် ကူးယူတင်ပြပေးလောက်ပါတယ်။
1AKyiTaw - AKyiTaw 20110529 LaMinPhanPwe NorthOkkalapa56:27
2AKyiTaw - DoteKhaSoTarNaungTaChangeHarThaPar3:35
3AttaKyaw - AttaKyaw 20110507 SateMyetSiKoPhwintYaAu...44:11
4AttaKyaw - AttaKyaw TanPhoeShiDeLu MawLaMyaing 20100:38
5AungKyawSan - AungKyawSan KaNaungALwanHtooSanHtwayL...27:05
6Aung Pyae - AungPyae YayThuEiPaRiYalPhatThuEiKhanSa...40:37
7AungThin - AungThin 20110529 KoKyintYinPyinNyar Nor...5:54
8Aung Thinn - Youth's Life2:10
9AungThin - YaNayLuNge&SarPay(2)9:57
10Aung Thinn - Today's Youth And Literature58:05
11AungThin - AungThin 20101219 LuNgalHnintPyinNyar He...21:34
12AungThin - AungThin 20110130 LuNgeTwayNeltANarGat K...50:22
13Aung Thin - AungThin AMway _4:12
14Aung Thin - AungThin KhaungSaungSoTar55:40
15Aung Thin - AungThin LetKhanLiteSanBa SarPayLawKa55:59
16Aung Thin - AungThin LuHninrPyinNyar AThode _59:01
17Aung Thin - AungThin PyinNyar Monywa57:09
18Aung Thin - AungThin YaNaeLuNgalHnintYaNaeYaThaSarP...58:11
19Aung Thin - AungThin YaNaeLuNgeBaWaHtuHtaungHmu Pya...2:12
20UAungThin - UAungThin BeAccepted46:55

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၁၉)

CLAUSES (2) - Adjective Clauses (1)
Noun တစ်ခုကို ဖော်ပြတဲ့ ပုဒ်စုကို Adjective Clause လို့ ခေါ်ကြောင်း အရင်အခန်းမှာတုန်းက တင်ပြခဲ့ပြီ။ သူတို့ကို ပြုလုပ်ရာမှာ Relative Pronouns တွေကို အသုံးပြုရတဲ့အတွက် Relative Clause လို့လည်း ခေါ်သေးတယ်။
Adj Clause (or) Relative Clause တွေကို နှစ်မျိုးခွဲခြားထားတယ်။ ဒီအကြောင်း စောစောစီးစီး သဘောပေါက်ထားသင့်တယ်။ နို့မဟုတ်ရင် Relative သုံးရာမှာ၊ ကော်မှာသုံးရာမှာ အလွဲလွဲအမှားမှား ဖြစ်ရတယ်။ နှစ်မျိုးကတော့  Defining Clause and Non-defining Clause တို့ပါပဲ။ ( အချို့ဆ၇ာသမားများကလည်း Restrictive and Non-restrictive လို့ ခေါ်ကြပါတယ်။ )
ဒီနှစ်ခုမှာ defining clause က ပြောစကားမှာ အသုံးအများဆုံးဖြစ်တယ်။ ၉၀ ရာခိုင်နှုန်းလောက် ရှိပါလိမ့်မယ်။ Non-defining Clause ကို စာရေးရာမှာပဲ တွေ့ရတတ်တယ်။ ဒါကြောင့် Defining clause ကို အရင် ပိုင်နိုင်ကျေညက်နေအောင် လေ့ကျင့်ရမယ်။
Define ဆိုတာ limit ကန့်သတ်လိုက်တာ၊ ညွှန်းလိုက်တာပဲ ဖြစ်တယ်။ Defining Clause ဆိုတာ ဘယ်သူဘယ်ဝါလို့ ကန့်သတ်ပေးလိုက်တဲ့ ပုဒ်စု ၊ ညွှန်းပြလိုက်တဲ့ ပုဒ်စုပေါ့ ။ ဥပမာ……….
The girl is my cousin.
ကောင်မလေးက ငါ့ ဝမ်းကွဲနှမ - လို့်ပြောလျှင် အနီးအနားမှာ မိန်းကလေးတစ်ယောက်တည်း ရှိလျှင်ဖြင့် အငြင်းပွားစရာ မပေါ်ဘူးပေါ့။ အဲဒီမိန်းကလေးကိုပဲ ပြောတာပဲပေါ့ ။ ဒါပေမယ့် မိန်းကလေးက တစ်ယောက်တည်းမဟုတ်ပဲ လေးငါးယောက်ရှိနေမယ်ဆိုလျှင်ဖြင့် အဲလိုပြောရုံနှင့် မလုံလောက်တော့ ဘူး။ ဘယ်မိန်းကလေးလည်းလို့ ကန့်သတ် ပေးရပေလိမ့်မယ်။ ထောက်ပြပေးရပေလိမ့်မယ်။ Define လုပ်ပေးရပေလိမ့်မယ်။
The girl who is wearing a blue cardigan is my cousin.
ဆွယ်တာအပြာလေးဝတ်ထားတဲ့ ကောင်မလေးက ငါ့ နှမ ၀မ်းကွဲလေ။
ဒီတော့ မှ.. သြော် သူ့ကိုပြောတာပါလားလို့ တိတိကျကျ နားလည်ရပေတော့ မယ်။ ဒါကြောင့် who is wearing a blue cardigan ပုဒ်စုကို ကန့်သတ်ပေးတဲ့ ပုဒ်စု ၊ ထောက်ပြပေးတဲ့ ပုဒ်စု၊ define လုပ်ပေးတဲ့ ပုဒ်စု ၊ အင်္ဂလိပ်လို defining clause လို့ ခေါ်ပါတယ်။ ဒါပေမယ့်….
Ma May is my cousin.
မမေက ငါ့ နှမ၀မ်းကွဲဖြစ်တယ်။
ဒီလိုပြောလျှင်ဖြင့် အနီးအနားမှာ မိန်းကလေးတစ်ယောက်တည်းရှိရှိ ၊ အယောက်တစ်ရာရှိရှိ ဘာမှ ရှုပ်ထွေးစရာ မဖြစ်တော့ပါဘူး။ Ma May ကို ထောက်ပြပေးစရာ၊ ကန့််သတ်ပေးစရာ ၊ define လုပ်ပေးစရာ မလိုတော့ ပါဘူး။ မလိုပါပဲလျှက် …………..
Ma May, who is wearing a blue cardigan is my cousin.
ဆွယ်တာ အပြာလေးဝတ်ထားတဲ့ မမေက ငါ့ နှမ၀မ်းကွဲလေး - လို့ ပြောလျှင်တော့ who is wearing a blue cardigan - ဟာ ကန့်သတ်မပေးတဲ့ ၊ ထောက်ပြမပေးတဲ့ ၊ define မလုပ်တဲ့ ပုဒ်စုဖြစ်တယ်။ ဒါကြောင့် အင်္ဂလိပ်လို့ သူ့ကို Non-defining clause လို့ ခေါ်ပါတယ်.

ဂုဏ်တော်ကိုးပါး ဂြိုလ်သက်အလိုက် ပုတီးစိပ်အဓိဌာန်နည်း

ဘုရားဂုဏ်တော်(၉)ပါးဖြင့် ဂြိုလ်တိုင်ခွင်ဘုရားများအား ပုတီးစိတ်ပူဇော်ပုံ
၁။ တနင်္ဂနွေနေ့ “အရဟံ” ဂုဏ်တော်ဖြင့် ဂြိုလ်သက်အရ ပုတီး (၆)ပတ် စိတ်ပါ။
၂။ တနင်္လာနေ့ “သမ္မာသမ္ဗုဒေါ” ဂုဏ်တော်ဖြင့် ဂြိုလ်သက်အရ ပုတီး (၁၅)ပတ် စိတ်ပါ။
၃။ အင်္ဂါနေ့ “၀ိဇ္ဇာစရဏသမ္ပန္နော” ဂုဏ်တော်ဖြင့် ဂြိုလ်သက်အရ ပုတီး (၈) ပတ် စိတ်ပါ။
၎။ ဗုဒ္ဓဟူးနေ့ (နံနက်) “သုဂတော” ဂုဏ်တော်ဖြင့် ဂြိုလ်သက်အရ ပုတီး (၁၇) ပတ် စိတ်ပါ။
၅။ ဗုဒ္ဓဟူးနေ့ (ညနေ) “လောက၀ိဒူ” ဂုဏ်တော်ဖြင့် ဂြိုလ်သက်အရ ပုတီး (၁၂) ပတ် စိတ်ပါ။
၆။ ကြာသပတေးနေ့ “အနုတ္တရောပုရိသဓမ္မသာရထိ”
ဂုဏ်တော်ဖြင့် ဂြိုလ်သက်အရပုတီး (၁၉) ပတ် စိတ်ပါ။
၇။ သောကြာနေ“သတ္တဒေ၀မနုဿနံ” ဂုဏ်တော်ဖြင့် ဂြိုလ်သက်အရ ပုတီး (၂၁) ပတ် စိတ်ပါ။
၈။ စနေနေ“ဗုဒ္ဓေါ” ဂုဏ်တော်ဖြင့် ဂြိုလ်သက်အရ ပုတီး (၁၀) ပတ် စိတ်ပါ။
၉။ စနေနေ့(အခြားအချိန်) “ဘဂ၀ါ” ဂုဏ်တော်ဖြင့် ဂြိုလ်သက်အရ ပုတီး (၁၀) ပတ် စိတ်ပါ။
ပုတီးစိတ်နည်းနှင့် ဆုတောင်းပုံ
ဘုရားတပည့်တော်သည် ဤနေ့၊ ဤရက်(တနင်္ဂနွေ) နေ့မှစ၍ စနေနေ့တိုင်အောင်(၇) ရက်တိတိ ဘုရားဂုဏ်တော်(၉)ပါးကို နေ့စဉ်ဂြိုလ်သက်အလိုက် ပွားများအားထုတ်ပါမည်ဟု အဓိဌာန်ပြုပါသည်။
ဤသို့ပွားများအားထုတ်ရသော အကျိုးကြောင့် လောကတွင် ဆရာတစ်ဆူဖြစ်၍ လိုအပ်သော ဆန္ဒများ တလုံးတ၀တည်း ပြည့်စုံရပါလို၏ဘုရား(သို့မဟုတ်) မိမိလိုရာဆိုတောင်းပါ။
ဤနေ့သည် (တနင်္ဂနွေနေ့) ဖြစ်သည့်အတွက် -(တနင်္ဂနွေနေ့ဖွား) ဘုရားရဟန္တာ ကိုယ်တော်မြတ်အပေါင်းတို့အားရည်မှန်း၍ “အရဟံ” ဂုဏ်တော်ကို (တနင်္ဂနွေနေ့ဖွား) ဘုရားရဟန္တာ ကိုယ်တော်မြတ်အပေါင်းတို့အားရည်မှန်း၍ “အရဟံ” ဂုဏ်တော်ကို (တနင်္ဂနွေ) ဂြိုလ်သက်အလိုက် (၆)ပတ်” ပုတီးစိတ်၍ ပူဇော်ပါမည်ဘုရား။
ဤသို့ပူဇော်ရသောအကျိုးအားကြောင့်…..
(၁) (တနင်္ဂနွေ)ဂြိုလ်မင်းကြီးသည် ကျွန်ုပ်အား ချစ်ခင်ကြင်နာစွာ စောင့်ရှောက်ပါစေသတည်း။
(၂) (တနင်္ဂနွေနေ့ဖွား) သူတော်စင်၊ သူတော်မြတ်အပေါင်းတို့က စောင့်ရှောက်ပါစသေတည်း။
(၃)(တနင်္ဂနွေနေ့ဖွား) ယောက်ျား၊ မိန်းမအပေါင်းနှင့် သတ္တ၀ါအပေါင်းတို့က ကျွန်ုပ်အား ကူညီ စောင့်ရှောက်ပါစေ၊ အန္တရာယ်ပြုခြင်းမှ ရှောင်ရှားပါစေသတည်း။
(၄) (တနင်္ဂနွေနေ့)တွင် ပြုလုပ်သမျှ ကိစ္စအ၀၀ အောင်မြင်ပါစေသတည်း။
ကွင်းပတ်/အဖွင့်ဖြင့် လိုင်းတားထားတဲ့ နေရာတွေမှာ နေ့အလိုက်/ ဂြိုလ်အလိုက်/ဂြိုလ်သက်အလိုက် ဂုဏ်တော်များကို ပြောင်းစိတ်ပါ။ ဥပမာ-တနင်္လာနေ့တွင်စိတ်လျှင် ဂြိုလ်မှာတနင်္လာဂြိုလ်ဖြစ်ပြီးတော့၊ ဂြိုလ်သက်မှာ (၁၅) နှစ်ဖြစ်တဲ့အတွက်ကြောင့် (၁၅) ပတ်စိတ်ရပါမည်။ ဂုဏ်တော်အားဖြင့် “သမ္မာသမ္ဗုဒေါ” ဂုဏ်တော်ဖြစ်ပါသည်။
အကျိုးကျေးဇူး
(၇)ရက် (၇)ကြိမ်၊ စုစုပေါင်း(၄၉)ကြိမ် ပြီးမြောက်ပါက ပါရမီအနုအရင့်အလိုက် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ ရာထူးတိုး၊ အရောင်းအ၀ယ်စသည်များ စတင်ထူးခြားမည်။ ပါရမီရင့်သန်သူဖြစ်ပါက (၇)ရက် သား/သမီး တို့၏ ဆရာတစ်ဆူ ဖြစ်လာမည်။ ရန်သူများခယလာမည်။ (၄၉)ရက်၊ (၃)ကြိမ်ပြီးမြောက်ပါက ပါရမီအနုအရင့်အလိုက် အားလုံးထူးခြားမှုတွေ့လာရမည်။ (အမြဲစိတ်သွားပါက အကြားအမြင်ရခြင်း၊ မနောမယသိဒ္ဓိနှင့် ပြည့်စုံခြင်းတို့ဖြစ်မည်။)

သူငယ်ချင်းများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် လိုအင်ဆန္ဒတလုံးတဝတည်း ပြည့်နိုင်ကြပါစေ....
 Posted By ၀တီ

Wednesday, July 06, 2011

မြန်မာဟာ မြန်မာပဲ ဖြစ်ရမယ်

မြန်မာဟာ မြန်မာပဲ ဖြစ်ရမယ်
ဟေ့- မြန်မာဟာ မြန်မာပဲကွ၊ မြန်မာဟာ မြန်မာပြည်ကို ချစ်ရမယ်။ မြန်မာဟာ မြန်မာပြည်မှာပဲ နေရမယ်။ မြန်မာပြည်မှာပဲ သေရမယ်။ အကြောင်းအမျိုးမျိုးကြောင့် ရေမြေခြားကို ရောက်နေပေမယ့် တစ်နေ့နေ့ ကိုယ့်နိုင်ငံကို ပြန်ရမယ်။ အခွင့်အရေး တစ်စုံတရာကြောင့် နိုင်းခြားသားလုပ်ဖို့ ဘယ်တော့မှ စိတ်မကူးနဲ့။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်

Posted  by ထွန်းမြင့်ဌေး 

ပြည်ပတွင် သုံးလအထက်နေထိုင်ခဲ့သူများ သက်ဆိုင်ရာနိုင်ငံ၏ အနိမ့်ဆုံးလစာဆယ်ရာခိုင်နှုန်းကို အမြတ်ခွန်ပေးဆောင်ပြီးမှသာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးမည်

ပြည်ပတွင် သုံးလ အထက်နေထိုင်ခဲ့သူများအနေဖြင့် သက်ဆိုင်ရာနိုင်ငံ၏ အနိမ့်ဆုံးလစာ ဆယ်ရာခိုင်နှုန်းကို အမြတ်ခွန်ပေးဆောင်မှ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးမည်ဖြစ်သည်ဟု နိုင်ငံကူးလက်မှတ်ရုံးမှဌာနခွဲမှူး ဦးစိုးထွန်းအောင်က ပြောကြားပါသည်။
သုံးလအထက်နေထိုင်သော်လည်း ပညာသင်ကြားရေးသို့ ကျန်းမာရေးကြောင့် ယင်းကဲ့သို့နေထိုင်ရကြောင်းကို သက်ဆိုင်ရာ မြန်မာသံရုံး၏ထောက်ခံချက် ရှိပါက အမြတ်ခွန်ပေးဆောင်ရန်မလိုဟု ယင်းက ထပ်မံပြောသည်။
''သုံးလအထက်ဆိုပေမယ့် ရက် ပိုင်းလောက်ကိုတော့ မဆိုလိုပါဘူး။ ကျွန်တော်တို့ မနလရုံးအနေနဲ့ နိုင်ငံသားတစ်ယောက်ဟာ ပြည်ပမှာ သုံးလအထက်နေရင် အလုပ်လုပ်နေတယ်လို့ ယူဆတယ်''ဟု ပြောသည်။
နိုင်ငံသားတစ်ဦးသည် ပြည်ပတွင် သုံးလအထက်နေထိုင်ခဲ့ပါက သွားရောက်ခဲ့သော ပြည်ပနိုင်ငံ၏ အနိမ့်ဆုံးလစာ ဆယ်ရာခိုင်နှုန်းကို သက်ဆိုင်ရာနိုင်ငံ၏ မြန်မာသံရုံးတွင်လည်းကောင်း၊ မြန်မာနိုင်ငံ ရှိ သက်ဆိုင်ရာအမြတ်ခွန်ရုံးများတွင်လည်းကောင်း ပေးဆောင်ရမည်ဖြစ်ကာ မနလသက်တမ်းတိုးရာတွင် ပြည်ပရှိမြန်မာသံရုံးတွင် အခွန်ဆောင်ပြီးဖြစ်ကြောင်း အခွန်ပြေစာ ပါရမည်ဖြစ်သည်။
''အခွန်မဆောင်ချင်လို့ အကြောင်း အမျိုးမျိုးပြတဲ့သူတွေရှိတယ်။အလုပ်လုပ်တာ မဟုတ်ဘူး။ သားသမီး နေမကောင်းလို့၊ ကျန်းမာရေးမကောင်းလို့ နေရတာပါ” လို့ မနလသက်တမ်းတိုးတဲ့အခါ ပြောပေမယ့် ကျွန်တော်တို့အနေနဲ့က မမြင်ရတဲ့ အခြေအနေတစ်ခု ဖြစ်နေတယ်လေ။ အဲဒီလိုဖြစ်လို့ သုံးလအထက် နေထိုင်ခဲ့တယ်ဆိုတဲ့အကြောင်းကို ပြည်ပနိုင်ငံရဲ့သက်ဆိုင်ရာ မြန်မာသံရုံးက ဟုတ်မှန်ပါတယ်ဆိုတဲ့အကြောင်း ထောက်ခံစာပါမှ အခွန်မဆောင်ရမှာလေ။ ထောက်ခံစာမပါရင်တော့ အခွန်ဆောင်ရမှာပဲ''ဟု ယင်းက ထပ်လောင်းပြော သည်။
     ''ကျွန်တော့်တုန်းက စင်ကာပူမှာ ကျန်းမာရေးအခြေအနေကြောင့် လေးလကျော်နေခဲ့ရတယ်။ ဒီရောက်တော့ မနလ သက်တမ်းတိုးမယ်လုပ်တဲ့အချိန်မှာ မကျန်းမာလို့ သုံးလအထက် နေထိုင်ခဲ့တယ်ဆိုတဲ့အကြောင်း စင်ကာပူနိုင်ငံက မြန်မာသံရုံးရဲ့ ထောက်ခံစာတောင်းတယ်။ မပြနိုင်ရင် အလုပ်လုပ်တယ်လို့ သတ်မှတ်တယ်။ မနလ သက်တမ်းတိုးဖို့ အမြတ်ခွန်ဆောင်ရမယ် ဆိုလို့ ဒီနိုင်ငံမှာပဲ ဆောင်လိုက်ရတယ်။ ဒီလိုဖြစ်ရင် သက်ဆိုင်ရာသံရုံးမှာ ထောက်ခံစာတောင်းရမယ်မှန်း တကယ်မသိခဲ့ပါဘူး'' ဟု ပုဇွန်တောင်မြို့နယ်နေသူ ကိုကြည်ဝင်း က ပြောသည်။
    နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ရုံးတွင် နိုင်ငံကူးလက်မှတ်စတင်ပြုလုပ်ခြင်း၊ သက်တမ်းတိုးခြင်းနှင့်ဆိုင်သည့် ပြုလုပ်ရမည့်အချက်များကို အများပြည်သူ မြင်သာသောနေရာများတွင် ဖော်ပြပေး ထားသည်။
(သူငယ်ချင်းတို့အတွက် သိသင့်သိထိုက်တဲ့အကြောင်းလေးမို့ mail ထဲမှတဆင့် ပြန်လည်ဖောက်သည်ချပေးလိုက်ပါတယ်။ သတင်းဆိုတော့ ဟုတ် မဟုတ် လေ့လာစောင့်ကြည့်ဖို့တော့ လိုပါလိမ့်မယ်။)
 Posted by အိမ်လွမ်းသူ

မိမိ Block ထားသောသူအား သူ့ Gtalk တွင် မမြင်ရအောင် Delete လုပ်နည်း

Gtalk ကနေ မိမိနှင့် အဆင်မပြေသူကို မိမိဘက်က Block သို့ Remove လုပ်လိုက်ရင် မိမိဘက်ကသာ သူ့ကို မမြင်ရတော့ပေမယ့် မိမိ Block သို့ Remove လုပ်လိုက်တဲ့သူရဲ့ Gtalk မှာတော့ မိမိနာမည်ရှိနေသေးတဲ့ အတွက် သူ့ဘက် Chat လို့ရပါသေးတယ်။ ကိုယ့်ဘက်က Block လိုက်တယ်ဆိုပေမယ့် သူ့ရဲ့ Gtalk List မှာ ရှိနေဦးမှာပါ။ အဲ့ဒီလိုမျိုးတွေ မဖြစ်ရအောင် အပြီးအပိုင် သံယောဇဉ်ဖြတ်မယ်ဆိုရင်တော့ ဒီနည်းလေး အတိုင်းပြုလုပ်လို့ရပါတယ်။
ပထမဦးဆုံး Gmail ကို ဖွင့်ပါ။ ပြီးရင် Contacts ကို ရှာပြီး Click နှိပ်လိုက်ပါ။ အဲ့ဒီအခါ Contacts Box ကျလာရင် မိမိ Delete လုပ်ချင်သော Account ကို ရွေးပြီး အမှန်ခြစ်ကာ Delete contact ကို click နှိပ်လိုက် ပါ။ တကယ်ဖျက်မှာလားလို့မေးတဲ့ Box ကျလာရင် OK ကို နှိပ်လိုက်ပါ။ ဒါဆို မိမိမဆက်သွယ် လိုသူကို အပြီး အပိုင် သံယောဇဉ်ဖြတ်လိုက်လို့ရသွားပါပြီ။ သူ့ရဲ့ Gtalk မှာလည်း မိမိအမည် မရှိတော့သလို သူ့ Gtalk မှာ လည်း ကိုယ့်အမည် ကျန်ရှိတော့မည် မဟုတ်တော့ပါ။
(စမ်းကြည့်ပါ။ ကျွန်တော်တော့ စမ်းသပ်ပြီးပါပြီ။ မရရင်တော့ တခုခု မှားယွင်းနေတာ ဖြစ်မှာပါ။)
Posted By မောင်စူးစမ်း (MTLA GTI)

Tuesday, July 05, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၁၈)

CLAUSES (1)
Finite verb ပါတဲ့ စကားလုံးအစုအဝေးကို Clause လို့ ခေါ်တဲ့အကြောင်း တင်ပြခဲ့ပြီးပါပြီ။ တစ်နည်းအားဖြင့် Subject တစ်ခုနဲ့ Verb တစ်ခု တွဲထားတာကို Clause ခေါ်တာပါပဲ။ Clause တစ်ခု၊ ဒါမှမဟုတ် တစ်ခုထက်ပိုပြီး စုစည်းထားတာကို Sentence လို့ ခေါ်ပါတယ်။
Birds fly. ( Clause တစ်ခုပါ sentence )
S..+....V
I go to school. ( အလားတူ )
S+V
I know birds fly. ( Clause နှစ်ခုပါ sentence )
S+V.......S..+..V
I know birds fly though ducks don’t.
S+V......S...+.V................S...+...V ( Clause သုံးခုပါ sentence )
အင်္ဂလိပ်သဒ္ဒါမှာ Clause ရယ် Sentence ရယ် ခွဲခြားထားပေမယ့် ပါဠိသဒ္ဒါမှာတော့  ၀ါကျပဲ ခေါ်တယ်။ ဒါကြောင့် မြန်မာလိုမှာလည်း ၀ါကျပဲ ခေါ်ရမှာပါပဲ။ တစ်ချို့ ဆရာသမာများကတော့  ၀ါကျကဏ္ဍလို့ စကားလုံးအသစ်ထွင်ပြီး ခေါ်ခဲ့ကြဖူးတယ်။ မြန်မာစကားသက်သက်ကြိုက်သူ မြန်မာဆရာတစ်တစ်ချို့ကတော့ ပုဒ်စုတဲ့။ Phrase ရော Clause ပါ ပုဒ်စုပဲခေါ်တယ်။
Phrase လိုပဲ Clause ကိုလည်း Adj Clause, Adv Clause, Noun Clause ရယ်လို့ ၀ါကျမှာလုပ်နေတဲ့သဘောအရ သုံးမျိုးခွဲပါတယ်။ Adj အလုပ်ကိုလုပ်နေလျှင် ( N တစ်ခုကို ညွှန်ပြနေလျှင် ) Adj Clause, Adv အလုပ်ကိုလုပ်နေလျှင် ( V ကို ၊သို့မဟုတ်၊ Sentence ကို အထူးပြုနေလျှင် ) Adv Clause, Noun အလုပ်ကို လုပ်နေလျှင် ( သူကိုတိုင်က N တစ်ခုသဖွယ် Subject, Object စသည်ဖြစ်နေလျှင် ) Noun Clause ခေါ်လိုက်တာပါပဲ။

သင့်မျက်စီ ကို ဘယ်လို ဂရုစိုက်မလဲ

နည်းလမ်းကတော့ ကွန်ပျုတာကြည့်သည်ဖြစ်စေ စာဖတ်သည်ဖြစ်စေ တစ်နာရီတစ်ခါ မျက်စီကို အနားယူရပါမယ်။ မျက်စီကိုအနားပေးနေတဲ့ အချိန်မှ မြတ်ခင်စိမ်းစိမ်း ပန်းပင်များကို ခပ်လှမ်းလှမ်း အဝေးကနေ ကြည့်ရှုပေးရပါမယ်။ နောက်တစ်နည်းကတော့ မျက်စီကို တစ်မိနစ်ခန့် မှိတ်ကာအနားယူပါ။ သင့်ရဲ့ မျက်လုံးကို ဘယ် ညာ အပေါ် အောက်သို့ ရွေ့လျားလှုပ်ရှားပေးသည့် မျက်လုံးလေ့ကျင့်ခန်း လုပ်ပေးပါ။ မျက်နာသုတ်ပ၀ါကို ရေဆွတ်ပြီးမျက်စီကို ၅မိနစ် ၁၀ မိနစ်လောက် အုပ်ထားပေးနိုင်ပါတယ်။ ကွန်ပျုတာကို အာရုံစိုက်နေချိန်တွင် သတိရရင် ရသလို မျက်တောင်ခတ်ပေးပါ။ အမြင်အာရုံအားကောင်းစေသော အစားအစာများအနေဖြင့် လက်ဘက်ခြောက်စိမ်း အခါးရည်သော်လည်းကောင်း၊ ကော်ဖီခါးခါသော်လည်းကောင်း၊ မြေပဲ၊ သစ်ကြားသီး အစရှိသောအခွံမာသီးများ၊ အရွက်စိမ်းစိမ်းများကို နေ့စဉ်မှီဝဲစားသုံး ပေးသင့်ပါတယ်။ ကွန်ပျုတာနဲ့တချိန်လုံး အလုပ်လုပ်နေတဲ့ ကျွန်တော်ရဲ့အခန်းဖော် ငခဲအပါအဝင် သူငယ်ချင်းအားလုံးတို့ကို forward mail မှတဆင့် စေတနာနဲ့မျှဝေးလိုက်ပါတယ်။
သူငယ်ချင်းများအားလုံး ကျန်းမာပျော်ရွင်နိုင်ကြပါစေ။
Posted By ၀တီ