Sunday, July 10, 2011

မြန်မာနိုင်ငံမှာ အရက်သေစာ တွင်ကျယ်လာ

မြန်မာနိုင်ငံဟာ စစ်အစိုးအဆက်ဆက် ခေတ်စနစ်ဆိုးအောက်မှာ နိုင်ငံရေး၊ စီးပွားရေး ချွတ်ခြုံကျခဲ့ရသလို လူမှုရေးပိုင်းမှာလည်း နိမ့်ကျ ယိုယွင်းသွားခဲ့တာကို ဒီကနေ့ နိုင်ငံတဝန်းမှာ တနေ့တခြား တိုးများလာတဲ့ အရက်ဆိုင်တွေ တိုင်းပြည်ရဲ့အနာဂတ်လို့ ဆိုကြတဲ့ မျိုးဆက်သစ် လူငယ်တွေကြား တွင်ကျယ်လာတဲ့ အရက်သေစာ သောက်စားမှု ဓလေ့တွေက သက်သေခံနေပါတယ်။

Photo: AFP
မြန်မာအစိုးရ၏ ဦးပိုင်လီမိတက်မှ ထုတ်လုပ်သော မြန်မာဘီယာ။ (Photo: AFP)
လက်ဖက်ရည်ကြိုက်တဲ့ မြန်မာလူမျိုးတွေအဖြစ်ကနေ အရက်ကြိုက်တဲ့ မြန်မာလူမျိုးတွေ ဖြစ်သွားအောင် တစစ ပြောင်းလဲလာနေတဲ့ အခြေအနေဟာ စစ်အစိုးရ အဆက်ဆက် နှစ်ပေါင်းများစွာ ချမှတ်ကျင့်သုံးခဲ့တဲ့ လူမှုရေး ဦးတည်ချက် ၄ ရပ်ရဲ့ အနှစ်သာရ ကင်းမဲ့မှုကြောင့်လားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
ဒီအကြောင်း နာမည်ကျော် အဆိုတော် ကိုဇော်ဝင်းထွ်၊ အထက်လွှတ်တော်အမတ် ဒေါက်တာအေးမောင်၊ အငြိမ်းစား အစိုးရဝန်ထမ်းတဦးနဲ့ ရန်ကုန်မြို့က လူငယ်တွေကို ဆက်သွယ်ပြီး RFA အဖွဲ့သား ကိုကျော်ကျော်အောင်က တင်ပြထားပါတယ်။
ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်        

Posted  by ထွန်းမြင့်ဌေး

သေခြင်းတရားနှင့် စပ်လျဉ်း၍

အရှင်ဘုရား၊ တပည့်တော်တို့ သေသွားလျှင် ဘယ်နေရာကို သွားရမည်၊ သွားရမည့်နေရာကို စီရင်ထားချက် ရှိ-မရှိ (သို့မဟုတ်) သေသွားလျှင် သတ်မှတ်ချက်မရှိ ရောက်ချင်ရာဘုံဘ၀သို့ ရောက်သွားပါသလား။ ထို့ပြင် တပည့်တော်တို့ပြုသော အပြစ်များကို မည်သူက တရားစီရင်ပါလဲ။ ဖြေကြားပေးတော်မူပါဘုရား။
(James-လမ်းမတော်မြို့နယ်)


(ဖြေ)
ပုထုဇဉ်လူသားနှင့် ကာမဘုံသား သတ္တ၀ါများသေလျှင် ဒေ၀+မနုဿ၊ နိရယနှင့်၊ ပေတ+တိရစ္ဆာန်၊ လားရန်အရှိ၊ ငါးတန်သော ဂတိ-ဆိုသည့်အတိုင်း ကုသိုလ်ကောင်းမှုရှိသူတို့က ဒေ၀-နတ်ပြည်၊ မနုဿ-လူ့ပြည်သို့ ပြန်ရောက်ကြမည်။
အကုသိုလ်ကံများသူတို့က နိရယ-ငရဲဘုံ။ ပေတ-ပြိတ္တာဘုံ။ တိရစ္ဆာန-တိရစ္ဆာန်ဘုံတို့သို့ ရောက်ရှိကြပါမည်။ သွားရမည့်နေရာ ၅-ဌာန ရှိပါသည်။

ဤလူ့ပြည်၌ ဖြစ်ကြရာ အဘယ်သူက အလျင်ဖြစ်နိုင်ပသနည်း

လူနှစ်ဦးတို့သည် ဤလူ့ပြည်က တပြိုင်နက်သေ၍ တဦးက ဗြဟ္မာ့ပြည့်၌ ဖြစ်၍ တဦးက ဤလူ့ပြည်၌ ဖြစ်ကြရာ အဘယ်သူက အလျင်ဖြစ်နိုင်ပသနည်း။

( ဖြေ )
မည်သည့်ဘ၀၌ပင်ဖြစ်စေ အဘိဓမ္မာအရ စုတိစိတ် နောင်-ပဋိသန္ဓေစိတ် ဖြစ်ရ၍ ဗြဟ္မာပြည်နှင့် ဤလူ့ပြည် နှစ်ရပ်၌ တပြိုင်နက်ပင် ပဋိသန္ဓေယူနိုင် ဖြစ်နိုင်ကြပါသည်။
ရှင်းလင်းချက်။ ။ ဤအကြောင်းကို ထင်ရှားရန် မိလိန္ဒပဥှာမှ လောကနှစ်ခု ဖြစ်ရမှု၌ တူမျှပုံ ပြဿနာကို ဖော်ပြပါမည်။
မိလိန္ဒမင်းသည် -အရှင်ဘုရား နာဂသေန ဤလူ့ပြည်၌ သေလွန်၍ ဗြဟ္မာ့ပြည်၌ ဖြစ်သောသူ၊
ဤလူ့ပြည်၌ သေလွန်၍ ကသ္မီရတိုင်း၌ ဖြစ်သောသူ
ဤသူနှစ်ဦးတို့တွင် အဘယ်သူက ကြာမြင့်၍ အဘယ်သူက လျင်မြန်ပါသနည်း-ဟု မေးလျှောက်သော်
မင်းမြတ်-ထိုသူနှစ်ယောက်တို့သည် အညီအမျှပင် အတူတူပင် ဖြစ်ပါ၏-ဟု မိန့်တော်မူ၏။
အရှင်ဘုရား၊ ဥပမာပြုတော်မူပါဦးလော့
မင်းမြတ်၊ သင်သည် အဘယ်မြို့၌ မွေးဖွားပါသနည်း၊
အရှင်ဘုရား၊ ကလသိမည်သော ရွာ၌ မွေးဖွားပါသည်။

သောတာပန်ဖြစ်ရန်

သောတာပန်ဖြစ်ရန် မည်သည့်အင်္ဂါရပ်များနှင့် ပြည့်စုံရပါမည်နည်း ဘုရား၊
တပည့်တော် ရထားသောလင်္ကာမှာ-
သက်သတ် ခိုးမှု၊ ကာမေသု၊ မုသား သုရာ၊ ကင်းပြတ်ကွာ၊ မှတ်ပါ သောတာပန်-ဟု ဖြစ်ပါသည်၊
သည်လောက်နှင့် မပြည့်စုံသေး ဆို၍ မေးလျှောက်ရခြင်း ဖြစ်ပါသည် ဘုရား။
( ဦးမှတ်ကြီး-တာယာစက်ရုံ၊ သထုံမြို့ )


( ဖြေ )
သောတာပန်ဖြစ်ရန်အတွက် သောတာပတ္တိမဂ်ရရန် ရှေ့အဖို့က ပြည့်စုံစေရမည့် အကြောင်းအင်္ဂါများမှာ-
သပ္ပုရိသသံသေ၀-သူတော်ကောင်းတို့နှင့် ပေါင်းသင်းခြင်း။
သဒ္ဓမ္မဿဝန-တရားနာခြင်း။
ယောနိသောမနသိကာရ-သင့်တင့်အောင် နှလုံးသွင်းခြင်း။
ဓမ္မာနုဓမ္မပဋိပတ္တိ-မဂ်ဖိုလ်အားလျော်သော အကျင့်တရားကို ကျင့်ခြင်း။
သောတာပတ္တိယင်္ဂတရား လေးပါးတို့ ဖြစ်သည်။

Saturday, July 09, 2011

ယမမင်း နှင့် Bill - Gates

မိုက်ခရိုဆော့ခ်၏ ဖခင် Bill - Gatesမှာ မတော်တဆ ကားတိုက်မှုဖြင့်သေဆုံးသွားသည်။ (တကယ်မထင်စေချင်ပါ)။ ယမမင်းက “ ခင်ဗျားကို နတ်ပြည်ပို့ရမလား၊ ငရဲပြည်ပို့ရမလား ဆုံးဖြတ်လို့ မရဘူးဖြစ်နေတယ်။ ကွန်ပြူတာတွေကို ထီထွင်ပြီး လူတွေကို ခင်ဗျား အများကြီး အကျိုးပြုခဲ့တယ်။ အံ့မခန်းတဲ့ အသုံးဝင် WINDOWS တွေကိုလည်း တီထွင်ခဲ့တယ်။ နတ်ပြည်သွားချင်သလား၊ ငရဲပြည် သွားချင်သလား ခင်ဗျားဘာသာ ဆုံးဖြတ်ပေတော့”ဟု မေးလေ၏။ Bill – Gates ကလဲ “ နတ်ပြည်နဲ့ ငရဲပြည် ဘာများကွာခြားပါသလဲ” လို့ပြန်မေးပါသည်။ ယမမင်းက “ခင်ဗျားဆုံးဖြတ်လို့ ရအောင် အဲဒီ နေရာနှစ်နေရာကို ကျုပ်အရင်လိုက်ပြမယ်”ဆိုပြီး Bill – Gates ကိုခေါ်ဆောင်သွားပါသည်။ သို့နှင့် ငရဲပြည်သို့ သူတို့ရောက်လာကြသည်။ ငရဲပြည်မှာ သန့်ရှင်းသော ပင်လယ်ကမ်းစပ်၊ ဖြူဖွေးသော သဲပြင်နှင့် မိန်းမလှလေးများဖြင့် လှပနေသည်။ Bill - Gates မှာ အလွန်ပျော်ရွှင်သွားသည်။ သို့နှင့် နတ်ပြည်သို့ သူတို့ ရောက်လာကြပြန်သည်။ နတ်ပြည်မှာ လှပသော တိမ်တိုက်နှင့် နတ်သမီးများ ပျော်ပါး နေကြသည်။ သို့သော် ငရဲပြည်လောက် စွဲဆောင်မှုမရှိပေ။ Bill - Gates “ကျွန်တော် ငရဲပြည်ပဲ သွားမယ်” ဟု ဆုံးဖြတ်ချက်ချလိုက်ပါသည်။
ယမမင်းကလဲ “ကောင်းပြီလေ ခင်ဗျားကို ငရဲပြည်ပို့ပေးမယ်” ဆိုပြီး Bill - Gates ကို ပို့ပေးလိုက်သည်။ ထို့နောက်နှစ်ပတ်ကြာသော် ယမမင်းမှာ ဒီသန်းကြွယ်သူဌေး ငရဲပြည်မှာ ဘာများလုပ်နေသလဲ ဟု သိချင်သောကြောင်း ငရဲပြည်သို့ သွားရောက်ခဲ့သည်။ Bill - Gatesမှာ လက်ကျင်း၊ ခြေကျင်းများခတ်ပြီး အနှိပ်စက်ခံနေရသည်။ Bill - Gates “ဒီနေရာဟာ အရမ်းကြောက်ဖို့ ကောင်းတယ်။ ကျွန်တော်တွေ့ခဲ့တဲ့ မိန်းမလှလေးတွေရော၊ သဲဖြူဖြူနဲ့ ပင်လယ် ကမ်းစပ်တွေရော ဘယ်ရောက်ကုန်ပြီလဲ” ဟုမေးလိုက်သည်။ ယမမင်းက “ အော် ဒါတာတွေလား....အဲဒါတွေက Screen Saver တွေလေ...”ဟု ပြန်ဖြေလိုက်ပါတော့သည်။
Posted by သူငယ်ချင်းတစ်ဦး

ကျေင်းစာသင်ခန်းထဲက ကမ္ဘာလုံး

တခါက ပညာရေးဝန်ကြီး တစ်ဦးဟာ ကျောင်းတစ်ကျောင်းကို ကြည့်ရှုစစ်ဆေးဖို့ သွားရောက်ခဲ့ပါတယ်။ အတန်းတစ်တန်းထဲ ၀င်ကြည့်တော့ အခန်းထဲမှာ ကမ္ဘာလုံး တစ်လုံး တင်ထားတာတွေ့လို့ ကျောင်းသားတစ်ယောက်ကို ခေါ်ပြီး ........
“ဒီကမ္ဘာကြီးဟာ ဘာလို့ ၂၃ နှစ်ပိုင်းတစ်ပိုင်း ဒီဂရီ တိမ်းစောင်းနေသလဲ” လို့မေးလိုက်တယ်။ မေးခံရတဲ့ ကျောင်းသားက ပျာပျာသလဲနဲ့ “ကျွန်တော်လုပ်တာ မဟုတ်ပါဘူး...” လို့ ပြန်ဖြေတယ်။ ပညာရေးဝန်ကြီးက ၀င်လာတဲ့ နောက်ကျောင်းသားတစ်ဦီးကို မေးလိုက်ပြန်တယ်။ ကျောင်းသားက လက်ကာပြပြီး...
“ကျွန်တော်အခုမှ ၀င်လာတာ... ကျွန်တော်လုပ်တာ မဟုတ်ဘူး” လို့ ဖြေပြန်တယ်။ ပညာရေးဝန်ကြီးက ဆရာဖက်လှည့်ပြီး “ဒါ..ဘယ်လိုဖြစ်ရတာလဲ” လို့ (ဆရာက တပည့်တွေကို ဘယ်လို သင်ခဲ့သလဲဆိုတဲ့ ပုံစံနဲ့) မေးလိုက်တယ်။
ဆရာက တောင်းပန်တဲ့ လေသံနဲ့ “သူတို့ကို အပြစ်တင်လို့ မရပါဘူး..ဒီကမ္ဘာလုံးက၀ယ်လာကတည်းက ၂၃ နှစ်ပိုင်းတစ်ပိုင်း ဒီဂရီတိမ်းစောင်းနေတာပါ” လို့ပြန်ဖြေတယ်။ ပညာရေးဝန်ကြီးက ခရမ်းချဉ်သီးလို့ ပေါက်ကွဲတော့မယ့် မျက်နှာနဲ့ကျောင်းအုပ်ကြီးဖက် လှည့်ကြည့်လိုက်တယ် ဆိုရင်ပဲ ကျောင်းအုပ်ကြီးက “ပြောရမှာ အားတော့နာတယ်...ကျောင်းက ရန်ပုံငွေ အခက်အခဲဖြစ်နေလို့ ဒီကမ္ဘာလုံးကို လမ်းဘေးဈေးမှာ ၀ယ်ခဲ့လို့ အခုလိုတိမ်းစောင်းနေတာပါ” လို့ ပြန်ဖြေလိုက်တော့တယ်။ 
 Posted by သူငယ်ချင်းတစ်ဦး

Thursday, July 07, 2011

စာပေဝါသနာအိုး သူငယ်ချင်းတို့အတွက်

စာပေဝါသနာအိုး သူငယ်ချင်းတို့အတွက် စာပေဟောပြောပွဲ mp3 ( ၁၂၃ ) ဖိုင်ရဲ့ link တွေကို ဖော်ပြပေးလိုက်ပါတယ်။ တချို့လည်း သိပြီးလောက်ပြီဖြစ်မှာပါ။ တစုတစည်းတည်း နားထောင်နိုင်ဖို့ မီးပြတိုက် မှတဆင့် ကူးယူတင်ပြပေးလောက်ပါတယ်။
1AKyiTaw - AKyiTaw 20110529 LaMinPhanPwe NorthOkkalapa56:27
2AKyiTaw - DoteKhaSoTarNaungTaChangeHarThaPar3:35
3AttaKyaw - AttaKyaw 20110507 SateMyetSiKoPhwintYaAu...44:11
4AttaKyaw - AttaKyaw TanPhoeShiDeLu MawLaMyaing 20100:38
5AungKyawSan - AungKyawSan KaNaungALwanHtooSanHtwayL...27:05
6Aung Pyae - AungPyae YayThuEiPaRiYalPhatThuEiKhanSa...40:37
7AungThin - AungThin 20110529 KoKyintYinPyinNyar Nor...5:54
8Aung Thinn - Youth's Life2:10
9AungThin - YaNayLuNge&SarPay(2)9:57
10Aung Thinn - Today's Youth And Literature58:05
11AungThin - AungThin 20101219 LuNgalHnintPyinNyar He...21:34
12AungThin - AungThin 20110130 LuNgeTwayNeltANarGat K...50:22
13Aung Thin - AungThin AMway _4:12
14Aung Thin - AungThin KhaungSaungSoTar55:40
15Aung Thin - AungThin LetKhanLiteSanBa SarPayLawKa55:59
16Aung Thin - AungThin LuHninrPyinNyar AThode _59:01
17Aung Thin - AungThin PyinNyar Monywa57:09
18Aung Thin - AungThin YaNaeLuNgalHnintYaNaeYaThaSarP...58:11
19Aung Thin - AungThin YaNaeLuNgeBaWaHtuHtaungHmu Pya...2:12
20UAungThin - UAungThin BeAccepted46:55

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၁၉)

CLAUSES (2) - Adjective Clauses (1)
Noun တစ်ခုကို ဖော်ပြတဲ့ ပုဒ်စုကို Adjective Clause လို့ ခေါ်ကြောင်း အရင်အခန်းမှာတုန်းက တင်ပြခဲ့ပြီ။ သူတို့ကို ပြုလုပ်ရာမှာ Relative Pronouns တွေကို အသုံးပြုရတဲ့အတွက် Relative Clause လို့လည်း ခေါ်သေးတယ်။
Adj Clause (or) Relative Clause တွေကို နှစ်မျိုးခွဲခြားထားတယ်။ ဒီအကြောင်း စောစောစီးစီး သဘောပေါက်ထားသင့်တယ်။ နို့မဟုတ်ရင် Relative သုံးရာမှာ၊ ကော်မှာသုံးရာမှာ အလွဲလွဲအမှားမှား ဖြစ်ရတယ်။ နှစ်မျိုးကတော့  Defining Clause and Non-defining Clause တို့ပါပဲ။ ( အချို့ဆ၇ာသမားများကလည်း Restrictive and Non-restrictive လို့ ခေါ်ကြပါတယ်။ )
ဒီနှစ်ခုမှာ defining clause က ပြောစကားမှာ အသုံးအများဆုံးဖြစ်တယ်။ ၉၀ ရာခိုင်နှုန်းလောက် ရှိပါလိမ့်မယ်။ Non-defining Clause ကို စာရေးရာမှာပဲ တွေ့ရတတ်တယ်။ ဒါကြောင့် Defining clause ကို အရင် ပိုင်နိုင်ကျေညက်နေအောင် လေ့ကျင့်ရမယ်။
Define ဆိုတာ limit ကန့်သတ်လိုက်တာ၊ ညွှန်းလိုက်တာပဲ ဖြစ်တယ်။ Defining Clause ဆိုတာ ဘယ်သူဘယ်ဝါလို့ ကန့်သတ်ပေးလိုက်တဲ့ ပုဒ်စု ၊ ညွှန်းပြလိုက်တဲ့ ပုဒ်စုပေါ့ ။ ဥပမာ……….
The girl is my cousin.
ကောင်မလေးက ငါ့ ဝမ်းကွဲနှမ - လို့်ပြောလျှင် အနီးအနားမှာ မိန်းကလေးတစ်ယောက်တည်း ရှိလျှင်ဖြင့် အငြင်းပွားစရာ မပေါ်ဘူးပေါ့။ အဲဒီမိန်းကလေးကိုပဲ ပြောတာပဲပေါ့ ။ ဒါပေမယ့် မိန်းကလေးက တစ်ယောက်တည်းမဟုတ်ပဲ လေးငါးယောက်ရှိနေမယ်ဆိုလျှင်ဖြင့် အဲလိုပြောရုံနှင့် မလုံလောက်တော့ ဘူး။ ဘယ်မိန်းကလေးလည်းလို့ ကန့်သတ် ပေးရပေလိမ့်မယ်။ ထောက်ပြပေးရပေလိမ့်မယ်။ Define လုပ်ပေးရပေလိမ့်မယ်။
The girl who is wearing a blue cardigan is my cousin.
ဆွယ်တာအပြာလေးဝတ်ထားတဲ့ ကောင်မလေးက ငါ့ နှမ ၀မ်းကွဲလေ။
ဒီတော့ မှ.. သြော် သူ့ကိုပြောတာပါလားလို့ တိတိကျကျ နားလည်ရပေတော့ မယ်။ ဒါကြောင့် who is wearing a blue cardigan ပုဒ်စုကို ကန့်သတ်ပေးတဲ့ ပုဒ်စု ၊ ထောက်ပြပေးတဲ့ ပုဒ်စု၊ define လုပ်ပေးတဲ့ ပုဒ်စု ၊ အင်္ဂလိပ်လို defining clause လို့ ခေါ်ပါတယ်။ ဒါပေမယ့်….
Ma May is my cousin.
မမေက ငါ့ နှမ၀မ်းကွဲဖြစ်တယ်။
ဒီလိုပြောလျှင်ဖြင့် အနီးအနားမှာ မိန်းကလေးတစ်ယောက်တည်းရှိရှိ ၊ အယောက်တစ်ရာရှိရှိ ဘာမှ ရှုပ်ထွေးစရာ မဖြစ်တော့ပါဘူး။ Ma May ကို ထောက်ပြပေးစရာ၊ ကန့််သတ်ပေးစရာ ၊ define လုပ်ပေးစရာ မလိုတော့ ပါဘူး။ မလိုပါပဲလျှက် …………..
Ma May, who is wearing a blue cardigan is my cousin.
ဆွယ်တာ အပြာလေးဝတ်ထားတဲ့ မမေက ငါ့ နှမ၀မ်းကွဲလေး - လို့ ပြောလျှင်တော့ who is wearing a blue cardigan - ဟာ ကန့်သတ်မပေးတဲ့ ၊ ထောက်ပြမပေးတဲ့ ၊ define မလုပ်တဲ့ ပုဒ်စုဖြစ်တယ်။ ဒါကြောင့် အင်္ဂလိပ်လို့ သူ့ကို Non-defining clause လို့ ခေါ်ပါတယ်.

ဂုဏ်တော်ကိုးပါး ဂြိုလ်သက်အလိုက် ပုတီးစိပ်အဓိဌာန်နည်း

ဘုရားဂုဏ်တော်(၉)ပါးဖြင့် ဂြိုလ်တိုင်ခွင်ဘုရားများအား ပုတီးစိတ်ပူဇော်ပုံ
၁။ တနင်္ဂနွေနေ့ “အရဟံ” ဂုဏ်တော်ဖြင့် ဂြိုလ်သက်အရ ပုတီး (၆)ပတ် စိတ်ပါ။
၂။ တနင်္လာနေ့ “သမ္မာသမ္ဗုဒေါ” ဂုဏ်တော်ဖြင့် ဂြိုလ်သက်အရ ပုတီး (၁၅)ပတ် စိတ်ပါ။
၃။ အင်္ဂါနေ့ “၀ိဇ္ဇာစရဏသမ္ပန္နော” ဂုဏ်တော်ဖြင့် ဂြိုလ်သက်အရ ပုတီး (၈) ပတ် စိတ်ပါ။
၎။ ဗုဒ္ဓဟူးနေ့ (နံနက်) “သုဂတော” ဂုဏ်တော်ဖြင့် ဂြိုလ်သက်အရ ပုတီး (၁၇) ပတ် စိတ်ပါ။
၅။ ဗုဒ္ဓဟူးနေ့ (ညနေ) “လောက၀ိဒူ” ဂုဏ်တော်ဖြင့် ဂြိုလ်သက်အရ ပုတီး (၁၂) ပတ် စိတ်ပါ။
၆။ ကြာသပတေးနေ့ “အနုတ္တရောပုရိသဓမ္မသာရထိ”
ဂုဏ်တော်ဖြင့် ဂြိုလ်သက်အရပုတီး (၁၉) ပတ် စိတ်ပါ။
၇။ သောကြာနေ“သတ္တဒေ၀မနုဿနံ” ဂုဏ်တော်ဖြင့် ဂြိုလ်သက်အရ ပုတီး (၂၁) ပတ် စိတ်ပါ။
၈။ စနေနေ“ဗုဒ္ဓေါ” ဂုဏ်တော်ဖြင့် ဂြိုလ်သက်အရ ပုတီး (၁၀) ပတ် စိတ်ပါ။
၉။ စနေနေ့(အခြားအချိန်) “ဘဂ၀ါ” ဂုဏ်တော်ဖြင့် ဂြိုလ်သက်အရ ပုတီး (၁၀) ပတ် စိတ်ပါ။
ပုတီးစိတ်နည်းနှင့် ဆုတောင်းပုံ
ဘုရားတပည့်တော်သည် ဤနေ့၊ ဤရက်(တနင်္ဂနွေ) နေ့မှစ၍ စနေနေ့တိုင်အောင်(၇) ရက်တိတိ ဘုရားဂုဏ်တော်(၉)ပါးကို နေ့စဉ်ဂြိုလ်သက်အလိုက် ပွားများအားထုတ်ပါမည်ဟု အဓိဌာန်ပြုပါသည်။
ဤသို့ပွားများအားထုတ်ရသော အကျိုးကြောင့် လောကတွင် ဆရာတစ်ဆူဖြစ်၍ လိုအပ်သော ဆန္ဒများ တလုံးတ၀တည်း ပြည့်စုံရပါလို၏ဘုရား(သို့မဟုတ်) မိမိလိုရာဆိုတောင်းပါ။
ဤနေ့သည် (တနင်္ဂနွေနေ့) ဖြစ်သည့်အတွက် -(တနင်္ဂနွေနေ့ဖွား) ဘုရားရဟန္တာ ကိုယ်တော်မြတ်အပေါင်းတို့အားရည်မှန်း၍ “အရဟံ” ဂုဏ်တော်ကို (တနင်္ဂနွေနေ့ဖွား) ဘုရားရဟန္တာ ကိုယ်တော်မြတ်အပေါင်းတို့အားရည်မှန်း၍ “အရဟံ” ဂုဏ်တော်ကို (တနင်္ဂနွေ) ဂြိုလ်သက်အလိုက် (၆)ပတ်” ပုတီးစိတ်၍ ပူဇော်ပါမည်ဘုရား။
ဤသို့ပူဇော်ရသောအကျိုးအားကြောင့်…..
(၁) (တနင်္ဂနွေ)ဂြိုလ်မင်းကြီးသည် ကျွန်ုပ်အား ချစ်ခင်ကြင်နာစွာ စောင့်ရှောက်ပါစေသတည်း။
(၂) (တနင်္ဂနွေနေ့ဖွား) သူတော်စင်၊ သူတော်မြတ်အပေါင်းတို့က စောင့်ရှောက်ပါစသေတည်း။
(၃)(တနင်္ဂနွေနေ့ဖွား) ယောက်ျား၊ မိန်းမအပေါင်းနှင့် သတ္တ၀ါအပေါင်းတို့က ကျွန်ုပ်အား ကူညီ စောင့်ရှောက်ပါစေ၊ အန္တရာယ်ပြုခြင်းမှ ရှောင်ရှားပါစေသတည်း။
(၄) (တနင်္ဂနွေနေ့)တွင် ပြုလုပ်သမျှ ကိစ္စအ၀၀ အောင်မြင်ပါစေသတည်း။
ကွင်းပတ်/အဖွင့်ဖြင့် လိုင်းတားထားတဲ့ နေရာတွေမှာ နေ့အလိုက်/ ဂြိုလ်အလိုက်/ဂြိုလ်သက်အလိုက် ဂုဏ်တော်များကို ပြောင်းစိတ်ပါ။ ဥပမာ-တနင်္လာနေ့တွင်စိတ်လျှင် ဂြိုလ်မှာတနင်္လာဂြိုလ်ဖြစ်ပြီးတော့၊ ဂြိုလ်သက်မှာ (၁၅) နှစ်ဖြစ်တဲ့အတွက်ကြောင့် (၁၅) ပတ်စိတ်ရပါမည်။ ဂုဏ်တော်အားဖြင့် “သမ္မာသမ္ဗုဒေါ” ဂုဏ်တော်ဖြစ်ပါသည်။
အကျိုးကျေးဇူး
(၇)ရက် (၇)ကြိမ်၊ စုစုပေါင်း(၄၉)ကြိမ် ပြီးမြောက်ပါက ပါရမီအနုအရင့်အလိုက် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ ရာထူးတိုး၊ အရောင်းအ၀ယ်စသည်များ စတင်ထူးခြားမည်။ ပါရမီရင့်သန်သူဖြစ်ပါက (၇)ရက် သား/သမီး တို့၏ ဆရာတစ်ဆူ ဖြစ်လာမည်။ ရန်သူများခယလာမည်။ (၄၉)ရက်၊ (၃)ကြိမ်ပြီးမြောက်ပါက ပါရမီအနုအရင့်အလိုက် အားလုံးထူးခြားမှုတွေ့လာရမည်။ (အမြဲစိတ်သွားပါက အကြားအမြင်ရခြင်း၊ မနောမယသိဒ္ဓိနှင့် ပြည့်စုံခြင်းတို့ဖြစ်မည်။)

သူငယ်ချင်းများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် လိုအင်ဆန္ဒတလုံးတဝတည်း ပြည့်နိုင်ကြပါစေ....
 Posted By ၀တီ

Wednesday, July 06, 2011

မြန်မာဟာ မြန်မာပဲ ဖြစ်ရမယ်

မြန်မာဟာ မြန်မာပဲ ဖြစ်ရမယ်
ဟေ့- မြန်မာဟာ မြန်မာပဲကွ၊ မြန်မာဟာ မြန်မာပြည်ကို ချစ်ရမယ်။ မြန်မာဟာ မြန်မာပြည်မှာပဲ နေရမယ်။ မြန်မာပြည်မှာပဲ သေရမယ်။ အကြောင်းအမျိုးမျိုးကြောင့် ရေမြေခြားကို ရောက်နေပေမယ့် တစ်နေ့နေ့ ကိုယ့်နိုင်ငံကို ပြန်ရမယ်။ အခွင့်အရေး တစ်စုံတရာကြောင့် နိုင်းခြားသားလုပ်ဖို့ ဘယ်တော့မှ စိတ်မကူးနဲ့။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်

Posted  by ထွန်းမြင့်ဌေး