Tuesday, August 16, 2011

သူငယ်ချင်း

သူငယ်ချင်း….
မင်းအလည်လာသလား
ဘာကြောင့်လာတာပဲဖြစ်ဖြစ်
လာတယ်ဆိုရင်ကိုပဲ
ငါကျေနပ်တယ်။

လာကွာ…
လ္ဘက်ရည်ဆိုင် သွားရအောင်၊
ကျစိမ့် နှစ်ခွက်၊ လန်ဒန်တစ်ပွဲ နဲ့
ဘာညာရွက်လွင့်ကြရင်း ငါလွမ်းလာမိတယ်
ဘာကိုလွမ်းတာလဲ….
ဇဝေဇ၀ါ ဖြစ်နေတုန်း
အလွမ်းဝင်္ကပါထဲမှာ ငါ့ခြေထောက်တွေ အခိုးခံလိုက်ရတယ်။

သူငယ်ချင်းရေ…
မင်းကတော့ မင်းလျှောက်လမ်းတလျောက်
ပေါ့ပါးစွာ နေတတ်ပါရဲ့
ငါကတော့ လားလားမှ မကြိုက်
ငါ့အသိုက်ဟောင်းကို စွန့်ပစ်ထားပြီး
ခရီး အသစ်စနေ
လေကို ဆန်တက် ၊ ပျံလျှက်ပဲကွာ။

သူငယ်ချင်းရေ…
သူငယ်ချင်းဆိုတဲ့ ဝေါဟာရကို
လူတွေ အလွယ်တကူ သုံးနေပေမယ့်
တကယ့် နက်နဲတဲ့ အဓိပ္ပါယ် ကို
တို့နှစ်ယောက် ခံစားမိကြတယ်လို့ ထင်တယ်၊
အရစ်စတိုတယ် ပြောခဲ့ဖူးတဲ့
သူငယ်ချင်းဆိုတာ နှစ်ကိုယ့်တစ်စိတ် ဆိုတဲ့ စကား
တို့နှစ်ယောက် အတွက်တော့ ကိုက်သားကိုးကွ။

သူငယ်ချင်းရေ…
လေတိုက်လို့ သစ်ပင်ယိမ်းတာ
အကြောင်းမဟုတ်ပေမယ့်
အမြဲတမ်းဆိုရင်တော့
ငါမင်းကို စိတ်ဆိုး မိမလားပဲ။

သူငယ်ချင်းရေ…
ဟိုး…ရှေ့ခပ်လှမ်းလှမ်းမှာ မြင်နေရတဲ့
လှေခါးထစ် အတော်များများရဲ့ အဆုံးမှာ
သိပ်တောက်ပနေတဲ့ အနာဂတ်တစ်ခု ရှိလိမ့်မယ်
မင်းအဲဒီကို ရောက်အောင် သွားလိုက်စမ်းပါ။

သူငယ်ချင်းရေ…
မင်းလမ်းကြုံရင်တော့ ၀င်လာခဲ့ပါလားကွာ
ငါမင်းကို…… ။                   ။

Posted by ငခဲ

စမိတာ ကိုယ့်အမှား

တစ်နေ့ တစ်နေ့
ပို့စ် အသစ်တင်
ဟိုပြင်ဒီပြင်
လူဝင်လျှင်ပျှော်၊
တော်တော်နှင့် မအိပ်
ဒီစိတ်သာရှိ။

ဟိုလူဝင်ပါ
ဒီလူလာပါ
အကြံပေးပါ
ဆက်သွယ်ကြပါ
တစာစာအော်
ခေါ်နေငြားလည်း
နည်းနည်းမှ မလှုပ်
ကိုယ့်လူအုပ်ကြောင့်
စောင့်ရကျိုးမနပ်
လမ်းခုလပ်မှ
လှည့်ပြန်မလား
စဉ်းစားမိပြီ ။   ။

Posted by ငခဲ

တယ်လီဖုံးအင်္ဂလိပ်စကားပြော (အပိုင်း ၁)

(နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ ကျွန်တော်အပါအဝင် သူငယ်ချင်းတွေအတွက်ကတော့ အင်္ဂလိပ်စကားပြောဟာ အင်မတန်ကို အရေးကြီးပါတယ်။တိုးတက်တဲ့ ဘယ်နိုင်ငံမှာမဆို လူတစ်ဦးနဲ့တစ်ဦး အလုပ်အတွက်ပဲဖြစ်ဖြစ်၊ personal နဲ့အရပဲဖြစ်ဖြစ် ဖုန်းနဲ့သာ အဓိကဆက်သွယ်ပြောဆိုလေ့ရှိကြပါတယ်။အလုပ်လာရှာသူများအတွက်ပင်လျှင် တယ်လီဖုံးဖြင့် အင်္ဂလိပ်စကားပြောဆိုဆက်သွယ်မူဟာ အရေးပါတဲ့ အခန်းကဏ္ဍတရပ်အနေနဲ့ ရှိနေပါတယ်။ထို့အတွက် တယ်လီဖုံးအင်္ဂလိပ်စကားပြော ဆောင်ပါးလေးဟာ သူငယ်ချင်းတွေအတွက်တော့ အကျိုးရှိမှာမို့ ပြန်လည်မျှဝေ ပေးလိုက်ပါတယ်။)

Identifying yourself (မိမိကိုယ်ကို မိတ်ဆက်ခြင်း)
 It’s ______________.
အခုပြောတာ__________ပါ။
My name is ___________. I’m calling from ____________.
ကျွန်တော့်\ကျွန်မနာမည်___________ပါ။ ___________ကခေါ်နေတာပါ။
This is _____________from _______________.
ကျွန်တော့်\ကျွန်မနာမည်___________ပါ။ ___________ကခေါ်နေတာပါ။

Asking to speak to someone (တစ်စုံတစ်ဦးနှင့် ပြောချုင်ကြောင်း ပြောဆိုခြင်း)
I’d like to speak to ____________, please.
ကျေးဇူးပြု၍ ____________နဲ့ပြောချင်ပါတယ်။
Is ____________in today, please?
_________ဒီနေ့ရုံးကိုလာပါသလား။
Can I speak to ___________, please?
ကျေးဇူးပြု၍ ____________နဲ့ပြောလို့ရပါမလား။
Could you put me through to ____________, please?
ကျေးဇူးပြု၍ ___(လူအမည်/လိုင်းခွဲ)___ ဆီိကို လွှဲပေးလို့ရပါမလား။

Explaining the purpose of your call (ခေါ်ရခြင်း အကြောင်းကိုရှင်းပြခြင်း)
I’m calling about ______________.
________ကိစ္စကိုပြောချင်လို့ဖုန်းခေါ်တာပါ။
I’m phoning to check/ ask about / tell you about ___________.
ကျွန်တော် ______ကိစ္စနဲ့ပတ်သက်ပြီး သေချာအောင်သိချင်လို့/မေးချင်လို့/ပြောချင်လို့ ဖုန်းဆက်တာပါ။
Your name was given to me by ___________ and I believe you are responsible for ________.
_________ကခင်ဗျားနဲ့ဆက်သွယ်ဖို့ပြောလိုက်လို့ပါ။ ခင်ဗျားက______နဲ့ပတ်သက်ပြီးတာဝန်ယူထားတယ်လို့ထင်ပါတယ်။

Making small talk (စကားစမြည်ပြောကြားခြင်း)
How are things with you these days?
ခုတလောအဆင်ပြေရဲ့လားရှင်/ခင်ဗျာ။
I’ve not seen you since __________.
_________တုန်းထဲက မတွေ့ဘူးနော်။
How are you?
နေကောင်းပါလား။
How’s business?
အလုပ်အကိုင် အဆင်ပြေရဲ့လား ။
Did you enjoy the presentation on Monday?
တနင်္လာနေ့က ရှင်းလင်းတင်ပြပွဲကို သဘောကျရဲ့လား။
Did you have a good weekend/ holiday?
အားလပ်ရက်/ပိတ်ရက်တွေမှာ ပျော်ခဲ့ရဲ့လား။
Posted by ကိုတူး(မိတ္ထီလာ GTI)

အဖြူရောင်သံယောဇဉ်


အဖြူရောင်သံယောဇဉ်လေးတွေနဲ့ 
ငါတို့ နှစ်ယောက်           
သူငယ်ချင်းဘ၀လေးက
ကြည်းနူးစရာလေးတွေပါပဲ...။
တစ်ယောက်ကိုတစ်ယောက်
ဘယ်အချိန်ပဲဖြစ်ဖြစ်
အမြဲတန်းပွင့်လင်းခဲ့ကြတယ်။
မင်းနဲ့ ငါ ကြားမှာ
အကောင်းဆုံးသူငယ်ချင်းဆိုတဲ့
စည်းလေးတစ်ခုအလိုလိုနေရင်း
တားထားကြတယ်..........။
ငါဘက်ကလဲ မချိုးဖောက်သလို....
မင်းကလဲ ချိုးဖောက်မှာမဟုတ်ပါဘူး....
အမြဲတန်းပေါ့....။
ဘာဖြစ်လို့ လဲဆိုတော့.....
ငါတို့ နှစ်ယောက်ရဲ့ 
ရရှိပြီးသားခင်မင်မှုလေးကို
ပျောက်ပျယ်သွားမှာ
စိုးရိမ်မိတယ် သူငယ်ချင်းရယ်...။
Posted By ၀တီ

Monday, August 15, 2011

Apple iPod, iPhone Event Schedule for September 7

ဂျပန်သတင်းဌာနတစ်ခုရဲ့ ဒီကနေ့ ထုတ်ပြန်ကြေညာချက်များအရ Apple မှ ၄င်းတို့ရဲ့ iPod၊ iPhone အသစ် မိတ်ဆက် ပွဲကို စက်တင်ဘာလ ၁၇ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။
ဒါ့အပြင် Apple မှ iPhone 5 များကို စက်တင်ဘာလနှင့် အောက်တိုဘာလ အစာပိုင်းမှာ စတင်ရောင်းချပေးသွားဖွယ်ရှိ တယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါသတင်းဌာနမှ iPhone အသစ်များကို iPod အသစ်များ စတင်မိတ်ဆက်ပေးတဲ့အချိန်မှာ တစ်ခါတည်း မိတ်ဆက် ပေးသွားဖို့နဲ့ ပက်သက်ပြီးတော့ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။ Apple မှ ၄င်းတို့ iPhone အသစ်များကို နှစ်စဉ် ဇွန်လတိုင်း ကျင်းပပြုလုပ်တဲ့ Worldwide Developers Conference(WWDC) မှာ မိတ်ဆက်ပေးမှုများ ပြုလုပ်ပေးလျက်ရှိသော်လည်း ယခုနှစ်တွင် မိတ်ဆက်ပေးနိုင်ခဲ့ခြင်းမရှိပါ။
Apple မှ အသစ်ထွက်ရှိလာမည့် iPod အသစ်များတွင် 1.3-megapixel ရှိ camera တစ်လုံး ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။

Posted By မောင်စူးစမ်း (MTLA GTI)

Sunday, August 14, 2011

ဗန်းမော်ဆရာတော်ဘုရားကြီး ဒေါက်တာအရှင်ကုမာရာဘိဝံသဟောကြားတော်မူသော ပဋ္ဌာန်းဒေသနာတော်ရွတ်ပွား လွန်စွာကောင်းကျိုးများ


ဗန်းမော်ဆရာတော် ဘဒ္ဒန္တကုမာရာဘိဝံသသည် ပိဋကတ်ကျမ်းဂန်တွင် နှံ့စပ်ကျွမ်းကျင်၏။ အဂ္ဂမဟာပဏ္ဍိတနှင့် အဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတဘွဲ့ တံဆိပ်တော်များကို ရရှိထားသော ဆရာတော်ဖြစ်သည်။ ဗန်းမော်ကျောင်းတိုက်ကြီး၏ ပဓာနနာယက, ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ကြီးတွင် ပရိယတ္တိမဟာဌာနမှူးကြီးလည်း ဖြစ်သည်။

ဆရာတော်ကို ကြည်ညိုလေးစားသော တပည့်ဒါယကာ အများအပြား ရှိကြသည်။ ဆရာတော်၏ ကျယ်ပြန့်သော ရှေးဟောင်းကျောင်းတော်ကြီးသို့ မပြတ်လာရောက်ကြပြီး တခါတရံ သားမြေး ကလေးငယ်များပင် ခေါ်လာတတ်ကြ၏။ ဆရာတော်ကို ရင်းနှီးမှုရှိသဖြင့် ပါလာသောကလေးများမှာ ကျောင်းပေါ်တွင် ပြေးလွှားဆော့ကစားချင်ကြ၏။ ကျောင်း၏သက်တမ်းအရ နှစ်တရာကျော်ပြီဖြစ်သည်။ ဟောင်းနွမ်းအိုမင်းလျက်ရှိရာ ပြိုကျမည်စိုး၍ မပြေးမလွှားရန် ကလေးများကို တားမြစ်ရသည်။

Saturday, August 13, 2011

လစာမြင့်မား အလုပ်ရှာချင်သလား

(ဒီဆောင်းပါးလေးက ဦးတင်ညွန့်ရဲ့ ဘာသာပြန်ဆောင်းပါးလေးပါ။ အလုပ်ရှာနေတဲ့ သူငယ်ချင်းတို့အတွက် အထောက်အကူဖြစ်စေမယ်လို့ ယူဆမိပါတယ်။ ဒီဆောင်းပါးပါ အချက်အလက်တွေကို လူတစ်ဦးနဲ့တစ်ဦး သဘောထားတွေ မတူနိုင်တာမို့်လို့ လက်မခံနိုင်စရာ အကြောင်းအရာတွေ ပါရှိနိုင်ပါလိမ့်မယ်။ ဒီဆောင်းပါးပါ အချက်အလက်တွေအာလုံးဟာ မူရင်းစာရေးသူရဲ့ အာဘော်သာဖြစ်ပါကြောင်းနှင့် သူငယ်ချင်းတို့အတွက် ဗဟုသုတတိုးပွားစေရန်အတွက် ဖော်ပြပေးလိုက်ပါသည်။)
အလုပ်လျှောက်အင်တာဗျူးတွေမှာ ငွေရေးကြေးရေး ကိစ္စမရှိပါဘူးလို့များ ပြောမိသလား မသိဘူး။ ဒီစကားကို မပြောမိအောင် သတိထားပါ။ ကိစ္စရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ငွေအကြောင်းကို စကားပြောတတ်အောင် ပြောဖို့လိုတယ်။ အလုပ်လျှောက်ရင် ငွေကြေးကိစ္စ ညှိနှိုင်းတတ်ဖို့ အရေးကြီးတယ်။ ဘယ်လိုညှိနှိုင်းမလဲဆိုတာ အများကြီးမှတ်စရာ မလိုပါဘူး။ ၆ ချက်ပဲရှိပါတယ်။ 
(၁) ကိုယ့်တန်ဖိုး ကိုယ်သိပါ    
အလုပ်ရှင်နဲ့ အလုပ်သမား အဆင်ပြေအောင် ညှိနှိုင်းတတ်ဖို့ အရေးကြီးတဲ့ လိုအပ်ချက်က Information ပဲ။ ကိုယ့်အကြောင်း သူသိရမယ်။ သူတို့အကြောင်းလည်း ကိုယ်သိရမယ်။ ကိုယ်ဘာတွေ တတ်တယ်ဆိုတာ ပွင့်ပွင့်လင်းလင်း တင်ပြနိုင်ရမယ်။ သူတို့ကုမ္ပဏီ သို့မဟုတ် လုပ်ငန်းက ဘာတွေလုပ်တယ်၊ ဘာတွေကြိုက်တတ်တယ်ဆိုတာ သိအောင် လုပ်ထားရမယ်။ ကိုယ်လာလျှောက်တဲ့အလုပ်မျိုးကို သူတို့က ဘယ်လောက်ပေးသလဲ၊ အခြားဌာနတွေမှာ ဒီလိုအလုပ်မျိုးဆိုရင် ဘယ်လောက်ပေးတတ်သလဲ ဆိုတာတွေကအစ သိအောင်လုပ်သွားရမယ်။ ပေးငွေအကြောင်းသိရင် အဲဒီအလုပ်အတွက် ကိုယ်က ဘာတွေလုပ်ပေးရမလဲ၊ ဘာတွေသိထား တတ်ထားရမလဲ ကြိုတင်ပြင်ဆင်သွားပါ။ ဒီနေရာမှာ ကျွမ်းကျင်မှု၊ ပညာရေး၊ လုပ်ငန်းအတွေ့အကြုံ၊
ဘယ်လုပ်ငန်းတွေမှာ ဘယ်လောက်အဆင့်အထိ တာဝန်ယူပြီး လုပ်ဆောင်ဖူးတယ်တာတွေ သူတို့ကိုပြောပြပါ။
(၂) ကိုယ့်ဘက်က ငွေကြေးအကြောင်း စမပြောမိပါစေနဲ့
တည်ငြိမ်အောင်ကြိုးစားပြီး စကားဟောင်ဖွာ ဟောင်ဖွာ မဆိုင်တာတွေ မပြောမိအောင် သတိထားပါ။ ကိုယ့်အရည်အချင်းကို သူကအကဲခတ်ပြီး ငွေကြေးကို သတ်မှတ်မှာဆိုတော့ အရည်အသွေး နိမ့်တဲ့အထဲမှာ အာချောင်တာလည်းပါတယ်။ လစာအကြောင်းပြောရင် ညှိနှိုင်းလစာဆိုတဲ့ စကားကို သတိထားရမယ်။ ညှိနှိုင်းတယ်ဆိုတာက ကိုယ့်လုပ်ဆောင်ချက် ကိုကြည့်ပြီးတော့ ကောင်းရင် ကောင်းသလိုပေးမှာလား၊ ယခင် SGD2000 ပေးရတဲ့ လုပ်ငန်းကို SGD1800 နဲ့ လာညှိနှိုင်းတာလား သိထားဖို့လိုတယ်။ ကိုယ်ကမေးရတော့မယ်ဆိုရင်လည်း ယဉ်ကျေးစွာနဲ့ အဲဒီအလုပ် (အဆင့်၊ ရာထူး) အတွက် ဘယ်လောက်ပေး မှာလဲဆိုတာ ထုတ်မေးရတော့မယ်။ သူကကိုယ့်ကို ဘယ်လောက်ရရင်လုပ်မှာလဲလို့ ပြန်မေးပြီဆိုရင်တော့ ကိုယ့်ရာထူးနဲ့ ကိုယ့်နေရာအတွက် စုံစမ်းခဲ့တဲ့အတိုင်း ထိုက်တန်အောင်တောင်းတတ်ဖို့ လိုတယ်။ SGD2000 ကို SGD1500 လောက်တောင်းရင် အရည်အချင်းရှိမှာ မဟုတ်ပါဘူးလို့လည်း ထင်သွားနိုင်တယ်။ တခါတလေ လစာသတ်မှတ် ချက်ကနည်းကောင်းနည်းမယ်။ ဒါပေမယ့် ဆုကြေးတွေ၊ ခရီးစရိတ်တွေ၊ ကော်မရှင်တွေ၊ သင်တန်းတွေ၊ နေထိုင်စားသောက်စရိတ်တွေပါလာခဲ့ရင် အဲဒီအချက်တွေကို ထည့်တွက်ပြီး လက်ခံနိုင်ရင် လက်ခံရမယ်။
(၃) လက်ရှိလစာကို လိမ်မပြောပါနဲ့
လက်ရှိကိုယ်ရနေတဲ့လစာထက် ပိုပြီးမြှင့်ပြောတတ်ကြတယ်။ ဒီလိုပိုပြောတာဟာ အန္တရာယ်များတယ်။ ဒီခေတ်မှာ ကုမ္ပဏီတစ်ခုနဲ့တစ်ခု၊ လုပ်ငန်းတစ်ခုနဲ့တစ်ခု ဆက်စပ်နေတာတွေ၊ အကြောင်းသိနေ ကြတာတွေများတယ်။ ကိုယ့်ကို အင်တာဗျူးခေါ်တွေ့ ပြီဆိုကတည်းက ကိုယ့်အကြောင်း၊ ကိုယ်လုပ်ခဲ့ဖူးတဲ့ ကုမ္ပဏီအကြောင်း၊ ကိုယ်အဲဒီမှာ ဘာတွေလုပ်ပြီး ဘာတွေဖြစ်ခဲ့တယ်ဆို မစုံစမ်းဘူး၊ မသိဘူးလို့တော့ မထင်စေချင်ဘူး။ ဒါကြောင့် ကိုယ်ခံစားခဲ့ဖူး တဲ့လစာကို အမှန်အတိုင်းပြောပြဖို့ ဝန်မလေးပါနဲ့။
(၄) ညှိနိုင်းချက်ကို ချက်ချင်း လက်မခံလိုက်ပါနဲ့
သဘောကျသည်ဖြစ်စေ မကျသည်ဖြစ်စေ ကိုယ့်ခံစားချက်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားအောင် ဖော်ထုတ် မပြလိုက်ပါနဲ့။ အကျိုးဆက်တွေကို ဘာဆိုတာ သေချာစွာ မစဉ်းစားဘဲနဲ့ ချက်ချင်းအဖြေမပေး လိုက်ပါနဲ့။ လက်ခံပြီးဆိုရင် ကျေးဇူးတင်ပါတယ်ဆိုတာလောက်ပဲပြောသင့်တယ်။ ကိုယ့်ခံစားချက်တွေ
မထုတ်ဖော်မိပါစေနဲ့။ အနည်းဆုံးတော့ စဉ်းစားပါရစေ၊ ကျွန်တော်။ကျွန်မ ချက်ချင်းအကြောင်းပြန်ပါ့မယ်
ဆိုတာလေးတော့ ပြောခဲ့ပါ။ သူတို့ဘက်ကလစာနဲ့ ပတ်သက်ပြီး ပြန်စဉ်းစားနိုင်အောင်၊ ကိုယ့်ဘက်ကလည်း ပြန်စဉ်းစားနိုင်အောင် အနေအထား မျိုးဖန်တီး ထားတာပိုကောင်းပါတယ်။ လစာမှာ ငွေကြေးနဲ့မပတ်သက်တဲ့ အခြားခံစားခွင့်တွေကို ကိုယ့်ဘက်က လည်းတောင်းသင့်တာတောင်း၊ သူတို့ဘက်ကလည်း ပေးသင့်တာတွေပေးနိုင်အောင် လုပ်ခဲ့ပါ။ ဥပမာ ကျန်းမာရေး၊ လူမှုရေး၊ ခွင့်ကိစ္စ၊ အချိန်ပို၊ အားလပ်ရက်၊ ခရီးစရိတ်၊ ကြိုပို့ကိစ္စတွေကိုပြောတာပါ။
(၅) မေးရမှာမကြောက်ပါနဲ့    
ကျွန်တော်တို့အားနည်းချက်က အလုပ် အင်တာဗျူး တွေ့ရတာကို သေမင်းနဲ့တွေ့ရသလိုမျိုး ကြောက် တတ်ကြတာပဲ။ မကြောက်နဲ့လို့ပြောတာ မလေးစားနဲ့လို့ ပြောတာမဟုတ်ဘူး။ သူ့ဘက် ကိုယ့်ဘက် သိသင့်တာတွေ၊ ရသင့်တာတွေ ပွင့်ပွင့်လင်းလင်း မဆွေးနွေး နိုင်ဘူးဆိုရင် ဆုံးရှုံးမှုအများဆုံးကို
ကိုယ်ပဲခံရလိမ့်မယ်။ ကိုယ့်ကို အင်တာဗျူးသူဟာ အလုပ်ရှင်ကိုယ် တိုင်မဟုတ်ဘဲ မန်နေဂျာဖြစ်နေရင်
သူ့လုပ်ပိုင်ခွင့် ဘောင်အတွင်းကပဲ ဆုံးဖြတ်လိမ့်မယ်။ ဘာပြောပြော ကိုယ်လိုချင်တာနဲ့
ကိုယ့်ရပိုင်ခွင့်ကို ပြောဖို့ ဝန်မလေးပါနဲ့။ လစာကိစ္စ သဘောတူပြီဆိုရင်တောင် အခြားရပိုင်ခွင့်တွေကိုမေးဖို့ သတိရပါ။ ခုရှင်းမှနောင်မရှုပ်မှာဆိုတော့ ပွင့်လင်းစွာပဲ မေးထားသင့်ပါတယ်။
(၆) ရပ်သင့်ရင် ရပ်လိုက်ပါ    
အလုပ်အကြောင်း၊ လစာအကြောင်းပြောနေ တုန်း ကိုယ့်ဆွေးနွေးပြောဆိုချက် (တောင်းဆိုချက်) တွေကို တစ်ဖက်က လက်မခံတော့ဘူးဆိုရင် အတိုက်အခံတွေ ပြောမနေဘဲ ရပ်လိုက်ပါ။ ဘယ်လိုမှ ညှိနှိုင်းလို့ မဖြစ်နိုင်ရင် ဘာမှညှိနှိုင်းမနေတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ သူကမေးတယ်၊ ကိုယ်ကဖြေမယ်။ ကပ်သီးကပ်သပ် မေးတယ်ထင်ရင် မဖြေပါနဲ့။ မဖြစ်နိုင်တော့ဘူးထင်ရင် ပြုံးပြုံးလေးရင်ဆိုင်ပြီး
ထပြန်လာကြည့်စမ်းပါ။
Ref : Six Steps to a Higher Starting Salary
Posted by ဝတီ

Friday, August 12, 2011

ကျွန်တော်နှင့် အရက်

ဘယ်က စရေးရမှန်း မသိလို့ စဉ်းစားနေတုန်း ရှိသေး။ အမူသမား ရုရှားများက ကျွန်တော်တို့ နေတဲ့ ဘက်အခြမ်းက အခန်းတံခါး မပိတ်လို့ဆိုပြီး လာရစ်နေတယ်လေ…။ အော် အရက်… အရက်… သူ့ဟာသူ နေရင် အကောင်းသား… ခုတော့…။
တခါတခါ မှုန်ရွှေရည် ဇာတ်ကားထဲမှ (ဦး)၀င်းဦး ပြောတာလေး သတိရမိသည်။ ၀င်းဦးက
“အရက်ဆိုတာ ရေနဲ့ပဲ ရောရတာကွ၊ အလုပ်နဲ့ မရောရဘူး”

ကျွန်တော် ငယ်စဉ်ကပင် အရက်နှင့် ရင်းနှီးခဲ့ပါသည်၊ အရက်နှင့် ကျွမ်းဝင်ခဲ့သည်။ အဘယ်ကြောင့်နည်း???

ကျွန်တော် အရက် သောက်တတ်၍ မဟုတ်ပါ။ ပြောရရင်တော့ ကိုယ့်ပေါင် ကိုယ်လှန်ထောင်း သလို ဖြစ်ပေမည်။ သို့သော်လည်း မတတ်နိုင်... မပြောမပြီး မတီးမမြည် ဆိုသလို ပြောရပေတော့မည်။ အဖေ... ဟုတ်သည်။ အဖေ အရက်သောက်သည်။ ကျွန်တော် ငယ်စဉ်ကတည်းက သောက်သည်။ ထို့ကြောင့်လည်း ငယ်ငယ်ကတည်းက အရက်နှင့် ရင်းနှီးရခြင်း ဖြစ်သည်။
ကိုယ့်အဖေမို့လို့ ကျွန်တော် မြှောက်ပြောခြင်း မဟုတ်ပါ။ အဖေ တော်ပါသည်။ မြန်မာဆေး ပညာပိုင်းတွင် အဖေ့ကို ဆရာဝန်ကြီးများပင် လေးစားကြသည်။ သို့သော်... ထိုသို့ ပညာပိုင်းတွင် တော်သော အဖေသည် အပေါင်းကြောင့် ဂုဏ်မတက်ဘဲ အပေါင်းကြောင့် ဂုဏ်ပျက်ခဲ့ရသည်။ အရက် သောက်တတ်ခဲ့သည်။ အစပိုင်းတော့ ဆေးဖြစ်ဝါးဖြစ် သောက်သည်။ ထိုသို့ ဆေးဖြစ် ၀ါးဖြစ်မှ စခဲ့သော အရက်သည် အဖေ့အား တဖြည်းဖြည်း စိုးမိုးလာခဲ့သည်။
အဖေ့အား စိုးမိုးရုံသာ မက... ကျွန်တော်တို့ မိသားစုကိုပါ အရက် စိုးမိုးလာခဲ့သည်။ အရက်၏ ခြယ်လှယ်ခြင်း ခံလာရသည်။ အရက်၏ ဆိုးကျိုးများ စတင် ခံစားလာရသည်။ အဖေ အရက်သောက်ပြီး မူးလာလျှင် အမေ့အား ရန်ရှာလာသည် အထိ ဖြစ်လာခဲ့သည်။ စကားတွေ များလာသည်။ အားမနာတမ်း ပြောရလျှင်တော့ ရစ်သည်ပေါ့...။ အမေကလည်း သည်းခံပါသည်။ သို့သော်... အဖေ ပင်စင်ယူပြီးနောက်ပိုင်း အိမ်၏ စားဝတ်နေရေးအား အမေ တာဝန် စယူလာရသောအခါ အမေ့ရဲ့ သည်းခံနိုင်စွမ်းတွေ တဖြေးဖြေး နည်းပါးလာသည်။ ဖြစ်သင့်ပါသည်။ နေ့လယ်ပိုင်းတွင် ပင်ပင်ပန်းပန်း အလုပ်သွားလုပ်သော အမေ... ညဘက်ရောက်တော့ နားချင်သည်။ သို့သော် အဖေက အရက်သောက်ပြီး ရစ်သော အခါ...

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၂၂)

ရည်ရွယ်ချက်ကိုပြတဲ့ ပုဒ်စုဖြစ်တယ်။ ( ကျန်းမာအောင် လမ်းလျှောက်တယ် ) ဆိုတဲ့ ၀ါကျမှာ
( ကျန်းမာအောင် ) ဆိုတဲ့ ပုဒ်စုက ရည်ရွယ်ချက်ကို ပြတာပေါ့ ။ အင်္ဂလိပ်လိုမှာ စကားဆက် so that, in order that တို့ကို သုံးတယ်။ တခါတလေ that တစ်လုံးတည်းလည်း သုံးကြပါတယ်။ ဒီပုဒ်စုတည်းက ကြိယာကို may / might တို့နဲ့ တွဲသုံးမြဲ ဖြစ်တယ်။ Present မှာ may, Past မှာ might ပေါ့ ။ ရံဖနရံခါ် can/ could and should တို့လည်း တွေ့ရပါတယ်။
We play games so that we may grow strong.
သန်စွမ်းအောင် ကစားကြတယ်။
I saved up so that I might marry.
ငါ အိမ်ထောင်ပြုနိုင်အောင် ငွေစုတယ်။
မှတ်စရာ
Result မှာ သုံးတဲ့ so…that နဲ့ မရောထွေးစေပါနဲ့ ။ Result မှာက so ပြီးနောက် Adj / Adv ရာရတယ်။ အခု Purpose မှာက so that လို့ တန်းပြီး ပြောရတာဖြစ်တယ်။ စကားလုံးတူပေမယ့် အဓိပ္ပာယ်နဲ့ အသုံးအနှုန်းမတူတာကို ကွဲကွဲပြားပြား မှတ်သားပါ။ သေချာမမှတ်လျှင် လေ့ကျင့်ခန်းလုပ်ရာမှာ ရောထွေးကုန်တတ်တယ်။
ဝါကျနှစ်ခုပေးထားပြီး so that နဲ့ အဆက်ခိုင်းလျှင် ခုလို Adv of Purpose လုပ်ရမယ့် ၀ါကျမှာ want ဆိုတဲ့ စကားလုံးပါတတ်တယ်။
( အခြား အဓိပ္ပာယ်တူ စကားလုံးများလည်း ပေးနိုင်တာပါပဲ။ ကိုယ်က သိရမယ်။ )

မဖြေနိုင်မှန်း သိသော်လည်း

မင်း ငါ ဆုံခိုက် ၊ဘုရားလိုက်ဖို့
ငါတိုက်တွန်းငြား၊ မင်းပြောကြားခဲ့
မအားသေးဘူး နောက်မှကွယ်..........။
ဆိတ်ငြိမ်နေရာ ၊ အေးရိပ်သာဝယ်
အာနာပန ၊ ရသမျှကို
သွင်းပ ရှုရှိုက် ၊ အတူလိုက်ဖို့
ငါတိုက်တွန်းငြား ၊ မင်းပြောကြားခဲ့
မအားသေးဘူး ၊ နောက်မှကွယ်........။
ဟိုတနေ့က
မအားနေရင်း ၊ သူငယ်ချင်းဟာ
သေမင်းခေါ်ရာ ၊ မငြင်းသာပဲ
လိုက်ပါ ၊ သွားရရှာလေပြီ။ . . .
ကိုယ်ခေါ်စဉ်က ငြင်းလို့ရလည်း
ခုမှမငြင်း ၊ လိုက်သွားခြင်းကြောင့်
ရင်တွင်းစကား ၊ဆိုမိငြားသည်
အားသွားလို့လား သူငယ်ချင်း....................။
From Forward Mail.
Posted  by ထွန်းမြင့်ဌေး