Friday, August 26, 2011

ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး

တိုင်းပြည်နှင့် လူမျိုးကို ချစ်မြတ်နိုးဖို့လိုသလား။ လူရယ်လို့ဖြစ်လာလျှင် စားဝတ်နေရေး ပြေ လည်ဖို့ ကိုယ့်မိသားစု ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်ဖို့ ကြိုးစားအလုပ်လုပ်ရမယ်။ နောင်ဘ၀မှာ ယခု ထက် ပိုပြီး သာလွန်ကောင်းမွန်တဲ့ ဘ၀သစ်ရရှိဖို့ ကုသိုလ်ကောင်းမှုတွေ ပြုရမယ်။ ဒါဆိုရင် ဘ၀ရဲ့အဓိပ္ပါယ် ပြည့်စုံပြီပေါ့ဟု သာမာန်လူအများက ယုံကြည်ကြသည်။ ထိုယုံကြည်ချက် မမှားချေ။ လူတစ် ယောက်၏ အခြေခံလိုအပ်ချက်ကို လက်ခံယုံကြည်ခြင်းဖြစ်၍ မှားယွင်းခြင်းမရှိချေ။
သို့သော် လူ့ဘ၀၏ အဓိပ္ပါယ်သည် ထိုမျှနှင့် ပြီးပြည့်စုံပြီဟု မဆိုအပ်ပေ။ လူသည် တစ်ဦးချင်း သဘောဆောင်သော်လည်း ကမ္ဘာပေါ်တွင် မိမိနှင့် မိမိ၏ ဆွေမျိုးသားချင်းတစ်စုသာ နေထိုင်နေကြခြင်း မဟုတ်ပေ။ လူသည် အခြားသော လူများနှင့် သတ္တ၀ါအမျိုးမျိုးတို့နှင့် တစ်ဆက်တစ်စပ်တည်း ရောနှော နေထိုင်လျက်ရှိသည်။ ထို့ကြောင့် လူသည် မိမိ၏ လူ့အဖွဲ့အစည်းဝင် အချင်းချင်းနှင့် မိတ်ဖက်သတ္တ၀ါ များနှင့် သဟဇာတဖြစ်အောင် ကြိုးစားနေထိုင်ကြရသည်။ စိတ်တူကိုယ်တူရှိသော မျိုးနွယ်တူများ စုပေါင်းနေထိုင်ကြခြင်းဖြင့် တိုင်းပြည်နိုင်ငံများဟူ၍ ပေါ်ပေါက်လာခဲ့ရာ မိမိ မှီတင်းနေထိုင်သော တိုင်းပြည်၏ အရိပ်အာဝါသသည် ဆွေရိပ်မျိုးရိပ်ပင်ဖြစ်သည်။ မိမိ၏ အရင်းအချာဆွေမျိုး သားချင်း များကို ချစ်တတ်လျှင် ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို ချစ်တတ်ဖို့ မခဲယဉ်းပါချေ။
သို့သော် ထိုသို့ အသိတရားမထားတတ်လျှင် သာမန်လူအများသည် တစ်ကိုယ်ကောင်းစိတ် ၏ စေ့ဆော်ချက်ဖြင့် တိုင်းပြည်နှင့် လူမျိုးဆိုသည်ကို မေ့လျော့နေတတ်ကြသည်။ မည်သည့်အချိန်မျိုး တွင် သိသာသနည်းဆိုသော် တိုင်းပြည်နှင့် လူမျိုးအကျိုးအတွက် မိမိတစ်ဦးချင်း၏ အကျိုးစီးပွား အနည်းငယ်မျှကို အထိပါးခံရမည့် အနေအထားမျိုး ကြုံရချိန်များတွင် ဖုံးမနိုင်ဖိမရ ပေါ်လာလေ့ရှိသည်။
ကိုယ့်တိုင်းကိုယ့်ပြည် ကိုယ့်လူမျိုးဆိုသော အသိကို တိုင်းတစ်ပါးသို့ ရောက်နေချိန်တွင် ပို၍ နှလုံးသွင်းမိတတ်ကြသည်။ “နီးတကျက်ကျက် ဝေးတသက်သက်” ဟူသော စကားအတိုင်းပင် ကိုယ့် တိုင်းပြည်မှ အဝေးသို့ ရောက်နေသူများသည် အိမ်လွမ်းစိတ် ပိုဖြစ်ပေါ်တတ်ကြသည်။ နိုင်ငံရပ်ခြား တိုင်းတစ်ပါးတွင် ဘယ်နိုင်ငံကလဲ၊ ဘာလူမျိုးလဲဟူသော မေးခွန်းနှင့် မကြာခဏ ကြုံကြရမည် ဖြစ် သည်။ ထိုအခါ မိမိ ဘာလူမျိုးလဲဆိုသည့် အမှတ်အသား(identity)ကို မပြောမဖြစ် ပြောကြလေသည်။ ယင်းသည် ကိုယ့်လူမျိုး ဂုဏ်သိက္ခာကျဆင်းမည်စိုးသော စိတ်ကလေးကြောင့် ဖြစ်ရကား အမျိုးသား သံယောဇဉ်၏ ကောင်းသော ရလဒ်တစ်ခုဟု ဆိုနိုင်ပေသည်။
အချို့ကမူ မိမိလူမျိုးအမှတ်အသားကို ပြောလိုက်လျှင် အထင်အမြင်သေးခံရမည် စိုး၍ လှီးလွှဲ ပြောဆိုတတ်ကြသည်။ ယင်းသည် ကိုယ့်အကျိုး ထိခိုက်မည်စိုးသောကြောင့် ဖြစ်ရကား ကောင်းသော နမူနာ မဖြစ်နိုင်ချေ။
လူမျိုး၏ဂုဏ်သတင်း(reputation)ဟူသည် နေ့ချင်းညချင်း ဖြစ်ပေါ်လာခြင်းမဟုတ်ပေ။ နှစ်ကာလများစွာ အစိုင်အခဲဖြစ်ပြီးမှ အထင်သေးစရာ အထင်ကြီးစရာ ထုနှင့်ထည်နှင့် ပေါ်ထွက်လာ ခြင်းဖြစ်သည်။ မိမိတစ်ဦးတည်း တစ်ယောက်ထဲ၏ လုပ်ရပ်ကြောင့် လူမျိုး၏ဂုဏ်သတင်း ကောင်းခြင်း ဆိုးခြင်း မဖြစ်နိုင်သော်လည်း ယနေ့မျက်မှောက်ကာလ လူအများက ဖန်တီးခဲ့သော ဂုဏ်သတင်းသည် နောက်မျိုးဆက်များအတွက် ကောင်းမွေသော်လည်းကောင်း၊ ဆိုးမွေသော်လည်းကောင်း ဖြစ်ပေမည်။ သို့ဖြစ်ရာ မျက်မှောက်ခေတ်ကို ကိုယ်စားပြုသူများအနေဖြင့် ကောင်းမွေများများ ထားနိုင်ခဲ့ ကြဖို့ တာဝန်ရှိကြောင်း အလေးအနက် ခံယူအပ်ကြသည်။ သို့မဟုတ်ပါက နောင်လာနောက်သားများ က ကျွန်ုပ်တို့၏ အုတ်ဂူကို တံတွေးနှင့် ထွေးကြလိမ့်မည်။
Posted by အိမ်လွမ်းသူ

တယ်လီဖုံးအင်္ဂလိပ်စကားပြော (အပိုင်း ၄)

Taking messages (အမှာစကားယူခြင်း)
 - I'll tell him/her you called.
  ခင်ဗျားဖုန်းဆက်ကြောင်းသူ့ကိုပြောလိုက်ပါမယ်။
 - I'll make sure he/she gets your message.
  သူ့ကို ခင်ဗျားပြောတာ သေချာပြောလိုက်ပါမယ်။
 - Can I take your name and number?
   ခင်ဗျားနံမည်နဲ့ ဖုန်းနံပါတ်ပေးခဲ့မလား။
 - When is the best time for him/her to call you back?
   ခင်ဗျားကိုဘယ်အချိန် ပြန်ခေါ်ခိုင်းရင် အဆင်ပြေမလဲ။

  Confirming information 
- Okay, I've got it all down.
  အိုကေ။ ကျွန်တော်အားလုံးရေးမှတ်ထားပါတယ်။
 - Let me repeat that just to make sure.
   သေချာအောင် နောက်တခါ ပြန်ဖတ်ပြမယ်နော်။

  Leaving message on a machine (အလိုအလျောက်ဖြေကြားစက်တွင်အမှာစကာထားခဲ့ခြင်း)
 - This is Marie-Noelle. It's three o'clock on Friday 8th February.
  အခုပြောနေတာ Marie-Noelle ပါ။   သောကြာနေ့ (၈) ရက် ဖေဖော်ဝါရီလ သုံးနာရီက ခေါ်ထားတာပါ။
 - I'm calling about...
  ...... ကိစ္စအကြောင်း ပြောမလို့ပါ။
 - Would you mind sending the attachment again? I can't open it.
   Attachment ကိုပြန်ပို့ပေးပါလား။ ဖွင့်မရလို့ပါ။
 - Would you please call me on my mobile?
  ကျေးဇူးပြု၍ ကျွန်တော့်လက်ကိုင်ဖုန်းကို ပြန်ခေါ်ပေးပါလား။

  Warning about bad reception (တယ်လီဖုန်းလိုင်းမကောင်းကြောင်း သတိပေးခြင်း။)
 - I think we're going to get cut off...
  ဖုန်းလိုင်းပြတ်သွားတော့မယ်နဲ့တူတယ်။
 - I'm afraid you're breaking up....
   ခင်ဗျားအသံကောင်းကောင်း မကြားရတော့ဘူး။
 - We might get cut off any minute now...
  မကြာခင် ဖုန်းပြတ်သွားတော့မယ်နဲ့တူတယ်။

  Not being able to hear (သေသေချာချာ မကြားရခြင်း။)
 - You’ll have to speak up
  ကျယ်ကျယ်လေးပြောပေးပါ။
 - I'm going to have to call you back. I can't hear you.
  ခင်ဗျားကို ပြန်ခေါ်မှဖြစ်မယ်။ ကျွန်တော်မကြားရဘူး။
 - I'm sorry. I didn’t hear that.
  Sorry ပါပဲ။ ကျွန်တော်မကြားလိုက်ဘူး။

  Being distracted (အာရုံထွေပြားခြင်း။)
 - Sorry, not you-I'm talking to the ticket collector.
   ခင်ဗျားကိုပြောတာ မဟုတ်ပါဘူး-လက်မှတ်စစ်ကို ပြောတာပါ။
 - Just a moment. Bob is saying something....
   ခဏလေးနော်၊ Bob ကတခုခုပြောနေလို့။
 - Sorry, I missed the last part.
   နောက်ဆုံးဘာပြောလိုက်တယ်ဆိုတာ မကြားလိုက်ပါဘူး။

  Avoiding giving confidential information (ကန့်သတ်သတင်းအားပေးရန် ရှောင်လွှဲခြင်း။)
 - Well, I'm afraid I can't really say right now.
   စိတ်မရှိပါနဲ့နော်၊ ဒီကိစ္စကို အခုမပြောနိုင်သေးပါဘူး။
 - I'd rather tell you in private.
   လူခြင်းတွေ့မှပဲ ပြောပါရစေ။

  Dealing with key information (အဓိကအချတ်အလက်များအား သေချာအောင်ပြန်မေးခြင်း။)
 - Could you spell your name, please?
   ခင်ဗျားနံမည်လေး စာလုံးပေါင်းပြနိုင်မလား။
 - What did you just say your address was?
  ဘယ်လိပ်စာလို့ပြောလိုက်တာပါလဲခင်ဗျာ။
 - Can I just check your e-mail address?
   အီးမေးလိပ်စာလေး သေချာအောင်ပြန်မေးလို့ရမလား။
 - Is your company's website www.....?
  ခင်ဗျား ကုမ္ပဏီရဲ့ ဝက်ဆိုဒ်က် www..... လားဗျာ?
Posted by ကိုတူး(မိတ္ထီလာ GTI)

Wednesday, August 24, 2011

တယ်လီဖုံးအင်္ဂလိပ်စကားပြော (အပိုင်း ၃)

Making special requests (အထူးမေတ္တာရပ်ခံခြင်း)
 - Could you please repeat that?
   ကျေးဇူးပြု၍ ပြန်ပြောပေးလို့ရမလား။
 - Would you mind spelling that for me?
   စာလုံးပေါင်းပြပေးလို့ရမလားရှင်။
 - Could you speak up a little please?
   နည်းနည်းကျယ်ကျယ်လေးပြောပေးလို့ရမလား။
- Can you speak a little slower please? My English isn't very strong.
  နည်းနည်း ဖြည်းဖြည်းလေး ပြောပေးပါလား။ ကျွန်တော်အင်္ဂလိပ်စာမကောင်းလို့ပါ။
 - Can you call me back? I think we have a bad connection.
   ပြန်ခေါ်ပေးပါလား။ လိုင်းမကောင်းဘူးနဲ့တူတယ်။
 - Can you please hold for a minute? I have another call.
   ကျေးဇူးပြုပြီး ခဏကိုင်ထားပေးပါလား။ တခြားဖုန်းတခုလာနေလို့ပါ။

Taking a message for someone (တစုံတယောက်အတွက်အမှာစကားလက်ခံပေးခြင်း)   
- Sammy's not in. Who's this? (Informal)
  ဆမ်မီအပြင်သွားပါတယ်။ အခုဘယ်သူပါလဲ။
 - I'm sorry, Lisa's not here at the moment. Can I ask whose calling?
   လီဆာအခုဒီမှာမရှိပါဘူး။ အခုပြောနေတာ ဘယ်သူပါလဲ။
 - I'm afraid he's stepped out. Would you like to leave a message?
   သူအခုလေးတင်ပဲ ထွက်သွားပါတယ်။ အခုဆက်တာ ဘယ်သူပါလဲ။
 - He's on lunch right now. Who’s calling please?
   သူထမင်းသွားစားနေပါတယ်။ အခုဆက်တာ ဘယ်သူပါလဲ။
 - He's busy right now. Can you call again later?
   သူအခုအလုပ်များနေပါတယ်။ ခဏနေရင်ပြန်ခေါ်လို့ရမလား။
 - I'll let him know you called.
  ခင်ဗျားဆက်တယ်လို့ပြောလိုက်ပါမယ်။
 - I'll make sure she gets the message.
   ခင်ဗျားမှာထားတာ သူမကို အသေအချာ ပြောလိုက်ပါမယ်။

Leaving a message with someone (တစုံတယောက်နှင့်အမှာစကားထားခဲ့ခြင်း)
 - Could you please tell him/her I called?
  ကျွန်တော်ဆက်တယ်လို့သူ/သူမ ကိုပြောပေးပါလား။
 - Would you mind asking him to call me on my mobile? My mobile is.....
   ကျေးဇူးပြုပြီး သူ့ကို ကျွန်တော့် လက်ကိုင်ဖုန်းကို ပြန်ခေါ်ပေးပါလို့ ပြောပေးလို့ရမလား။ ကျွန်တော့် နံပါတ်က ....ပါ။
 - Could you ask her to call me as soon as she can? It's urgent.
   သူမ ပြန်ရောက်ရောက်ခြင်း ကျွန်တော့်ဆီဖုန်းဆက်ပေးပါလို့ ပြောပေးပါ။ အရေးကြီးကိစ္စရှိလို့ပါ။
 - Yes, can you tell him his wife called, please?
   ဟုတ်ကဲ့။ သူ့အမျိုးသမီးဆက်တယ်လို့ကျေးဇူးပြုပြီး  ပြောပေးပါ။
 - No, that's okay, I'll call back later.
   ရပါတယ်။ ကျွန်တော် ပြန်ခေါ်လိုက်ပါမယ်။
 - Thanks; could you ask him to call Brian when he gets in?
   ကျေးဇူးပါ။ သူပြန်လာရင်ဘရိုင်ယန်ဆီပြန်ဆက်ပါလို့ပြောပေးလို့ရမလား။
 - Do you have a pen handy? I don't think he has my number.
   အနားမှာ ဘောပင်ရှိလားဗျာ။ သူ ကျွန်တော့်ဖုန်းနံပါတ်ကို မသိဘူးလို့ထင်ပါတယ်။
 - Thanks. My number is 222-3456, extension 12.
   ကျေးဇူးပါပဲ။ ကျွန်တော်နံပါတ်က ၂၂၂-၃၄၅၆  လိုင်းခွဲ  ၁၂  ပါ။
Posted by ကိုတူး(မိတ္ထီလာ GTI)

Tuesday, August 23, 2011

ရပ်တည်မှု ခက်ခဲလာနိုင်သော စင်ကာပူရောက် နိုင်ငံခြားသားများ အခြေအနေ

(သတင်းများပေါ် အခြေခံ၍ ကျွန်တော်လေ့လာသုံးသပ်မိသမျှ ပြန်လည်ဝေငှပါသည်။ မိမိတို့အမြင်များ၊ အတွေ့အကြုံများကို လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးကြရန် ဖိတ်ခေါ်ပါသည်။)

(၁)

            စင်ကာပူရောက် နိုင်ငံခြားသားများအပေါ် သူတို့နိုင်ငံသားများ အစာမကြေဖြစ်နေခဲ့သည်မှာ ကြာပါပြီ။ သူတို့ ကွန်ပလိန်းများတွင် အများဆုံးကြားရသည်မှာ ကား၊ ရထားများတွင် လူများအလွန်ကြပ်သိပ်လာမှု၊ စင်ကာပူနိုင်ငံသားများထံမှ အလုပ်နေရာများကို လုယူမှု စသည်တို့ ဖြစ်ပါသည်။
            သူတို့ပြောကြဆိုကြသည်များကို အသာထား၍ စင်ကာပူတွင်ရောက်နေသော နိုင်ငံခြားသားများအကြောင်း တစေ့တစောင်း လေ့လာကြည့်ကြပါစို့။

မြန်မာကျပ်ငွေလဲလှယ်နှုန်းကိစ္စ (ပြုစုသူ - ဦးမြင့် )

မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(ြှုဃဃ)၊ နေပြည်တော်
 ၂ဝ၁၁ ခုနှစ် ၊ သြဂုတ်လ (၁၉-၂၁)ရက်

မြန်မာကျပ်ငွေလဲလှယ်နှုန်းကိစ္စ
အပိုင်း (၁)
နိဒါန်း
၁။       လွန်ခဲ့သည့်လအနည်းငယ်အတွင်း မြန်မာကျပ်ငွေလဲလှယ်နှုန်းသည် သိသိသာသာ တောက် လျောက် တက်လာခဲ့ပါသည်။  ထို့ကြောင့်ပြဿနာများ ပေါ်ပေါက်ခဲ့ပါသည်။ ကျပ်ငွေတန်ဘိုးတက် လာသည့်အတိုင်းအတာနှင့် မြန်မာစီးပွားရေးလုပ်ငန်းများ၏ စရိတ်နှင့်အကျိုးအမြတ်များအပေါ် အကျိုးသက်ရောက်ပုံကို နိုင်ငံတော်သမ္မတရုံး စီးပွားရေးအကြံပေးအဖွဲ့ဝင် ဦးဆက်အောင် ပြုစုထား သောစာတမ်းတွင် ဖော်ပြပြီး ဖြစ်ပါသည်။  သို့ဖြစ်ပါ၍ ယင်းအချက်အလက်များကို ဤစာတမ်းတွင် ထပ်မံမဆွေးနွေးတော့ဘဲ အောက်ပါကိစ္စသုံးရပ်ကိုသာ ဖော်ပြသွားပါမည်။ ၄င်းတို့မှာ –

Monday, August 22, 2011

အိပ်ပျက်ည

မိုးမခြိမ်းလိုက်နဲ့...
အော်လိုက်ကြတဲ့ဖားတွေ
မယုံရဲ ယုံရဲနဲ့၊
ဒဏ်ရာဗရပွ ရင်မှာပိုက်
ငိုက်မြည်းနေတဲ့ မျက်စိတွေ ပွတ်သတ်လို့
လာရပ်ကို မှန်းမျှော် 
 တော်တော်နဲ့ကို မိုးမချုပ်နိုင်ဘူး တဲ့ ။

အလင်းတစ်အုပ်
ခပ်စုတ်စုတ်နဲ့ ပြိုဆင်းလာလို့
ကိုယ့်ရင်တွေလဲ လှုပ်ရှား
မိုးများလင်းတော့ မလားပေါ့
ဖျော့တော့တော့ အတွေးများနဲ့
မှုံရီေ၀၀ါး လမ်းမများကြား
စူးစိုက်ငေးရင်း
လင်းကြက်တောင်မတွန်သေးတာ
ဒီလိုနဲပဲ ငါ့မှာ
အိပ်ရေးပျက်ပေါင်းတွေ များလှပြီ။   ။

Posted by ဂျစ်တီး

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၂၄)

ဘာဖြစ်လျှင် ညာဖြစ်လျှင်ဆိုတဲ့ ပုဒ်စုကို Condition လို့ ခေါ်တယ်..။ မြန်မာလို ခေါ်စ၇ာ စကားလုံး မ၇ှိဘူး.။ ( ဘာသာစကားတစ်ခုက တစ်ခု နေရာတကာ ဘာသာပြန်လို့ မရဘူးဆိုတဲ့ ဘာသာဗေဒ သဘောတရားကို ဒီနေရာမှာ သာဓကတစ်ခုအဖြစ် တွေ့ရတာပါပဲ။ ) သုံးမျိုးရှိတယ်. တစ်မျိုးနဲ့ တစ်မျိုး ကြိယာပုံစံ ကွဲပြားတဲ့အတွက် သေသေချာချာ မှတ်ရပါတယ်..။
Condition . 1
( တကယ်ဖြစ်နိုင် )
If .... present tense ........, .......... will + v ..................
Condition . 2
( မဖြစ်နိုင်တာ ၊ ပစ္စုပ္ပန် )

If ....... past tense ........., .......... would + v ...............
Condition . 3
( မဖြစ်နိုင်တာ ၊ အတိတ် )

If ....... past perfect ........., ........ would have + v .............
နမူနာ
If you work hard, you will succeed.
If you drank poison, you would die.
If you had come earlier, you would have met her.

စာကြိုးစားလျှင် စာမေးပွဲအောင်မယ်ဆိုတာ တကယ်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီနေရာမှာ Condition.1 ကို သုံးပါတယ်။ If နဲ့ စတဲ့ Adv Clause မှာ Present tense ကို သုံးပြီး Main Clause မှာ will ပါတဲ့ Future ကို သုံးပါတယ်။
အဆိပ်သောက်ဖို့ဆိုတာ များသောအားဖြင့် ဖြစ်ဖို့ အလားအလာ သိပ်မရှိပါဘူး။ အဆိပ်သောက်မယ့်လူ မရှိပါဘူး။ သောက်များသောက်လျှင်ဖြင့် သေလိမ့်မယ်လို့ ပြောတာပါ။ တကယ်လုပ်မှာကို ပြောနေတာ မဟုတ်ပါဘူး။ ဒါကြောင့် Condition.2 ကို သုံးပါတယ်။ Adv Clause မှာ Past tense ကို သုံးပြီး Main မှာ would ကို သုံးပါတယ်။
( I နဲ့ ဆိုရင် should သုံးလည်း ရပါတယ်။ ) Past လို့ လွယ်အောင်ပြောလိုက်တာ အများစုအဖို့တော့ မှန်တယ်။ go က went ၊ know က knew ဖြစ်ပါတယ်။ be ကိုတော့ was မဟုတ်ဘဲ were ပဲ သုံးရပါတယ်။ Conditional tense လို့ ခေါ်ပါတယ်။
If i were a cat, i would eat you up.
ငါသာ ကြောင်ဆိုလျှင် မင်းကို စားပစ်မှာ.။
မှတ်စရာ.။ ..........။ တကယ်ကို စိတ်ဆင်းရဲစရာရှိလို့ အဆိပ်သောက်မယ် လုပ်နေတဲ့ လူကိုတော့ If you drink poison, you will die. လို့ ပြောနိုင်တာပေါ့လေ။

Sunday, August 21, 2011

ဂုဏ်တော်ကိုးပါး အနက် အဓိပ္ပါယ်တွေ ဆင်ခြင်ပြီး.. ဂုဏ်တော်ပွားကြရအောင်


ဂုဏ်တော်ကိုးပါး အနက် အဓိပ္ပါယ်တွေ ဆင်ခြင်ပြီး.. ဂုဏ်တော်ပွားကြရအောင်
အရဟံ ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား။

- စိတ်ကို ပူလောင်စေတတ်တဲ့ သဘောတွေ၊ စိတ်ကိုညစ်နွမ်းစေတတ်တဲ့ ဓါတ်တွေကို ကိလေသာလို့ ခေါ်ပါတယ်။လောဘ၊ ဒေါသ၊ မာန၊ မစ္ဆရိယ .... အစရှိတဲ့ ဓါတ်ဆိုးဓါတ်ယုတ် ဓါတ်ပုပ် ဓါတ်ညံ့တွေဟာ .. ကိလေသာတွေပါ။မြတ်စွာ ဘုရားရှင်မှာ အဲ့ဒိ ကိလေသာ အညစ်အကြေးတွေ လုံးဝ မရှိ ၊ ကင်းစင်တော်မူတယ် ဆိုတာကို ထပ်တလဲလဲ အာရုံပြုနေရင် ...ကိုယ့်စိတ်လည်း ... အပူတွေ ကင်းရှင်းပြီး .. စိတ်အေးသန့်ရှင်းကာ ... ငြိမ်းချမ်းမှု ရစေနိုင်ပါတယ်။

အရဟံ ဆိတ်ကွယ်ရာအရပ်ပင်ဖြစ်သော်လည်း မကောင်းမှု တရားတို့ကို ပြုတော်မူ၊ စိတ်တော်ကပင် ကြံစည်တော်မမူသော မြတ်စွာဘုရား။- မကောင်းမှုပြုတယ်ဆိုတာ စိတ်မှာ ကိလေသာရှိလို့ပြုတာပါ။ ကိလေသာမှန်သမျှ လုံးဝ မရှိတော့တဲ့ မြတ်စွာဘုရားရှင်ဟာ ဆိတ်ကွယ်ရာအရပ်မှာ တောင် မကောင်းမှုကို မပြု၊ မကြံစည်တော့ ပါဘူး။ဒီဂုဏ်ကို အမြဲ သတိရနေတဲ့ သူဟာ မကောင်းမှုပြုမယ်ကြံတိုင်း အလိုလို စိတ်တွန့်ဆုတ်ပြီး မကောင်းမှု အတော်များများကို ရှောင်ကြဉ်ဖြစ်သွားပါလိမ့်မယ်။

သင်၏ ပထမဆုံး အလုပ်တွင် ရှောင်လွှဲရမည့် အမှား (၈) ရပ်

ကဲ သင် တက္ကသိုလ်ကနေ ဘွဲ့တစ်ခုရပြီး၊ စီးပွားရေးတွေကျဆင်းနေတဲ့ ကြားထဲက အလုပ်တခုရပြီနော်၊ ဂုဏ်ယူပါတယ်။ အခုမှ တကယ်လုပ်ငန်းခွင် ဘဝစမှာပါ။ အခု ပထမဆုံး အလုပ်မှာ ပိတ်မိမနေဘဲ နောက်နောင် ယခုထက်ပိုကောင်းတဲ့ အလုပ်တွေရအောင် အောက်ပါပြောထားတဲ့ အလွဲရှစ်ရပ်ကို ရှောင်ကြဉ်ဖို့လိုပါတယ်။
(က) ဆန္ဒစောခြင်း
ပထမဆုံး အလုပ်ခွင်ဝင်တဲ့နေ့မှာ ကိုယ့်အစွမ်းအစကို သိအောင်ထုတ်ပြချင်တာကတော့ သဘာဝပါပဲ။ ဒါပေမယ့် အများအမြင်မှာ ကိစ္စတစ်ခုကို တက်တက်ကြွကြွ ဦးဆောင်လုပ်တာနဲ့ လူတွင်ကျယ်အောင်လုပ်တာနဲ့ သိပ်မကွာဘူးဖြစ်နေတတ်တယ်။ "They Don't Teach Corporate in College" စာအုပ်ကို ရေးသားသူ Alexandra Levit ကတော့ ဒီလိုဆိုပါတယ်။ "ကိုယ့် နာမည်ရဖို့ ကိစ္စတွေကို ချက်ချင်း ဝုန်းဒိုင်း ဝုန်းဒိုင်း ထမလုပ်ပါနဲ့ ၊ သူများတွေ ဘယ်လိုအလုပ်လုပ်တယ် ၊ သူတို့ စိတ်ကူးတွေကို ဘယ်လို တင်ပြတယ်ဆိုတာကို အရင် လေ့လာပါ။ ဘယ်လို အလုပ်လုပ်ကြတယ် ဆိုတာကို သေချာသိပြီဆိုမှ သင့်ရဲ့ အကြံကို တင်ပြပြီး သူများတွေရဲ့ ထင်မြင်ယူဆချက်ကို တောင်းခံပါ။"
(ခ) အချိန်ယူလွန်းခြင်း
ကိုယ့်ရဲ့ပထမဆုံး ဌာနတွင် အစည်းအဝေးကို ပြုပြင်ပြောင်းလဲစရာတွေ ရေးမှတ်ထားတဲ့ စာရွက်ကြီးနဲ့ မသွားသင့်သလို၊ အလုပ်စလုပ်တဲ့ပထမ တစ်လလုံး အခန်းထဲမှာငုတ်တုတ်ထိုင်ပြီး တခြားလူတွေက လာမိတ်ဆက်မှာကို စောင့်မနေသင့်ပါဘူး။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရင်းနှီးမှုရယူပြီး သူတို့ဘာတွေ လုပ်တယ်ဆိုတာလေ့လာသင့်ပါတယ်။ လူတွေက ကိုယ့်ကိုလျှစ်လျူရှုထားတယ်ဆိုပြီး အမြင်မစောင်းသင့်ပါဘူး။
(ဂ) နည်းပညာကိုတလွဲသုံးခြင်း
အစည်းအဝေးလုပ်နေတုန်း text message ပို့လို့ရလား ၊ ရုံးချိန်အတွင်း Facebook သုံးလို့ရလား အလုပ်လုပ်ရင်းနဲ့ i-pod နားထောင်လို့ ရလား။ ဒီကိစ္စတွေကို ကုမ္ပဏီ တခု နဲ့ တခု ခွင့်ပြုတာခြင်း မတူကြပါဘူး။ တခြားလူတွေ ဘယ်လို နည်းပညာကို သုံးနေကြတယ်ဆိုတာကို ဂရုစိုက်လေ့လာပါ။
(ဃ) အစတည်းကယဉ်သကို
အဝတ်ဝတ်တာကအစ ၊ လက်ဆွဲနှုတ်ဆက်တာအဆုံး အခြားလူတွေကလူသစ်ဖြစ်တဲ့သင့်ကို သတိထားစောင့်ကြည့်နေလိမ့်မယ်။ Levit ကလူတွေနဲ့ ပထမဆုံးတွေတဲ့အချိန်မှာသင်ဘယ်လို ပြုမူတယ်ဆိုတာကို အထူးသတိထားဖို့အဆိုပြုထားပါတယ်။
(င) သင့်အထက်လူကြီး၏လိုအပ်ချက်များအားလေ့လာခြင်း
အလုပ်ခွင်ဝင်ဝင်ခြင်း ပထမသုံးလအတွင်း သင့်အထက်လူကြီးက သင့်ထံမှဘာတွေ မျှော်လင့်ထားတယ်ဆိုတာ သိအောင်လုပ်ဖို့လိုပါတယ်။ အလုပ်အကိုင်အကြံပေး Peter Jacobs ကတော့သင်ရဲ့လူကြီးနဲ့ ပုံမှန်တွေ့ ဆုံဆွေးနွေးပြီး နှစ်ဦးနှစ်ဖက်လိုအပ်ချက်တသားထဲဖြစ်အောင် လုပ်ဖို့လိုကြောင်း တိုက်တွန်းပြောဆိုထားပါတယ်။
(စ) သင့်အထက်လူကြီးကိုနားမလည်ခြင်း
သင်နှင့်သင့် အထက်လူကြီး ပြောဆိုဆက်ဆံပုံ စတိုင်ချင်း တူခြင်မှတူပါလိမ့်မယ်။ သူဘယ်လိုပြုမှုပြောဆိုဆက်ဆံတာကို နှစ်သက်တယ်ဆိုတာ သိအောင်လေ့လာပါ။ သင့်လူကြီးက သတင်းအချက်အလက်တွေကို နှစ်သက်တယ်ဆိုတာ သိအောင်လေ့လာပါ။ သင့်လူကြီးကသတင်းအချက်အလက်တွေကို အီးမေးနဲ့လိုချင်တာလား၊ အစီရင်ခံစာနဲ့လိုချင်တာလား၊ ဘယ်လိုပုံစံနဲလိုချင်တယ်ဆိုတာ သိဖို့လိုအပ်ပါတယ်။ အမြဲတမ်းအစီရင်ခံနေဖို့လိုလား၊ အရေးကြီးအကြောင်းအရာတွေကိုပဲသိချင်တာလား၊ ဆိုတာသိအောင်လုပ်ဖို့လိုပါလိမ့်မယ်။
(ဆ) အထီးကျန်စွာနေထိုင်ခြင်း
သင့်အထက်အရာရှိသည် လွန်စွာအသုံးဝင်သော အရင်းအမြစ်တခုဖြစ်ပါသည်။ သို့သော်လည်း ခိုင်မာသော အသက်မွေးဝမ်းကြောင်း အလုပ်တခုတည်ဆောက်နိုင်ရန် လူအများအပြားထံမှ အကြံဥာဏ်များရယူရန်လိုအပ်သည်။ မိမိအားနည်းမှန်လမ်းမှန်ကို ညွှန်ပြပေးနိုင်မည့်ဆရာကောင်းများ၊ တိုင်ပင်ဆွေးနွေးစရာ ပုဂ္ဂိုလ်များ ရှာဖွေထားရန်လိုသည်။
(ဇ) အလုပ်ကိုတန်ဖိုးမထားခြင်း
သင်၏လက်ရှိအလုပ်က အရမ်းကောင်းတာပာုတ်ချင်မှပာုတ်ပါလိမ့်မည်။ ဒါပေမဲ့ လက်ရှိအလုပ်မှာ အတတ်ပညာသစ်တွေကို ရနိုင်တဲ့အခွင့်အရေး၊ စီးပွားရေးအခွင့်အရေးလောကအကြောင်းကို လေ့လာနိုင်တဲ့အခွင့်အရေး၊ အသိမိတ်ဆွေအသစ်တွေကိုရနိုင်တဲ့အခွင့်အရေးအဖြစ် ရှုမြင်နိုင်မယ်ဆိုရင် အကျိုးရှိပါလိမ့်မယ်။ယခုအချိန်ကို သိမှတ်စရာတွေ သင်ယူရတဲ့ အချိန်အဖြစ် သဘောထားပြီး ပျော်ပျော်နေလိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုအချိန်ကို နောင်ဘယ်တော့မှ ပြန်ရနိုင်မှာမပာုတ်တော့လိုပါ။

Ref : ကျွန်တော် လေ့လာဖတ်ရှုခဲ့တဲ့အထဲကပါ။
Posted by ဝတီ

Saturday, August 20, 2011

ပေါ့ပေါ့..ပါးပါး... ပြုံး.............

လူမထွက်ဘူး
ဒကာမတစ်ယောက်သည် ဘုန်းတော်ကြီးကျောင်းသို့လာရာ

ဘုန်းကြီးက ။ ။ ဟဲ့ဒကာမ၊ ဘာဖြစ်လို့လာသတုံး။

ဒကာမ ။ ။ အရှင်ဘုရား လူထွက်မယ် ကြားလို့ပါဘုရား။

ဘုန်းကြီး ။ ။ ဟာ ဘုန်းကြီးက လူထွက်တာ ဘယ်ကမ္ဘာကမှမရှိဘူးဟ။
တစ်နေ့က လာအပ်တဲ့ ကလေးနှစ်ယောက် ဟာဘယ်သူက
မွေးတာတုံးဟ။
ဒကာမ ။ ။ တပည့်တော်မက မွေးတာပါဘုရား။

ဘုန်းကြီး ။ ။ အိမ်း တစ်သက်လုံးမှတ်ထား၊ ဒကာမကသာ လူထွက် သဟ။