Tuesday, September 13, 2011

အမေရိကန် အားကစား လောကထဲ ဝင်ရောက်လာတဲ့ ရွှေမြန်မာများ

         အမေရိကန် နိုင်ငံမှာ အသုံးချ ကိုယ်ခံပညာ တိုက်ခိုက်ရေး လောက ကြေးစားပွဲစဉ်တွေမှာ မြန်မာ့ စပါးကြီးမြွေ ( Burmese Python ) လို့ နာမည်နဲ့ ယှဉ်ပြိုင်နေတဲ့ အသက် ၂၆နှစ်အရွယ် အောင်လ အင်ဆန် (Aung La Nsang) ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဒူကထောင် ရပ်ကွက်က ကချင် တိုင်းရင်းသားတဦး ဖြစ်ပါတယ်။ ကျောပြင် ပုခုံးနေရာမှာ “Jinghpaw” လို့ ထင်ရှားစွာ တက်တူး (Tattoo) ရေးထိုးထားတဲ့ MMA မက်ဒယ်လ် ဝိတ်တန်းရှင် အောင်လ ဟာ ရတနာ လုပ်ငန်းရှင် အဖ ဦးအင်ဆန် တူးအောင် နဲ့ အမိ ဒေါ်ရှဒန် နန်ဘူ တို့ရဲ့ မွေးချင်း ၅ ယောက်ထဲက စတုထ္တမြောက် သားရတနာပါ။
         အတန်းပညာကို ရန်ကုန် International School မှာ တက်ရောက် သင်ကြားခဲ့ပြီး၊ ၂၀၀၁ ခုနှစ် အကုန် ၂၀၀၂ ခုနှစ်မှာ အမေရိကားမှာ စတင် အခြေချနေထိုင်၍ အမေရိကန်နိုင်ငံ မစ်ချီဂန် ပြည်နယ်၊ အင်ဒရူးတက္ကသိုလ် ကနေ စိုက်ပျိုးရေး ဘာသာရပ် နဲ့ ဘွဲ့ ရရှိထားသူ ဖြစ်ပါတယ်၊ တက္ကသိုလ် တက်နေစဉ် ကာလ ၂၀၀၅ ခုနှစ်မှာပင် အပျော်တမ်း ကလပ်ပွဲတွေမှာ ယှဉ်ပြိုင် ထိုးသတ်နေခဲ့ပြီး ကြေးစားလက်ဝှေ့ လောကထဲ ဝင်ရောက် လာသူပါ။


 ယခင်အပါတ်က သောကြာနေ့ ည နယူးဂျာစီ ပြည်နယ်၊ အတ္တလန်တစ်မြို့က ကြိုးဝိုင်း သတ်ကွင်းထဲမှ MMA ( Mixed Martial Art ) မယ်ဒယ်ဝိတ်တန်းရှင် အင်ဆန် အောင်လ

         အရပ် ၆ ပေ ၁ လက်မ နဲ့ ခန္ဓာကိုယ် အလေးချိန် ၁၈၅ ပေါင် ရှိတဲ့ အောင်လ ဟာ အမေရိကားမှာ လူသိများတဲ့ MMA ( Mixed Martial Art ) လို့ ခေါ်တဲ့ အသုံးချ ကိုယ်ခံပညာ တိုက်ခိုက်ရေး နယ်ပယ်မှာ ဝင်ရောက် ကစားနေခဲ့တာ အခုဆို သက်တမ်း ခြောက်နှစ်ကျော် ရှိနေပြီ ဖြစ်ပါတယ်။ အောင်လ ရဲ့ အားကစား ရာဇဝင်ဟာ ဂျူဒိုလို ချုပ်ကစားတဲ့ No-Gi  ခေါ် အားကစား ကို ကောလိပ်ကျောင်းသား ဘဝ ၂၀၀၅ ခုနှစ်မှာ စတင် ကစားရာ ကနေ Martial Art ကို ကူးပြောင်း လာသူပါ။ သူဟာ အမေရိကန်တွေက ဘီဂျေဂျေ (B.J.J)လို့ ခေါ်တဲ့ ဂျပန်သိုင်း ကစားနည်း တမျိုးမှ ဆင်းသက်လာတဲ့ ဘရာဇီးလီးယမ်း ဂျူးဂျစ်ဆု (Brazilian Jiu Jitsu) ကို လေ့ကျင့်ခဲ့တာ လေးနှစ်ကျော် ရှိခဲ့ပြီး၊ ထိုင်းနိုင်ငံမှ မွေထိုင်းလက်ဝှေ့ (Muay Thai) ကို လိုက်စားခဲ့တာလည်း သုံးနှစ်ကျော် ရှိပြီလို့ သိရပါတယ်။ ယခုအချိန်မှာ အောင်လ ဟာ MMA Professional အဖြစ် ပြိုင်ပွဲဝင် ထိုးသတ်နေသူ ဖြစ်ပြီး၊ ပရော်ဖက်ရှင်နယ် ကြေးစား လောကမှတ်တမ်း ကတော့ သူ ထိုးသတ်ခဲ့တဲ့ ပွဲစဉ် အလိုက် ၈-၅-၀ (Win-Loss-Draw) လို့ မှတ်တမ်းပြုထားခြင်း ခံရသူပါ။  
        ၂၀၀၈ ခုနှစ်မှာ မေရီလန်င်းပြည်နယ် (Maryland) ဘော်လ်တီမိုးလ်မြို့ ကို ပြောင်းရွှေ့လာခဲ့ပြီး ဘရာဇီးလီယမ်း Crazy 88 လို့ အမည်ရတဲ့ MMA ကလပ်အသင်းတခုမှာ ဝင်ရောက် လေ့ကျင့်နေခဲ့ပါတယ်။ သူအားသန်တဲ့ ဂျူဂျစ်ဆု ၊ မွေထိုင်း တိုက်ကွက်တွေနဲ့ ပရိုလောက ကို ဝင်ရောက်လာခဲ့တဲ့ အောင်လ ဟာ ၂၀၀၅ ခုနှစ် ပွဲဦးထွက် Emerson Rushing  ရှုံးနှိမ့်ခဲ့ပြီး ၂၀၀၆ ခုနှစ် မှာ ၃ပွဲ ဆက်တိုက် အနိုင်ရလာပါတယ်။ အခုချိန်မှာတော့ ၁၃ပွဲ ကစားရာ ၈ပွဲနိုင်နဲ့ အလား အလာ ကောင်းနေ သူပါ၊ သူ နာမည်ရ ထိုးသတ်ခဲ့တဲ့ ပြိုင်ပွဲဟာ မေလ ၂၀၀၉ ခုနှစ် အင်ဒီယားနား ပြည်နယ် (Indiana) မှာ သူ့ထက် ပွဲအတွေ့ အ ကြုံ များပြီး UFC ( Ultimate Fighting Champion ) မှာလည်း ထိုးသတ်ဖူးတဲ့ စစ်ပြန်ဟောင်း ပြိုင်ဖက် ခရစ္စပရိုက်စ် (Chris Price) ကို ပထမ အချီမှာဘဲ သူ့ရဲ့ နာမည်ကျော် Guillotine Choke နဲ့ အနိုင်ယူ နိုင်ခဲ့ပါတယ်။ အဲဒီ နာမည်ရ တိုက်ကွက် ကတော့ ရှေးပြင်သစ်ပြည်မှာ ရှိခဲ့တဲ့ ခေါင်းဖြတ်စက်ကြီးများလို ပမာနှိုင်းကာ သူများခေါင်းကို ကိုယ့်ဂျိုင်းအောက်ထဲ ညှပ်ထဲ့ထားပြီး အသက်ရှု မရအောင် ညစ်ပြီး ချုပ်တိုက်တဲ့ ဂလတင်းချုပ်ဂ် ( guillotine choke ) လို့ခေါ်တဲ့ တိုက်ကွက် တခု ဖြစ်ပါတယ်။  ကြောက်မက်ဖွယ် ကောင်းတဲ့ သူ့ရဲ့ Armbar လက်ချိုးတဲ့ တိုက်ကွက်ကလည်း လျော့ မတွက်သင့်ဖူးလို့ သူ့ ထရိန်နာ ဂျေးဆင် က ဆိုပါတယ်။


 စိတ်လောကြီးလို့ အောင်လ ရှုံးနိမ့်ခဲ့ရတဲ့ ကွန်စတန်တီနို ဖိလစ်ပေါင်း

        ၂၀၁၀ ဒီဇင်ဘာ ၃ ရက်နေ့ နယူးဂျာစီပြည်နယ် အက်တလန်တစ်မြို့ (Altantic City, New Jersey) မှာ ကျင်းပတဲ့ Ring of Combat XXXIII ပြိုင်ပွဲမှာ အောင်လ ဟာ Constantinos Philippou ကို ရှုံးနှိမ့်ခဲ့တာဟာ  UFC ( Ultimate Fighting Champion )  အတန်းဆီ သူတက်ဖို့ နှောင့်နှေးခဲ့ရတဲ့ အတားအဆီး တခုပါ။ “ ဒီပွဲရှုံးတော့ ကျနော် တော်တော် စိတ်ဓါတ်ကျ သွားတယ် ” လို့ အောင်လ က ပြောပြပါတယ်၊ နောက် … အိမ်တွင်းပုန်း နေမိပြီး သူငယ်ချင်းတွေ အတင်း လာခေါ်ထုတ် အပြင်ထွက် လည်စေတယ်၊ နောက် ...  သူ့ အမှားတွေ ကို ထရိန်နာတွေ သူငယ်ချင်းတွေနဲ့ အခုလို အဖြေ ရှာမိပါတယ်။ ကွန်စတန်တီနို ဖိလစ်ပေါင်း ဟာ ပွဲပေါင်း ၁၀၀ လောက် ကစားဖူးသူဖြစ်ပြီး အတွေ့အကြုံ ကြွယ်ဝသူပါ၊ ကျနော် က သူ့ ကိုနိုင်ယင် “တန်း” အပြောင်းအလဲ ရှိတယ်ဆိုတော့ စိတ်လောကြီးပြီး သူ့လက်ရည်ကို Respect မပေး ဘဲ ပြေး ဝင်၊ ပြေးထိုး၊ ပြေးကန် ပါတယ်၊ အခု ကစားနည်းတွေဟာ အား အလွန်ပါပြီး ဘယ်လောက် ကစားခဲ့ ကစားခဲ့ ထိချက်မှန်ရင် တချက်ထဲ လဲပါတယ်၊ ဒီတော့ ဘယ်အရာမဆို သားကောင် ချောင်းသလို စိတ်ရှည်ပြီး တဆင့်ခြင်းသွား အခြေအနေကြည့်ဖို့ လိုတယ်လို့ အောင်လ က သူ့ အတွေ့အကြုံကို တခုတ်တရ ပြောပြပါတယ်။


 ကျောပြင်က " Jinghpaw" တက်တူး နဲ့ အောင်လ ဟာ ယခုနှစ် ဧပြီလမှာ ၃ချီအကြာ ထိုးသတ်ပြီး ရှုံးနိမ့်ခဲ့ရတဲ့ Uriah Hall နဲ့

            ဒီနှစ် ဖေဖေါ်ဝါရီ ၄ ရက် က Ring of Combat XXXIV  ပွဲမှာ အောင်လ က Mitch Whitesel အား အနိုင် ယူခဲ့ ပါတယ်။  ပြီးတော့ လွန်ခဲ့တဲ့ ဧပြီလ ၈ရက်နေ့မှာ Uriah Hall ကို ၃ချီအကြာမှာ ရှုံးနိမ့်ခဲ့ပါသေးတယ်။ နောက်ဆုံး ပွဲစဉ်ကတော့ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၉ရက်နေ့ ယခင်အပါတ် သောကြာနေ့ ည နယူးဂျာစီ ပြည်နယ်၊ အတ္တလန်တစ်မြို့မှာ  မယ် ဒယ်လ်ဝိတ်တန်း R.O.C -37 ( Ring of Combat - 37) မှာ Casey Manrique  ဆိုသူနဲ့ ယှဉ်ပြိုင် ထိုးသတ်ရာ ဒုတိယ အ ချီ မှာ အနိုင်ရပါတယ်၊ သူ့ကို ရှုံးနိမ့်သွားသူ ချေဆီမရစ် ကတော့ စာရေးသူတို့ အော်ရီဂန် ဇာတိဖြစ်ပြီး နယူးယောက် ကလပ် တ ခုမှာ ထရိန်နာနဲ့ လေ့ကျင့်နေသူပါ။ အခုချိန်မှာ အောင်လ ဟာ ဘရာဇီးလီယမ်း Crazy 88 ကလပ်မှာ နည်းပြ (Instructor) ပြန်လုပ်ရင်း UFC တန်း ဝင်ထိုးဖို့ လေ့ကျင့်နေကြောင်း သိရှိရပါတယ်။ သူ့ရဲ့ မာစတာ ကတော့ ကြေးစားလော က ချန်ပီယံတဦး ဖြစ်ခဲ့ဖူးတဲ့ လွိုက် အာဗင်န် (Lloyd Irvin) ဖြစ်ပြီး၊ ထရိန်နာတွေ ကတော့ ဂျေးဆင် နဲ့ ဂျူးလီယက် တို့ ဖြစ်ပါ တယ်။ Crazy 88 ကလပ် မှတ်ချက် ကတော့ အောင်လ ကို ထရိန်နင် အပြည့်ပေးယင် MMA Level ရဲ့ ထိပ်တန်း အ ဆင့်ကို ရောက်လာမဲ့ သူလို့ သုံးသပ်ခြင်း ခံထားရသူပါ။ အခုလည်း သောကြာနေ့ က ပွဲထိုးသတ် အပြီး တနင်္ဂနွေနေ့ မှာဘဲ လာမဲ့ နိုဝင်ဘာလ ပွဲစဉ်အတွက် ပြင်ဆင်နေပြီး၊ သူ့ အားနည်းချက် ဖြစ်တဲ့ နဘမ်း သတ်နည်းကို အဓိက ထား လေ့ကျင့် နေတယ်လို့ အောင်လ က ပြောပါတယ်။ 


 မယ်ဒယ်လ်ဝိတ်တန်း R.O.C -37 ( Ring of Combat - 37) မှာ အောင်လ ရဲ့ လက်သီး ထိုးချက်တွေ အောက် ပြားပြားမှောက်နေတဲ့ Casey Manrique

          ကြေးစား အားကစား လောကထဲ ဝင်ရောက်လာမဲ့ နောင်လာ နောက်သားတွေကို အောင်လ က သူ့ အတွေ့ အ ကြုံတွေကို အခုလို ပြောပြပါတယ်၊ “ ကြိုးစား၊ တဆင့်ခြင်းသွား၊ မလောနဲ့၊ မြန်မြန် အောင်မြင်ယင် ကျရှုံးဖို့ လည်း မြန် ပြီး လောကမှာ မထင်တာတွေ ဖြစ်လာတတ်ကြောင်း” “နောင် … ဝိတ်တန်းတွေ တဆင့်ပြီးတဆင့် ကျော်တက် ထိုးသတ် သွားပြီး UFC လောကမှာ မှတ်ကျောက်တင်ရန် ကြိုးစားနေပါတယ်” လို့ အမှတ်တရ စကားဆိုပါတယ်။ သူ့ အောင်မြင်မှုတွေကို အကို ဖြစ်သူ ကိုဂွန်ဆန် အနေနဲ့ ဘယ်လို မြင်လဲလို့ မေးတော့ “ အံ့သြစရာဘဲ မိသားစု အတွင်းမှာ အသိမ်မွေ့ဆုံး သူက အခုလို ခက်ခဲကြမ်းတမ်းတဲ့ အားကစား လောကမှာ တဆင့်ခြင်း တက်လာ အောင်မြင်လာတော့ ဂုဏ်ယူစရာပါဘဲ” လို့ ဖြေကြားသွားပါတယ်။

 Credit to Ko Thar Ngel (Facebook)

Posted by ဂျစ်တီး

Monday, September 12, 2011

အမေ့ပျောက်ခံသွေးရင်း (သို့) တောင်ဘက်အစွန်းက ဂျစ်ပစီများ

ဆလုံတို့၏မူလအစ အဆက် ...

        ဆလုံတွေ ပင်လယ်ထဲဘာကြောင့်ဆင်းသွားရသလဲ ဆိုတာကို အခုအချိန်အထိ ပညာရှင်တွေမဖြေနိုင်ကြပါဘူး။ ဒီအဖြေကိုရဖို့ ရှာဖွေသူ မနုဿဗေဒပညာရှင်အများကြီးရှိခဲ့သလို ထွေးထင်ချက်တွေကလည်း အမျိုးမျိုးဖြစ်နေပါတယ်။
အချို့ပညာရှင်တွေက ရာစုနှစ် ၂ခု-၃ခုလောက် ဒီမြိတ်ဒေသကို သူပိုင်ကိုယ်နိုင်လုနေကြတဲ့ မွန်-မြန်မာ-ထိုင်းတွေရဲ့ စစ်ပွဲတွေကိုထောက်ပြရင်း ဒီစစ်ပွဲတွေကို ရှောင်ရင်းပင်လယ်ထဲရောက်ရတာလို့ ဆိုကြပါတယ်။

   ဆလုံမိသားစု

       ခေတ်သစ် မနုဿပညာရှင်တစ်ဦးက Austronesian တွေရဲ့ မူရင်းဒေသဟာ ထိုင်ဝမ်ကျွန်းဆိုတဲ့ အဆို ကနေဖြန့်ပြီး အင်ဒိုချိုင်းနားကျွန်းဆွယ်ရယ် အင်ဒိုနီးရှား၊ ပါပူးဝါးနယူဂီနီ နဲ့ ဖိလိစ်ပိုင်တို့ပါဝင်တဲ့ ကျွန်းစုများ ရယ်  သြစတေးလျ တိုက်ရယ် ဟာကမ္ဘာ့အပူချိန်မြင့်တက်ပြီး ရေခဲတွေအအရည်မပျော်ခင်က တဆက်တည်းရှိလိမ့်မယ်၊ Austronesian တွေဟာ အဲဒီ ကုန်းမြေမှာနေထိုင်ခဲ့ကြသူတွေဖြစ်ပြီး ပင်လယ်ရေမြင့်တက်လို့ ကုန်းမြေတွေမြုတ်ကုန်တော့ ကွဲ ကွဲပြားပြားတွေဖြစ် သွားကြ မယ်လို့ယူဆပါတယ်။     
      အဲဒီလိုအကွဲကွဲပြားပြား အယူအဆတွေကြားမှာ ဘာသာစကားနဲ့ ဆလုံအိုကြီးတွေက သူတို့မျိုးဆက် သစ်တွေ ကိုပြောပြတဲ့ပုံပြင်တွေကို အထူးပြုလေ့လာသူမနုဿပညာရှင် ပြင်သစ်လူမျိုး ဒေါက်တာ ဂျက်ဇ်အီဗာနော့ (Dr.Jacques Ivanoff) ရဲ့ အယူအဆလေးကို ကျွန်တော်သဘောကျတယ်။ သူ့အဆိုအရ ဆလုံတွေအစဉ်ဆက်ပြောလေ့ရှိတဲ့ ပုံပြင်လေးတစ်ပုံရှိတယ် (ဒီနေရာမှာ ပုံပြင်ဆိုတာထက် ကွက်စိတ်လို့ပြောရင် ပိုမှန်မယ်၊ ဘာလို့လဲဆိုတော့ ပြောသူဟာ စကားအဖြစ်နဲ့ပြောတာမျိုးမဟုတ်ဘဲ ကွက်စိတ်လို အသံနေအသံထားနဲ့ ပြောပါတယ်။ တခါတခါ ဝက်သားရေနဲ့ ကျက်ထားတဲ့ ဗုံလေးကိုတီးလို့၊ တခါတခါကျတော့ အုံးလက်နဲ့လုပ်ထားတဲ့ တယောကို ထိုးလို့ ပြောပြပါတယ်-အဲ ..ညည်းပြတယ်ဆိုရင် ပိုမှန်မလားမသိ။ ရွန်းလဲ့နေတဲ့လရောင်၊ စိန်ပွင့်တွေပြေးလွှားနေတဲ့ရေပြင်၊ မဲမှောင်နေတဲ့တောင်ရိပ်၊ လရောင်အောက် မှာ ဖြူလွနေတဲ့သောင်ပြင်၊ လှေနံကိုရိုက်ခတ်နေတဲ့ရေသံနဲ့ ကမ်းစပ် က လှိုင်း သံတွေကြား မှာအော် အင်းအော် အင်း ဆို တဲ့ ဆလုံတယောသံဟာ တကယ်လွမ်းစရာပါ) ဒီပုံပြင်ကို ဂျက်ဇ်က ဆဘီးယန်ပုံပြင်လို့အမည်ပေးပါတယ်...

       ရွက်လွင့်ခြင်း

 ဆဘီးယန်ဘုရင်မပုံပြင်
         ဒီပုံပြင်ကို ဇာဒက်ကြီးကျွန်း (St.Mattew) ဆလုံအုပ်စုမှာ ကြားရလေ့ရှိပါတယ်။ ပုံပြင်လေးက ဝမ်းနည်းစရာလေးပါ။ တခါတုန်းက ကုန်းမြေတစ်ခုမှာ ဆဘီယန် (Sabian) ဆိုတဲ့ ဘုရင်မတစ်ပါးအုပ်စိုးတယ်၊ သူ့မမှာညီမတစ်ယောက်ရှိပြီး နာမည်က ကင် (Kem) လိုခေါ်သတဲ့။ တနေ့မှာ အနောက်ဘက်က သင်္ဘောပျက်ပြီးမျောလာတဲ့ လူငယ်တစ်ယောက် ဆဘီယန်တို့ပြည်ကိုရောက်လာတယ်၊ နာမည်က ဂျမန်း (Gaman) တဲ့။ ဒီလိုနဲ့ ဂျမန်းဟာ ဆဘီယန် နဲ့ငြိပြီး ကြင်ယာတော်ဖြစ် လာတယ်။ နောက်တော့ ခယ်မ ကင် နဲ့ဇတ်လမ်းကဆက်ပါလေရော။
        ဒါကိုသိသွားတဲ့ ဆဘီယန်ဟာ ညီမဖြစ်သူကိုအမျက်တော်ရှပြီး နောက်လိုက်နောက်ပါတွေနဲ့အတူ ပင်လယ်ထဲသွားနေဖို့ အမိန့်ချတယ်၊ တဆက်တည်း အစားအစာနဲ့ အဝတ်အထည်အတွက် လိုအပ်ရင် ပင်လယ်ထွက်ပစ္စည်းနဲ့ လာရောက် လဲလှယ် ခွင့်ပြုပေမဲ့စိုက်ပျိုးရေးကိုလုံးဝမလုပ်ရဘူးလို့လည်း အမိန့်ချလိုက်သေးတယ်။ဂျက်ဇ်အဆိုအရ စိုက်ပျိုးရေးလုပ်ရင် လူစု ရွာတည် -မြို့ပြဖြစ်-အင်အားတောင့်လာရင် သူ့ကိုပြန်တော်လှန်မှာစိုးလို့တဲ့။ တကယ်လည်း ဆလုံတွေဟာ ဘာစိုက်ပျိုးရေးမှမလုပ်ပါဘူး စိုက်ပျိုးဖို့ တောခုတ်ရင် နတ်ဖမ်းစားမယ်လို့အယူရှိပါတယ်။
       မြိတ်ကျွန်းစုထဲက လူမနေတဲ့ သဘာဝကျွန်းရိုင်းတွေပေါ်မှာ အုန်းပင်၊ သင်္ဘောပင်၊ မန်ကျည်းပင် နဲ့ သရက်ပင် အ ချို့ တလေတွေ့ရလေ့ရှိပါတယ်၊ ဒါတွေဟာ ဆလုံတွေရဲ့လက်ရာပါ။ ဒါပေမဲ့ဆလုံတွေက ငါဟာ လို့ ဘယ်တော့မှ မပြောပါဘူး စား ချင်သူယူစားနိုင်ပါတယ်။ အထူးသဖြင့် အုန်းပင်တွေဟာ မြန်မာတံငါသည်တွေ အုန်းဖူးခုတ်စားလို့သေကုန်သလို သင်္ဘော ပင်တွေဟာလည်း မျိုးဆက်မရှိအောင် ခူးစားခံရလို့ မျိုးတုန်းသွားတတ်လေ့ရှိပါတယ်။ဆလုံတွေအုန်းပင်စိုက်တာ ပစ်စလက် ခတ်ပစ်ချထားရင်း သူဖာသာသူပေါက်လာတာမျိုးမဟုတ်ပါဘူး၊ ဒီလိုလဲ ပစ်ထားလို့မရပါ၊ ကျွန်းတွေရဲ့ ကမ်းစပ်တွေ မှာ ကြီးစိုးတဲ့ မျောက်တံငါတွေဟာ ဘာသစ်သီးသစ်စေ့မှအလွတ်မပေးပါဘူး၊ ဒီတော့ အသေအချာမြေမြုတ်ပြီး စိုက်ပျိုးပါတယ် ဒါပေမဲ့ သူပိုင်တယ်လို့ ဘယ်တော့မှမပြောပါ။ ဒါဆဘီယန်ကျိန်စာကိုကြောက်လို့ လို့ ဂျက်ဇ်က ယူဆပါတယ် ....
      ဒါကလည်း သူ့ရဲ့မှန်းဆချက်သက်သက်ဖြစ်ပြီး ပညာရှင်အတော်များများက ငြင်းချက်ထုတ်ထားကြပါတယ်။ ကလေး ငယ်လေးတစ်ယောက်တောင် ရေထဲခုန်ဆင်လိုက်ယုံနဲ့ စားစရာအလွယ်တကူရနိုင်တဲ့နေရာမှာ ဘယ်သူက အပင်ပန်းခံပြီး စိုက်ပျိုးရေးလုပ်နေဦးမှာလည်းတဲ့။

               
ဝမ်းစာ

Credit to Mokenlay (Myanmar Cupid)
Posted by ဂျစ်တီး

Sunday, September 11, 2011

Saturday, September 10, 2011

အမေ့ပျောက်ခံသွေးရင်း (သို့) တောင်ဘက်အစွန်းက ဂျစ်ပစီများ

            ပြည်ထောင်စုဆိုတဲ့အတိုင်းကျွန်တော်တို့နိုင်ငံမှာလူမျိုးစုပေါင်းများစွာယှဉ်တွဲနေထိုင်နေကြတယ်။မူရင်းပေါက်ဖွား ရာ ကွဲ ချင် ကွဲလွဲနိုင်ပေမဲ့ အတူတကွနေလာတာကြာတော့ အားလုံဟာ တကယ့်သွေးရင်းသားရင်းတွေ ဖြစ်နေကြပါပြီ၊ ဒီတော့ အားလုံးကိုကျွန်တော်တို့ကသွေးရင်းသားရင်းတိုင်းရင်းသားညီနောင်းများလို့ခေါ်ဝေါ်သုံစွဲကြတယ်။အဲဒီထဲမှာအချိုကတော့ လူမျိုးစုကြီးအဖြင့်ကြွားကြွားဝင့်ဝင့်အခိျု့ကတော့လူမျိုးစုကလေးတွေအဖြစ်နဲ့သိမ်သိမ်ငယ်ငယ်၊အချို့ကလည်းသမိုင်းအစဉ် လာကြီးမားစွာနဲ့အချို့ကတော့သမိုင်းမှာမထင်မရှား။ဒီလိုနဲ့အတွေအခေါ်မတူ၊ ဓလေ့ထုံးစံကွဲသူတွေထုံးစံအတိုင်းအငြင်း ပွားကြ ရန်ဖြစ်ကြအာဃာဓထားကြရန်ညှိုးတွေပွားကြနဲ့ စစ်တွေတိုက်လူတွေသတ်ဖြစ်လာခဲ့ကြတာသမိုင်းတစ်လျှောက် နှစ်တွေထောင် ချီ ခဲ့ကြ ပါပြီ။
                    ဒီလိုရုန်းရင်းကန်ရင်း တခါက အမေ့အပျောက်ထားခံခဲ့ရဖူးတဲ့ လူမျိုးစုလေးတွေထဲက အချို့ကိုတောင် အခု အခြေ ခံဥပဒေမှာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေတွေအဖြစ် ထည့်သွင်းစဉ်းစားလာရတဲ့အထိ ဖြစ်လာတယ်။ ဒါပေမဲ့ လက်ရှိ ကျွန်တော် တို့နေထိုင်နေကြပုံကဗမာအများစုကလည်း ရှမ်းရွာထဲမှာဝင်နေထိုင်ကြသလို ရှမ်းအများစုကလည်း ပအိုဝ့်၊ပလောင် ရွာတွေ မှာနေကြတယ်။ မွန်တွေအများကြီးက ကရင်ရွာတွေထဲမှာနေနေသလို ချင်းတွေအများကြီးက ဗမာနယ်လို့ပြောရမဲ့ ဝက်ထီး ကန်လို နေရာမျိုးမှာတွေနေရပြန်ရော၊ တခါကချင်တွေရဲ့ ဗန်းမောမြို့မှာ ရှမ်းတွေအများကြီးနေကြပြန်တယ်။ ဒီတော့ ငါ့ အမိ ဆိုတဲ့အစွဲမာနတွေ မြင့်နေသမျှ ပြဿနာတွေက ဆက်ရှိနေမြဲ ယမ်းငွေ့တွေက လွှမ်းမိုးနေဆဲ ....
          ဒါပေမဲ့ အဲဒီလောကရဲ့အမှိုက် ဇာတိပုညဂုဏ်မာနတွေကင်းရှင်းပြီး လောကကြီးကိုအကောင်းမြင်တဲ့စိတ်နဲ့ ရှင် သန်နေ တဲ့ လူမျိုးစုလေးတစ်စု ကျွန်တော်တို့ နိုင်ငံမှာရှိပါတယ်။ သူတို့ဟာ မြန်မာ့သမိုင်းတစ်လျှောက် ဘယ်တုန်းကမှ မှတ် တမ်း အ တင်မခံခဲ့ရခြင်းကိုလည်း အားမငယ်ခဲ့ကြဘူး၊ သူတို့ရဲ့စားကျက်တွေထဲတပါးသူတွေဝင်ရောက်လာပြီးလာရောက် ရှာဖွေ စား တာကိုလည်းခွင့်လွတ်စိတ်နဲ့ကြိုဆိုတယ်၊ သဘာဝတရားကိုဆန့်ကျင်ပြီးမကြီးပွားချင်သလို၊ သဘာဝတရားကိုကိုယ် ပိုင် လုပ် သူတွေလည်းဆန့်ကျင်တယ်၊ ဘောင်ခက်ထားခြင်းကိုရှာင်ကွင်းခြင်းနဲ့ဆန့်ကျင်ပြီး၊ ထိတ်တိုက်ရင်ဆိုင်နည်းကိုသမိုင်း စဉ် တစ်လျှောက်ရှာင်ရှားခဲ့သူများဖြစ်ကြတယ်။
       သူတို့ကတော့ ပင်လယ်ပြင်ကြီးထဲမှာ လှေတစင်းတက်တစ်လက်ရှိရင် အသက်ရှင်နိုင်ပြီဆိုတဲ့ မြိတ်ကျွန်းစုက ဆလုံ လို့အများသိတဲ့ မော်ကင်းတွေပါဘဲ ....
                                           
မော်ကင်း (သို့) ဆလုံတို့၏မူလအစ

           ဆလုံတွေက သူတို့ကိုယ်သူတို့ မော်ကင်း (Maw-Ken) လို့ခေါ်ဝေါ်သုံးစွဲကြပါတယ်။ ဘာအဓိပ္ပါယ်လည်းလို့မေးရင် ''ရေပေါ်နေတဲ့လူ'' လို့ လွယ်လွယ်ပြန်ဖြေတတ်ကြပေမဲ့ အဓိပ္ပါယ်ကအတော်နက်ရှိုင်းလွန်းလှပါတယ်။ L'maw  ဆိုတာက နစ်မြုတ်တာကိုခေါ်ပြီး O'ken ဆိုတာ ရေငံ ကိုဆိုလိုတာပါ။ ဒီတော့ ဆက်လိုက်ရင် ''ရေငံမှာနစ်မြုတ်ခြင်း'' လို့ အဓိပ္ပါယ်ဖေါ် ရမှာပါ။ ကမ္ဘာပေါ်မှာ ဘယ်လူမျိုးမှ ဒီလိုခေါ်ဝေါ်သုံးစွဲမှာမဟုတ်ပါဘူး၊ ဒါဆိုဘာလို့ သူတို့ကိုယ်သူတို့ ဒီလိုခေါ်ရသလဲ ....
           ဒီဒေသကို လွမ်းမိုးတဲ့ ဗမာတွေ မွန်တွေက သူတို့ကို ''ဆလုံ''လို့ခေါ်ကြတယ် ဘာလို့ဒီလိုခေါ်သလဲ ဘယ်သူမှ မသိပါ။ ဗမာတွေကို ''နောင်'' လို့ ဆလုံတွေကခေါ်ပြီး မလေးကို ''ဘာတိတ်'' လို့ခေါ်ပါတယ်၊ ထိုင်းတွေကိုတော့ ''ဆင်း''တဲ့။
ဗမာကို ''နောင်''လို့ ဘာကြောင့်ခေါ်မှန်းမသိပေမဲ့ မလေးကို ''ဘာတိတ်''ခေါ်သံကြားတော့ ကျွန်တော်တို့ ပါတိတ် ထမီ လို့ခေါ်တာကိုသတိရမိပါတယ်။ ''ဆင်း'' လို့ထိုင်းကိုခေါ်တာကြတော့ အရင် Siam နိုင်ငံတော်ကို ရည်းညွှန်း တယ် လို့ ခန့်မှန်းလို့ရပါတယ်။ (ကျွန်တော်တို့ အောက်ပြည်သားတွေက ထိုင်းတွေကို သျှမ်းလို့ခေါ်ဝေါ်ကြပါတယ်)။ ထိုင်းတွေက ဆလုံတွေကို Chao Ley ''ချောင်လေး''း) (ပင်လယ်သူ-ပင်လယ်သား) လို့ခေါ်ကြပါတယ်၊ ကျွန်တော်တို့ ဆလုံ လို့ ခေါ်ကြတာတာ ဒီကနေဆင်သက်လာတာလားမသိ ....
           ဆလုံတွေကို ပထမဦးဆုံးစိတ်ဝင်တစားနဲ့ သုတေသနပြုသူတွေက ခရစ်ယာန်သာသနာပြုတွေပါ။ သူ တို့ ဟာရေငံ မှာနစ်မြုတ်ခြင်း ဆိုတဲ့ အဓိပ္ပါယ်ကို အထူးစိတ်ဝင်စားကြပါတယ်၊ ဘာလို့လည်း ဆိုတော့ ဟိုး နောင်ခတ် က ကြွင်းရစ်တဲ့ လူတွေများလားဆိုပြီးတော့ပေါ့။ ဒါပေမဲ့ နောက်ပိုင်းမှာ ဆလုံတွေဟာ  Austronesian အုပ်စုဝင်တွေ ဆိုတာသိလာကြပါတယ်။ မလေး-အင်ဒို-ဖိလိစ်ပင်းနဲ့ ပေါ်လီနီးရှန်းတွေဟာ ဆလုံတွေနဲ့ အမျိုးအနွယ်တူတွေ ပါ။ တ ခါက မြန်မာသမိုင်းပညာ ရှင် တစ်ယောက်တင်သွင်းတဲ့ စာတမ်းတစ်စောင်မှာ ဟိုးသထုံခေတ်က သုဝဏ္ဏဘူမိကို ပင်လယ်က ဘီလူးကြီးတွေ လာတိုက်လို့ အာသောကမင်းကြီး စေလှတ်သာသနာပြုတဲ့ အရှင်သုဏ္ဏနဲ့ အရှင်ဥတ္တ့ရ တို့၂ပါးဟာ ရတနသုတ်နဲ့ အာဋာဏာဋိယသုတ်ကို ရွတ်ဖတ်ပြီး မောင်းထုတ်ခဲ့ရတယ်ဆိုတဲ့ ပုံပြင်ထဲက ပင်လယ်ထဲက ရေဘီလူးတွေဆိုတာ ဆလုံတွေကို ရည်ညှန်းဟန်ရှိတယ်လို့ သုံးသပ်ထားပါတယ်၊ ပြီးတော့ သူက ဘီးလူးကျွန်းဆိုတာ အရင်ကဆလုံတွေနေခဲ့တဲ့ ကျွန်း တစ် ကျွန်းဖြစ်နိုင်တယ်လို့တောင် ဆွဲရေးသွားပါသေးတယ်၊ ဒါပေမဲ့ ဘာအထောက်အထားမှမရှိပါဘူး။ ဖြစ်နိုင်တာက ဟိုးအရင်က ဆလုံတွေဟာ တနင်္သာ ရီ ကမ်းမြှောင်နဲ့ ကရာကျွန်းဆွယ်ဆက်တို့မှာ နေထိုင်ခဲ့ရာက မြန်မာနဲ့ မလေးတွေကြောင့် ပင်လယ်ထဲ ဆင်းခဲ့ ရ သူတွေ  ဖြစ်ဖို့များပါတယ်။


ဆက်ရန်

Credit to Mokenlay (Myanmar Cupid)

Posted by ဂျစ်တီး        

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၂၉)

( ကတ္တား ) ဆိုတဲ့ ပါဠိဝေါဟာရက ( ပြုလုပ်သူ ) လို့ အဓိပ္ပာယ်ရတယ်။ ဒါကိုစွဲနေတဲ့ ကျောင်းသားဟာ အင်္ဂလိပ်သဒ္ဒါရဲ့ Passive Voice နဲ့ တွေ့ရတဲ့အခါ မျက်စိလည်သွားတတ်တယ်။ အဲဒီလို မဖြစ်ရလေအောင် Subject ဆိုတဲ့ ဝေါဟာရကို ရေရေလည်လည် နားလည်အပ်တယ်။ Subject ဆိုတာ ( ပြုလုပ်သူ ) လို့ အဓိပ္ပာယ်မရပါဘူး။ ကြိယာ ( ၀ါစက Predicate ) က ပြောပြနေသူလို့ နားလည်ရမယ်။ အောက်ပါဝါကျတွေမှာ He ဟာ Subject ချည်းပါပဲ။
He saw a thief. ( S-V-DO )
He shouted. ( S-V )
He was killed. ( S-V )
ပြုလုပ်သူကို အင်္ဂလိပ်သဒ္ဒါမှာ agent လို့ ခေါ်ပါတယ်။ Subject ဟာ agent ဖြစ်ချင်တဲ့အခါ ဖြစ်မယ်။
( ၀ါကျ ၁ နဲ့ ၂ ) ။ မဖြစ်ချင်လည်း မဖြစ်ပေဘူး။ ( ၀ါကျ ၃ ) ။ Passive Voice ၀ါကျမှာ Subject ဟာ အလုပ်ခံရသူဖြစ်တယ်။ ပြုလုပ်သူ agent ကို ဖော်ပြဖို့လိုတဲ့အခါ by ဆိုတဲ့ စကားလုံးလေးနဲ့တွဲပြီး ဖော်ပြလေ့ရှိတယ်။ ဥပမာ……..

Friday, September 09, 2011

သက်သောင့်သက်သာရှိသောနေရာ

ဘဝအခြေ မတိုးတက်ခြင်းမှာ မိမိစိတ်သက်သောင့်သက်သာရှိသောနေရာ (Comfort Zone) တွင် ပိတ်မိနေသောကြောင့် ဖြစ်သည်။ လက်ရှိထက် မြင့်မားတိုးတက်လိုလျှင် Comfort Zone ကို ချဲ့ရမည်၊ သို့မဟုတ် Comfort Zone မှ ထွက်ကြည့်ရမည်။
လုပ်နေကျ၊ တွေ့နေကျဖြစ်သဖြင့် သက်သောင့်သက်သာရှိနေသော စိတ်နယ်မြေကို Comfort Zone ဟု ခေါ်ဆိုခြင်းဖြစ်သည်။ လုပ်နေကျအလုပ်ကို လုပ်ရလျှင်၊ သွားနေကျလမ်းကိုသွားရလျှင်၊ တွေ့နေကျ လူကိုတွေ့ရလျှင် စိတ်သည် သက်သောင့်သက်သာ ဖြစ်နေသည်။ တစ်နည်းစိတ်သည် Comfort Zone တွင်းရောက်နေသည်။ မလုပ်ဖူးသော အလုပ်၊ မသွားဖူးသောလမ်း၊ မကြံဖူးသောအကြံကို ကြံလျှင် စိတ်မသက်သာဖြစ်လာပြီ။ ယင်းမှာ Comfort Zone တွင်းမှ ထွက်လိုက်သောကြောင့် ဖြစ်သည်။ မိမိပိုနှစ်သက်သောအလုပ်၊ ပိုကောင်းသောအကြံတို့နှင့် ကြုံဆုံရသော်လည်း Comfort Zone တွင်းမှ ထွက်ရမည်ကို စိုးရိမ်သောကြောင့် လုပ်နေကျအလုပ်၊ သွားနေကျလမ်းကိုသာ သွားနေတတ်ကြသည်။

Thursday, September 08, 2011

အင်္ဂလိပ်စကားပြောတွင် မှားယွင်းပြောဆိုတတ်သောအမှားများ

Hi my friends!
This time I have chosen common mistakes we used to make in our spoken English.I hope you’ll like it too.
1.The old couple is very cheerful  in their new home.
   The old couple is very happy  in their new home.
happy      = feeling satisfied or contented
cheerful   = tending to smile and laugh, or be in good spirits

2.The wages in Taiwan are very  cheap.
    The wages in Taiwan are very low.
cheap is used with goods.
low is used with wages, costs, payments, etc.

3.The concert will occur at eight o’clock next Tuesday.
   The concert will take place  at eight o’clock next Tuesday.
occur is usually used of unplanned events: The accident occurred last night shortly before ten.
for planned events use take place.

4.Have you ever gone  to France? she asked.
    Have you ever been  to France? she asked.
Been is used when someone has visited a place in the past.
Gone is used when the person is still in the place they are visiting.

5. In   arriving at the airport we discovered that the plane would be late.
    On   arriving at the airport we discovered that the plane would be late.
on = upon doing something.

6.Arlon is one of the oldest towns of  Belgium.
   Arlon is one of the oldest towns in  Belgium.
a town in Belgium, a village in  France. Not of

7.At the moment he noticed a man running to him.
   At the moment he noticed a man running towards him.
Use to when you want to emphasize the destination.
Use towards when you want to emphasize the direction.

8.I work eight hours in a day.
   I work eight hours a  day.
in is not used in expressions such as:
The shop is open six days a week. He visits his father three times a year.

9.She asked me what was the time.
   She asked me what the time was.
When the object of the sentence is a wh-clause, the subject and the verb in the wh-clause do not change places.


10.The magazine is printed every month.
     The magazine is  published  every month.
publish = produce and distribute (a book or newspaper) for sale to the public.
print     = produce many copies of a book , newspaper.

11.When she met my father, she was about to marry  to another man.
     When she met my father, she was about to marry another man.
be married to someone but marry someone without to

12.Last evening I went to BLAZON with a friend of mine.
    Yesterday evening  I went to BLAZON with a friend of mine.
last night but yesterday evening

13.It is believed that the castle was once the house  of evil monsters.
     It is believed that the castle was once the  home of evil monsters.
house = a particular type of building usually lived in a family:
            Do you live in a house or a flat?
home = any building or place in which a person lives (and feels a sense of belonging)

14.It was a very valuable golden ring.
     It was a very valuable gold  ring.In modern use thing which are made of gold are described as gold rather than golden.


15.I asked the doctor to come as soon as possibly.
     I asked the doctor to come  as soon as possible.

16.The accident happened  at  ten years ago.
     The accident  happened ten years ago.
Do not use at  to introduce a time expression with ago.

17.Can  I lend your pen a minute?
     Can I  borrow  your pen a minute?
lend     = give
borrow = take

18.During the flight she sat on the chair  behind me.
     During the flight she sat in the seat  behind me.
seat  = a place for sitting as found in a cinema, train, bus, etc.
chair = a moveable seat for one person.

19.  There was a fight among  two boys.
There was a fight  between  two boys.
Divide the apple between   you three.
Divide the apple  among  you three.
Between is used for two only.
Among is used for more than two.

20.She made me so annoyed I felt like shouting to  her.
     She made me so annoyed I felt like shouting at  her.
shout to someone = call someone to attract their attention
shout at someone = speak to someone in a very loud voice, special when angry
Posted by ကိုတူး(မိတ္ထီလာ GTI)

How to Do Something Even When You Don’t Feel Like Doing It

ဘ၀မှာ ကိုယ်မလုပ်ချင်တာတွေကိုလည်း လုပ်ရတဲ့အခါမျိုးတွေ ရှိတတ်ပါတယ်။ အဲဒီလိုအချိန်မျိုးမှာ စိတ်ထဲကလုံးဝ မနှစ်သက်သော်လည်း မလုပ်မဖြစ်မို့၊ တာဝန်အရမို့ လုပ်ကြရပါတယ်။ ကိုယ်စိတ်ထဲက မကြိုက်သော်လည်း လုပ်ရတဲ့အခါမျိုးတွေမှာ အသုံးတည့်မယ့် ခြေလှမ်း(၃)ခုကို  မျှဝေလိုပါတယ်။
ခြေလှမ်း ၁ – လက်ခံပါ
မလုပ်ချင်ပေမဲ့ မဖြစ်မနေလုပ်ရမယ့် အလုပ်တစ်ခုကို လုပ်တဲ့အခါ ကျနော်တို့ဟာ အဲဒီမလုပ်ချင်တဲ့စိတ်ကို  ဖျောက်ဖျက်ပစ်ဖို့ ကြိုးစားတတ်ကြပါတယ်။ အဲဒီလိုလုပ်တာဟာ စိတ်ကိုပင်ပန်းစေပါတယ်။ ဒါကြောင့် အဲဒီမလုပ်ချင်တဲ့စိတ်ကို လက်ခံပါ။ ကိုယ့်ကိုယ်ကိုယ် ဒီလိုပြောကြည့်လိုက်- “ငါ ဒီအလုပ်ကို မလုပ်ချင်ဘူး။ ငါမကြိုက်ဘူး။ အဲဒါကို ငါလက်ခံတယ်။”
အဲဒီစကားက အရှုံးပေးတဲ့စကားလိုလို ထင်ရပါတယ်။ ဒါပေမဲ့ သင့်စိတ်ထဲမှာ ခံစားနေရတဲ့ခံစားချက်တစ်ခုခုကို အတင်းတွန်းလှန်ဖို့ ကြိုးစားခြင်းဟာ စွမ်းအင်တွေအများကြီး ကုန်ခမ်းစေပါတယ်။ ဒါကြောင့် မကြိုက်တဲ့စိတ်ကို ဖယ်ရှားပစ်ဖို့မကြိုးစားဘဲ လက်ခံလိုက်ပါ။ တဖြေးဖြေးနဲ့ အဲဒီစိတ်ဟာ ဆီကုန်သွားတဲ့ကားလို အရှိန်လျော့သွားပါလိမ့်မယ်။ ပြီးတော့ မကြာခင်ပဲ သင့်စိတ်ထဲကနေ ပျောက်သွားပါလိမ့်မယ်။
ဒီခြေလှမ်းနဲ့ အဆင်မပြေသေးဘူးဆိုရင်တော့ နောက်ထပ်ခြေလှမ်းတစ်ခုကို သွားကြရအောင်။
ခြေလှမ်း ၂ – အကျိုးကျေးဇူးတွေကို စဉ်းစားပါ
သင်ဟာ အဲဒီအလုပ်ကို မကြိုက်ဘူး၊ မလုပ်ချင်ဘူးဆိုတာကို သင် လက်ခံပြီးတဲ့နောက်မှာ အဲဒီအလုပ် ပြီးမြောက်သွားခြင်းအားဖြင့် ရရှိလာမယ့်အကျိုးကျေးဇူးတွေကို ချရေးကြည့်ပါ။ စာရွက်ပေါ်မှာဖြစ်ဖြစ်၊ ကွန်ပျူတာထဲမှာဖြစ်ဖြစ်ပေါ့။ ဒါမှမဟုတ် စိတ်ထဲကနေပဲ စဉ်းစားကြည့်ပါ။ အလုပ်တစ်ခုကို သင်မကြိုက်တဲ့အခါ အဲဒီအလုပ်နဲ့ပတ်သက်တဲ့ မကောင်းတဲ့အကြောင်းအရာတွေဘက်ကို စိတ်က ရောက်သွားဖို့ အလွန်လွယ်ကူပါတယ်။ ဥပမာ- အဲဒီအလုပ်ဟာ အရမ်းခက်ခဲလွန်းတယ်ဆိုတဲ့ အတွေးမျိုးပေါ့။
ဘယ်လိုပဲဖြစ်ဖြစ် မလုပ်မဖြစ် လုပ်ရတော့မယ်ဆိုမှတော့ သင့်စိတ်ကိုသင် တက်ကြွလာအောင် ခွန်အားပေးဖို့လိုပါတယ်။ ဒီတော့ သင့်ရဲ့ အာရုံကို ပြောင်းလိုက်ရပါမယ်။ အဲဒီအလုပ်ကို လုပ်ခြင်းဖြင့် ရလာမယ့် အခွင့်အရေးတွေ၊ အကျိုးကျေးဇူးတွေကို ချရေးကြည့်ခြင်းဟာ သင့်ရဲ့ စိတ်ကို တက်ကြွလာစေပါတယ်။ဘယ်အရာနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ် ကောင်းတဲ့အရာတွေကို အမြဲတမ်း ရှာဖွေတွေ့ရှိနိုင်ပါတယ်။ သင်ဟာ အကြောင်းအရာဖြစ်ရပ်တွေကို မှန်ကန်တဲ့နည်းလမ်းနဲ့ ရှုမြင်မယ်ဆိုရင် သင့်ကိုယ်သင်နဲ့ ပတ်သက်တဲ့၊ သင့်ရဲ့ဘ၀နဲ့ပတ်သက်တဲ့ သင်ခန်းစာတွေကို တွေ့နိုင်ပါတယ်။ ပြီးတော့ အခွင့်အရေးတွေကိုလည်း သင် တွေ့ရပါလိမ့်မယ်။
ခြေလှမ်း ၃ – အခု စ လုပ်ပါ
အခုဆိုရင် အလုပ်တစ်ခုကို သင်မကြိုက်ဘူးဆိုတဲ့အတွေးတွေကို လျှော့ချပြီးပြီ။ အဲဒီအလုပ်ကို လုပ်ဖို့ လိုအပ်တဲ့ စိတ်ဓာတ်ခွန်အားတွေရအောင်လည်း လုပ်ပြီးလောက်ပါပြီ။ ဒီအဆင့်မှာ စိတ်က နောက်တစ်ကြိမ် ပြန်တွေးမိတတ်ပါတယ်။ သင်ဟာ သင်အစပြုခဲ့တဲ့နေရာကို ပြန်ရောက်သွားတတ်ပါတယ်။ ဒီအလုပ်ကို ဘာကြောင့်လုပ်ရမှာလဲဆိုတဲ့အတွေးတွေ ပြန်ဝင်လာတတ်ပါတယ်။ ပြီးတော့ အဲဒီအလုပ်နဲ့ပတ်သက်တဲ့ မကောင်းတဲ့အကြောင်းအရာတွေအပေါ် စိတ်က ပြန်ရောက်သွားတတ်ပါတယ်။
ဒါကြောင့် ဒီအဆင့်ကို ရောက်တဲ့အခါ ကျနော်လုပ်လေ့ရှိတာကတော့ တွေးနေတာကို ရပ်လိုက်ပြီး ထိုင်ခုံကနေ ထလိုက်ပါတယ်။ ပြီးတော့ အဲဒီအလုပ်ကို စလုပ်တော့တာပါပဲ။
ဒီစာက သင့်အတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။ ထူးကဲတဲ့နေ့တစ်နေ့ကို သင်ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။
Ref: How to Do Something Even When You Don’t Feel Like Doing It by Henrik
Posted by ဝတီ

Wednesday, September 07, 2011

အီရန်မီဒီယာက သုံးသပ်ဖော်ပြလိုက်သော ထားဝယ်ရေနက်ဆိပ်ကမ်းအကြောင်း

မြန်မာနိုင်ငံတောင်ပိုင်း ထားဝယ်မြို့တွင် စတင်အကောင်အထည် ဖော်နေပြီဖြစ်သည့် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းသည် အင်ဒိုချိုင်းနားကျွန်းဆွယ်သို့ တံခါးပေါက်တစ်ခု အသွင်ဖြစ်လာနိုင်သကဲ့သို့ ကမ္ဘာ့အကြီးဆုံးစက်မှုဇုန်ကြီးအဖြစ် မှတ်တမ်းဝင်နိုင်ကြောင်း အီရန်နိုင်ငံအခြေစိုက် မီဒီယာတစ်ခုဖြစ်သည့် Press TV က ရေးသားဖေါ်ပြချက်ကို ပြည်တွင်းထုတ် Myanmar Post သတင်းဂျာနယ်က ဖေါ်ပြလိုက်ပါသည်။
အဆိုပါစီမံကိန်းတွင်ပါဝင်သည့် စတုရန်းကီလိုမီတာ ၂၅၀ ကျော်ရှည်လျားသော ရေနက်ဆိပ်ကမ်းတစ်ခုကို ထားဝယ်မြို့တွင် တည်ဆောက်နေပြီဖြစ်ကြောင်း၊ အီတာလျံ-ထိုင်းကုမ္ပဏီက ထိုင်းနိုင်ငံရှိကျွမ်းကျင် အင်ဂျင်နီယာများစုစည်း၍ အဆိုပါစီမံကိန်းကို ၁၀ နှစ်ကြာ အကောင်အထည် ဖော်မည်ဖြစ်ကြောင်း၊ အမေရိကန်ဒေါ်လာရှစ်ဘီလျံသုံးစွဲမည့် ယင်းစီမံကိန်းတွင် ရေနက်ဆိပ်ကမ်း ၀န်ဆောင်မှုများ၊ ရေနံချက်စက်ရုံနှင့် ဧရာမ စက်မှုဇုန်ကြီးတစ်ခု ပါဝင်မည်ဖြစ်ကြောင်း၊ ထိုစီမံကိန်း၏ ပထ၀ီနိုင်ငံရေးနှင့် ပထ၀ီ စီးပွားရေးဆိုင်ရာ အနေအထားအရ အလုပ်အကိုင် အခွင့်အလမ်းသစ် ၁,၀၀,၀၀၀ ဖန်တီးနိုင်မည်ဖြစ်ကြောင်း၊ သို့ရာတွင်  စီမံကိန်းတစ်လျှောက်ရှိ လူနေအိမ်အချို့ကို ပြောင်းရွှေ့ဖယ်ရှားရမည်ဖြစ်သည့်အတွက် လူ့အခွင့်အရေးဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်လာနိုင်ကြောင်း အီတာလျံ-ထိုင်းကုမ္ပဏီ ဒါရိုက်တာက Press TV သို့ ပြော ကြားပါသည်။ 
မကြာသေးမီက အဆိုပါစီမံကိန်းတွင်ပါဝင်သည့် မြန်မာ-ထိုင်းအဝေးပြေးလမ်းမတစ်ခု တည်ဆောက်ခြင်းနှင့်စပ်လျဉ်း၍ မြန်မာ့တပ်မတော်နှင့် ကရင်အမျိုးသား အဖွဲ့ချုပ်(KNU)အကြား တိုက်ပွဲများ ပေါ်ပေါက်ခဲ့သော်လည်း စီမံကိန်းပြီးဆုံးသည်အထိ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း အီတာလျံ-ထိုင်းကုမ္ပဏီက ကြေညာခဲ့သည်။
အဆိုပါ စီမံကိန်းသည် အရှေ့အလယ်ပိုင်းနှင့် အာဖရိကနိုင်ငံများသို့ လမ်းပွင့်သွားစေမည့် ကုန်သွယ်ရေးလမ်းကြောင်းသစ်တစ်ခုဖြစ်ပြီး စီးပွားရေးအခွင့်အလမ်းများစွာ ဖန်တီးနိုင်မည်ဟု အီတာလျံ-ထိုင်းကုမ္ပဏီက ယုံကြည်ထားကြောင်း အဆိုပါသတင်းတွင် ဖေါ်ပြထားပါသည်။
Posted by မောင်စူးစမ်း(MTLA GTI)

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၂၈)

တဖက်သားကို ခိုင်းစေတဲ့ဝါကျ ( တောင်ပန်တာ၊ အမိန့်ပေးတာ သဒ္ဒါသဘောမှာ အတူတူပါပဲ ) ကို Imperative လို့ခေါ်ပါတယ်။ ကွဲကွဲပြားပြား ဖြစ်စေလိုလျှင် ဒါမှမဟုတ် လေးနက်အောင်စေလိုလျှင် ကတ္တား You ဆိုတာကို တခါတလေ ထည့်ပြီးပြောတာ တွေ့ရပါရဲ့။
You keep quiet.
You go now.
ဒါပေမယ့် အများအားဖြင့်တော့ You ကို ထည့်ပြီး ပြောမနေတော့ပါဘူး။ ပါတယ်လို့ နားလည်လိုက်ရတာချည့်ပဲ။
Keep quiet.
Go now.
မှတ်ချက်။...........။ ဘာသာစကားတော်တော်များများဟာ ဒီအတိုင်းတွေ့ရတယ်။ မြန်မာစကားမှာ
( ငြိမ်ငြိမ်နေ) ၊ ( အခုသွားစမ်း) ရယ်လို့သာ အသုံးများပြီး အလေးအနက် ပြောလိုမှ၊ လုပ်ရမှာက တခြားသူ မဟုတ်ဘူး၊ မင်းပဲဆိုတာကို ကွဲပြားစေလိုမှ ( မင်းငြိမ်ငြိမ်နေ )၊ ( မင်းအခုသွားစမ်း ) လို့ ကတ္တားထည့်ပြီး ပြောကြပါတယ်။
ခိုင်းစေတဲ့ ၀ါကျမှာ အဲလို ကတ္တားချန်ထားတာကို သဒ္ဒါလေ့ကျင့်ခန်းမှာ ကွင်းစကွင်းပိတ်နဲ့ ထုတ်ဖော်ပြရတယ်။ အဲသလို ပြလိုက်တဲ့အခါ အမိန့်ပေး ၀ါကျဆိုတာလည်း ရိုးရိုးဝါကျတွေလို တည်ဆောက်ထားတာပါလားဆိုတာကို သိသာစေတယ်။
Stop!.................................................. (S)xV
Keep quiet. ....................................... (S)xVxSC
Take this. .......................................... (S)xVxDO
Give her that. .................................... (S)xVxIOxDO
Make yourself comfortable. ............... (S)xVxDOxOC
( ကျွန်တော် သွားပါရစေ ) ဆိုတဲ့ ၀ါကျကို အင်္ဂလိပ်လို Let me go လို့ ဆိုရတယ်။ ဒါဟာ (You) let me go ပါပဲ။ ( ခင်များ ) ကျွန်တော့်ကို သွားခွင့်ပေးပါလို့ ပြောတာပေါ့ ။ ဒါကို သင်္ကေတနဲ့ပြရရင်... .........(S)xVxDOxDO .. လို့ ရပေလိမ့်မယ်။
အလားတူပဲ ( သွားကြစို့ ) လို့ အဓိပ္ပာယ်ရတဲ့ Let's go = ( Let us go ) ဆိုတာဟာလလည်း (S)xVxDOxDO ... ပုံစံပါပဲ။
မှတ်ချက်။................။ ဘာသာစကားတစ်ခုရဲ့ သဒ္ဒါကို လေ့လာရာမှာ အခြားဘာသာစကားရဲ့ ရှု့ထောင့်ကနေ မကြည့်မိဖို့၊ အင်္ဂလိပ်စကားကို မြန်မာစကားနဲ့ တိုက်ရိုက်စကားလုံးလိုက် ဖလှယ်မကြည့်မိဖို့ ကျနော်တို့ သတိပြုသင့်တယ်။ အခု Let's go ကို ကြည့်လေ။ မြန်မာမှာက
( ကျွန်တော်တို့ )က ကတ္တား၊ ( သွားကြစို့ )က ကြိယာဖြစ်နေပါတယ်။