Sunday, October 02, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၃၄)

ကြိယာကို ကတ္တားနဲ့တွဲပြီးသုံးတာ ( SxV ) အပြင် အခြားသုံးရတာများလည်း ရှိသေးတယ်။ ၀ါကျမှာ နာမ်လုပ်တဲ့နေရာတွေမှာ ( S, SC, OC, DO ) သူကို သုံးနိုင်တယ်။ ကြိယာနာမ်လို့ ခေါ်မလားမသိဘူး။ သမာရိုးကျသဒ္ဒါကတော့ non-finite parts of the verb လို့ ခေါ်တယ်။ ခုခေတ်သဒ္ဒါဆရာများကတော့ ဒီအခေါ်ကို အကြိုက်ကြဘူး။ W.H.Mittens က Verbids လို့ အမည်သစ်ထွင်ပြီး သုံးထားတယ်။ သုံးမျိုးရှိပါတယ်။
1. Infinitive with to.........( to go, to come စသည်..)
2. Infinitive without to....( go, come စသည်..) . ( တစ်ချို့က simple form ခေါ်ကြရဲ့ )
3. The V-ing form .............( သမာရိုးကျ သဒ္ဒါက Gerund လို့ ခေါ်တယ်.။ )
အောက်ပါဝါကျများကို လေ့လာကြည့်ပါ...။
He loves books.
S.......V......DO
( DO ဟာ books ဆိုတဲ့ Noun တစ်ခုဖြစ်တယ်။ )
He wants to read.
S.......V.........DO
( DO ဟာ to read ဆိုတဲ့ Infinitive with to ဖြစ်တယ်။ )
He enjoys reading.
S.......V...........DO
( DO ဟာ reading ဆိုတဲ့ V-ing ဖြစ်တယ်။ )
An Inventor's job is invention.
......................S...V.....SC
( SC ဟာ invention ဆိုတဲ့ Noun ဖြစ်တယ်။ )
An Inventor's job is inventing.
.......................S..V.......SC
( SC ဟာ inventing ဆိုတဲ့ V-ing ဖြစ်တယ်။ )
An Inventor's job is invent.
........................S..V...SC
( SC ဟာ invent ဆိုတဲ့ infinitive ဖြစ်တယ်။ )
ခုထိ ၀ါကျတွေကို လေ့လာကြည့်ရင် Verbid တွေဟာ ပင်မကြိယာရဲ့ DO လည်းဖြစ်နိုင်၊ SC လည်း ဖြစ်နိုင်တာကို တွေ့ကြရမယ်.။ S လည်း ဖြစ်နိုင်တာကို တွေ့ကြရမယ်။ SC တွေကို S နဲ့ ရှေ့နောက်ပြောင်းပြန်လုပ်လိုက်ရင် ပြီးတာပဲ...။

မြောင်းမြစားနှင့် စပ်လျဉ်း၍

Myaung Mya Sar

Friday, September 30, 2011

Google+ ကို လူတိုင်းသုံးစွဲနိုင်ပြီ

Googleသည် ၎င်းတို့​​၏ Social Networking ဝန်​​ဆောင်မှုသစ်ဖြစ်​​သော Google+ကို အသုံး​​ပြုလိုသူ အား​​လုံး​​အတွက် ဖွင့်​​​ပေး​​လိုက်ပြီဖြစ်သည်။
စမ်းသပ်ဆဲကာလတွင် လူဦး​​​ရေအကန့်အသတ်ဖြင့်​​သာ သုံး​​စွဲခွင့်​​ပြုခဲ့​​​သော Google+သည် ယခုအခါ လူတိုင်း​​အတွက် အလွယ်တကူသုံး​​စွဲရန် ဖြစ်လာ​​တော့​​မည်ဟု နာမည်​​ကျော် အင်တာနက်ရှာ​​ဖွေ​​ရေး​​ ဝန်​​ဆောင်မှုလုပ်ငန်း​​ကြီး​​က ​​ကြေညာခဲ့​​သည်။ Googleသည် Social Networking ​​လောကတွင် မင်း​​မူ​​နေသည့်​​ Facebook ကို ယှဉ်ပြိုင်ရန် Google+ကို အသက်သွင်း​​ခဲ့​​ခြင်း​​ဖြစ်သည်။ စတင်​​ကြေညာပြီး​​ ၂ ပတ်အတွင်း​​ မိမိတို့အ​​နေနှင့်​​ သုံး​​စွဲသူ ၁၀ သန်း​​ထိ ရရှိ​​နေပြီဟု Google က ​​ကြေညာနိုင်ခဲ့​​သည်။
ထိုစဉ်ကတည်း ​​က Google+ အသုံး​​ပြုသူ အ​​ရေအတွက်ကို Googleက တရား​​ဝင်ထပ်မံ​​ကြေညာခြင်း​​ မရှိ​​တော့​​​သော်လည်း​​ ​​လေ့​​လာသူများ​​က တစ်လအတွင်း​​ ၂၅ သန်း​​မျှထိ ရှိလာပြီဟု ယူဆရ​​ကြောင်း​​ သုံး​​သပ်ခဲ့​​သည်။ သုံး​​စွဲသူဦး​​​ရေ တိုး​​ပွား​​လာ​​သော်လည်း​​ အသုံး​​ပြုသူများ​​၏ Post တင်မှုမှာ တစ်စထက်တစ်စ ကျဆင်း​​လာ​​ကြောင်း​​ ဩစ​​တြေး​​လျ အင်တာနက် သု​​တေသနဌာနတစ်ခုက သုံး​​သပ်ခဲ့​​သည်။ သို့သော် ယင်း​​​လေ့​​လာမှုတွင် လူတစ်ဦး​​ချင်း​​စီ၏ ပုဂ္ဂိုလ်​​ရေး​​ Post များ​​ကို ထည့်​​သွင်း​​တွက်ချက်မှု မရှိ​​ပေ။
ယခုအခါ Google သည် ၎င်း​​အောင်မြင်မှုကို ချဲ့ထွင်ရန် လူတိုင်း​​အတွက် Google+သုံး​​စွဲခွင့်​​ကို အတည်ပြုပေး​​လိုက်ပြီဖြစ်သည်။ Google+အရ ကွန်ပျူတာ အသုံး​​ပြုနေသူများ​​သည် Screen​​ ပေါ်ရှိ အချက်အလက်များ​​ကို မိမိ၏မိတ်​​ဆွေများ​​ထံ အလွယ်တကူမျှ​​ဝေ ​​ပေး​​ပို့နိုင်သည်။ ​​လေ့​​လာသူအများ​​စုက Facebook အ​​နေနှင့်​​ Google+ထံမှ ကြီး​​မား​​​သော စိန်​​ခေါ်မှုများ​​ကို ရင်ဆိုင်ရဖွယ်ရှိ​​ကြောင်း​​ သုံး​​သပ်ခန့်မှန်း​​ခဲ့​​ကြသည်။
Posted by မောင်စူးစမ်း(MTLA GTI)

Thursday, September 29, 2011

GTalk Portable (Black Colour) (3.52 Mb)

ဒါလေးကလည်း  စတိုင်တစ်မျိုးပေါ့ဗျာ။ အကောင့်များများရှိသူတွေ အပေါ်ကပန်းရောင်ကော အောက်က
အနက်ရောင်ပါနှစ်ခုစလုံးဖွင့်ပြီ စိတ်ကြိုက်သာချက်ကြပါတော့လို့ ပြောပါရစေ။ကဲ ဒီနေရာလေးမှာ ယူလိုက်ပါ။
Posted by မောင်စူးစမ်း(MTLA GTI)

GTalk Portable (Pink Colour) (3.57 Mb)

ကဲသုံးနေကျ ပုံစံမဟုတ်တဲ့ အလန်းလေးပါဗျာ။ပေါ့ပေါ့ပါးပါး Portable လေးမို့  စတစ်လေးထဲထည့်ယူ
သွားယုံပါဘဲ ။ ဒီနေရာမှာ ယူပါ။
Posted by မောင်စူးစမ်း(MTLA GTI)

Wednesday, September 28, 2011

အမေ့ပျောက်ခံသွေးရင်း (သို့) တောင်ဘက်အစွန်းက ဂျစ်ပစီများ

        Dr Anderson ရေးပြီး ၁၈၁၈ မှာ Walter Hamilton စာအုပ်တိုက်ကထုတ်ဝေတဲ့ The Chalomes ဆိုတဲ့ စာအုပ် ထဲမှာ ဒေါက်တာ အန်ဒါဆန်က ဆလုံဆိုတဲ့ စကားဟာ ရှေးပသျှူးတွေရဲ့ အစေခံ (ကျွန်)တွေကို သုံးနှုံးတဲ့ အသုံး လိုပြော ပါ တယ်...

        ဒါပေမဲ့ လက်ရှိဆလုံတွေနေထိုင်ပုံက ကျွန်တစ်ယောက်လို နေထိုင်နေကြတာမျိုးမဟုတ်ပါဘူး။ သူတို့ ဘာသာ စကား နဲ့ Kabang (ကဘန်း) ဆိုတဲ့ လှေအိမ်ပေါ်မှာမိသားစုလိုက် နွေးထွေးသိုက်မြိုက်စွာနေရင်း ကျွန်းတစ်ကျွန်းမှတစ်ကျွန်းဆီ အုပ်စုလိုက် လွတ်လွတ်လပ်လပ်ဘဲ လှည့်လည်ရှာဖွေစားသောက်နေကြတာပါ။

        ဒီကျွန်းမှာရေခပ်မယ်၊ ဟိုကျွန်းမှာ ငါးရှာမယ် ခရင်းခွာမယ်၊ ဟိုးနောက်တစ်ကျွန်းမှာ ထမင်းတည်စားသောက် မယ် ၊  ပြီးရင်နေ့လည်နေ့ခင်း သဲသောင်ပြင်ဖြူဖြူပေါ်တက် သစ်ပင်ရိပ်အောက်မှာ တရေးတမောနှပ်ချင်နှပ်မယ်၊ အဲ ဝါ သနာ ပါ သူတွေက ၃ပုံဖဲ-ကက်ဆွဲမယ် (ရှေးမြန်မာကက်ဖဲ) ဝါသနာပါသူဆိုလို့ ဆလုံမတွေဟာ ကက်ဆွဲတာကို အတော် ဝါသ နာ ပါကြ ပါတယ်၊ အားလုံးလိုလို ကက်ဆွဲကြတာတွေ့ရပါတယ်။

        ကျွန်းတစ်ကျွန်းမှာ ဆလုံအုပ်စုကိုတွေ့ရင် သောင်ပြင်ပေါ်က အရိပ်ကောင်းတဲ့ သစ်ပင်အောက်မှာ ဆလုံ ကက် ဆွဲ ဝိုင်းတွေကို တွေ့ရပါမယ်....ကက်ဆွဲနေတဲ့ အမေရင်ခွင်ထဲမှာနို့စိုရင်းအိပ်နေတဲ့ ကလေးတွေ၊ ဝိုင်းဘေးမှာ နှပ်တစ် ရွဲရွဲနဲ့ တဂျီ ဂျီငိုနေတဲ့ ကလေးတွေ၊ သောင်ပြင်ပူပူပေါ်မှာ ဟိုပြေးဒီလွှာလုပ်နေတဲ့ကလေးတွေ၊ လှေသစ်တစ်စီး ဒါမှမဟုတ် တစ်ခုခု ကို ခုတ်ထစ်နေတဲ့ ဆလုံယောင်္ကျားတွေ နှီးဖြာသူဖြာ၊ သဂျစ်လို့ခေါ်တဲ့ ပင်လယ်နာနတ်ရွက်တမျိုးကို အမိုးအဖြစ်ရော ရွက် အဖြစ် ပါသုံးဖို့ နှီးဖြစ်ချုပ်ထိုးနေတဲ့ ဆလုံအဖိုးကြီးအဖွားကြီးတွေ၊ တစုံတရာကို ပြောရင်းစရင်း ဟီးဟီးဟားဟားနဲ့ စကားများရင်း တစ်ယောက်ကိုတစ်ယောက် သန်းဆွဲပေးနေကြတဲ့ ဆလုံမပျိုတွေ ဒါကိုမလှမ်းမကမ်းကနေ ဆေးပေါ့လိပ်-ပွတ်ချွန်း ဖွာ ရင်း စောင်းငန်းကြည့်နေတဲ့ ဆလုံယောင်္ကျားပျိုလေးတွေ စတဲ့မြင်ကွင်း ...
         နေစောင်းရင် သားငါးရှာမယ် ခရုကောက်မယ် ထမင်းချက်စားမယ် ပြီးရင်အိပ်မယ်၊ ဒါမှမဟုတ် မအိပ်ခင် အုန်းတယော -ဗုံတိုလေးတွေတီးပြီး ဧယဉ်ကြူးသလိုလို ကွက်စိတ်ရွတ်သလိုလိုအသံနဲ့ သီချင်းဆိုမယ် ကဗျာရွတ်မယ် (ကဗျာရွတ် တယ် ဆိုပေမဲ့ ကာရန်တွေ ရစ်သမ်တွေအကြောင်း သွားမမေးနဲ့ ဘာမှမသိဘူး ပါးစပ်ထဲ ဆိုကောင်းသလို ရွတ်လိုက်တာဘဲ) စ တဲ့ မြင်ကွင်းတွေတွေဟာ ဆလုံတွေရဲ့ ဘဝကို ရိုးရိုးလေးရှင်းပြနေတဲ့ မြင်ကွင်းတွေပါ။

မွေးဖွားခြင်းနှင့် အိမ်ထောင်ထူထောင်ခြင်း

          တကယ်လို့ ကျွန်းတစ်ကျွန်းရဲ့ အရိပ်ကောင်းတဲ့ ကမ်းစပ်မှာ ဆလုံလှေတွေကျောက်ချထားမယ်၊ သောင်ပြင်ရဲ့ အ ရိပ်ကောင်းတဲ့ တနေရာမှာ လှေပေါ်က အမိုးကိုချပြီး ယာယီတဲထိုးထားမယ်၊ ယောင်္ကျားကြီးငယ်တွေက စုရုံးစုရုံးနဲ့ စ ကားပြောဝိုင်းဖွဲနေမယ်၊ မိန်းမတွေက ထမင်းတည်သူတည် စကားများသူများနေမယ် မကြာခင် ယာယီတဲအိပ်ထဲက ကလေး ငိုသံကြားမယ်ဆိုရင် အဲဒါ ဆလုံးကလေးတစ်ယောက် လောကထဲရောက်လာတဲ့ မြင်ကွင်းပါဘဲ။
          ဆလုံတွေမွေးဖွားတာ ဘာမှမထူးဆန်းပါ။ မီးဖွားမဲ့ မိန်မရယ် အကူတစ်ယောက်ရယ် (နတ်ဆရာမ) ဝမ်းဆွဲ တစ်ယောက်ရယ် ဒါဘဲလိုပါတယ်။ လက်သည်အတွက် ဘာမှပေးစရာမလိုပါ (အများအားဖြစ် လက်သည်ဟာ ဆေးဆရာ နတ်ဝင်သည် ပယောဂဆရာလည်းဖြစ်ကြပါတယ်)။ကလေးမမွေးခင် လက်သည်က တူဒါနတ်ကို ဆုတောင်း မယ် ရေမန်းတိုက်မယ်၊ ရေမွှာပေါက်ရင် အမေကိုညှစ်ခိုင်းမယ် ကလေးထွက်လာရင် နှီးကြောနဲ့ ချက်ကြိုးဖြတ် မယ် ပြီးရင် ရေထည့်ထားတဲ့ အိုးထဲထည့်ပြီးရေဆေးမယ် (ရေချို ရေငန်အရေးမကြီးပါ) ပြီးရင် အဝတ်တစ်ခုနဲ့ ပတ်လိုက်မယ်။ ဒါဆို မီးဖွားတဲ့ ကိစ္စပြီးပြီ ....တကယ်လို့ လှေပေါ်မှာမွေးရင် ကလေးကို ပင်လယ်ရေနဲ့ နှစ်ဆေးလိုက်တာဘဲ လွယ်တာကိုး ...

ဆက်ရန် ...

Credit to Mokenlay (Myanmar Cupid)
Posted by ဂျစ်တီး

iPhone 5 အောက်တိုဘာလ ၄ ရက်နေ့တွင် ထွက်ရှိမည်

 Apple ထုတ် iPhone 5 ဟာ အောက်တိုဘာလ ၄ ရက်နေ့မှာ ထွက်ရှိမယ်လို့ ကြေညာလိုက်ပါပြီ။
iPhone 5 ထွက်ရှိတော့မှာဖြစ်တဲ့အတွက် ကမ္ဘာတစ်ဝှမ်းးက Apple စတိုးတွေမှာ ကြိုတင်မှာယူထားမှုနဲ့လည်း ပြည့်နက်နေပြီ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ ခန့်မှန်းချက်အနေနဲ့ကတော့ စတင်ရောင်းချပြီး တစ်ပတ်အတွင်းမှာ ကုန်ပစ္စည်း ပြတ်လပ်မှုရှိမယ်လို့ သိရပါတယ်။ ပစ္စည်းပြတ်လပ်မှု ပြဿနာ ကိုဖြေရှင်းဖို့အတွက် Apple ဟာ Foxconn Manufacturer ကုမ္ပဏီနဲ့ ချိတ်ဆက်ထားပြီးပါပြီ။ တစ်ရက်ကို iPhone 5 အလုံးရေ တစ်သိန်းခွဲ ထုတ်လုပ်နိုင်မယ်လို့ ကတိပြုထားတဲ့ Foxconn နဲ့ စာချုပ်ချုပ်ဆိုထားပြီး ဖြစ်တဲ့အတွက် စိုးရိမ်စရာမရှိပါဘူး။
ယခင်ကလဲ Foxconn ကသာ Apple ထုတ် ကုန်ပစ္စည်းများကို ထုတ်လုပ်ပေးနေကြဖြစ်ပါတယ်။ ဒါ့အပြင် iPhone 5 ကာဗာ အတွက်လဲ Case Mate ကုမ္ပဏီမှ ထုတ်လုပ်နေပါပြီ။ ဒီ iPhone 5 ကာဗာများဟာ ဒီဇိုင်းအားဖြင့်လှပပြီး ဈေးနှုန်းသက်သက်သာသာနဲ့ ရောင်းချနိုင်အောင် ရည်ရွယ်ထားတယ်လို့ Cade Mate မှ ပြောကြားခဲ့ပါတယ်။
Ref: PCworld
Posted by မောင်စူးစမ်း(MTLA GTI)

မျိုးဆက်သစ် iPhone ကို အောက်တိုဘာ ၄ ရက်တွင် မိတ်ဆက်ဖွယ်ရှိ

Appleကုမ္ပဏီသည် ပဉ္စမမြောက် iPhoneမျိုးဆက်ကို အောက်တိုဘာ(၄)ရက်နေ့တွင် စတင်ပွဲထုတ်ဖွယ် ရှိနေကြောင်း သိရှိရသည်။ Apple၏ အမှုဆောင်ချုပ်အသစ်ဖြစ်သူ တင်မ်ကွတ်ခ်သည် ယင်းမိတ်ဆက်ပွဲကို ဦးဆောင်လိမ့်မည်ဟုလည်း All Things Digitalက ဖော်ပြခဲ့သည်။ Apple၏ အမည်ဖော်မပြသော အတွင်းလူတစ်ဦး၏အဆိုကို ကိုးကားပြီး ယခုလို သတင်းထွက်လာခြင်းဖြစ်သည်။ Appleသည် iPhone အသစ်ကို သီတင်းပတ်အနည်းငယ်အကြာတွင် မိတ်ဆက်ပြသမည်ဟု အရိပ်အမြွက် ပြောဆိုထားသည်။ iPhone 5 ဟု လက်တလော အမည်သတ်မှတ်ထားသည့် မိုဘိုင်းလ်ဖုန်းသည် ဈေးကွက်အတွင်း အပြင်းအထန် ပြိုင်ဆိုင်လာသည့် Android OSသုံး ဖုန်းများကို အသာစီးယူနိုင်မည်ဟု iPhone ပရိသတ်များက မျှော်လင့်နေသည်။ အတည်မပြုနိုင်သော သတင်းများအရ iPhone 5 ၏ ကိုယ်ထည်တည်ဆောက်ပုံသည် iPhone 4 ထက် ပိုမိုပါးလွှာနိုင်ပြီး CPU မြန်နှုန်း ပိုမိုမြင့်မားလာနိုင်ကြောင်း သိရသည်။ ထို့အပြင် iPhoneကို Hardware ပိုင်း တာဝန်ယူ ထုတ်လုပ်ပေးနေသည့် Foxconnသည် တစ်နေ့လျှင် iPhone 5 မော်ဒယ်လ် အလုံးရေ တစ်သိန်းခွဲမျှ ထုတ်လုပ်နေပြီ ဖြစ်ကြောင်းလည်း သိရှိရသည်။
Source: zdnetasia
Posted by မောင်စူးစမ်း(MTLA GTI)

Tuesday, September 27, 2011

အင်္ဂလိပ်စကားပြော ပိုကောင်းစေရန်နည်းလမ်းများ (အပိုင်း-၁)

ယနေ့ခေတ်မှာ လူတိုင်းကိုမေးလိုက်။ ဘာလုပ်နေလဲ “အင်္ဂလိပ် စပီကင် တက်နေတယ်” ဟူသည့်အဖြေကို ညံညံစီစီ ကြားနေရသည်။ အင်္ဂလိပ်စာ၏အရေးကြီးပုံကို လူတိုင်း သဘောပေါက်နေကြပြီဖြစ်သည်။ တစ်ချိန်ကလို ကျွန်လုပ်ချင်သည့်သူများအတွက် စာနှင့် စကားဟု ယိုးစွပ်သည့်ခေတ်မဟုတ်တော့ပြီ။
သူသူငှာငှာ အင်္ဂလိပ်စကားပြောတတ်ချင်ကြသည်။ အင်္ဂလိပ်လို ဒွတ်ဒက်ရွှတ်ရှက် နှင့်ပြောနေသူတစ်ယောက်ကို မြင်ရကြားရတိုင်း သူတို့လို ပြောတတ်ချင်စိတ်တွေ တဖွားဖွားပေါ်လာ တတ်ပါသည်။ ဒါကြောင့်လဲ ဟိုသင်တန်း ဒီသင်တန်းတွေကို ဈေးကြီးပေးပြီး တက်ကြပြန်သည်။ သင်တန်းတွေကလည်း သင်ပေးကြပါသည်။ ဒါပေမယ့် တကယ့်တစ်ကယ် မြို့ထဲမှာ တိုးရစ်တစ်ယောက်က ကိုယ့်ကိုအိမ်သာ ဘယ်နေရာမှာရှိသလဲလို့ လာလဲမေးရော ရင်တွေတဒိန်းဒိန်းခုန်၊ ပါးစပ်က အာစေးထည့်ထားသလို ပြောမထွက်၊ တိုးရစ်က တစ်လုံးချင်းအသံအကျယ်ကြီးထွက်ပြောတာကိုလည်း နားမလည်၊ အင်း- အဲ လုပ်ရင်း ကိုယ်ပြောချင်တာက တစ်မျိုး၊ တစ်ကယ်ညွှန်ပြလိုက်တာက တစ်ခြားနဲ့ ဧည့်သည်လဲ ရောက်ချင်ရာရောက်။ နောက်ပိုင်း သွေးအေးသွားသည့်အချိန် ပြန်စဉ်းစားလိုက်မှ ငါ ဒီလို ပြောလိုက်ရင်ရတာပဲ။ ဘာဖြစ်လို့ အဲဒီလိုပြောဖို့ သတိမရခဲ့ရတာလဲ ဟု မကျေမချမ်းနှင့် ကိုယ့်ကိုယ်ကို ပြစ်တင်ရသည့်အဖြစ်မျိုး ကြုံဖူးကြမည် ထင်ပါသည်။ မိမိတစ်ယောက်တည်း မဟုတ်ပါ။ စာသင်သားအများစုဖြစ်ပါသည်။ အင်္ဂလိပ်စကားကို သွက်သွက်လက်လက်နှင့် ကိုယ်ပြောတာကို သူများနားလည်၊ သူများပြောတာကိုလည်း ကိုယ်ကနားလည် ဖြစ်ချင်ပါက အောက်ပါနည်းလမ်းများက မိမိဆန္ဒများကို ဖြည့်ဆည်း ပေးနိုင်ပါလိမ့်မည်။ အင်္ဂလိပ်ဘာသာစကားကို ဘာကြောင့်တတ်ချင်ရတာလဲ။ အင်္ဂလိပ်စာသင်ကြားပေးနေတဲ့ ဆရာတစ်ဦးအနေနဲ့ ဒီမေးခွန်းကို သင်တန်းသား များစွာကို အကြိမ်ပေါင်းများစွာ မေးခဲ့ဖူးပါတယ်။ အများစုကတော့ အင်မတန်ယေဘုယျကျတဲ့ အဖြေကိုပဲပေးတတ်ကြပါတယ်။
”အင်္ဂလိပ်လိုပြောတတ်ချင်လို့”  ”I want to speak English.”
”အင်္ဂလိပ်စာတိုးတက်ချင်လို့”    ”I want to improve my English.”
”အင်္ဂလိပ်စာက နိုင်ငံတကာသုံးဘာသာဖြစ်လို့”  ”... because English is an international language.”
နည်းနည်းလေးတိုးတက်တဲ့ တပည့်တွေကတော့ . . .
”အလုပ်အတွက်လိုအပ်လို့”     ”I need it for my job.”
”ပညာရေးအတွက် လိုအပ်လို့”   ”I need it for my study.”

သက်တမ်းရင့်ကားဟောင်းများ အစားထိုးဝယ်ယူလိုသူများ အွန်လိုင်းမှတဆင့် ကြည့်ရှုဝယ်ယူနိုင်ပြီး မြန်မာနိုင်ငံသို့ အရောင်းတင်သွင်းပေးမည်


(နေပြည်တော်တွင် ကားအို၊ ကားဟောင်းများ လာရောက်အပ်နှံစဉ်)
ပြည်ပနိုင်ငံများရှိအွန်လိုင်းဝက်ဘ်ဆိုက်များတွင် ရောင်းချပေးလျက်ရှိသော မော်တော်ယာဉ်အသစ်များ၊ တစ်ပတ်ရစ်များအား အွန်လိုင်းတွင် စိတ်ကြိုက်ကြည့်ရှုရွေးချယ် ၀ယ်ယူနိုင်မည်ဖြစ်ကြောင်း ယင်းအား ၀န်ဆောင်မှုပေးလျက်ရှိသော DE FAMILY အွန်လိုင်းစတိုးမှ သိရသည်။
ယာဉ်သက်တမ်းကြာမြင့်သော ယာဉ်များအားအပ်နှံကာ ပြည်ပနိုင်ငံများမှ ၁၉၉၅ နှင့်အထက် မော်ဒယ်လ် မော်တော်ယာဉ်အသစ်များတင်သွင်းခွင့်အား စက်တင်ဘာ ၁၉ ရက်မှစတင် ဆောင်ရွက်ပေးလျက်ရှိပြီး ယင်းသို့လုပ်ဆောင်ရာတွင် အချိန်မပေးနိုင်သောသူများအတွက် ကားဟောင်းအပ်နှံသည့် အချိန်မှစတင်ကာ မော်တော်ယာဉ် အသစ်ရောက်ရှိချိန် နံပါတ်ထွက်ရှိသည့်အချိန်အထိ ၀န်ဆောင်မှုပေးလျက်ရှိကြောင်း DE FAMILY အွန်လိုင်းစတိုးမှ CEO  ကို Lဒေးရောင်ကပြောကြားသည်။
“အလုပ်စအပ်တဲ့နေ့မှာ စရံငွေတစ်သိန်းကို ကားပိုင်ရှင်ကပေးရပါမယ်။ အဲဒီကမှစပြီး ကားနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေစုမယ်။ ပြီးရင် က.ည.နမှာ ကားသွားအပ်မယ်။ ကားတင်သွင်းခွင့်ပါမစ် ရဖို့အတွက်စပြီး ဆောင်ရွက်ပေးမယ်။ ပါမစ်ကျလာပြီဆိုရင် ပြည်ပကမော်တော်ယာဉ်တွေကို အွန်လိုင်းကတစ်ဆင့်ကြည့်ရှုပြီး မိမိနှစ်သက်တဲ့ ဒေါ်လာ ၃,၅၀၀ တန်ဖိုး အောက်ကားတွေကို စိတ်ကြိုက်ရွေးဝယ်ယူနိုင်အောင် ၀န်ဆောင်မှုပေးပါတယ်။ အွန်လိုင်းမှာ စပြီးကားမှာယူတဲ့နေ့မှာ ကားဖိုးငွေကို အွန်နီ (Earning) ပြည်ပပို့ကုန်ရငွေတန်ဖိုး လက်ရှိပေါက်ဈေးနဲ့ တွက်ချက်ပေးချေရမှာ ဖြစ်ပါတယ်။ ကားဝက်ဘ် ဆိုက်ကတော့ www.tradecarview.com ကရှာပေးပါတယ်။ တခြားဝက်ဘ်ဆိုက်တွေက ၀ယ်ချင်ရင်လည်းရပါတယ်။ ဒီက ဆိပ်ကမ်းရောက်တဲ့အထိ ဘယ်လောက်ကျသင့်မယ်ဆိုတာတွေကိုလည်း တွက်ချက်ပေးပါတယ်။