Saturday, October 08, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၃၅)

ဝါကျထဲမှာ ကတ္တား (S)၊ ကံ (O) စတာတွေကို ခွဲခြားသိမြင်ဖို့ အရေးကြီးတာနဲ့ အမျှ အခက်အခဲတွေလည်း တွေ့နိုင်ပါတယ်။ ဒါနာမ်ပဲ၊ ဒါကြိယာပဲ၊ ဒါနာမ၀ိသေသနပဲလို့
အမြဲတမ်း လွယ်လွယ်ကူကူနဲ့ ခွဲခြားသိမြင်နိုင်တာ မဟုတ်ဘူး။ တစ်ပိုင်းစီမှာ ပါဝင်တဲ့ ပုဒ်တွေရဲ့ အရေအတွက်ကလည်း တူညီနေတတ်တယ်။ ဥပမာ - Cows are animals. ဆိုတဲ့ ၀ါကျမှာ စကားလုံးသုံး ပါတယ်။ S က တစ်လုံး၊ V ကလည်း တစ်လုံး၊ C ကလည်း တစ်လုံး။ Cows eat grass. ဆိုတဲ့ ၀ါကျမှာလည်း သုံးလုံးပါပြီး S, V, O တို့ကလည်း တစ်လုံးစီ ပါဝင်နေကြတယ်။ စကားလုံးအမျိုးအစားကို ကြည်ပြန်ရင်လည်း N+V+N တူညီနေကြပြန်ရော။ နောက် ဥပမာတစ်ခုပြရရင် Cows give people milk. နှင့် Love makes men fools. ၀ါကျနှစ်ခုကို ကြည့်လေ။ စကားလုံးအမျိုးအစားအရ ခွဲကြည့်ရင် နှစ်ဝါကျစလုံးမှာ N+V+N+N ချည်းဖြစ်နေတာ တွေ့ရလိမ့်မယ်။ ဒီတော့ ကျောင်းသားအနေနဲ့ ဒီ N တွေဟာ O လား၊ C လား ခွဲခြားရ ခက်ရပြန်တယ်။ ဒီတော့ ၀ါကျထဲမှာ S နဲ့ V,O,C တို့ ရပ်တည်နေပုံကို အနေအထားအရတင် မဟုတ်ဘဲ အခြားအမှတ်အသား လက္ခဏာလေးတွေနဲ့ပါ ညွှန်ပြထားတာကို လေ့လာထားဖို့ လိုလာတယ်။
အင်္ဂလိပ်စကားမှာ နာမ်တွေဟာ နောက်ဆက် S ပါတဲ့အခါပါ၊ မပါတဲ့အခါ မပါကြဘူး။
( Cows, Cow )။ ရှေ့က a, an, the, this, that, all, some, any စတဲ့ စကားလုံးလေးတွေ ပါလေ့ရှိကြတယ်။ ( A cow, the boy, All dogs စသည် )။ မပါတဲ့အခါလည်း မပါဘူး။( Cows Boys, Men )။

မင်းကြောင်လေး သေသွားပြီ


Posted by ဂျစ်တီး

Friday, October 07, 2011

စင်ကာပူနိုင်ငံ၏ ရေသုံးစွဲမူအကြောင်း(၁)


ယနေ့ စင်ကာပူတွင် သုံးနေသော ရေပမာဏမှာ တစ်ရက်လျှင် ဂါလံသန်းပေါင်း ၃၈၀ (၁,၇၃၀,၀၀၀ ကုဗမီတာ) ရှိသည်။ နောင်နှစ်ပေါင်း ၅၀ ကြာလျှင် ဤပမာဏထက် နှစ်ဆတိုးလာမည်ဟု ခန့်မှန်းထားပါသည်။ ဤပမာဏ၏ ၇၀ ရာခိုင်နှုံးမှာ စက်မှုလုပ်ငန်းသုံးဖြစ်ပြီး အိမ်သုံးမှာ ၃၀ ရာခိုင်နှုံးသာ ဖြစ်ပါသည်။ ၂၀၀၃ ခုနှစ်က လူတစ်ဦး၏ ရေအသုံးပမာဏမှာ တစ်ရက်လျှင် ၁၆၅ လီတာရှိရာမှ ယခု ၂၀၁၀ တွင် ၁၅၄ လီတာသို့ လျှော့ချနိုင်ခဲ့ပါသည်။ ရည်မှန်းချက်မှာ ၂၀၂၀ ခုနှစ်တွင် လူတစ်ဦး တစ်ရက် ၁၄၇ လီတာ၊ ၂၀၃၀ ခုနှစ်တွင် ၁၄၀ လီတာ ဖြစ်ပါသည်။ လူတို့အသုံးအများဆုံးမှာ ရေချိုးခန်း (၂၉%) နှင့် မီးဖိုဆောင် (၂၂%) ဖြစ်၏။ ဤအသုံးများတွင် မလိုဘဲ ဖြုန်းတီးနေမှုများ အများအပြား ပါဝင်နေပါသည်။
မလိုပဲ ရေကို မဖြုန်းမိအောင် ပညာပေးအစီအစဉ်များလုပ်နေရာ ထိုအကြောင်း နောက်ပိုင်းတွင် ဖော်ပြပါမည်။
စင်ကာပူတွင် လက်ရှိ နေ့စဉ်သုံးနေသောရေကို အဓိက ရေအရင်းအမြစ် ၄ ခုမှရယူထားသည်။
၁) ကုန်းတွင်းစုဆောင်းရေ (Local Catchment Water)
၂) ဂျိုဟိုး(မလေးရှား)မှ တင်သွင်းသောရေ (Imported Water from Johor)
၃) ပင်လယ်ရေကို ကျိုချက်သောရေ (Desalinated Water)
၎) သုံးရေကို ပြန်လည်ပြုပြင်ထားသောရေ (New Water)
PUB (Public Utility Board) မှ စင်ကာပူတွင်လိုသမျှရေကို ထောက်ပံ့ပေးနေရာ ထိုရေများကို ကုန်းတွင်းစုဆောင်းရေမှ ၅၀%၊ မလေးရှားမှ တင်ပို့သောရေ ၃၃%၊ ပင်လယ်ရေမှ ချက်သောရေ ၁၀% နှင့် ပြန်ပြင်ထားသောရေ ၇% ဟု ပေါင်းစပ်ကာ ပံ့ပိုးပေးခြင်း ဖြစ်ပါသည်။  
၁) ကုန်းတွင်းစုဆောင်းရေ(Local Catchment Water)
ကုန်းတွင်းစုဆောင်းရေတွင် နှစ်ပိုင်းရှိ၏။ တစ်ပိုင်းမှာ မိုးရေဖြစ်ပြီး နောက်တစ်ပိုင်းမှာ သုံးပြီးရေ ဖြစ်သည်။
ပင်လယ်ထဲမှ ကျွန်းတစ်ခုဖြစ်သော စင်ကာပူတွင် အ၀ီစိတွင်းတူးဘို့ မဖြစ်နိုင်။ သည်တော့ မိုးရေကို အားကိုးရသည်။ သည်ရေကို Surface water ဟု ခေါ်သည်။ စင်ကာပူလို ကျွန်းသေးသေးလေးအတွက် တစ်နိုင်ငံလုံးသုံးနိုင်လောက်အောင် မိုးရေခံစရာ ကုန်းမြေပင် အလုံအလောက်မရှိပါ။ သည်တော့ မိုးရေကို အဖိတ်အစင် အလေအလွင့်မရှိအောင် မည်ကဲ့သို့ ကဲ့ယူ စုဆောင်းထားသည်ကို ဗဟုသုတရစေရန် ပြည့်ပြည့်စုံစုံလေး တင်ပြပါမည်။ ဤကဲ့သို့ ရေစုဆောင်းခြင်းကို ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် ပြည့်ပြည့်စုံစုံ ပြဌာန်းထားပါသည်။ ဤဥပဒေ နှင့် လုပ်ထုံး လုပ်နည်းများအကြောင်းလည်း အနည်းငယ် မိတ်ဆက်ပေးပါမည်။ ပညာတတ်သူများ လုပ်တာ မည်မျှစနစ်ကျသနည်းဆိုတာ ပြောလိုရင်းဖြစ်ပါသည်။
ရွာချလိုက်သော မိုးရေကို ပထမ ရေမြောင်းများဆီ ကဲ့ယူသည်။ ထိုရေမြောင်းများမှသည် ကန်များအတွင်းသို့ဖြစ်စေ၊ မြစ်များ အတွင်းသို့ဖြစ်စေ စီးစေသည်။ ထို တူးမြောင်း၊ မြစ်များမှရေကို လှောင်ထားကာ သန့်စင်ပြီး သုံးရေအဖြစ် ဖြန့်ဝေသည်။
စင်ကာပူတွင် ကုန်းတွင်းရေကန် စုစုပေါင်း ၁၇ ခုရှိသည်။ Punggol နှင့် Serangoon Reservoir များမှာ ယခုမှပြီးသော ၁၆ ခု နှင့် ၁၇ ခုမြောက် ရေလှောင်ကန်များဖြစ်သည်။ မရီနာရေကန်သည်ကား စင်ကာပူမြို့တွင်း ဟက်တာ တစ်သောင်းမျှသော မိုးရေခံဧရိယာများမှ ရေကို Ang Mo Kio, Kallang မြစ်များမှတစ်ဆင့် စုဆောင်းသည်။ ထိုပမာဏသည် မနည်းပါ။ စင်ကာပူ ရေလိုအပ်ချက်၏ ၁၀% ထိ စုပေးနိုင်သည်။  Punggol, Serangoon နှင့် Marina ရေကန်များ၏ ရေစုဆောင်းဧရိယာသည် စင်ကာပူတစ်နိုင်ငံလုံး၏ ထက်ဝက် သို့မဟုတ် သုံးပုံနှစ်ပုံထိ ရှိသဖြင့် အကြီးဆုံးဟု ပြော၍ရပါသည်။ ထိုမိုးရေခံဧရိယာကို နည်းပညာအသစ်များသုံးလျှက် စင်ကာပူဧရိယာ၏ ၉၀% ထိ တိုးမြှင့်သွားရန် ရည်ရွယ်ထားပါသည်။ အဘယ်ကြောင့် ဆိုသော် ပင်လယ်ရေမှ ရေချိုချက်လုပ်ခြင်းစရိတ်စကမှာ အလွန်ကြီးမြင့်သောကြောင့် မိုးရေကို အဓိကအားထား သုံးစွဲရန် ဖြစ်သည်။
လက်ရှိ စင်ကာပူတွင် ရေသယ်ပေးရန် မြစ် ၃၂ ခု နှင့် မြောင်း၊ တူးမြောင်း စုစုပေါင်း ကီလိုမီတာ ၇၀၀၀ မျှရှိသည်။
Posted by သူငယ်ချင်းတစ်ဦး

Thursday, October 06, 2011

IPaid


Posted by ဂျစ်တီး

Apple ၏ဖခင်ကြီး စတိဗ့်ဂျော့ အနိစ္စရောက်

          ကွန်ပြူတာလောကနှင့် Mobile ဖုန်းလောကတို့တွင် ဆရာတဆူဖြစ်သော အဲပယ်လ်ကွန်ပြူတာ ကိုတည်ထောင်သူ စတိဂျော့ အနိစ္စရောက်ရှိသွားပြီဖြစ်သည်။ ကွယ်လွန်ချိန်မှာ သူဟာ အသက် ၅၆ နစ်ဖြစ်ပြီး ကင်ဆာရော ဂါ နဲ့ ကွယ်လွန်သွားခြင်းဖြစ်ပါတယ်။ သူ မကွယ်လွန်ခင် ယခုရက်ပိုင်းအတွင်းမှာပဲ IPhone 4S ဆိုပြီး မကြာခင် ၀ယ်ယူနိုင် တော့မည့်အကြောင်း Apple Company မှ Intro လုပ်ခဲ့ပါသေးတယ်။ သူ့ရဲ့ ဖန်တီးနိုင်မှု စွမ်းပကားနဲ့ အင်မတန်မှ ကောင်းမွန်လှသော Idea တို့ကို ကျွန်တော်တို့ တသသ လွမ်းဆွတ်နေရဦးမည် မှာ မုချ ပင်။ သူကွယ်လွန်သွားခြင်းသည် နည်းပညာလောက အတွက် အင်မတန်မှ ကြီးမားသော ဆုံးရှူံးမှု ကြီး ဖြစ်ပေတော့သည်။ Steve Jobs တစ်ယောက် ကောင်းရာသုဂတိ လားပါစေ။




Posted by ဂျစ်တီး

Tuesday, October 04, 2011

USB Disk Security 2012 (Full Version)

USB Disk Security ဆိုမှတော့ အထွေအထူးရှင်းပြပေးဖို့ မလိုအပ်ဖူး ထင်ပါတာယ်။ နောက်ဆုံးထွက်တဲ့ Version အသစ်မို့လို့ သူငယ်ချင်းများသုံးနိုင်အောင် တင်ပြပေးလိုက်ပါတယ်။ Full Version လေးတင်ပေးထားပါတယ်။
အောက်က Link မှာ အလွယ်တကူ ဒေါင်းလုပ် ရယူနိုင်ပါပြီ။
Posted by ဝတီ

အင်္ဂလိပ်စကားပြော ပိုကောင်းစေရန်နည်းလမ်းများ (အပိုင်း-၂)

အရင်တစ်ပတ်က နည်းလမ်းတစ်ချို့ရေးခဲ့ပါတယ်။ post တစ်ခုတည်းအပြတ်ရေးဖို့ မအားတာက တစ်ကြောင်း၊ မိမိအပျင်းနည်းနည်းထူတာက တစ်ကြောင်း၊ အင်တာနက်ဆိုင် မရောက်ဖြစ်တာက တစ်ကြောင်း၊ ရောက်ပြန်တော့ connection မကောင်းတာက တစ်ကြောင်း၊...အကြောင်းတွေများလွန်းလို့ ကျွန်တော်လည်း typical Myanmar တစ်ယောက်ဖြစ်သွားခဲ့ပါတယ်။
ဒီ post မှာတော့ အရင်တစ်ခေါက်က ကျန်ခဲ့တဲ့အကြောင်းအရာလေးတွေကိုတင်ပြပါ့မယ်။
ဝေါဟာရအရေးအကြီးဆုံး
Linguistic လို့ခေါ်တဲ့ သိပ္ပံပညာကို ကိုးကားပြီးပြောရမယ်ဆိုရင်တော့ ဘာသာစကားတစ်ခုဟာ အသံတွေနဲ့ဖွဲ့စည်းထားပါတယ်။ ၄င်းအသံတွေကိုမှ အက္ခရာ (character) များနဲ့ ကိုယ်စားပြုဖော်ပြပြီး အဓိပ္ပါယ်ရှိတဲ့ အသံအစုအဖွဲ့တစ်ခုကို ဝေါဟာရဟု ရည်ညွှန်းကြပါတယ်။ ဒီတော့ ဘာသာစကားကိုလေ့လာခြင်းဟာ အခြေခံအားဖြင့် အသံတွေကိုမှတ်မိခြင်း နှင့် ပြန်လည်အသံထွက်ခြင်း၊ တစ်နည်းမဟုတ် ဝေါဟာရတွေကိုမှတ်မိခြင်းနှင့် ပြန်လည်သီကုံး ဖွဲ့နွဲ့ခြင်း ဟုဆိုချင်ပါတယ်။
အပိုင်း-၁ တွင် ဘာသာစကား ပြောရခြင်း၏အဓိကရည်ရွယ်ချက်မှာ ဆက်သွယ်မှု ပြုရန် ဟု တင်ပြခဲ့ပါသည်။ ၄င်းသည် အခြေခံအချက်သာဖြစ်သည်ကို မမေ့သင့်ပါ။ ဘာသာစကားသုံးရခြင်းတွင် တခြားရည်ရွယ်ချက်များစွာလည်း ရှိပါသေးသည်။
ဥပမာ - မကြာသေးခင်ကမှ ရင်းနှီးသွားကြသော ကောင်မလေးက ကောင်လေးကို “သူ့မှာ စိတ်ပူရမယ့်သူရှိလို့လား”  ဟု မေးလိုက်ခြင်းသည် ဘာကိုဆိုလိုကြောင်း မြန်မာစကားပြောတတ်သူတိုင်း သိကြမှာမလွဲပါ။ စကားပရိယာယ် ဆိုသည့်အတိုင်း မိမိပြောချင်တာကို ထိထိမိမိရှိဖို့ စကားလုံးကို ရွေးချယ်မှုမှန်ကန်ရပါမည်။ ကိုယ်လိုရင်းကိုပြောနိုင်ဖို့ ဝေါဟာရကြွယ်ဝ မှုရှိရပါမည်။  အောက်ပါဝါကျများမှာ အခြေခံဆိုလိုရင်း တူညီသော်လည်း ပြောသူ၏ခံစားချက်ကို ဖော်ပြနိုင်မှု ကွာခြားကြပါသည်။

Monday, October 03, 2011

ဒယ်အိုးဆရာတော် ဥုးသုမင်္ဂလ၏ တရားပွဲများ ပြန်လည်ထုတ်လွှင့်မူ

“ဒယ်အိုးဆရာတော် ဥုးသုမင်္ဂလ၏ တရားပွဲ (ပထမနေ့)” ကို Poh Ern Shih Temple at 9 Chwee Chian Road, Singapore 117488 တွင် ၀၁-၁၀-၂၀၁၁ စနေနေ့ ညနေ(၆)နာရီမှ ည(၈)နာရီထိ နှင့် “ဒယ်အိုးဆရာတော် ဥုးသုမင်္ဂလ၏ တရားပွဲ (ဒုတိယနေ့)” ကို Function Room 1, The ARENA Country Club, 511 Upper Jurong Road, Singapore 638366, Near (Joo Koon MRT) တွင် ၀၂-၁၀-၂၀၁၁ တနင်္ဂနွေနေ့ ညနေ(၆)နာရီမှ ည(၈)နာရီထိ ကျင်းပခဲ့ပြီးဖြစ်ပါ၍  ထိုတရားပွဲကို မအားလပ်၍ တရားမနာယူနိုင်ခဲ့ကြသော ဓမ္မမိတ်ဆွေ သူငယ်ချင်းအပေါင်းတို့အတွက် ရည်ရွယ်၍ ပြန်လည်နာယူနိုင်စေရန် တင်ဆက်ပေးလိုက်ပါသည်။

ဒယ်အိုးဆရာတော် ဥုးသုမင်္ဂလ၏ တရားပွဲ (ပထမနေ့)
 

ဒယ်အိုးဆရာတော် ဥုးသုမင်္ဂလ၏ တရားပွဲ (ဒုတိယနေ့)


Posted by MTLA GTI Group

အမေ့ပျောက်ခံသွေးရင်း (သို့) တောင်ဘက်အစွန်းက ဂျစ်ပစီများ

မွေးဖွားခြင်းနှင့် အိမ်ထောင်ပြုခြင်း အဆက် ....

        ဆလုံလေးတွေဟာ ပင်လယ်ရေ၊ ခရုခရင်အခွံ၊ သစ်တိုဝါးစတွေနဲ့ ကမ်းစပ်တလျှောက်မှာ ရှုပ်ပွနေတဲ့ ပလက်စတစ်ဗူးတွေ၊ အသုံးအဆောင်အဟောင်းတွေ၊ ကစားစရာသေနတ်အပျက်၊ ကစားစရာအပျက်တွေ ဒါတွေနဲ့ဘဲကြီးပြင်းခဲ့ကြပါတယ် ...
        လမ်းစစမ်းလျှောက်ကတည်းက ရေထဲရောက်နေသူတွေမို့ အသွားမြိအောင်ထက်နေတဲ့ ခရင်းတောမှာ သံပခြုပ် (Sea Urchin) တောမှာ ဖိနပ်မပါဘဲလမ်းလျှောက်နေတဲ့ ဆလုံလေးတွေကိုမြင်ရတာ အံ့သြစရာတော့မဟုတ်ပါဘူး။
        (ထူးဆန်းတာပြောပြဦးမယ်၊ အဲဒီသံပခြုပ်တွေဟာ ဖြူကောင်လိုဘဲ တကိုယ်လုံးကို ဆူးတွေနဲ့ဖုံးနေတယ်၊ ဆူးက လည်း တော်တော်ချွန်ပြီး ထိတာနဲ့ကျိုးတဲ့ သစ်ဆွေးလိုဘဲ၊ အသားထဲစူးဝင်တာနဲ့ ကျိုးပြီးကျန်ခဲ့ရောလေ။ နောက်တော့ အဲဒီ သံ ပခြုပ်ဆူးကျိုးဟာ အသားထဲမှာအရည်ပျော်သွားပြီး အဆိပ်တွေအဖြစ်နဲ့ သွေးကြောထဲပံျ့ပါလေရော။ နာတာမှ အမေရေးအဘရေးတနေလောက်အောင်နာတာ -တတ်တာပေါ့။
         ဒါကြောင့် သံပခြုပ်ဆူးဆိုရင် မထိမိအောင် ဂရုစိုက်ရတယ်။ ဒါပေမဲ့ ဆလုံမတွေကတော့ နေ့တိုင်း သံပခြုပ် ဖမ်းကြ တယ်၊ နေ့တိုင်းဆိုမှနေတိုင်း။ ဖျာနေနာနေတဲ့ ဆလုံမကလွဲပြီး ကြီးကြီးငယ်ငယ် ခရင်းခွာရင်း ဘာဂျီထွဋ်ရင်း သံ ပခြုပ်ကောက်ကြတယ်၊ လွယ်လွယ်ကူကူ လက်နဲ့ဆူးတွေကို စုကိုင်လိုက်တာဘဲ ပြီးတော့ ဒါးကောက်လေးနဲ့ခွဲ အထဲ က ကြက်ဥနှစ်လို သံပခြုပ်အနှစ်ကိုကိုယူ ထမင်းစားရင်ထည့်စားကြတယ်။ ဆလုံထီးတွေတွေက သံပခြုပ်မကောက်ဘူး ဆူးတတ်လို့တဲ့ ဆလုံမကောက်ပေးတဲ့ သံပခြုပ်ကိုဘဲစားကြတယ်။
          ဆလုံမတွေကလည်း လင်အတွက် သံပခြုပ်မဖြစ်မနေရှာပေးကြတယ်၊ ဘာဖြစ်လို့လဲ မမေးနဲ့နော် မော်ကင်းမဖြေဘူး။
ဂျပန်မှာ သံပခြုပ်ဈေးကောင်းတယ်ဆိုဘဲ၊ ဘာကြောင့်လဲ ဂျပန်က ဘဖိုက်တို့ ကိုမဟူရာတို့ ဂျပန်အကြောင်း နှံ့နှံ့စပ်စပ်ကြီး ကိုသိတဲ့ ကိုဘောကျန်တိုကိုသာမေးကြည့်။ ပြီးတော့ ကောလဟာလတစ်ခုကြားဖူးသေးတယ်။ အဖေကြီးဆိုတဲ့ ဦးနေဝင်းဟာ သူဘုန်းမီးတောက်စဉ်က ပုလဲကျွန်းကို နှစ်စဉ်လာပြီး သံပခြုပ်တို့ ကမာတို့ လာလာစားတယ်ဆိုတာဘဲ)


 Credit to Mokenlay (Myanmar Cupid)
Posted by ဂျစ်တီး      

မြန်မာဘောလုံးအဖွဲ့ချုပ်ကို FIFA အရေးယူ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် မြန်မာ့လက်ရွေးစင်အသင်းအား အိုမန်နှင့်ပွဲဖြစ်ရပ်များနှင့် ပတ်သတ်၍ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ပိတ်ပင်ရန် ဆုံးဖြတ်ချက်ချခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်ဇူလိုင်လ(၂၈)ရက်နေ့က ၂၀၁၄ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့် ဒုတိယပွဲစဉ်အဖြစ် မြန်မာ့ လက်ရွေးစင်အသင်းသည် အိုမန်လက်ရွေးစင်အသင်းနှင့် သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ ရသည်။ အဆိုပါပွဲစဉ်တွင် မြန်မာအသင်းသည် အိုမန်အသင်းအား (၂-၀) ဂိုးဖြင့် ရှုံးနိမ့်နေစဉ်၌ ပွဲကြည့် ပရိသတ်များသည် ကွင်းတွင်းသို့ အရာဝတ္တုများဖြင့် ပစ်ပေါက်ခဲ့သောကြောင့် ပွဲကိုဆက်လက်ပြီး မကစားနိုင်တော့ဘဲ ပထမပိုင်းအပြီးတွင်ပင် ရပ်ဆိုင်းခဲ့ရသည်။ ယင်းဖြစ်ရပ်နှင့် ပတ်သတ်၍ ဖီဖာစည်းကမ်းထိန်းသိမ်းရေး ကော်မတီသည် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ပရိသတ်ထိန်းသိမ်းနိုင်မှု အားနည်းသော မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို ထိရောက်စွာ ပြစ်ဒဏ်ချမှတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စည်းကမ်းထိန်းသိန်းရေး ကော်မတီ၏ ထုတ်ပြန်ချက်တွင် မြန်မာအသင်းသည် ဖီဖာစည်းမျဉ်းအမှတ် ၆၅ (ခ) နှင့် (ဂ) တို့ကို ချိုးဖောက်ခဲ့၍ လည်းကောင်း၊ ၂၀၁၄ ကမ္ဘာ့ဖလား ကျင်းပရေးကော်မတီ၏ ပရိသတ်ထိန်းသိမ်းမှု ဥပဒေ ပုဒ်မ ၄၊ အပိုဒ်ခွဲ ၅ နှင့် ပုဒ်မ ၆၊ အပုဒ်ခွဲ ၅ တို့ကို မလိုက်နာခဲ့၍သော် လည်းကောင်း၊ ဖီဖာစည်းမျဉ်းအမှတ် ၆၇၊ အပိုဒ်ခွဲ ၁ တို့ကို မလိုက်နာခဲ့၍သော် လည်းကောင်း ပြစ်ဒဏ်များချမှတ်ခြင်း ဖြစ်သည်ဟုဖော်ပြခဲ့သည်။ အဆိုပါ ပြစ်ဒဏ်များမှာ မြန်မာ့ လက်ရွေးစင်အသင်းကို ၂၀၁၈ ရုရှားကမ္ဘာ့ဖလားတွင် ခြေစစ်ပွဲဝင်ရောက် ယှဉ်ပြိုင်ခွင့်မပြုရန်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို ဒဏ်ငွေ ဆွစ်ဖရန့် ၂၅၀၀၀ နှင့် တရားစရိတ် ဆွစ်ဖရန့် ၂၀၀၀ တို့ကို ပေးဆောင်စေရန်တို့ ဖြစ်ကြောင်း သိရသည်။
Posted by ဝတီ