Sunday, October 23, 2011

ကျွန်တော် ပညာသင် (၃)

ဂျပန်ပညာရေးဝန်ကြီးဌာန (Monbukagakushou- မွန်ဘူးခဂကူရှိုး) အထောက်အပံ့နဲ့ ပညာတော်သင်လာရောက်ကြသူများရဲ့  Japanese Course 58th  2008 Opening Ceremony က (၁၀.၄.၂၀၀၈) ရက်နေ့၊ နေ့လည် (၂း၀၀)နာရီ မှာစပါတယ်။ ဒါကလည်း သက်ဆိုင်ရာ ဘာသာရပ်များ မသင်ကြားမီ ဂျပန်မှာနေထိုင်စဉ် ဘာသာစကားအခက်အခဲ မဖြစ်စေရန် ၆-လတာ ဂျပန်စာသင်ကြားရန်အတွက် စီစဉ်ပေးခြင်းဖြစ်ပါတယ်။ အစီအစဉ်ကြေငြာပြီးတော့ Nagoya University Vice President က စကားနည်းနည်းပြောပြီး တစ်ယောက်ချင်းစီ မိတ်ဆက်ကြရပါတယ်။ ပြီးတော့ အောက်ထပ်မှာ ကျွေးမွေးပွဲလေး စီစဉ်ပေးပါတယ်။ 

Friday, October 21, 2011

ရပ်တည်မှုခက်ခဲလာနိုင်သော စင်ကာပူရောက် နိုင်ငံခြားသားများအခြေအနေ(၂)

စင်ကာပူနိုင်ငံအတွင်း နိုင်ငံခြားသားများ အလုံးလိုက်အရင်းလိုက် စီးဝင်လာနေမှုကို ကန့်သတ်ရန် ပထမဦးဆုံး စင်ကာပူအစိုးရ၏ ကြိုးစားအားထုတ်မှုမှာ Levy များအား တိုးမြှင့်လိုက်ခြင်း ဖြစ်ပါသည်။
Levy များတိုးမြှင့်ကာ အလုပ်ခန့်ထားမှုများကို ကြပ်လိုက်ရုံသာမက အလုပ်အကိုင်အခွင့်အလမ်းများလည်း လျော့ကျသွားခဲ့ရာ ယခုအခါ မြန်မာအများစုမှာ စင်ကာပူသို့ Visit Visa ဖြင့်လာရောက်အလုပ်ရှာရာတွင် အခက်အခဲ များစွာနှင့် ရင်ဆိုင်ရလျှက် ရှိပါသည်။ အလုပ်မရသူများ၊ အလုပ်ရသည့်တိုင် တင်လိုက်သည့် Work Pass ကျမလာမှု စသည် တို့ကြောင့် ပြန်လည်ဆုတ်ခွာသွားရသူများ တစ်နေ့တခြား များပြားလာခဲ့ပါသည်။
စင်ကာပူအစိုးရမှ Foreign Worker Levy များကို အဆင့်ဆင့်ပြောင်းလဲ သတ်မှတ်ခဲ့ရာ ယခု သတ်မှတ်ထားသော Levy များ မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
Ref: http://www.mom.gov.sg/foreign-manpower/foreign-worker-levies/Pages/levies-quotas-for-hiring-foreign-workers.aspx
အောက်ဖော်ပြပါဇယားမှ Skilled ဟူသည်မှာ Low Levy စာမေးပွဲ အောင်ထားသူကို ခေါ်ပြီး Unskilled ဟူသည် High Levy တစ်နည်းအားဖြင့် Low Levy စာမေးပွဲ မအောင်ထားသူများကို ခေါ်ပါသည်။ Levy များအကြောင်း အသေးစိတ်သိလိုလျှင် ကျွန်တော်ရေးသော “အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း” စာအုပ်တွင် ဖတ်ရှုနိုင်ပါသည်။
Tire 1: Work Permit ဦးရေသည် စုစုပေါင်း အလုပ်သမားအားလုံး၏ ၃၀ % အောက်သာ ရှိခြင်း
Tire 2: Work Permit ဦးရေသည် စုစုပေါင်း အလုပ်သမားအားလုံး၏ ၃၀% မှ ၅၀% ထိရှိခြင်း
Tire 3: Work Permit ဦးရေသည် စုစုပေါင်း အလုပ်သမားအားလုံး၏ ၅၀ % မှ ၆၅% ထိရှိခြင်း
Higher Skill : BCA မှ ထုတ်ပေးသော Trade Certificate ရှိပြီး စင်ကာပူတွင် ထိုအလုပ်နှင့် လုပ်သက် အနည်းဆုံး ၄ နှစ်ရှိသူ။ BCA မှ ထုတ်ပေးသော Trade Certificate အသေးစိတ်ကို http://www.bcaa.edu.sg/ListCPCF.aspx တွင်ကြည့်ပါ။
Basic Skill : BCA မှ ထုတ်ပေးသော SEC or SEC (K) လက်မှတ်ရှိသူ။
BCA မှ ထုတ်ပေးသော SEC or SEC (K) လက်မှတ်အကြောင်း အသေးစိတ်ကို အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း စာအုပ်တွင် ဖတ်ရှုနိုင်ပါသည်။ သို့မဟုတ်ပါကလည်း
https://www.bca.gov.sg/academy/cop_Testcenters.aspx တွင် ၀င်ရောက်လေ့လာနိုင်ပါသည်။

Thursday, October 20, 2011

စတုတ္ထအကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲအတွက် အလှူငွေထည့်ဝင်လိုပါက


          အလှူရှင် များ၏အမည်စာရင်းများနှင့် တကွ စာရှင်းရှင်းတမ်းများကို ဤဘလော့ဂ်တွင် ဖော်ပြပေးထားပါမည်။

Posted by MTLA GTI GROUP

S’pass လျှောက်ထားနိုင်သည့် စင်ကာပူနိုင်ငံမှ Diploma in Tourism

စင်ကာပူ၌ အဆင့်မြင့်ကျွမ်းကျင်လုပ်သား (S’pass) လျှောက်ထားနိုင်သည့် Diploma in Tourism ဘာသာရပ်လျှောက်လွှာများကို စင်ကာပူနိုင်ငံမှ ခေါ်ယူနေပြီဖြစ်ကြောင်း သိရသည်။ စင်ကာပူ အလုပ်သမားဝန်ကြီးဌာန လက်အောက်ရှိ လုပ်အားဖွံ့ဖြိုးရေးအေဂျင်စီ (WSQ)မှ ချီးမြှင့်သည့်အဆိုပါ ဒီပလိုမာဘာသာရပ်ကို အသက် ၁၆ နှစ်ပြည့်ပြီး ဘွဲ့တစ်ခုခုရရှိထားသူများ စတင်လျှောက်ထားနိုင်မည်ဖြစ်သည်။ ထိုလျှောက်ထားသူကို ခရီးသွားကုမ္ပဏီများတွင် လက်တွေ့အလုပ်လုပ်ခွင့် တစ်နှစ်စီစဉ်ပေးမည်ဖြစ်ကြောင်း သိရသည်။ ”အဲဒီတစ်နှစ်အတွင်းမှာ သူတို့သတ်မှတ်ထားတဲ့ လုပ်ခလစာတွေ ခံစားခွင့်ရှိတဲ့အပြင် ထူးခြားတာက လျှောက်ထားသူဟာ တက္ကသိုလ်ဝင်တန်း အမှတ်စာရင်း ပြည့်မီတယ်ဆိုရင် WSQ Certificate ၄ လပြီးဆုံးတာနဲ့ ပိုလီကျောင်းတွေကို ဆက်လက်လျှောက်ထားခွင့် ရှိတယ်ဆိုတာပဲ”ဟု Crown မှ ဦးအောင်ကျော်ဆန်းက ပြောသည်။ ဟိုတယ်နှင့်ခရီးသွားဘာသာရပ်ဖြင့် စင်ကာပူနိုင်ငံသို့ သွားရောက် ပညာသင်ကြားမှုနှုန်းမှာ ၂ဝဝ၆ ခုနှစ်မှစ၍ တရိပ်ရိပ်တက်လာပြီး ၂ဝဝ၈ ခုနှစ်တွင် အမြင့်ဆုံးနေရာတစ်ခုကို ရောက်ခဲ့သည်အထိ ဖြစ်ခဲ့သည့် နိုင်ငံခြားပညာရေးလမ်းကြောင်း မြန်မာနိုင်ငံတွင်ရှိခဲ့ကြောင်း ပညာရေးအတိုင်ပင်ခံအချို့က သုံးသပ်ကြသည်။ ”ဒီလို အစဉ်အလာတွေရှိခဲ့ပေမယ့် ၂ဝဝ၈ အမြင့်ဆုံးစံချိန်ကို ၂ဝဝ၉ ကစပြီး ထက်ဝက်ချိုးကျဆင်းလာမှုတွေကနေ ၂ဝ၁ဝ-၂ဝ၁၁ အထိကို တက်မလာသေးဘူး။ ဒါကဘာကြောင့်လဲဆိုတာကို ဆန်းစစ်ကြည့်ကြဖို့လိုနေပြီ။ဒါပေမဲ့ WSQ ကပေးတဲ့အကြောင်းကရော ရှေ့အလားအလာ ကောင်းမကောင်းဆိုတာကို စောင့်ကြည့်ကြဖို့ပဲရှိတော့တယ်” ဟု နိုင်ငံခြားပညာရေးလေ့လာနေသူ အသက် ၃ဝ အရွယ်ရှိလူငယ်တစ်ဦးက ပြောသည်။ ကုန်ကျစရိတ်များအပါအဝင် အသေးစိတ်အချက်အလက် များကို ဖော်ပြထားသည့် WSQ Tourism  ၏တရားဝင်ဝက်ဘ်ဆိုက်  http://tmis.edu.sg တွင်ဝင်ရောက် ကြည့်ရှုရန်လိုမည်ဖြစ်ကြောင်းနှင့်  ယင်းနိုင်ငံတို့ရှိ ၄င်းနယ်ပယ်အတွေ့အကြုံရှိသူများကိုပါ စုံစမ်း မေးမြန်းစေလိုကြောင်း ပညာရေးကျွမ်းကျင်သူများထံမှ သိရသည်။ 
Posted by အိမ်လွမ်းသူ

ရပ်တည်မှုခက်ခဲလာနိုင်သော စင်ကာပူရောက် နိုင်ငံခြားသားများအခြေအနေ(၁)

စင်ကာပူရောက် နိုင်ငံခြားသားများအပေါ် စင်ကာပူနိုင်ငံသားများ မကြည်မလင်ဖြစ်နေခဲ့သည်မှာ ကြာပါပြီ။ သူတို့ထံမှ အများဆုံးကြားရသော complaint များမှာ ကား၊ ရထားများတွင် လူများအလွန်ကြပ်သိပ်လာမှု၊ စင်ကာပူနိုင်ငံသားများ အနေနှင့် အလုပ်အကိုင်ရှာဖွေရာတွင် ဈေးသက်သာပြီး ကျွမ်းကျင်သော နိုင်ငံခြားသားများနှင့် အကြိတ်အနယ် ယှဉ်ပြိုင်နေရမှု စသည်တို့ ပါဝင်ပါသည်။
အဘယ်ကြောင့် သူတို့ဤကဲ့သို့ ပြောဆိုနေကြသည်ကို သေချာစွာသိနိုင်ရန် စင်ကာပူတွင်ရောက်နေသော နိုင်ငံခြားသားများအကြောင်း တစေ့တစောင်း လေ့လာကြည့်ပါမည်။ ပထမဦးစွာ စင်ကာပူသို့ အလုပ်လုပ်ကိုင်ရန်အတွက် သော်လည်းကောင်း၊ မိသားစုရှေ့ရေးကြောင့်သော်လည်းကောင်း ပြောင်းရွှေ့ဝင်ရောက်လာသော နိုင်ငံခြားသားဦးရေကို လေ့လာပါမည်။ ၂၀၁၀ ခုနှစ်တွင် ထုတ်ပြန်သော စင်ကာပူအစိုးရ စာရင်းအင်းများအရ ၁၉၈၀ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ အနှစ် ၃၀ အတွင်း စင်ကာပူတွင် တိုးတက်လာသော လူဦးရေစာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
Population Size and Growth in Singapore from 1980 to 2010
မှတ်ချက်။ ။ Singapore Permanent Resident (SPR) များကို local သို့မဟုတ် resident များအဖြစ် သတ်မှတ် ပါသည်။ ထို Singapore Citizen (SC) နှင့် SPR များမှ ကြွင်းသော ကျန်သူများအားလုံးကို Non-Resident (Foreigner) များအဖြစ် သတ်မှတ်ပါသည်။

Monday, October 17, 2011

စကားလုံးတွဲများအကြောင်း (၂)

ဒီတစ်ခါတော့ အင်္ဂလိပ်စကားပြောတဲ့အခါ အလွယ်တကူသုံးလို့ရမယ့်စကားစုတွဲလုံး (Phrase) တွေကို ဆက်လက်ဖော်ပြလိုက်ပါတယ်။ ဆက်ပြီးလေ့လာကြည့်ပါ။
I’ve decide to + Verb
မိမိတစ်ခုတစ်ခုကို ပြုလုပ်ဖို့ဆုံးဖြတ်ပြီးဖြစ်တဲ့အကြောင်းပြောတဲ့အခါ I have decide to ဆိုတဲ့ စကားလုံး အတွဲကို ကျက်မှတ်ထားပြီး နောက်က Verb အမျိုးမျိုးပြောင်းလဲတွဲပေးကာ မိမိပြောချင်တဲ့ စိတ်ကူးအတွေး တွေကို အမျိုးမျိုးပြောဆိုနိုင်ပါတယ်။
ဥပမာ ၀ါကျတွေကို လေ့လာကြည့်ရအောင်………
I’ve decide to accept the job.
ကျွန်တော်အလုပ်ကို လက်ခံဖို့ ဆုံးဖြတ်ပြီးပြီ။
I’ve decide to complete my degree.
ကျွန်တော် ဘွဲ့ရသည်အထိ သင်ယူဖို့ ဆုံးဖြတ်ပြီးပြီ။
I’ve decide to change my bad habits.
ကျွန်တော့ရဲ့မကောင်းတဲ့အကျင့်တွေကို ပြောင်းလဲဖို့ ဆုံးဖြတ်ပြီးပြီ။
I was about to + Verb
တစ်ခုခုကိုလုပ်ခါနီးမှာ၊ တစ်ခုခုဖြစ်ပျက်တယ်လို့ပြောဆိုတဲ့အခါမှာ I was about to +verb ပုံစံနဲ့ပြောဆို နိုင်ပါတယ်။ ဥပမာ ထမင်းစားမယ်လုပ်တုန်း ဧည့်သည်ရောက်လာတယ်။ ရေချိုးမယ်လုပ်နေတုန်း တယ်လီ ဖုန်းလာတယ် ဆိုတဲ့ သဘောမျိုးတွေမှာ သုံးနိုင်ပါတယ်။ “တော့မလို့” ဟု ဘာသာပြန်နိုင်ပါတယ်။
ဥပမာဝါကျတွေကိုလေ့လာကြည့်ပါဦး…………
I was about to go out.
ကျွန်တော် အပြင်သွားတော့မလို့။
I was about to go to dinner.
ကျွန်တော် ညစာစားဖို့ သွားတော့မလို့။
I was about to go to bed.
ကျွန်တော် အိပ်ယာထဲဝင်တော့မလို့။
I was about to go to work.
ကျွန်တော် အလုပ်သွားတော့မလို့
I was about to send you an e-mail.
ကျွန်တော် ခင်ဗျားကို အီးမေလ်းတစ်စောင့် ပို့တော့မလို့။
I didn’t mean to + Verb
မိမိရဲ့အပြောအဆို၊ အပြုအမူတွေဟာ သူတစ်ပါးကို ထိခိုက်နစ်နာသွားခဲ့ရင် အဲ့ဒီလိုမဖြစ်စေဖို့ မရည်ရွယ် ခဲ့တဲ့အကြောင်းကို I didn’t mean to + Verb ပုံစံနဲ့ပြောဆိုနိုင်ပါတယ်။
ဥပမာဝါကျတွေကိုလေ့လာကြည့်ပါ။
I didn’t mean to hurt your feeling.
ခင်ဗျားရဲ့ ခံစားချက်ကို ထိခိုက်အောင်လုပ်ဖို့ ကျွန်တော် မရည်ရွယ်ခဲ့ပါဘူး။
I didn’t mean to call you so late.
ခင်ဗျားကို တော်တော်နောက်ကျပြီးမှ ဖုန်းဆက်ဖို့ မရည်ရွယ်ခဲ့ပါဘူး။
I didn’t mean to lie about what happened.
ဘာဖြစ်ပျက်ခဲ့တယ်ဆိုတဲ့အကြောင်းကို လိမ်ညာပြောဆိုဖို့ မရည်ရွယ်ခဲ့ပါဘူး။
I didn’t mean to embarrass you.
မင်းကိုအရှက်ရစေဖို့ ငါ မရည်ရွယ်ခဲ့ပါဘူး။
I didn’t mean to make you confused.
မင်းကို စိတ်ရှုပ်ထွေးအောင်လုပ်ဖို့ ငါ မရည်ရွယ်ခဲ့ပါဘူး။
ရေးသားသူ - အလင်္ကာည
Posted by ကိုတူး(မိတ္ထီလာ GTI)

Saturday, October 15, 2011

စကားလုံးတွဲများအကြောင်း (၁)

ဒီကဏ္ဍမှာ ကျွန်တော်တို့သိထားသင့်တဲ့စကားစုတွေ၊ စကားလုံးတွဲတွေကို လေ့လာဖို့အပြင်၊  အစားထိုးရမယ့်နေရာမှာ စိတ်ကူးရှိသလို လိုအပ်တဲ့စကားလုံးတွေကို ပြောင်းလဲအသုံးပြုနိုင်မယ်ဆိုရင် သဒ္ဒါစည်းမျဉ်းလည်း စဉ်းစားစရာမလိုပဲ လွယ်လွယ်ကူကူနဲ့စကားတွေပြောနိုင်ပါလိမ့်မယ်။ ကဲ့ လေ့လာကြည့်ရအောင်ဗျာ…..။
I don’t have time to + (Verb)
မိမိတစ်စုံတစ်ခုကို ပြုလုပ်ဖို့အချိန်မရှိတဲ့ အကြောင်းပြောတဲ့အခါမှာ I don’t have time to ဆိုတဲ့ စကား လုံးတွဲကို ကျက်မှတ်ထားပြီး နောက်က Verb အမျိုးမျိုးပြောင်းလဲတွဲပေးခြင်းဖြင့် မိမိရဲ့ လတ်တလောအခြေ အနေကို ပြောပြနိုင်ပါတယ်။
ဥပမာအားဖြင့်-
I don’t have time to explain.
ကျွန်တော့်မှာရှင်းပြဖို့ အချိန်မရှိဘူး။
I don’t have time to eat.
ကျွန်တော့်မှာ စားဖို့အချိန်မရှိဘူး။
I don’t have time to exercise.
ကျွန်တော့်မှာ လေ့ကျင့်ဖို့ အချိန်မရှိဘူး။
I don’t have time to watch my favourite TV Show.
အနှစ်သက်ဆုံး တီဗီကြည့်ဖို့ ကျွန်တော့်မှာအချိန်မရှိဘူး။
I don’t have time to talk.
ကျွန်တော့်မှာစကားပြောဖို့ အချိန်မရှိဘူး။
မိမိမနှစ်သက်တဲ့အရာ၊ မိမိနားမလည်တဲ့အရာ၊ မိမိမလုပ်ချင်တဲ့ကိစ္စတွေအကြောင်း ပြောချင်ရင်တော့-
ကျနော်တို့သိပြီးသား I don’t ဆိုတဲ့ စကားလုံးတွဲကို အလွတ်ကျက်ထားပြီး နောက်ဘက်က ကြိယာတွဲလုံး စကားစု (Verb phrase) တွေအမျိုးမျိုး ပြောင်းလဲ ထည့်ပေးကာ ပြောဆိုနိုင်ပါတယ်။ နောက်ဘက်က ပြောင်းလဲထည့်ပေးတဲ့ Verb phrase တွေက V 1   ပုံစံဖြစ်ရပါမယ်။
ဥပမာအားဖြင့်-
I don’t eat meat.
ကျွန်တော့်အသားမစားဘူး။
I don’t like rain.
မိုးရွာတာကို ကျွန်တော်မကြိုက်ဘူး။
I don’t understand Spanish.
စပိန်ဘာသာစကားကို ကျွန်တော်နားမလည်ဘူး။
I don’t understand what you are saying.
မင်းပြောနေတာကို ငါနားမလည်ဘူး။
I don’t like sports.
အားကစားကို ကျွန်တော်မကြိုက်ဘူး။

စင်ကာပူနိုင်ငံ၏ ရေသုံးစွဲမူအကြောင်း(၄)

မြန်မာစကားပုံကတော့ ရေတစ်ပိသာရှိရင် သန့်တယ် ဟူ၏။ ဤအယူအဆသည် လွန်ခဲ့သော အနှစ် ၅၀ ကျော်၊ ၁၀၀ က မှန်ချင်မှန်ပါလိမ့်မည်။ ရေအတွင်း ဘာအမှိုက်သရိုက်၊ မည်သည့်စွန့်ပစ္စည်းမှ အများအပြားမရှိသေး။ ကျွန်တော်တို့ဘက်တွင် မြစ်ရေကိုသာ သောက်ကြသည်။ သောက်သည် ဆိုတာတောင် ဘာကျိုချက်နေတာမှ မဟုတ်။ မြစ်လယ်သို့ လှေဖြင့်သွား ခပ်ကာ သည်အတိုင်း သောက်ခြင်းဖြစ်သည်။ ကျွန်တော့် အမျိုးအနွယ် ဘကြီး၊ ဘထွေး၊ ဒေါ်ကြီးဒေါ်လေးများ အသက် ၈၀ ကျော်၊ ၉၀ ထိ သည်အတိုင်း ဘာရောဂါမှ ထူးထူးထွေထွေမဖြစ်ဘဲ နေသွားခဲ့ကြသည်။ သို့သော် ယခုခေတ်တွင် ဤမျှလောက်ထိ စိတ်ချဘို့ရာ မဖြစ်နိုင်တော့ပါ။
စင်ကာပူတွင် ပိုက်မှလာသောရေ (tap water) ကို ဘာမှ စစ်နေစရာမလို၊ ကျိုချက်နေစရာမလိုဘဲ သည်အတိုင်း သောက်လို့ရသည်။ သောက်လို့ရကြောင်း အစိုးရမှ အာမခံထားသည်။ မည်သည့်အတွက် အာမခံနိုင်သနည်း။ ကဲသည်ဟု ဆိုချင်ဆို။ စင်ကာပူမှရေကို PUB က တစ်လလျှင် စစ်ဆေးချက်ပေါင်း ၈ သောင်းထိ လုပ်သည်ဆို၏။ ဤသည်မှာ တစ်လထဲ မဟုတ်။ လတိုင်းလုပ်တာဖြစ်သည်။ ဤစစ်ဆေးချက်များတွင် အရည်အသွေးစံ စမ်းသပ်ချက် (parameter) ၂၉၀ ပါသည်။ ဤသည်မှာ WHO (World Health Organization) မှ သတ်မှတ်ထားသော အချက် ၁၃၀ ပေါ်တွင် စမ်းသပ်ရမည် ဟူသည့် စံနှုန်းထက် နှစ်ဆကျော် ပိုထားခြင်း ဖြစ်သည်။ သည့်အတွက် PUB က ရေပိုက်ခေါင်းမှလာသောရေကို စိတ်ချလက်ချ သောက်ရန် အာမခံနိုင်ခြင်း ဖြစ်ပါသည်။
စမ်းသည်ဆိုရတွင်လည်း စမ်းသည့်ရေကို တစ်နေရာထဲမှ ယူတာမဟုတ်။ စင်ကာပူတစ်နိုင်ငံလုံး နေရာအနှံ့အပြားမှ လိုက်ယူ ခြင်းဖြစ်သည်။ ထိုမျှသာမကသေး။ PUB မှ စမ်းသပ်ချက်ကို NEA (National Environment Agency) မှလည်း ထပ်မံ စစ်ဆေးသေးသည်။
၂၀၀၃ ခုနှစ်တွင် နိုင်ငံခြားသားများနှင့် နိုင်ငံသားကျွမ်းကျင် ပညာရှင်များ ပါဝင်သည့် စစ်ဆေးရေးအဖွဲ့က PUB ရေကို စစ်ဆေးပြီး စင်ကာပူတွင် ရေပိုက်မှလာသောရေသည် အဆင့်မြင့်ရေအရည်အသွေးဖြင့် ပြည့်ဝကြောင်း အစီရင်ခံသွားပါသည်။
 

Friday, October 14, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၃၆ )

အခုထိ တင်ပြဆွေးနွေးခဲ့တဲ့အတိုင်း အင်္ဂလိပ်ဝါကျမှာ S, V, DO, SC တို့ အနေအထားကို နေရာမမှားရအောင် အစဉ်သတိထားပြီး သုံးတတ်ဖို့ အရေးကြီးတယ်။ အင်္ဂလိပ်စကားဟာ Pronoun အချို့ကလွဲရင် ၀ိဘတ်သွယ်တယ်ဆိုတာ မရှိလေတော့ စကားလုံးကို နေရောအထားလွဲရင် အဓိပ္ပါယ်လွဲတော့တာပါပဲ။
The dog bit the man.
.........S....V.........DO
ခွေးက လူကို ကိုက်တယ်.။
The man bit the dog.
..........S....V.........DO
လူက ခွေးကို ကိုက်တယ်.။
ဒါပေမယ့် အင်္ဂလိပ်စကားမှာ S,V တို့ကို နေရာရှေ့နောက် ပြောင်းပေးရတာများလည်း ရှိပါတယ်။ အားလုံးသိကြတဲ့ဟာကတော့ When, Where, How, Why စတဲ့ စကားလုံးများနဲ့ စတင်တဲ့ အကျိုးအကြောင်းသိချင်လို့မေးတဲ့ မေးခွန်းများဖြစ်တယ်။ ဒီလို မေးခွန်းများမှာ SV အစီအစဉ်ဟာ VS အစီအစဉ် ဖြစ်သွားတယ်။
Where is Thura?
............V......S
သူရ ဘယ်မှာလည်း.။
Why are you late?
.........V....S.....SC
ဘာကြောင့် မင်းနောက်ကျတာလည်း။
Yes / No မေးခွန်းလို့ခေါ်တဲ့ ဟုတ်၊ မဟုတ် အတည်ပြုချက်ရရုံမေးတဲ့ မေးခွန်းမျိုးမှာတော့ S နဲ့ V ရှေ့နောက်ပြောင်းတာဟာ နည်းတစ်နည်းမျှဖြစ်တယ်။
Is he in?
V..S
သူအထဲမှာ ရှိလား။
Are you sure?
V......S
သေချာရဲ့လား။
နောက်တစ်နည်းက S,V အနေအထားကို မပြောင်းဘဲ စကားပြောရမှာ အသံကို မြှင့်လိုက်ရုံ၊ စာရေးရာမှာ မေးခွန်းအမှတ်ကလေး ထည့်ပေးလိုက်ရုံ လုပ်ပေးရတဲ့နည်းဖြစ်တယ်။
You did?
မင်းလုပ်တယ်၊ ဟုတ်လား။
She is here?
သူ ဒီမှာ၊ ဟုတ်လား။
နောက်တစ်နည်းကတော့ Question-tag လို့ခေါ်တဲ့ အဖျားဆွတ် မေးခွန်းတိုလေးကို သာမန်တင်ပြချက်အနေအထား (SV) နောက်မှာ ဖြည့်စွက်ပေးတဲ့ နည်းပါပဲ။
You did, did you?
မင်းလုပ်တယ်နော်။
She is here, isn't she?
သူ ဒီမှာ ရှိတယ်နော်။
Verb ဟာ နှစ်ပိုင်းသုံးပိုင်း စသဖြင့် ပါလာရင်တော့ S ဟာ ကြိယာထောက်လို့ခေါ်တဲ့ V အပိုင်းနဲ့ ကျန်အပိုင်းကြားမှာ နေရာယူတယ်။ ကြိယာထောက်ကို v အက္ခရာ အသေးနဲ့ပြပြီး ပင်မကြိယာကို V အက္ခရာအကြီးနဲ့ ပြပါတယ်။

Thursday, October 13, 2011

စင်ကာပူနိုင်ငံ၏ ရေသုံးစွဲမူအကြောင်း(၃)

၃) ပင်လယ်ရေကို ကျိုချက်သောရေ (Desalinated Water)
၂၀၀၅ ခုနှစ်တွင် Tuas ၌ SingSpring desalination plant ကို ဖွင့်လှစ်လိုက်ခြင်းအားဖြင့် စင်ကာပူပံ့ပိုးရေ ကဏ္ဍသစ်တစ်ရပ် ဖွင့်လိုက်သည်။ ထိုစက်ရုံမှ တစ်နေ့လျှင် ရေဂါလံ သန်း ၃၀ (၁၃၆၀၀၀ ကုဗမီတာ) ကျိုချက်နိုင်သည်။ ကမ္ဘာပေါ်တွင် ပင်လယ်ရေကို အများဆုံးကျိုသုံးသည့်နိုင်ငံများအနက် တစ်နိုင်ငံပင်ဖြစ်ပါတော့သည်။ နယူးဝါးတားကဲ့သို့ပင် PUB ၏ ငွေကုန်ကြေးကျများစွာခံကာ ရင်းနှီးမြှုပ်နှံထားသော သုတေသနလုပ်ငန်းများ၏ ရလာဒ်ပင် ဖြစ်ပါသည်။ ရေသည် အသက်၊ အသက်သည်ရေ ဖြစ်သဖြင့် ရေကိစ္စ အထူးသုတေသနပြုနိုင်ရန် လာမည့် ၅ နှစ်အတွက် သုတေသနရံပုံငွေ စင်ကာပူဒေါ်လာ သန်းပေါင်း ၃၃၀ သုံးစွဲရန် ချမှတ်ထားပါသည်။
တစ်နေ့လျှင် ရေဂါလံ သန်း ၇၀ ထုတ်ပေးနိုင်မည့် နောက် ပယ်လယ်ရေချက်စီမံကိန်းတစ်ခုမှာလည်း Tuas တွင်ပင်ရှိ၏။ ထိုစီမံကိန်းမှ ထုတ်မည့်ရေကို PUB သို့ ၂၀၁၃ ခုနှစ်မှ ၂၀၃၈ ခုနှစ်ထိ ၂၅ နှစ်ရောင်းမည်။ ဈေးတော့နည်းနည်းကြီးသည်။ တစ်ကုဗမီတာကို ၄၅ ပြား ဖြစ်၏။
၂၀၆၀ ခုနှစ်သို့ရောက်လျှင် စင်ကာပူရေလိုအပ်ချက်၏ ၃၀% ကို ပင်လယ်ရေကိုကျိုသောရေမှ ပံ့ပိုးပေးနိုင်ရန် ရည်မှန်းချက် ထားပါသည်။
၎) သုံးရေကို ပြန်လည်ပြုပြင်ထားသောရေ (New Water)
၂၀၀၂ ခုနှစ်မှစကာ အများပြည်သူသုံးသောရေထဲသို့ နယူးဝါးတားကို စမ်းလွှတ်ခဲ့သည်။ သုံးပြီးသားရေကို ပြန်သုံးခိုင်းတာ ဆိုတော့ လွယ်လွယ်လေးတော့မဟုတ်။ သည်အဆင့်ရောက်အောင် သိပ္ပံစမ်းသပ်ချက် ၆၅၀၀၀ လုပ်ခဲ့ရသည်။ WHO ၏ လိုအပ်ချက်များနှင့်အညီ စမ်းသပ်စစ်ဆေးပြီး အတည်ပြုချက်ရတော့မှ လွှတ်ရတာဖြစ်၏။ သည်ရေအတွက် ၂၀၀၇ ခုနှစ်တွင် PUB သည် Stockholm Industry Water Award ကို ရခဲ့သည်။
လက်ရှိကျွန်တော်တို့သုံးနေသောရေတွင် နယူးဝါးတား (ရေသစ် ဟုတော့ ဘာသာမပြန်ပါရစေနှင့်) ၇% ပါသည်။ ထိုပေါင်းစပ်နှုံး ကို နှစ်စဉ်တဖြည်းဖြည်း တိုးမြှင့်သွားမည်။ ၂၀၆၀ ရောက်လျှင် နယူးဝါးတား ပေါင်းစပ်မှုမှုအချိုးကို ၅၀% ထိ တိုးမြှင့်မည်။
နိုင်ငံရပ်ခြားကျွမ်းကျင်သူများ၊ အင်ဂျင်နီယာများ ပါသောအဖွဲ့က နယူးဝါးတားအတွင်း ဓါတုဗေဒပေါင်းစပ်ပါဝင်မှု၊ အဆိပ် နှင့် အဏုဇီဝများအတွက် တစ်နှစ်လျှင်နှစ်ကြိမ် စမ်းသပ်စစ်ဆေးသည်။
နယူးဝါးတားထုတ်လုပ်မှုတွင် အကြမ်းဖျဉ်းအားဖြင့် သုံးဆင့်ပါသည်။