MathLAB ဆိုတဲ့ Programming လေးကိုတော့ သိကြမှာပါ။ ဆက်ပြီးတော့ လေ့လာချင်တယ် ဆိုရင်တော့ အောက်မှာ ဒေါင်းလိုက်ပါ။ မြန်မာ လိုလေးဆိုတော့ အသုံးလို နေတဲ့ သူတွေ အတွက် အတော်လေး အဆင်ပြေမှာပါ။ အရင်တုန်းက လိုချင်လို့ လိုက်ရှာခဲ့တာ မြန်မာလို ရေးထားတာ မတွေ့ခဲ့ ပေမယ့် အခုတော့ ထွက်လာပါပြီ။
http://www.mediafire.com/?z5lmlk1zjzo
Pro-E နဲ့ ပတ်သက်လို့ လေ့လာချင် သေးတယ်ဆိုရင်လည်း အောက်ပါ လင့် လေးကို သွားင်္ပြီး ဒေါင်းကြပါ။
http://www.ptc.com/for/education/schools/curriculum/index.htm
Source: မောင်ပညာ
Posted by ဂျစ်တီး
Saturday, February 25, 2012
အများသိချင်နေတဲ့ မြင့်မိုရ်တောင်နဲ့စကြာဝဠာအကြောင်း
မြတ်ဗုဒ္ဓက မိမိအတွက် ကောင်းမှုကုသိုလ်ရမဲ့အရာမဟုတ်ရင် မလုပ်နဲ့၊ မကြံစည်နဲ့၊ မပြောဆိုနဲ့။ အဲဒါမျိုးတွေနဲ့ အချိန်ကုန်နေမယ်ဆိုရင် မိမိလက်ရှိအချိန်လေးဟာ တန်ဖိုးမဲ့တဲ့အချိန်တွေ ဖြစ်သွားလိမ့်မယ်တဲ့။ ဒါပေမဲ့ ခုခေတ်လူတွေဟာ သူတို့သိချင်တာကို မသိရရင် ဗုဒ္ဓတရားတော်များ မှားနေသလို သူတို့ပဲ ဗုဒ္ဓကိုယုံကြည်ရတာ အကျိုးမရှိသလိုဖြစ်နေကြပါတယ်။ ဦးဇင်းစပြီး အွန်လိုင်းမှာ မေးဖြေလုပ်ပေးကတည်းက လူအများဆုံးအမေးခံရတဲ့အရာဟာ ဒီမြင့်မိုရ်တောင်ကိစ္စပဲ ဖြစ်နေပါတယ်။ ဒါပေမဲ့ ဦးဇင်း မဟုတ်တဲ့အရာနဲ့အချိန်ကုန်မခံချင်လို့ ဖြေမပေးခဲ့ပါဘူး။ ခုတော့ ဖြေမပေးရင် ဦးဇင်းတို့ဘာသာဝင်တွေကို သူများက ကဲ့ရဲ့လို၍ဖြစ်စေ၊ ပညာစမ်းချင်လို့ဖြစ်စေ မေးလာတဲ့အခါ မဖြေနိုင်မည်ဆိုးတာကြောင့် ဦးဇင်းလေ့လာသိရှိသမျှ မြင့်မိုရ်တောင်နဲ့စကြာဝဠာအကြောင်းကို ရေးသားတင်ပြပေးလိုက်ပါတယ်။
Thursday, February 23, 2012
အာကာသဖုန်စုပ်စက် ဆွစ်ဇာလန်ပညာရှင်များ ဖန်တီးနေ
ဖုန်စုပ်စက်၏ သဘောတရားကိုအခြေခံပြီး အာကာသတွင်းရှိ ဂြိုဟ်တုပျက်အစိတ်အပိုင်းများ၊ ဒုံးပျံအစိတ်အပိုင်းများကို ရှင်းလင်းပစ်မည့် အာကာသဖုန်စုပ်စက်ဂြိုဟ်တုများကို တီထွင်နေကြောင်း ဆွစ်ဇာလန်နိုင်ငံမှ သိပ္ပံပညာရှင်များက ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဆွစ်ဇာလန် ထိပ်တန်းတက္ကသိုလ် Ecole Polytechnique Federale de Lausanne(EPFL)ရှိ ဆွစ်အာကာသစင်တာမှ ပညာရှင်များက အာကာသဖုန်စုပ်စက်အတွက် ဖြစ်နိုင်ခြေပုံစံနှစ်မျိုးကို စဉ်းစားနေခြင်းဖြစ်သည်။
အချင်း ၁၀ စင်တီမီတာ ထက်ကြီးသော အမှုန်အမွှား ၁၆၀၀၀ ကျော်နှင့် ယင်းထက်သေးသော အမှုန်အမွှား သန်းပေါင်းများစွာမှာ ကမ္ဘာကိုပတ်နေကြောင်း အာကာသစင်တာမှ ပါမောက္ခနှင့် အာကာသယာဉ်မှူးဖြစ်သူ ကလော်ဒီနီကိုလီယာ က သုံးသပ်သည်။
''မတူညီတဲ့ ဂြိုဟ်တုအမျိုးမျိုးကို ပတ်လမ်းထဲက ရှင်းပစ်ပေးနိုင်မဲ့ အသင့်သုံးလို့ရတဲ့စနစ်မျိုး ထုတ်လုပ်ပေးနိုင်ဖို့ ကျွန်တော်တို့က ၀န်ဆောင်မှုပေးမှာပါ။ အာကာသအေဂျင်စီတွေက (အာကာသအမှိုက်) ပြဿနာကို အဖြေရှာဖို့ ကြိုးပမ်းနေကြပါပြီ။ သူတို့ပို့လွှတ်မှုကဖြစ်တဲ့ အမှိုက်တွေသူတို့ ရှင်းရမှာပါ။အဲဒီနယ်ပယ်မှာ ကျွန်တော်တို့က စွန့်ဦးတီထွင်သွားမှာပါ'' ဟု အာကာသစင်တာမှ ဒါရိုက်တာဗော်လ်ကာ ဂတ်စ်ကဆိုသည်။
Source: MDSNG
Posted by ဂျစ်တီး
Further Moderating Demand for Foreign Manpower
17 February 2012
1 As a special concession, Services sector companies with only one local employee will be allowed to continue to employ one work permit holder.
2 In response to industry feedback, MND/BCA are currently exploring new upskilling pathways and schemes to recognise and retain experience among the construction foreign workforce, to support the construction productivity drive.
Annex A - Overview of Changes to be implemented from July 2012
Annex A1 - Impact of Measures (Services)
Annex A2 - Impact of Measures (Manufacturing)
Annex B - Revised foreign worker levy for basic skilled workers in the MYE-waiver category for the construction sector
Annex C - Glossary of Terms
From: www.mom.gov.sg
Posted by Htun
- As announced by Deputy Prime Minister and Finance Minister Tharman Shanmugaratnam in his Budget 2012 speech, the Government will introduce further measures to moderate the increasing dependence on foreign manpower which has grown by 7.5% per annum over the last two years.
- Specifically, the Ministry of Manpower (MOM) will reduce the Dependency Ratio Ceilings (DRCs) in the Manufacturing and Services sectors, as well as the S Pass sub-DRC in all sectors. The Construction sector, which employs more than one-third of all Work Permit holders, will also see further adjustments to moderate foreign manpower demand and raise productivity. These measures are directly targeted at companies that continue to rely heavily on foreign manpower.
Key Features of the Changes - The key changes are:
a. DRC reductions:
i. Services Sector Work Permit DRC will be reduced from 50% to 45%1;
ii. Manufacturing Sector Work Permit DRC will be reduced from 65% to 60%; and
iii. S Pass Sub-DRC for all sectors will be reduced from 25% to 20%.
To give companies time to adjust their strategies, they will have up to 30 June 2014 to comply with the new DRCs in relation to their existing foreign workers. However, from 1 July 2012, companies which hire new foreign workers will not be allowed to exceed the new DRCs.
To illustrate, a company in the Services sector which hires 10 local workers can currently hire up to 10 foreign workers. With the reduced DRC, if the company’s local workforce remains at 10, it would have to reduce its foreign workforce by 2 (seeAnnex A1). Similarly, while a company in the Manufacturing sector with 5 local workers can hire up to 9 foreign workers currently, the reduced quota would mean that, if the local workforce remains at 5, the company would have to reduce its foreign workforce by 2 foreign workers (see
Annex A2).
b. Construction Sector2:
i. Further reductions in the Man-Year-Entitlement (MYE) by an additional 5% for new projects awarded with effect from 1 July 2012. This will bring cumulative MYE cuts to 45% by July 2013;
ii. A higher Foreign Worker Levy (FWL) of $650 will be introduced for basic skilled Work Permit holders in the MYE-waiver category from 1 January 2013, and this will be raised to $750 in July 2013. - Please refer to
Annex A and
Annex B for an overview of the changes.
- Companies can go online to the MOM website to calculate their new DRC/sub-DRC to see what the changes would mean specifically for them.
1 As a special concession, Services sector companies with only one local employee will be allowed to continue to employ one work permit holder.
2 In response to industry feedback, MND/BCA are currently exploring new upskilling pathways and schemes to recognise and retain experience among the construction foreign workforce, to support the construction productivity drive.
From: www.mom.gov.sg
Posted by Htun
Wednesday, February 22, 2012
အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ(၁)
Wonders will never cease! (အံ့သြမကုန်နိုင်ဘွယ်ပါလား)
အံ့သြတယ်လို့ သိစေချင်ရင် wonders will never cease! လို့ ပြောနိုင်တယ်။
1. Wonders will never cease! There were no delays at the airport.
အံ့သြမကုန်နိုင်ဘွယ်ပါလား။ လေဆိပ်မှာ မစောင့်ရဘူး။
2. Wonders will never cease! We're getting quite a large pay rise this year.
အံ့သြမကုန်နိုင်ဘွယ်ပါလား။ ဒီနှစ်အတွက် လစာ အများကြီး တိုးရတော့မှာ။
Don’t bank on it (အပိုင်တွက်ထားလို့ မရဘူးနော်)
တစ်ခုခုအပေါ်မှာ လုံးလုံးလျားလျား မှီခိုအားထားပြီး ကြိုတွက်မထားနဲ့လို့ အကြံပေးချင်ရင် don’t bank on it လို့ ပြောနိုင်တယ်။
1. 'According to the weather forecast it's going to be a fine day for a picnic tomorrow.' 'Don't bank on it! The weather forecasters often get things wrong.
မိုးလေဝသခန့်မှန်းချက်မှာ မနက်ဖြန် ပျော်ပွဲစားထွက်ဖို့ ရာသီဥတုကောင်းမယ်လို့ ပါတယ်။
အပိုင်တွက်ထားလို့ မရဘူးနော်။ မိုးလေ၀သ ခန့်မှန်းချက်ထုတ်တဲ့ လူတွေ မကြာမကြာ မှားတယ်နော်။
2. Jim said that he'd help us move house, but don't bank on it. He's not very reliable.
ဒို့အိမ်ပြောင်းတဲ့အခါ ဂျင်မ်က ကူမယ်လို့ ပြောတာဘဲ။ ဒါပေမယ့် အပိုင်တွက်မထားနဲ့။ ဒီလူက သုံးခွက်တစ်ခွက်တင် လူစားမျိုး။
No big deal (ရေးကြီးခွင်ကျယ်မဟုတ်ပါ။)
ဘာမှအရေးကြီးတဲ့ကိစ္စမဟုတ်ပါဘူးလို့ ပြောချင်ရင် no big deal ကို သုံးနိုင်တယ်။
1. Many people considered that John was a hero for rescuing the boy from the fire, but he said modestly that it was no big deal.
ကောင်လေးကို မီးထဲက ကယ်ထုတ်ခဲ့လို့ ဂျွန်ကို သူရဲကောင်းလို့ အများက သဘောထားကြပေမယ့် ဂျွန်ကတော့ ဒါဘာမှ ကြီးကျယ်တဲ့ လုပ်ရပ်မဟုတ်ပါဘူးလို့ နှိမ့်ချစွာနဲ့ ပြောပါတယ်။
2. Bob said it was no big deal when he borrowed the firm's van for his personal business, but the boss was furious when he found out.
ဘော့ဘ်က ဘာမှ ရေးကြီးခွင်ကျယ်ကိစ္စမဟုတ်ဘူးလို့ ဆိုပြီး ကုမ္ပဏီက ဗင်ကားကို ကိုယ်ရေးကိုယ်တာ အတွက် ယူသုံးတယ်၊ ဘော့စ်လဲသိရော ဒေါသူပုန်ထပါလေရော။
Talk of the devil! (အသက်ရှည်အုံးမယ်။)
လူတစ်ယောက်အကြောင်း ပြောနေတုံး အဲဒီလူကို ရုတ်တရက် အနားရောက်လာတာ တွေ့ရတဲ့အခါ talk of the devil! လို့ ပြောနိုင်တယ်။
1. Talk of the devil! We were just saying that we hadn't seen you for a long time.
အသက်ရှည်အုံးမယ်။ မင်းကို မတွေ့တာကြာပြီလို့ အခုဘဲ ပြောနေတာ။
2. Talk of the devil! I'd have just remarked that I don't see many of my old student friends these days when two of them came into the pub.
ဒီလူတွေ အသက်ရှည်အုံးမယ်၊ ကျောင်းတုံးက သူငယ်ချင်းဟောင်းတွေ တော်တော်များများ ပြန်မဆုံတော့ဘူးလို့ ပြောရုံရှိသေး၊ (လက်ဖက်ရည်/အရက်) ဆိုင်ထဲ သူငယ်ချင်းဟောင်း နှစ်ယောက်ဝင်လာတယ်။
Not exactly ... (တော့ မ...ဘူး။)
အကြောင်းအရာတစ်ခုခု မမှန်ကြောင်း ပြောချင်တဲ့အခါ not exactly ကို သုံးနိုင်တယ်။
1. The neighbours are not exactly friendly. They all ignored us.
အိမ်နီးချင်းတွေက ရင်းရင်းနှီးနှီးတော့ မရှိဘူး။ ဆေးဖော်ကြောဖက်ကို မလုပ်တာ။
2. Property is not exactly cheap in this area. I am amazed that Lucy was able to afford a flat here.
ဒီရပ်ကွက်ထဲမှာ အိမ်ခြံမြေဈေး မသေးဘူး။ ဒီရပ်ကွက်ထဲမှာ လူစီ အိမ်ခန်းဝယ်နိုင်တာ သိပ်အံ့သြတာဘဲ။
ကိုယ့်ကို တစ်ခုခု လာပြောတဲ့အခါ မဟုတ်သေးဘူးလို့ ပြန်ပြောချင်ရင် not exactly ကို သုံးနိုင်တယ်။
1. 'Was Jack happy to be transferred to the London office?' 'Not exactly, but he didn't complain because he thought the transfer would lead to promotion.'
ဂျက် က လန်ဒန်ရုံးကို ပြောင်းသွားရတာ ပျော်ရဲ့လား။ ပျော်တော့ မပျော်ဘူး။ ဒါပေမယ့် ပြောင်းပြီးရင် ရာထူးတက်မယ်ထင်လို့ အောင့်အည်းပြီး နေနေတယ်။
Posted by ကိုတူး(မိတ္ထီလာ GTI)
Tuesday, February 21, 2012
စင်ကာပူနိုင်ငံတွင် ပြည်ပမှ လာရောက်လုပ်ကိုင်သော အလုပ်သမားများကို လျှော့ချသွားမည်
စင်ကာပူနိုင်ငံတွင် ကုမ္ပဏီများ ငွေကြေးလည်ပတ်မှု အခက်အခဲနှင့် နိုင်ငံခြားမှ လာရောက်လုပ်ကိုင်သော အလုပ်သမားဦးရေ တိုတးက်များပြားမှုကြောင့် ပြည်ပမှ လာရောက်လုပ်ကိုင်သော အလုပ်သမားများကို လျှော့ချသွားမည်ဖြစ်ကြောင်း စင်ကာပူအရာရှိများက ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြောကြားသည်။ လာမည့် ဇူလိုင် ၁ ရက်မှစတင်၍ ကုမ္ပဏီများတွင် လာရောက်လုပ်ကိုင်နေသော ပြည်ပအလုပ်သမားများဦးရေးကို ၆၀ ရာခိုင်နှုန်းအထိ လျှော့ချသွားမည်ဖြစ်သည်။ စင်ကာပူနိုင်ငံတွင် လောလောဆယ်၌ ပြည်ပအလုပ်သမားဦးရေ ၆၅ ရာခိုင်နှုန်းခန့် ရှိနေသည်။ ၀န်ဆောင်မှုလုပ်ငန်းများတွင် ၅၀ ရာခိုင်နှုန်းမှ ၄၅ ရာခိုင်နှုန်းသို့လည်းကောင်း၊ ထုတ်လုပ်ရေးလုပ်ငန်းများနှင့် အခြေခံအဆောက်အအုံ လုပ်ငန်းများတွင်လည်း ပြည်ပအလုပ်သမားဦးရေများ သိသိသာသာ လျှော့ချသွားမည်ဟု စင်ကာပူဘဏ္ဍာရေးဝန်ကြီးက ပြောကြားသည်။
Source: Myamar Express
Posted by ငခဲ
Source: Myamar Express
Posted by ငခဲ
Monday, February 20, 2012
စင်ကာပူနေ့စဉ်သတင်းနဲ့ နေ့စဉ်အတင်းများ
သူငယ်ချင်းတို့.ရေ...ဒီနေ့.ခုဓါတ်ပုံပါဘုရားဆင်းတုတော်ကို ' Cash Converter~ Jurong East ' တစ်ပတ်နွမ်းတွေရောင်းတဲ့ ဆိုင်မှာတွေ့လို့ ဆင်းတုတော်ကိုမတော်ရာနေရာတွေ ရောက်မှာစိုးတာရယ် ၊ ဘုရားဆင်းတုဆိုတာမြင့်မြတ်တဲ့ နေရာမှာသာအပူဇော်ခံထားသင့်တာကြောင့် အားလုံးတတ်နိုင်သလောက် စုပေါင်းဝယ်ယူပြီး သင့်တော်တဲ့ဘုန်းတော်ကြီးကျောင်းမှာ ပူဇော်ကြဖို့ တိုက်တွန်းပါတယ်။ ရောင်းဈေးက 3,880 S$ပါ။ ဘုရားဆင်းတုတော်ရဲ့ဉာဏ်တော်ဟာ ၇ပေနီးပါးရှိပါတယ်။ ယခုအခါ ဆင်းတုတော်သီတင်းသုံးစံမြန်းရန် မြန်မာဘုန်းကြီးကျောင်းမှ ဆရာတော်ဘုရားများရဲ့ ခွင့်ပြုမိန့်ကို ပထမဦးစွာတောင်းခံပါမယ်။ ပြီးနောက် အလှူတော်ငွေများကို ကောက်ခံပါ့မယ်။အလှူတော်ငွေစတင်လက်ခံမည့်ရက်ကို မကြာခင်ထပ်မံအသိပေးပါမယ်။ အနယ်နယ်အရပ်ရပ်မှ ဆက်သွယ်လာ ကြသော စေတနာရှင်အလှူရှင်များအား ကျေးဇူးအထူးပင်တင်ရှိပါတယ်။ မည်သူမဆိုပါဝင်လှူဒါန်းနိုင်ရန် နှိုးဆော်အပ်ပါတယ်။ ကျေးဇူးပြု၍ ဒီmessageကို share ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ အသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းနံပါတ်များသို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ မိုးစန္ဒာမြင့် : 65 - 92377911 , ကိုရင်သန့် : 65-93714371 , ကိုဉာဏ်အေး : 65-81399604 ။ကျေးဇူးတင်ပါတယ်
Posted by Htun Myint Htay
SolidWorks Tutorials
SolidWorks လေ့လာနေတဲ့ သူငယ်ချင်းတွေအတွက်တော့ ဒီစာအုပ်လေးက အကျိုးရှိစေမှာပါ။
SolidWorks Tutorials
Posted by ဝတီ
SolidWorks Tutorials
Posted by ဝတီ
Sunday, February 19, 2012
ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက်များ
တိုင်းပြည်တစ်ခုမှာ ပညာရေးက ဘယ်လောက် အခန်းကဏ္ဍက ပါဝင်နေသလဲဆိုတာကတော့ တိုးတက်နေတဲ့ တိုင်းပြည်တွေရဲ့ ပညာရေး စနစ်တွေကို နှိုင်းယှဉ်ကြည့်ရင် သိနိုင်ပါတယ်။ စာကြည့်တိုက်တွေဟာလည်း နိုင်ငံတစ်ခုရဲ့ ဗဟုသုတ ဟင်လေးအိုးကြီးတွေပါ။ ခုတော့ ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက်တွေကို ကြည့်လိုက်ကြရအောင်…..
ဒီစာကြည့်တိုက်ကြီးကတော့ ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက်အဖြစ် ဂင်းနစ်မှတ်တမ်းဝင်ပါတယ်။ ၀ါရှန်တန် ဒီစီမှာ ရှိတဲ့ ဒီစာကြည့်တိုက်ကြီးမှာတော့ စာအုပ်ပေါင်း ၂၉ သန်းစုစည်း ထားရှိပါသတဲ့။ ဒီဟာကြည့်တိုက်ကို ၁၈၀၀ ပြည်နှစ် ဧပြီလ ၂၄ ရက်နေ့မှ စတင်တည်ထောင်ခဲ့တာပါ။ လောလောဆယ် စာကြည်တိုက်မှုးကတော့ James H. Belington ဖြစ်ပါတယ်။ ဒီစာကြည့်တိုက်ဟာ အမေရိကန်ရဲ့ ရှေးအကျဆုံး စာကြည်တိုက်တစ်ခုလည်း ဖြစ်ပါတယ်။
Nation Library of China
ဒီ စာကြည့်တိုက်ကြီးကတော့ ဘေဂျင်းမှာ ရှိတာဖြစ်ပြီး အာရှတိုက်မှာတော့ အကြီးမားဆုံး စာကြည့်တိုက်တစ်ခုလည်း ဖြစ်ပါတယ်။ စာအုပ်ပေါင်း ၂၃ သန်းရှိပါတယ်။ ဒီစာကြည့်တိုက်ကြီးကိုတော့ ၁၉၀၉ ခုနှစ် ဧပြီလ ၂၄ ရက်နေ့မှာ ချင်း အစိုးရ (Qing government) က စတင်တည်ထောင်ခဲ့တာပါ။။ နောက်ပိုင်းမှာတော့ ၁၉၁၂ ခုနှစ် ရှင်းဟိုင် တော်လှန်ရေးပြီးဆုံးတော့ ပြန်လည် ဖွင့်လှစ်ခဲ့ပါတယ်။ လက်ရှိ စာကြည့်တိုက်မှုးကတော့ Mr. Zhan Furui ဖြစ်ပါတယ်။ (ရှင်းဟိုင်တော်လှန်ရေးကတော့ ၁၉၁၁ လောက်မှာ စဖြစ်တာဖြစ်ပြီးတော့ ၁၉၁၂ မှာ ချင်းအစိုးရကို ဖြုတ်ချပြီး People Republic of China ကို စတင် ထူထောင်နိုင်ခဲ့တဲ့ တော်လှန်ရေးဖြစ်ပါတယ်။)
Library of Russia Academy of Sciences
ကမ္ဘာ့ တတိယ အကြီးဆုံး စာကြည့်တိုက်ဖြစ်ပြီးတော့ စာအုပ်ပေါင်း သန်း ၂၀ ကျော်ရှိပါတယ်။ ရုရှားနိုင်ငံ စိန့်ပီတာ စဘက် မြို့မှာ တည်ရှိပြီးတော့ ၁၇၂၄ ဇန်န၀ါရီ ၂၈ ရက်နေ့မှာ Gottfried Leibniz က ကမကထ ပြုလုပ်ခဲ့တာပါ။ ၁၇၂၄ ခုနှစ်ကနေပြီးတော့ ၁၉၁၄ ခုနှစ်အထိကတော့ Saint Petersburg Academy of Sciences ဆိုတဲ့ နာမည်ကို အသုံးပြုခဲ့ပါတယ်။
National Library and Archives Canada
ကနေဒါနိုင်ငံ၊ Ottawa မြို့က အမျိုးသား စာကြည့်တိုက်ပါ။ စာအုပ်ပေါင်း ၁၈.၈ သန်းကျော်ရှိပါတယ်။ ဒီစာကြည့်တိုက်မှာတော့ ကနေဒါနိုင်ငံရဲ့ သမိုင်းကြောင်းတွေရော၊ စာအုပ်စာပေတွေ အများကြီးရှိပါသသတဲ့။ ဒီစာကြည့်တိုက်ကြီးကိုတော့ ၁၉၅၃ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာပါ။ လက်ရှိ စာကြည့်တိုက်မှုးကတော့ Dr. Daniel J. Caron ဖြစ်ပါတယ်။
German National Library
ဂျာမနီနိုင်ငံ ဖရန့်ဖွတ် (Frankfurt) မြို့မှာ တည်ရှိပါတယ်။ ဂျာမနီလိုတော့ “Deutsche Bibiothek” လို့ ခေါ်ပါတယ်။ ၁၉၁၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး စာအုပ်ပေါင်း ၁၈.၅ သန်းရှိပါတယ်။ လက်ရှိ စာကြည့်တိုက်မှုးကတော့ Dr. Elisabeth Niggemann ဖြစ်ပါတယ်။
Source: http://blog-aunghtut.blogspot.com/
Source: http://blog-aunghtut.blogspot.com/
Posted by ငခဲ
Subscribe to:
Posts (Atom)







