Thursday, March 15, 2012

အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု တိုးတက်စေမည့် နည်းလမ်း (၇၀) - အပိုင်း (၃)

၁၁။ အင်္ဂလိပ်ဘာသာစကားနှင့်ပြန်ဆိုရေးသားထားတဲ့ စာတွေကိုဖတ်ပါ။ စာအုပ်ကိုဖတ်တဲ့အခါမှာ နားလည်လွယ်စေဖို့ အခြားနည်းလမ်းတစ်ခုကတော့ မူရင်း အင်္ဂလိပ်ဘာသာနဲ့ရေးသားထားတာ မဟုတ်ဘဲ အင်္ဂလိပ်လို ပြန်ဆိုထားတဲ့စာအုပ်ကို ရွေးချယ်ဖတ်နိုင်ပါတယ်။ မူရင်းဘာသာက ကိုယ့်ရဲ့ ဘာသာစကား ဖြစ်လျှင် ပိုပြီးကောင်းပါတယ်။ ကိုယ့်ဘာသာစကားနဲ့ရေးထားတဲ့ မူရင်းစာအုပ်ကို မဖတ်ဘူးရင်တောင်မှ မူရင်းအင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတဲ့စာအုပ်ထက် ပိုပြီးတော့ အရေးအသား နည်းနည်းရိုးရှင်းနေပြီး ကိုယ့်ဘာသာစကားနဲ့လည်း ပိုပြီးတော့ ဆင်တူတာကို တွေ့ရမှာဖြစ်ပါတယ်။
၁၂။ ပထမစာမျက်နှာ ၁၀ မျက်နှာလောက်ကို ကျော်ဖတ်ပါ။ အင်္ဂလိပ်လို ရေးထားတဲ့စာအုပ်ကို နားမလည်နိုင်လို့ လက်လျှော့လိုက်ရရင် ဒါမှမဟုတ် ဖတ်ရတာ အရမ်းနှေးနေရင် ပထမ ၁၀ မျက်နှာ လောက်ကို အကြမ်းပဲ ဖတ်လိုက်ပါ။ ဒါမှမဟုတ် လုံးဝကျော်လိုက်ပါ။ စာအုပ်အများစုက အစမှာ သရုပ်ဖော်ချက်တွေသာ အဓိက ပါဝင်နေတာဖြစ်ပါတယ်။ ဒါကြောင့် စကားလုံးဝေါဟာရ ခက်ခဲပြီး ဘာတွေဖြစ်နေတယ်ဆိုတာကို နားလည်သဘောပေါက်ဖို့ အထောက်အကူပြုမယ့် ဇာတ်လမ်းဖြစ်စဉ် တွေလည်း ရှင်းရှင်းလင်းလင်း ရုပ်လုံးမပေါ်သေးဘူး။ ဇာတ်လမ်းသိမှ နောက်စာမျက်နှာကို ဆက်ဖတ်ဖို့ စိတ်အားထက်သန်မှာဖြစ်ပါတယ်။ အချို့ စာအုပ်တွေကတော့ နိဒါန်းပိုင်းကို ကျော်လိုက်ရင်တောင်မှ ခက်လွန်းနေတာလည်း ရှိတတ်သေးတယ်။ အဲဒါဆိုရင် ယာယီအားဖြင့် အဲဒီစာအုပ်ကို လက်လျှော့ထားပြီး အခြားပိုလွယ်တဲ့စာတွေ ဖတ်ပြီးမှပဲ နောက်တစ်ကြိမ်ကြိုးစားပြီး ဖတ်ကြည့်ဖို့ ဖြစ်ပါတယ်။

Wednesday, March 14, 2012

အငြင်းပွားနေသော ရေပြင်ပိုင်နက်ပြဿနာ

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြား အငြင်းပွားနေသော ရေပြင်ပိုင်နက်အား မြန်မာက ပိုင်မည်လား၊ ဘင်္ဂလာဒေခ်ျ့က ပိုင်မည်လား ဆိုသည်ကို မတ်လ ၁၄ ရက်နေ့ ဂျာမဏီ စံတော်ချိန် ၁၁ နာရီ ၃၀ မိနစ်တွင် ဂျာမဏီနိုင်ငံ ဟန်းဘက် ( Hamburg) ၌ စီရင်ချက် ချမှတ်မည် ဖြစ်သည်။ ကုလသမဂ္ဂ လက်အောက်ခံ နိုင်ငံတကာ ရေပြင်ပိုင်နက် အငြင်းပွားမူ ဖြေရှင်းရေး ဆိုင်ရာ ဂျူရီခုံရုံးမှ တရားသူကြီး ၂၃ ဦးက ဆုံးဖြတ်ချက်ချမှာ ဖြစ်ပါတယ်။ ခုချိန်လောက် ဆိုရင်တော့ စီရင်ချက် ချပြီးလောက်ပြီ ထင်ပါတယ်။ စင်္ကာပူနဲ့က ၇ နာရီလောက်ပဲ စံတော်ချိန်က ကွာတယ်ဆိုတော့။ ဘယ်သူက တကယ်တမ်းပိုင်လဲ ဆိုတာတော့ မသိပါဘူး။ ဒါပေမယ့်လည်း သူပိုင်တယ်၊ ငါပိုင်တယ် နဲ့ အငြင်းပွားပြီး နိုင်ငံတကာ ခုံရုံးရဲ့ အဆုံးအဖြတ် နဲ့ အတည်ပြုပြီး အဆုံးသတ်တော့ မှာဆိုတော့ ကိုယ့်နိုင်ငံ ကိုပဲနိုင်စေချင်တာ ပေါ့ဗျာ။ ဒီတစ်ခါ ဆုံးဖြတ်ချက်က အပြီးပဲ၊ ထပ်ပြီးတော့ အသနားခံတာတွေ အယူခံဝင်တာတွေလဲ လုပ်မရတော့ဘူးဆိုတော့ ဇာတ်လမ်းကပြတ်နေပြီ။ ဆိုတော့ သူပိုင်ပိုင်၊ ကိုယ်ပိုင်ပိုင်၊ ကိုယ်နိုင်ဖို့က အရေးအကြီးဆုံးပဲလေ။ ဟုတ်ဘူးလား။ ပြီးတော့ ဒီနေရာကလည်း တကယ့် ရေနံ သဘာဝ ထွက်နေတဲ့ နေရာဆိုတော့ နယ်မြေ ပိုင်ဆိုင်မှုသာမက စီးပွားရေး အရပါ အတော်လေး အရေးပါနေတာ ဆိုတော့ ဟိုဖက်ကိုသာ အနိုင်ပေးလိုက်ရင် ကိုယ့်အတွက် အတော်နစ်နာ သွားနိုင်တာ အမှန်ပဲ။ ဒီသတင်းကို စိတ်ဝင်တစား နဲ့ စောင့်နေပေမယ့် ခုချိန်ထိ သတင်းဋ္ဌာန အတော်များများက မတင်ဘူး။ နိရဉ္စရာ ကတင်ထားတာ တစ်ခုပဲ တွေ့သေးတယ်။ သိရပြီဆိုရင်တော့ ထပ်ရေးပြီး တင်ထားလိုက်ပါ့မယ်။


မှီငြမ်း
နိရဉ္စရာ

Posted by ဂျစ်တီး

Tuesday, March 13, 2012

အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု တိုးတက်စေမည့် နည်းလမ်း (၇၀) - အပိုင်း (၂)

၆။ သီချင်းစာသားကိုဖတ်ပါ။ အင်္ဂလိပ်သီချင်းနားထောင်ရုံသက်သက်နဲ့လည်း သီချင်းထဲမှာပါတဲ့ စကာလုံးတွေကို အလွယ်တကူ မှတ်မိသိရှိသွားနိုင်တဲ့ နည်းလမ်းကောင်းဖြစ်ပါတယ်။ ဒါပေမယ့် အင်္ဂလိပ် သီချင်းနားထောင်ပြီး တကယ်တမ်း အင်္ဂလိပ်စာ တိုးတက်ချင်တယ်ဆိုရင် သီချင်းစာသားကို အဘိဓာန် သုံးပြီးတော့ အချိန်ပေး ဖတ်ရှုလေ့လာရမှာ ဖြစ်ပါတယ်။ CD  နဲ့အတူ သီချင်းစာသားစာအုပ်ကလေး ပါမလာဘူးဆိုရင် အင်တာနက်မှာ သီချင်းစာသား ရှာယူနိုင်ပါတယ်။ တချို့သီချင်းစာသားတင်ထားတဲ့ Website တွေက မူပိုင်ခွင့်ကြောင့် သူတို့တင်ထားတဲ့ သီချင်းစာသားတွေထဲမှာ အမှားနည်းနည်း တမင်တကာ ထည့်ထားတတ်ကြတယ် ဆိုတာကို သတိပြုပါ။ သီချင်းစာသားကိုဖတ်ပြီး နားလည်သွားပြီ ဆိုရင် သီချင်းကို နားထောင်ပြီး တစ်ချိန်တည်းမှာပဲ စာသားကိုဖတ်မယ်ဆိုရင် သဘာဝအတိုင်း အလွတ်သဘော စကား အမြန် ပြောတဲ့အခါမှာ အသံထွက်တွေ ဘယ်လိုပြောင်းလဲသွားသလဲ ဆိုတာကို နားလည်နိုင်ဖို့ နည်းလမ်းကောင်းတစ်ရပ်ဖြစ်ပါတယ်။

Our Memories at GTI

ဘယ်တော့မှ ပြန်မရ နိုင်တော့တဲ့ နုစဉ်က ပုံလေးတွေ ကိုပြန်ကြည့်ရင်း သူငယ်ချင်းတွေ ကိုလည်းသတိရ၊ ကိုယ့်ကိုကိုယ်လည်း စိတ်တိုင်းမကျ ဖြစ်နေရင်းမှ အမှတ်တရ အနေနဲ့ တင်လိုက်ပါတယ်။



Posted by Jenny Sanngwe

Monday, March 12, 2012

သောက

နှစ်မကုန်ခင်
မြစ်ဆုံတော့ သွားကြည့်ထားဦးမှ
မလိဇွပ်နားဝယ်
ဆည်ဆောက်မှာလေ
သေမလောက်ကြောက်မိပါရဲ့။ 

မျိုးပြုတ်အောင် တောတွေခုတ်
လုပ်ချင်သလို လုပ်နေကြတဲ့ အဖြစ်
မြစ်တကြော
လောဘဇောတိုက် နေတဲ့ လူတသိုက်
ရွှေနှိုက်နေပုံ များကလည်း မြင်မကောင်းဘူး။

ကချင်မြေတ၀ိုက်
ရေလိုက်လွဲနေပုံများ
မဟားဒရား တွင်းတွေတူး
အရူးအမူးတောင်တွေဖြို
အို…ကြောက်စရာ ကောင်းလှချည့်
ရှိသမျှ သယံဇာတ
အစလေးမှ ကျန်ပါဦးမလား
ခါးသီးစရာ မြင်ကွင်းများ
အားလို့ online ပေါ်တက်တိုင်း မြင်နေရ
လှပတဲ့ တောတောင် ရေမြေသဘာဝ
မပျက်စီးခင်က ငါတော့ အ၀သွားကြည့်ထားဦးမှ
သွားကြည့်ထားဦးမှ ။      ။


Posted by ဂျစ်တီး

အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ(၃)

With a bit of luck (ကံကောင်းမယ်ဆိုရင်)
You say with a bit of luck when you hope that you will be fortunate enough for something to happen:
ကံကောင်းမယ်ဆိုရင် (with a bit of luck) ကို တစ်စုံတစ်ခုဖြစ်ပေါ်လာစေရန် ကံအကြောင်းတိုက်ဆိုက်မှုရှိလာစေရန် မျှော်လင့်သည့် အချိန်တွင် ပြောဆိုနိုင်သည်။
1. With a bit of luck we should reach home before midnight.
    ကံကောင်းမယ်ဆိုရင် အိမ်ကို ညသန်းခေါင်မရောက်ခင် ပြန်ရောက်နိုင်တယ်။
2. With a bit of luck we'll find a cheap hotel down by the beach.
    ကံကောင်းမယ်ဆိုရင် ကမ်းခြေမှာ ဈေးပေါပေါနဲ့ ဟိုတယ် ရနိုင်မယ်။
What did I tell you? (မင်းကိုငါဘာပြောခဲ့လဲ)
You say what did I tell you? when you have been proved to be right about something, especially when you had warned someone that something bad might happen:
မင်းကိုငါဘာပြောခဲ့လဲ (what did I tell you?) ကို တစ်စုံတစ်ခုနှင့်ပတ်သက်၍ မှန်ကန်ကြောင်း ကို သက်သေပြနိုင်သည့်အခါ၊ အထူးသဖြင့် တစ်စုံတစ်ယောက်အား ဆိုးရွားစွာ ဖြစ်ပေါ်လာနိုင်သည့်ကိစ္စတစ်ခုခုနှင့် ပတ်သက်၍ သတိပေးထားသည့်အခါမျိုးတွင် သုံးနိုင်သည်။

Sunday, March 11, 2012

ရောင်စုံရုပ်ပြပဋ္ဌာန်း[၂၄]ပစ္စည်းနှင့်ရှင်းချက်များ

ရောင်စုံရုပ်ပြပဋ္ဌာန်း[၂၄]ပစ္စည်းနှင့်ရှင်းချက်များ-SS-ခင်မောင်အေး
From https://sagarwarmyae.wordpress.com
Posted by Htun

စင်ကာပူနိုင်ငံ မြန်မာသံရုံးတွင် Online Appointment လျှောက်နိုင်ပြီ

စင်ကာပူမှာ အလုပ်လုပ်နေသော သူငယ်ချင်းတို့အနေနဲ့  မိမိတို့၏ Passport သက်တမ်းတိုးရာတွင်၎င်း၊ အသစ်လျှောက်ထားရာတွင်၎င်း၊ ကျောင်းသားဖြစ်ကြောင်း ထောက်ခံစာ လျှောက်ထားရာတွင်၎င်း၊ မှီခိုသူဖြစ်ကြောင်း ထောက်ခံစာ လျှောက်ထားရာတွင်၎င်း စသည့်ဖြင့်ပြုလုပ်ရာတွင် အရင်လို အချိန်ကုန်ခံပြီး မြန်မာသံရုံးသို့သွားရောက်၍ Appointment ရက်ချိန်းရယူရန်အတွက် စောင့်ဆိုင်းတန်းစီဖို့မလိုတော့ပဲ ယခုအခါ online မှတဆင့် မြန်မာသံရုံး၊ စင်ကာပူ website http://www.mesingapore.org.sg တွင် လျှောက်ထားနိုင်ပြီ ဖြစ်သည်။ မည်သို့်မည်ပုံ ဝင်ရောက်၍ လျှောက်ထားရမည်ကို အောက်ပါအတိုင်း ကြည့်ရှူလေ့လာနိုင်ပါသည်။
Online Appointment Handbook
Posted by အိမ်လွှမ်းသူ

Saturday, March 10, 2012

စင်္ကာပူမြန်မာသံရုံးအကြောင်း သမ္မတထံ ပေးစာ – open letter

 
၁. ကျွန်တော်သည် စင်ကာပူနိုင်ငံသို့ ၂၀၀၈ ခုနှစ်ကရောက်ရှိပြီး S Pass ဖြင့် ယခုအချိန် (၁၀.၃.၂၀၁၂) ထိ အလုပ် လုပ်ကိုင်လျက်ရှိပါသည်။
၂. ၂၀၀၉ ခုနှစ်တွင် ကျွန်တော့် ပတ်(စ)ပို့ သက်တမ်းတိုးရန် လိုအပ်သည့် အတွက်၂၀၀၉ ခုနှစ် ဇန်န၀ါရီလအထိ… တစ်လကို စင်ကာပူဒေါ်လာ (၈၀) နှုန်းဖြင့်စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးသို့ အခွန် ပေးဆောင်ခဲ့ပါသည်။
၃. ထိုသို့အခွန်ပေးဆောင်ရခြင်းမှာ (ကျွန်တော် နားလည်သလောက်) တကယ်တမ်း ဥပဒေအရ ပေးဆောင်စရာ မလိုအပ်သော်လည်း ပတ်(စ)ပို့ သက်တမ်း တိုးရန်အတွက် ပေးဆောင်ခဲ့ရခြင်းသာဖြစ်ပါသည်။
(မှတ်ချက်။ ။ ပူးတွဲပါဖိုင် ၁ …. ၁၉၉၉ ဖေဖော်ဝါရီလ (၂၃) ရက်နေ့တွင် မြန်မာပြည်နှင့် စင်ကာပူနိုင်ငံတို့ နှစ်ထပ်အခွန် မပေးဆောင်ရေး သဘောတူစာချုပ်တွင် ကြည့်နိုင်ပါသည်။ ထိုစဉ်က မြန်မာပြည်ဘက်မှ လက်မှတ်ရေးထိုးသူမှာဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး (ဦး) ခင်မောင်သိန်း ဖြစ်ပါသည်။)
၎. ထိုကိစ္စများသည် အရင် စစ်အုပ်ချုပ်ရေးအစိုးရ အုပ်ချုပ်နေစဉ် ဖြစ်သောကြောင့်လုပ်ဆောင်မှု မမှန်ကန်မှန်း သိသော်လည်း မိမိတို့ စင်ကာနိုင်ငံတွင် အလုပ် ဆက်လက်လုပ်နိုင်ရေးအတွက် ပတ်(စ)ပို့ သက်တမ်းတိုးရန် အခွန်ပေးခဲ့ကြရပါသည်။
(ထိုကဲ့သို့ နှစ်ထပ်အခွန် မပေးရေးအတွက် စင်ကာပူနိုင်ငံရှိ မြန်မာများ ဥပဒေကြောင်းအရ တောင်းဆိုခဲ့ကြသော်လည်း ထိုစဉ်က မြန်မာ စစ်အစိုးရသည် မသိကျိုးကျွန်ပြုခဲ့ကြပါသည်။ ထိုသတင်းများကို စင်ကာပူနိုင်ငံထုတ် StraitsTimes ၊ Today သတင်းစာများမှ သတင်းဟောင်းများကို ပြန်လည်ကြည့်ရှုနိုင်ပါသည်။)

Wednesday, March 07, 2012

မြန်မာ ယူ-၂၁ အသင်း နှင့် ဘရူနိုင်း ယူ-၂၁ အသင်း တို့၏ ပထမအကြိုဗိုလ်လုပွဲစဉ်

ဘရူနိုင်းနိုင်ငံတွင်ကျင်းပသည့် ဘရူနိုင်းဖိတ်ခေါ်ဖလားပွဲ၏ ဒုတိယအကြိုဗိုလ်လုပွဲစဉ်အဖြစ် မြန်မာ ယူ-၂၁ အသင်း နှင့် ဘရူနိုင်း ယူ-၂၁ အသင်း တို့ယှဉ်ပြိုင်ခဲ့ကြရာ ဘရူနိုင်း ယူ-၂၁ အသင်းက ၃ဂိုး ၂ဂိုးဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားနိုင်ပြီ ဖြစ်သည်။ ပထမအကြိုဗိုလ်လုပွဲစဉ်တွင် အင်ဒိုနီးရှား ယူ-၂၁ အသင်းက ဗီယမ်နမ် ယူ-၂၁ အသင်း ကို ၂ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ ဗိုလ်လုပွဲတွင် ဘရူနိုင်း ယူ-၂၁ အသင်းနှင့် အင်ဒိုနီးရှား ယူ-၂၁ အသင်းတို့သည် မတ်လ(၉)ရက်နေ့တွင် ဆက်လက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
Posted by MTLA GTI Group