Posted by ဝတီ
Sunday, April 15, 2012
Saturday, April 14, 2012
ရာဇဝင်ထဲက သင်္ကြန်
ပိတောက်သင်းသော လရာသီ
သင်္ကြန်လေအေးလေးက အပူထဲမှ အအေးကိုယူဆောင်လာသည်။ ပုဂံမြေမှ အပျော်အပါး ခုံမင်သော၊ အကျီးစားသန်သော နရသီဟပတေ့မင်း၏ ထူးကဲစွာ ပြင်ဆင်ထားသည့် သင်္ကြန်ပွဲတော်.....
မိဖုရားကြီးငယ်များ၊ မောင်းမတော်၊ ကိုယ်လုပ်တော်၊ အပျိုတော်များအားလုံး တင့်တယ်သော အလှကိုယ်စီဖြင့် ပျော်ရွင်စွာ ရေးကစားကြသည်။
“ဘုန်းတော်ကြီးမြတ်သော မောင်တော်ဘုရား ကျန်းမာပါစေ”
“မောင်တော်မင်ကြီး အေးချမ်းပါစေ”
“မောင်တော် ဘုန်းတော်ကြီးမြင့်ပါစေ” စသည့်ဖြင့် ကောင်းမြတ်သော ဆုတောင်းများနှင့်အတူ မိဖုးရားခေါင်ကြီးနှင့်တကွ မိဖုရားများမှ သွန်းဖျန်းသောရေစင်ဖြင့် နရပတေ့မင်းကြီး၏ကိုယ်တော်မှာ ရွဲရွဲစိုလျက်။
မိဖု၇ားအချင်းချင်းလည်း အပြန်အလှန် ရေကစားကြသည်။ ရေကစားမဏ္ဍပ်တော်အတွင်း၌ ရယ်သံမောသံများညံ၍ အားလုံးအားလုံးသောသူတို့မှာ ရေရွဲရွဲစိုလျက်။
အားလုံးထဲတွင် ထူးခြားနေသူက မိဖုရားစောလုံ။
စောလုံသည်ဣနြေ္ဒရစွာ စံမြန်းလျက် ရံရွှေတော်များ ဆက်သသောပိတောက်ပန်းများကို ရင်မှာထွေးပွေ၍ သင်းသင်းလေးနှင့် မွှေးအိသော ပိတောက်နံကို မြတ်နိုးစွာ ခံစားနေ၏။ အဆောင်ရ နန်းရမိဖုရားများထဲတွင် ကိုယ်နေဟန်ထားသွယ်လျ အချိုးကျသူ။ အသက်ငယ်သူ လှပတင့်တယ်သော ကောင်းခြင်းအဖြာဖြာနှင့် ပြည့်စုံသော မိဖုရားစောလုံသည် ပိတုန်းရောင် ဆံကေသာထက်တွင် ပိတောက်ပန်းတစ်ခက်ကိုပန်ဆက်၍ ပိတောက်ပန်းနှင့်အပြိုင် လှပတင့်တယ်နေ၏။
Friday, April 13, 2012
ပိတောက်ပန်း
ပိတောက်ပန်း
လတန်ခူးပေမို့
အလှထူးပါဘိ
မြမြဖူးရယ်တဲ့ ခိုင်ရွှေဝါ။
တကယ်တမ်းသာဖြင့်
ဘယ်ပန်းသော် စံမတူဘု
နန္ဒမူ ဖလ်ဂူထိပ်မှာလ
ပစ္စေကာ ချွေးတော်သိပ်ရတယ်
အေးရိပ်ဆာယာ။
တနှစ်တွင် သည်တလသာပ
တလတွင် တရက်ထဲ
ခက်ခဲတဲ့ ရက်ဗုဒ္ဓါ
ပွင့်ရှာကြ စုံမြိုင်တွင်း။
မြူမင်းလွင်ထန်
ကြူသင်းတာချိန်ယံ မတော့
ရွှေဝတ်ဆံ ငုံတံ ညှောက်ကယ်နှင့်
ခါသင်္ကြန် ဂိမှာန် ရောက်ပြန်တော့
သိရ်သရေ ထိန်ဝေလို့ တောက်တဲ့ပြင်
လမ်းတလျှောက် သင်းတာမို့
ဆန်းသလောက် မလင်းနိုင်ဘု
ပန်းပိတောက်မင်း။ ။
(ဦးကြော့)
Posted by KAE
Thursday, April 12, 2012
သင်္ကြန်သီချင်းများ
သင်္ကြန်မိုး ရုပ်ရှင်သီချင်းများ
Alpine သင်္ကြန်
သင်္ကြန်ရေ
ဒီနှစ်ကူးမှာကဲနေပြီ
2006 ရတနာမြိုင်သင်္ကြန်
အကောင်းဆုံးသင်္ကြန်တေးများ ( အောင်ရင် )
အမြူးဆုံးသင်္ကြန် ၂၀၀၃
အေးချမ်းပါစေသင်္ကြန်ရေ
အင်တာနက်သင်္ကြန်
Hip Hop သင်္ကြန်
Lazy Club သင်္ကြန်
မာစတာ သင်္ကြန်
နှစ်ကိုယ်တူချစ်သမျှ
နှစ်သစ်မင်္ဂလာ ၁
နှစ်သစ်မင်္ဂလာ ၂
နှစ်သစ်မင်္ဂလာ ၃
နွေလယ်မိုး
နွေဦးရဲ့လတန်ခူး
ပိတောက်ကပွဲ
ပိတောက်ပင်လယ် ၁
ပိတောက်ပင်လယ် ၂
Rock & Roll သင်္ကြန်
Posted by ဝတီ
Sunday, April 08, 2012
Saturday, April 07, 2012
The Terrafugia Transition (ကားပျံ)
ကမ္ဘာ့ ပထမဆုံး မိုးပျံကားကို မကြာမီ ရောင်းချသွားတော့မည်ဖြစ်သည်။ အမေရိကန် ကုမ္ပဏီ Terrafugia Transitionက မိုးပျံကား စမ်းသပ်မှုများအားလုံး စိတ်ကျေနပ်လောက်ဖွယ် အပြီးသတ်နိုင်ခဲ့ပြီးနောက် ယင်းကို မကြာမီ ရောင်းချသွားတော့မည်ဟု ကြေညာခဲ့သည်။
ဘော်စတွန် အခြေစိုက် ကုမ္ပဏီက ဖန်တီးထားသော မော်တော်ကားသည် စက္ကန့် ၃၀ အတွင်း မော်တော်ကား အသွင်မှ လေယာဉ်ငယ် တစ်စင်းအဖြစ် အသွင်ပြောင်းလဲနိုင်သည်။ ယင်းသည် လေထဲတွင် တစ်နာရီ ၁၈၅ မိုင်နှုန်း မောင်းနှင်နိုင်ပြီး လမ်းပေါ်တွင် ၁ နာရီ ၁၀၅ မိုင်နှုန်းထိ မြန်နှုန်းမြှင့်တင်နိုင်သည်။ မော်တော်ကားအဖြစ် မောင်းနှင်နေစဉ် တောင်ပံများကို ခေါက်ထားနိုင်မည်ဖြစ်သည်။ ယခုနှစ် အတွင်း စတင်ရောင်းချမည့် မော်တော်ကားများ၏ ဈေးနှုန်းကို ပေါင်စတာလင် ၁၂၅ဝဝဝ မှ ၁၆၀၀၀၀ အတွင်း သတ်မှတ်သွားဖွယ် ရှိနေသည်။ ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးဖြစ်သော ရစ်ချတ်ဂရက်က နှစ်စဉ် မိုးပျံကားစင်းရေ ၂၀၀ ဝန်းကျင်မျှ ရောင်းချသွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ယင်း ကားများ သည် တစ်ကြိမ် ဆီဖြည့်ထားလျင် မိုင် ၄၀၀ မှ ၄၅၀ ထိ ခရီးပေါက်အောင် သွားလာနိုင်ပြီး ယခုအခါ စင်းရေ ၁၀၀ စာ အော်ဒါလက်ခံရရှိထားကြောင်း ၎င်းက ဆက်လက်ပြောဆိုသွားသည်။
Posted by Htun
ပရောဂျက် အင်ဂျင်နီယာ နဲ့ Lifting စပါယ်ရှယ်လစ်
Mun Siong Engineering Limited
|
Mun Siong Engineering Limited is an integrated mechanical engineering, electrical and instrumentation service provider in the process industries. With a wide range of highly efficient specialized in-house services, the Group is able to provide comprehensive integrated solutions to its customers, which include petroleum majors, petrochemical companies and multi-national engineering, procurement and construction contractors.
Project EngineerAcross Singapore
Responsibilities:
- Effectively follow up the progress of the assigned projects through different phases on safety, schedule, budget, and quality
- Work in close liaison with the Planning section to get the projects scheduled for execution and ensure timely material delivery.
- Provide regular feedback on the project status to management.
- Liaise with vendors and contractors, procurement approvals for purchase of materials, etc.,
- Liaise with the client on project requirements and various departments on engineering, procurement, budget control, etc
- Ensure that Quality, Health, Safety and Environmental Standards are met.
Requirements:
- Candidate must possess at least diploma or Degree in Mechanical Engineering or equivalent.
- At least 2 year(s) of working experience in Construction Projects.
- Good working knowledge of relevant international standards on project management.
- Possess good communication, interpersonal and analytical skills.
Interested applicants, please submit your full CV with present, expected salaries, contact number(s) and notice period required by email to:
or
htun.myint.htay@mun-siong.com or
write in to
Mun Siong Engineering Limited
Human Resource Department
35 Tuas Road, Jurong
Singapore 638496
Human Resource Department
35 Tuas Road, Jurong
Singapore 638496
အလုပ်ပြောင်းဖို့ ရှာနေသော မြန်မာအင်ဂျင်နီယာများ လျောက်နိုင်ပါတယ်။
ထွန်းမြင့်ဌေး (9645 6244 or 9080 1253)
Posted by Htun
Friday, April 06, 2012
မေတ္တသုတ် ( မြန်မာပြန် အဓိပ္ပါယ် )
၁။ယဿာနုဘာဝတော ယက္ခာ၊
နေ၀ ဒေဿန္တိ ဘီသနံ။
ယဥှိ စေ၀ါနုယုဉ္ဇန္တော၊
ရတ္တိန္ဒိဝ မတန္ဒိတော။
နေ၀ ဒေဿန္တိ ဘီသနံ။
ယဥှိ စေ၀ါနုယုဉ္ဇန္တော၊
ရတ္တိန္ဒိဝ မတန္ဒိတော။
မေတ္တသုတ်ပရိတ်တော်၏ တန်ခိုးရှိန်စော် အာနုဘော်ကြောင့် ကြမ်းတမ်းခက်ထန်သော ဘီလူး သရဲစသော နာနာဘာဝတို့သည် မခြောက်လှန့်နိုင်ကြကုန်၊ ယင်းသုတ်ကို နေ့ညမပြတ် ရွတ်ဖတ်သရဇ္ဈာယ်သောသူသည်...
၂။ သုခံ သုပတိ သုတ္တော စ၊
ပါပံ ကိဉ္စိ န ပဿတိ။
ဧ၀မာဒိ ဂုဏူပေတံ။
ပရိတ္တံ တံ ဘဏာမ ဟေ။
ပါပံ ကိဉ္စိ န ပဿတိ။
ဧ၀မာဒိ ဂုဏူပေတံ။
ပရိတ္တံ တံ ဘဏာမ ဟေ။
ချမ်းသာစွာ အိပ်ပျော်ခြင်း၊ အိပ်နေစဉ်လည်း အိပ်မက်ဆိုးများ မမြင်မက်ခြင်းစသော အကျိုးဂုဏ်များရှိသောကြောင့် - အို သူတော်ကောင်းအပေါင်းတို့ ငါတို့ ရွတ်ဆိုကြပါစို့…
၃။ကရဏီယ မတ္ထကုသလေန၊
ယန္တ သန္တံ ပဒံ အဘိသမေစ္စ။
သက္ကော ဥဇူ စ သုဟုဇူ စ၊
သုဝစော စဿ မုဒု အနတိမာနိ၊
ယန္တ သန္တံ ပဒံ အဘိသမေစ္စ။
သက္ကော ဥဇူ စ သုဟုဇူ စ၊
သုဝစော စဿ မုဒု အနတိမာနိ၊
အကျိုးစီးပွားလိုလား၍ လိမ္မာကျွမ်းကျင်သောအမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့သည် ငြိမ်သက်အေးချမ်းသော နိဗ္ဗာန်၏ ဂုဏ်တို့ကို အာရုံပြုကာ ယခုကဲ့သို့မေတ္တာပွားမှုကို ပြုသင့်ပါပေ၏၊ ထိုသို့ မေတ္တာပွားလိုသူသည် တစိုက်မတ်မတ်စွမ်းနိုင်အောင် ပွားများအပ်၏၊ ကိုယ်စိတ်နှစ်ပါး ရိုးသားဖြောင့်မတ်သင့်၏၊ အလွန် ရိုးဖြောင့်သူ ဖြစ်သင့်၏၊ ဆုံးမလွယ်သူ၊ သူတပါး၏စကားကို နာခံလွယ်သူဖြစ်ပြီး ကိုယ်နှုတ်နှလုံး သိမ်မွေ့ကာ ကိုယ့်ကိုယ်ကို အထင်ကြီးခြင်းမာန်မာနလဲ မထားသင့်ပေ။
Sunday, April 01, 2012
အလုပ်လုပ်ချိန်မှာ အစဉ်လိုက်သိသင့်သောအရာ ၁ဝခု
(၁) အလုပ်အကိုင် အရင်တန်ဖိုးထား၊ အသိအမှတ်ပြုပါ။ ပြီးမှ ရာထူးတိုးအောင်လုပ်ပါ။
(၂) ပြောဆိုဆက်ဆံရေး တူညီမှုအရင်ရယူပါ။ ပြီးမှ ကွဲလွဲတာကို ဆွေးနွေးပါ။
(၃) အကောင်အထည်ဖော်မှု ဖြစ်မြောက်အောင်အရင်လုပ်ပါ။ ပြီးမှ အကောင်းဆုံးဖြစ်အောင်ကြိုးပမ်းပါ။
(၄) သင်ယူမှု အရင်ဆုံးမှတ်သားပါ။ ပြီးမှ မှတ်ဉာဏ်ထဲထည့်ပါ။
(၅) ပြုလုပ်ဖန်ဆင်းမှု အရင်ဆုံး အတုယူပါ။ ပြီးမှ ဆန်းသစ်တီထွင်ပါ။
(၆) စီးပွားရေးလုပ်ငန်း အရင်ဆုံးဖြစ်ထွန်းအောင်ပျိုးထောင်ပါ။ ပြီးမှ အောင်မြင်မှုကိုရယူပါ။
(၇) ဖွံ့ဖြိုးတိုးတက်မှု အရင်ဆုံး မတ်မတ်ရပ်နိုင်အောင်လုပ်ပါ။ ပြီးမှ မြင့်မားအောင်လုပ်ပါ။
(၈) လူလူချင်းဆက်ဆံရေး လဲလှယ်ပြောဆိုပါ။ ပြီးမှ စိတ်အချင်းချင်း ဖလှယ်ပါ။
(၉) ကိုယ့်ကိုယ်ကို ကောင်းအောင်အရင်လုပ်ပါ။ ပြီးမှ တခြားလူကို တောင်းဆိုပါ။
(၁ဝ) စိတ်ခံစားချက်ကို အရင်ဖြေရှင်းပါ။ ပြီးမှ ကိစ္စရပ်ကို ဖြေရှင်းပါ။
Ref: Nine Nine Sanay @ နိုင်းနိုင်းစနေ
Posted by KAE
Subscribe to:
Posts (Atom)
