Monday, April 30, 2012

ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဓါတ်တော်များပူဇော်ပွဲနှင့် မိုးကုတ်ဝိပဿနာ ၇-ရက် အထူးတရားစခန်းပွဲ

လေးစားအပ်ပါသော ဓမ္မမိတ်ဆွေ သူတော်စဉ် အပေါင်းတို့ခင်ဗျာ...

ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဓာတ်တော်များဖြစ်ကြသော
အံသွားတော်
မျက်လုံးတော်
ဆံတော်များ
အသွေး၊အသား ဓာတ်တော်များနှင့်
ဆရာတော်ကြီး၏ အသုံးအဆောင်ပစ္စည်းများကို (၇) ရက်တိုင်တိုင် ပူဇော်ပွဲနှင့် မန္တလေးမြို့
မိုးကုတ်ဝိပဿနာ မင်္ဂလာရိပ်သာ ဌာနချုပ်မှ နာယကချုပ်ဆရာတော်ဖြစ်သော အရှင် ဣန္ဒက
(ဓမ္မကထိကဆရာတော်)မှ မိုးကုတ်ဝိပဿနာ (၇)ရက်  အထူးတရားစခန်းပွဲကို မေလ (၁)ရက်မှ (၇)ရက်နေ့ အထိကျင်းပသွားမည်ဖြစ်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်အသိပေး နှိုးဆော်လိုက်ရပါသည်။

Sunday, April 29, 2012

ဓမ္မစင်္ကြာမိတ်ဆက် တရားတော် - သီတဂူဆရာတော်


From www.dhammavideo.com
Posted by Htun

ရိုဟင်ဂျာဆိုတာ ဘာလဲ..?

သမိုင်းတစ်ကွေ့ နိုင်ငံရေး အတွေ့အကြုံများ အကြောင်းရေးဖို့ အချက်အလက်တွေ\ပြန်ရှာနေ တုံး ရေဒီယိုမှာ၊ အင်တာနက်မှာ ရိုဟင်ဂျာ ဒုက္ခသည်ဆိုတာတွေကြားရသည်။ အစိုးရကို ဆန့်ကျင် နေ သူများကလည်း ဘာဖြစ်ဖြစ် အစိုးရကိုဆော်ဖို့အခွင့်အရေးရင် မနည်းဘူးဆိုပြီး ရိုဟင်ဂျာတွေကို ဂရုဏာသက်စရာအဖိနှိပ်ခံများအဖြစ် ဘေးတီးပေးကြသည်။ ထိုလုပ်ရပ်သည် မည်မျှ အန္တရာယ်ကြီး သည်ကို ထိုသူတွေသိပါရဲ့လား။ ကျွန်တော် ၀န်ထမ်းဘ၀ တစ်လျှောက်တွင်နှစ်အတော်များများ ရခိုင် ပြည်နယ်မှာ နေခဲ့သဖြင့် ဒီပြဿနာကိုထိတွေ့ခဲ့ရသဖြင့် သိသမျှကို ဝေမျှလိုက်ပါသည်။ ဘယ်သူမှန် ပြီးဘယ်သူမှားသည်ကိုတော့ စာဖတ်သူ လူငယ်များသာ စဉ်းစားကြပါ။ ပထမဆုံး ပြောလိုသည်က ရိုဟင်ဂျာဆိုသော စကားလုံးဖြစ်သည်။ ယနေ့ ရိုဟင်ဂျာကို မူဆလင်ဘာသာဝင် လူမျိုးတစ်မျိုးအဖြစ် ပြောနေသည်။ ကျွန်တော်စိန်ခေါ်လိုပါသည်။ မြန်မာဘုရင် လက်ထက် စစ်တမ်းတွေ၊ အင်္ဂလိပ်ဂေဇက်တီးယားတွေ၊ သမိုင်းတွေ၊ လွတ်လပ်ရေး ရပြီးခေတ် မှတ် တမ်းတွေမှာရိုဟင်ဂျာ လူမျိုးဆိုသည့် စကားလုံး ရှာကြည့်စမ်းပါ။ ဘယ်တော့မှတွေ့မည်မဟုတ်၊ အင်္ဂလိပ် လက်ထက်က ကောက်ခဲ့သော သန်းကောင်စာရင်းများ၊လွတ်လပ်ရေး ရပြီးနောက် ကောက်ယူခဲ့သည့် သန်းကောင်စာရင်းများတွင်ရိုဟင်ဂျာလူမျိုးဟု မရှိပါ။ ရိုဟင်ဂျာဆိုသော စကားလုံးမှာ စစ်တကောင်းကုလားများက ရခိုင်ပြည်သားများကို ခေါ်သည့် ရိုဟင်ရှာ ဆိုသည့် စကားကလာခြင်းဖြစ်သည်။ ဘင်္ဂလားကုလားများက သူတို့ကိုယ်သူတို့ ရခိုင်ပြည်သားနံမည်ခံလိုသဖြင့် ဒီစကားကို ၁၉၅၀ ပြည့်လွန်နှစ်များတွင်တီထွင်ခဲ့ခြင်းဖြစ်သည်။ ဒီ့အရင်က ဒီကုလားများအတွက် နံမည်ရှိပြီးသားဖြစ်သည်။ ဒါကတော့ ကုလားဆိုး သို့မဟုတ် မူဂျာဟစ်များ ဖြစ်သည်။ဒီကုလားဆိုးတွေ မြန်မာနိုင်ငံကို ဘယ်လို ရောက်လာခဲ့သနည်း ။ ဘင်္ဂလားပြည်နယ်နှင့် နယ်ချင်းဆက်နေသည့် ရခိုင်ပြည်နယ်တွင် ယခင်ကမူစလင်ကုလားများ ရှိခဲ့သည်။ သို့သော် ဒီလူတွေက ဒေသခံများမဟုတ်။ရခိုင်ဘုရင်များ စစ်နိုင်သဖြင့် ဖမ်းလာခဲ့သူများ၊ ရခိုင်လယ်ယာမြေများတွင် အလုပ်ကြမ်းလာ လုပ်သူများဖြစ်သည်။ ဘိုးတော်ဘုရား လက်ထက်စစ်တမ်းတွင်ရခိုင်ပြည်နယ်၌ ဘင်္ဂလားကုလား သုံးသောင်းကျော် ရှိသည်ဟုဖော်ပြခဲ့ဖူးသည်။ အင်္ဂလိပ်လက် အောက်ရောက်သောအခါ မြန်မာနိုင်ငံသည်အန္ဒိယနိုင်ငံ၏ အစိတ်အပိုင်း တစ်ခုဖြစ်သည့်အခါ ကုလားတွေ တံခါးမရှိ၊ဓားမရှိဝင်လာကြသည်။ ဆင်းရဲတဲ့ ကုလားတွေက လယ်ကူလီ လုပ်သည်။ ချမ်းသာတဲ့ကုလားက ငွေတိုးချေးစားသည်။ အင်္ဂလိပ်က စူးအက် တူးမြောင်းကြောင့်စပါးဈေးကောင်းတော့ လယ်သစ်တွေဖော်ဖို့ ကုလားတွေ ခေါ်လာသည်။ ထိုအချိန်ကတစ်နှစ်ကို နှစ်ကြိမ် ဘင်္ဂလားက ကုလားတွေကို သဘောင်္နဲ့ သွင်းကြောင်း။သဘောင်္ခကို အထူးနှုန်း သတ်မှတ်ပေးခဲ့ကြောင်း ရှေ့မီနောက်မှီရခိုင်လူကြီးများက ရှင်းပြဖူးသည်။ သေချာသည်ကတော့ အင်္ဂလိပ်လက်အောက်ရောက်စ ၁၈၃၂ ခုနှစ် စာရင်းအရ လူဦးရေ တစ်သိန်းခွဲရှိသည့် ရခိုင်ပြည်နယ်သည် ၁၉၃၂ ခုနှစ် သန်းကောင်စာရင်းအရ စစ်တွေခရိုင် တစ်ခုတည်း၌ပင် လူဦးရေခုနှစ်သိန်းခွဲ ရှိနေတာတွေ့ရ၏။ ထိုကဲ့သို့ ချက်ခြင်း တိုးလားသည့်လူများမှာ အင်္ဂလိပ်တို့ နေရာချပေးခဲ့သည့် ဘင်္ဂလား ကုလားများပင် ဖြစ်သည်။ထိုကဲ့သို့ တိုးလာသည့် ကုလားအများစုမှာ ဘင်္ဂလားဒေ့ရှ်နှင့် နယ်နမိတ်ချင်းဆက်နေသည့် ဘူးသီးတောင်၊ မောင်တော ဒေသတွင် နေထိုင်ကြသည်။

Saturday, April 28, 2012

Cartoon of the week

အင်မတန်ကောင်းမွန်တဲ့ Idea လေးပါ။ အသိတစ်ယောက် ရဲ့ Face Book မှာတွေ့လို့ Share လုပ်ပါတယ်။ မူရင်းတင်တဲ့ သူတော့ မသိလို့ Credit မပေးနိုင်တော့ပါဘူး။
Posted by ဂျစ်တီး

Friday, April 27, 2012

Wednesday, April 25, 2012

SkyNet TV Live

အမိမြေရဲ့ အဝေးမှာရောက်ရှိနေကြတဲ့ သူငယ်ချင်းတို့အတွက် မြန်မာပြည်မှ SkyNet TV Live ထုတ်လွှင့်ချက်ကို ကြည့်ရှုနိုင်ပြီဖြစ်သည်။ တချိုလဲ သိရှိပြီးဖြစ်သော်လည်း မသိသေးသူများအတွက် ရည်ရွယ်ပြီး ဖော်ပြပေးလိုက်ပါသည်။ အဆိုပါ လိုင်းကိုကြည့်ရှုနိုင်စေရန် မိမိ၏ ကွန်ပျူတာတွင် TVU Player ရှိဖိုလိုအပ်ပါသည်။ ထို player ကို အောက်ပါလင့် http://www.tvunetworks.com/downloads/player.html မှ program အား download လုပ်ပြီး မိမိ၏ကွန်ပျူတာတွင် install လုပ်ပါ။ ပြီးရင် TVU Player ၏ Search channels box နေရာမှာ (လိုင်းနံပါတ်) 99221 ကိုရိုက်ထည့်ပြီး တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။
Posted by ဝတီ

အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ(၅)

Can you? (မင်း…နိုင်မလား)
You use can you? when you want to ask someone to do something:
မင်း…..နိုင်မလား can you? ကို တစ်စုံတစ်ဥိးအား ကိစ္စတစ်စုံတစ်ခုဆောင်ရွက်ပေးရန် တောင်းဆိုရာတွင် အသုံးပြုပါသည်။
  1. Can you lend me a pen?
      ငါ့ကို မင်းရဲ့ ဖောင်တိန် ငှားနိုင်မလား
  2. Can you tell me where the station is?
      ငါ့ကို ဘူတာရုံဘယ်နားမှာရှိတယ်ဆိုတာ မင်းပြောပြနိုင်မလား
Help! (ကယ်ကြပါဗျို့)
An exclamation which you use when you are in danger or in need of assistance:
ကယ်ကြပါဗျို့ Help! သည်အန္တရာယ်ကျရောက်နေသောအခါ (သို့) အကူအညီလိုအပ်သောအခါတွင် အသုံးပြုသော အာမေဋိတ် စကားဖြစ်ပါသည်။
  1. 'Help!' called the boy as the boat began to sink.
      ကောင်လေးသည် လှေစတင်နစ်မြုပ်သည့်အခါတွင် ကယ်ကြပါ ဟု အော်လိုက်သည်။
  2. Help! The door is stuck and I can't get out.
      ကယ်ကြပါဗျို့။ တံခါးက ညပ်နေလို့ ကျနော်အပြင်ထွက်လို့မရဘူး

Tuesday, April 24, 2012

ထာဝရမိတ်ဆွေ၊ တခဏမိတ်ဆွေ

မိတ်ဆွေကောင်းဆိုသည်မှာ ခက်ခဲဆုံးအချိန်တွင် မိမိတို့နှင့်အတူရှိနေခြင်းပင်ဖြစ်သည်။ လူမူဘဝသဘာဝမှာ သာရာစီး၊ ပျော်သလိုနေ၊ အခွင့်ထူးရစသည့်အချက်များရှိနေမှသာ မိမိတို့နှင့်အတူတကွ ရှိနေတတ်ပေသည်။ လက်တွေ့ဘဝနယ်ပယ်တွင် အခက်အခဲအကျပ်အတည်းများ တွေ့ကြုံလာပါက ထိုသူတို့ထံမှ ဖယ်ခွာသွားတတ်ကြသူများမှာ တခဏမိတ်ဆွေဟုခေါ်သည့် မိတ်ဆွေတုဖြစ်လေသည်။ အချို့ကလည်း တော်သလိုနေ၊ လွယ်သလိုပင်လုပ်၊ ဘာသိဘာသာနေသွားတတ်သူများမှာလည်း တခဏမိတ်ဆွေများဖြစ်ပေသည်။
လူအချို့တို့မှာ အဆင်ပြေချောမွေ့နေပြီး အလိုလိုက်အကြိုက်ဆောင်နေလျှင် အကြိုက်တွေ့ကြ၍ အလွန်ခင်မင်စရာကောင်းသူပါပဲဟုဆိုလေသည်။ ထိုသူသည် တခါတရံ စိတ်နှင့်အခန့်မသင့်၍ သဘောကွဲလွဲသွားလျှင်မူ ထိုသူထံမှ ဖယ်ခွာသွားတတ်ကြလေသည်။ ဤသို့သော မိတ်ဆွေသင်္ဂဟများမျာ လူမူဘဝတွင် များမှများပေသည်။ တခါ မြင့်မားနေစဉ်အခါတွင်လည်း အလွန်ပင်လေးစားချစ်ခင်ဖွယ်ကောင်းပါဘိဟု ဆိုကြပြန်သေးသည်။ ထိုသူနိမ့်ပါးသွားသောအခါတွင် ဖုတ်လေသည့်ငါးပိ ရှိသည်ဟုလေပင်မထင်တော့ပဲ လမ်းတွေ့လျှင်ပင် မသိချင်ယောင်ဆောင်သွားတတ်ကြပေသည်။
အမှန်တကယ်မိတ်ဆွေကောင်းတို့သည် မိမိခံစားရသည်တို့ကို နားလည်ပေးခြင်း၊ မိမိကြုံတွေ့ရသည့်အခက်အခဲကို ဝိုင်းဝန်းဖြေရှင်းပေးခြင်း၊ မည်သည့်အခြေအနေတွင် ရောက်နေသည်ဖြစ်စေ နှုတ်၏စောင်မခြင်း၊ လက်၏စောင်မခြင်းတို့ကို ပြုလေသည်။ မိတ်ဆွေကောင်းဆိုသည်မှာ အခက်အခဲဆုံးအချိန်တွင် မိမိနှင့်အတူရှိနေခြင်းပင်ဖြစ်သည်။ မိမိကိုလည်း အခက်အခဲကြုံအောင် မည်သို့မျှပြုမူမည့်သူမဟုတ်ချေ။ ထို့အပြင် မိတ်ဆွေကောင်းတို့သည် မိမိမိတ်ဆွေ၏ နဂိုရှိပြီးသားပုံစံအတိုင်းကိုပင် လက်ခံကြသည်။ အရှိအတိုင်းဖြစ်တည်နေသည်ကို လက်ခံကြသည်။ စိတ်သဘောထားမှာ တသမတ်တည်းရှိပြီး မည်သည့်အခြေအနေရောက်ရောက် ပြောင်းလဲမသွားချေ။

Monday, April 23, 2012

Programming ဘာသာရပ်လေ့လာလိုသူများအတွက်

Programming ဘာသာရပ်ကိုလေ့လာချင်သူတွေအတွက် အွန်လိုင်းပေါ်ကရင်းမြစ် (resources) တွေကို ညွှန်းချင်ပါတယ်။ ပညာရပ်တစ်ခုဆိုတာ လေ့လာလေနက်နဲလေ၊ ရှာဖွေလေတွေ့ရှိလေပါပဲ။ ပိုပြီးကျယ်ပြန့်စွာသိချင်ရင် အွန်လိုင်းမှာ programming နဲ့ coding တွေအတွက် ရှာနိုင်တဲ့နေရာတွေ အများကြီးပါ။
      ကျွန်တော် Network Computing ဘွဲ့အတွက်ကျောင်းတက်တုန်းက ပထမနှစ်မှာ Java နဲ့ပတ်သက်ပြီး object-oriented programming နှစ်ဘာသာယူရပါတယ်။ ကျွန်တော့်ဆရာက လည်း တကယ့်ပရိုဂရမ်းမင်းခရေဇီလေ။ သူဖတ်ဖို့ပေးထားတဲ့စာအုပ် ကလည်း ဘာသာရပ်နှစ်ခုစလုံးအတွက် တစ်မျိုးတည်းပဲ။ ဒါပေမယ့် ဆရာရော စာအုပ်ပါ သိပ်မထူးပါဘူး။ ပျင်းစရာကောင်းလှတယ်။ တစ်ခုကောင်းတာက ဆရာက အသင်အပြတော့ မကောင်းဘူး။ အညွှန်းတွေသိပ်ကောင်းတယ်။ သူတို့ညွှန်းတဲ့ site တွေကို ကျောင်း သားတိုင်းစိတ်မဝင်စားပေမယ့် ကျွန်တော်ကတော့ စိတ်ဝင်စားတယ်။ ကွန်ပျူတာအင်တာနက်ကို မွှေနှောက်နေရရင် စိတ်ထဲမှာ ပြေပျောက်နေတတ်တဲ့ကောင်ဆိုတော့ မွှေပြီပေါ့ဗျာ။
      ကျွန်တော်ပြောခဲ့တာအခြေအနေအမှန်ပါဗျာ။ ဆရာသင်တာ မရှင်းတော့ သိချင်စိတ်တွေများလာတယ်။ ဒီတော့ ပိုကောင်းတဲ့ စာအုပ်ကိုရှာဖို့ ဆုံးဖြတ်လိုက်ရတယ်။ စာအုပ်ဆိုင်တွေမှာ စာအုပ်တွေ ရှိပေမယ့် ဈေးကြီးတယ်ဗျာ။ တကယ်မဝယ်နိုင်ပါဘူး။ ဈေးပေါတာ တွေကအလုပ်မဖြစ်။ ဝယ်နိုင်တယ်ပဲထား အဲဒီစာအုပ်ကြီးတွေရှင်းမှ ပိုရှုပ် ကုန်တယ်။ ကျောင်းပြဋ္ဌာန်းစာအုပ်တွေလောက်တောင် မထူးတဲ့ စာအုပ်တွေကို စိတ်ကုန်လာတယ်။ ဒါပေမယ့် ကျွန်တော်က စိတ်မပျက်ဘူးဗျ။ စာအုပ်တွေနောက်က အညွှန်းတွေနောက်၊ သူတို့ ကိုးကားထားတဲ့ စာအုပ်တွေ စာရင်းနောက်ကို လိုက်ရင်လည်းရတာပဲ မဟုတ်လား။ ဒီနေရာကနေ ရှေ့ဆက်ဖို့စတာ အကောင်းဆုံးလို့ သတ်မှတ်လိုက်တယ်။
      ကျွန်တော်စိတ်အဝင်စားဆုံးက website တွေပဲ။ အိုင်တီကျောင်းသားတွေအများစု စိတ်မဝင်စားတတ်တဲ့နေရာလို့ ဆိုရမလားပဲ။  အဲဒီအထဲမှာ အကောင်းဆုံး site တွေကိုပြောပါဆိုရင် programming language နဲ့ပတ်သက်တဲ့ site တွေပဲ။ အခြား ပရိုဂရမ်းမင်းနဲ့ပတ်သက်တဲ့  coding community က အဖွဲ့ဝင် member site တွေလည်းရှိသေးတယ်။ အဲဒါတွေကိုတွေ့ကြုံရတာ ကျွန်တော့်အတွက်တော့ ရတနာသိုက်ကို ရှာတွေ့လိုက်ရသလိုပါပဲ။

Sunday, April 22, 2012

ရှင်ပြုခြင်း


ရှင်ပြုခြင်းသည် ထေရ၀ါဒ ဗုဒ္ဓဘာသာလူမျိုးတိုင်း ရင်ဝယ်ဖြစ်သော သားယောင်္ကျားလေးကို အချိန်အခါ အရွယ်ရောက်လာလျှင် သင်္ကန်း ၀တ်ပေးခြင်းဖြစ်သည်။
မာတိကာ
1 ရှင်ပြုပွဲသမိုင်းအစ
2 ရှင်ပြုနိုင်သည့်အရွယ်
3 ရည်ရွယ်ချက်
4 အဓိကလုပ်ငန်းကြီး (၃) ရပ်
4.1 ဆံရိတ်ခြင်း (၀ါ) ဆံချခြင်း
4.2 သင်္ကန်းဆီးခြင်း
4.3 သရဏဂုံဆောက်တည်ခြင်း
5 ကြွေးတင်ကျွန်ဖြစ် ရှင်သာမဏေမဖြစ်
6 ရဟန်းသာမဏေများ သင်ကြား လေ့ကျင့်ရမည့်တရားများမှ ၇၅-မျိုး
7 ကိုးကား

ရှင်ပြုပွဲသမိုင်းအစ

ဘုရားရှင်သည် ဘုရားအဖြစ်ရောက်ရှိပြီး တစ်နှစ်မြောက်သည့်အချိန်တွင် မွေးရာဇာတိ ကပိလ၀တ်နေပြည်တော်သို့ ကြွရောက်သီတင်းသုံးတော်မူပါတယ်။ တစ်ရက်တွင် ယသော်ဓရာမိဘုရားက သားတော်ရာဟုလာကို ဘုရားရှင်ထံ အမွေတောင်းခိုင်းပါသည်။ သားတော်ရာဟုလာမှ ဘုရားရှင်ထံအမွေတောင်းသည့် အခါတွင် ဘုရားရှင်က " သာရိပုတ္တရာ ရာဟုလာကို ရှင်ပြုပေးလိုက်ပါလို့ စေခိုင်းတော်မူပါသည်။ ရှင်သာရိပုတ္တရာရဟန္တာအရှင်မြတ်ကြီးမှ မည်သို့ရှင်ပြုပေးရမလဲဟု မေးလျှောက်တဲ့အခါ ဘုရားရှင်က ရဟန်းအပေါင်းကို စုဝေးစေပြီး "ရဟန်းတို့ သရဏဂုံသုံးပါးနဲ့ ရှင်သာမဏေပြုပေးဖို့ ငါဘုရားခွင့်ပြုတော်မူပါတယ်လို့ မိန့်တော်မူပါတယ်။
ရှင်ပြုနိုင်သည့်အရွယ်
အသက်တစ်ဆယ့်ငါးနှစ်ပြည့်သူကိုသာ ရှင်ပြုပေးရန် ဘုရားရှင်မှ မိန့်ဆိုတော်မူကြောင်း ၀ိနည်းမဟာဝါပါဠိတော်တွင်ပါရှိပါသည်။ သို့ရာတွင်မိဘများကွယ်လွန်သွားသဖြင့် ခိုကိုးရာမဲ့နေသော ကလေးငယ်နှစ်ဦးကိုသာသနာ့ဘောင်အတွင်းသို့ သွတ်သွင်းချင်၍ ညီတော်အာနန္ဒာမထေရ်က ဘုရားရှင်ထံသို့လျှောက်ထားသောအခါ အသက်တစ်ဆယ့် ငါးနှစ်မပြည့်သေးသော်လည်း မိမိရှေ့တွင်ချထားသောဆွမ်းကို ကျီးမလာအောင် ခြောက်လှန့်နိုင်ခဲ့လျှင် ဒီသူငယ်ကို ရှင်ပြုပေးနိုင်တယ်လို့ ထပ်ဆင့်သတ်မှတ်တော် မူခဲ့ပါတယ်။