Wednesday, May 16, 2012

အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ (၇)

At this rate (ဒီပုံအတိုင်းဆိုရင်)
You say at this rate to suggest what is going to happen if things continue to develop or progress in the same way as at present:
ဒီပုံအတိုင်းဆိုရင် at this rate ကို ကိစ္စတစ်စုံတစ်ခုသည် လက်ရှိနှုန်းအတိုင်းသာ ဆက်လက် ဖြစ်ပေါ် (သို့) တိုးတက်နေပါက မည်သို့ဖြစ်လာနိုင်သည်ကို အကြံပြုပြောဆိုလိုသည့်အခါတွင် အသုံးပြုပါသည်။
  1. The traffic is very bad. At this rate we won't get there before dark.
      ကားလမ်းပိတ်တာ တော်တော်ဆိုးနေတယ်။ ဒီပုံအတိုင်းဆိုရင် ငါတို့ အဲ့ဒီကို မမှောင်ခင်မရောက်နိုင်ဘူး။
  2. The builders have made very little progress this week. At this rate the house will certainly not be finished before Christmas.
      အိမ်ဆောက်တဲ့သူတွေက ဒီတစ်ပါတ်မှာ နည်းနည်းပဲပြီးတယ်။ ဒီပုံအတိုင်းဆိုရင် အိမ်က ခရစ်စမတ် မတိုင်ခင် လုံးဝ မပြီးနိုင်ဘူး။
With all due respect (အားတော့နာပါတယ်။)
You use with all due respect in a formal context when you disagree with what somebody has just said:
အားတော့နာပါတယ် with all due respect ကို တစ်စုံတစ်ယောက်ပြောဆိုလိုက်သည့်စကားကို သဘောမတူကြောင်း ကိုယဉ်ကျေးစွာပြောဆိုရာတွင် အသုံးပြုသည်။
  1. With all due respect, I think that your statement is not quite accurate.
      အားတော့နာပါတယ် ခင်ဗျားပြောတဲ့အကြောင်းက သိပ်တော့ မတိကျဘူးဗျ
  2. With all due respect, I feel that you are not telling the whole truth.
      အားတော့နာပါတယ်။ ကျနော်ကတော့ ခင်ဗျားအဖြစ်မှန်အကုန်လုံးကို မပြောသွားဘူးလို့ ခံစားရတယ်။

Thursday, May 10, 2012

Singapore - Yangon လေယာဉ်ပျံ လက်မှတ်များဈေးချ

စင်္ကာပူနဲ့ရန်ကုန်မြို့ကြား အသွားအလာများနေတာနဲ့အမျှ လေကြောင်းလိုင်းများအနေနဲ့ အပြိုင်အဆိုင်ဈေးချလေ့ရှိပါတယ်။ အထူးသဖြင့် မြန်မာလေကြောင်းက အနိုမ့်ဆုံးဈေး S$230 လောက်နဲ့ SIN-YGN ကိုချပေးပေမယ့် ရန်ကုန်ကနေ စင်္ကာပူကိုလာတဲ့ဈေးကိုတော့ သိပ်ချလေ့မရှိပါဘူး။ Silk Air အနေနဲ့လောလောဆယ် အနိုမ့်ဆုံးဈေးဆိုလို့ S$345 မှာ online promotion ရောင်းပေးနေတာတွေ့ ရပါတယ်။
အခုမြန်မာပြည်မိုးတွင်းဝင်လာပြီး ခရီးသွားရာသီအခေါ် low season အတွက် Jet Star Asia ကနေ ချလိုက်တော့ ဈေးကိုတော့ ပြိုင်ဖက်လေကြောင်း လိုင်းတွေဖြစ်တဲ့ MAI နဲ့ Silkair တို့ ဘယ်လိုမှလိုက်မချနိုင်လောက်တော့ဖူးလို့ ထင်တာပါပဲ။ JetStar က လွန်ခဲ့တဲ့ ၂ ရက်မှာ Take a Friend FREE promotion နဲ့ ဈေးချတဲ့အခါ ရန်ကုန်ကပဲ စင်္ကာပူလာလာ၊ စင်္ကာပူကနေ ရန်ကုန်ပဲသွားသွား၊ အနိုမ့်ဆုံးဈေး (၂)ယောက်ကို S$344 နဲ့ဝယ်လို့ရပါတယ်။ တစ်ယောက်ကို အသွားအပြန် အပြီးအစီး ကီလို ၂၀၊ လက်ဆွဲ ၁၀ သယ်ခွင့်အပါ S$172 ပဲကျတော့တဲ့အတွက် အလွန်သက်သာတယ်လို့ ပြောရမှာပါပဲ။ (၂) ယောက်အတွက် S$344 လျော့လှပြီအောက်မေ့လို့ ဝယ်လိုက်ကြပြီးတဲ့
အခါမှာတော့ JetStar က Travel Asia Sales Promotion ကို Launch လုပ်လိုက်တဲ့အခါ ခရီးသည် ဘယ်နှစ်ဦးပဲသွားသွား ရန်ကုန် - စင်္ကာပူ၊ စင်္ကာပူ - ရန်ကုန်လက်မှတ်ကို အနိုမ့်ဆုံးဈေး တစ်ယောက်ကို S$158 နဲ့ ထပ်ပြီးဈေးချလိုက်ပါတယ်။ အခုမြန်မာငွေပေါက်ဈေးနဲ့ဆို ၁ သိန်းစွန်းစွန်းလေးပဲ ကျလို့ ရန်ကုန် - မန္တလေးလေပျံလက်မှတ်တွေ၊ ရန်ကုန် - ဘန်ကောက်လေပျံလက်မှတ်တွေထက်တောင် သက်သာသွားပါတယ်။ သို့သော် promotion လက်မှတ်ဖြစ်သည်နှင့်အမျှ weekend တွေမပါပဲ weekday တွေထဲမှာပဲ ရမှာပါ။ သူငယ်ချင်း ညီအကို၊ မောင်နှမများ ရန်ကုန်ကို သက်သက်သာသာလေးနဲ့ ပြန်ချင်တယ်ဆိုရင် သိရအောင် မျှဝေပေးလိုက်ပါတယ်။