ခေါင်းစဉ်လေးကိုဖတ်လိုက်တာနဲ့တင်ဘဲ
အားလုံးစိတ်ဝင်စားသွားကြမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီwebsite လေးက
ဘယ်လောက်တောင်အဆင်ပြေလည်းဆိုရင် Register လည်းလုပ်စရာမလိုဘူး။ တခါတည်းတန်းပြီး
နိုင်ငံရွေး ဖုန်းနံပါတ်ရေးပြီး Message ရိုက်ပြီးတာနဲ့ တန်းပို့လိုက်ရုံပါပဲ။ အရမ်းလွယ်ပါတယ်။
အားလုံးအဆင်ပြေမယ်လို့ ထင်ပါတယ်။ ပြည်ပနိုင်ငံများအချင်းချင်းလဲ ပို့လို့
အဆင်ပြေပါတယ်။ စမ်းပြီးသုံးကြည့်ပါ။ အောက်မှာအသုံပြုပုံကို ပုံလေးတွေနဲ့ သေချာစွာ
ရှင်းပြပေးထားပါတယ်။
Sunday, May 20, 2012
Friday, May 18, 2012
အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု တိုးတက်စေမည့် နည်းလမ်း (၇၀) - အပိုင်း (၈)
၃၆။ အင်္ဂလိပ်လိုရေးထားတဲ့ ကလေးစာအုပ်တွေကိုဖတ်ပါ။ ဒါကလည်း အင်္ဂလိပ်စကားပြော
ကလေး ရုပ်ရှင်တွေကို ကြည့်သလိုပါဘဲ။ လူကြီးအတွက် စာအုပ်တွေမှာထက်
အရုပ်တွေပိုပါတော့ ဖတ်ရတာ ပိုလွယ်ပါတယ်။ ဇာတ်လမ်းကို နားလည်ဖို့အထောက်အကူဖြစ်ပြီး
ရောင်စုံ စာမျက်နှာတွေမို့ ဖတ်ချင်စဖွယ်လည်း
ဖြစ်ပါတယ်။
၃၇။ သင်ယူလေ့လာရမယ့် ဘာသာစကား အသုံးအနှုန်းတွေကို စာရင်းလုပ်ထားပါ။ ဥပမာ
Vocabulary စာရင်းလုပ်ထားပါ။ Vocabulary စာရင်းကို လေ့လာကျက်မှတ်ဖို့ အချိန်မရလို့
စာရင်းထဲမှာ Vocabulary တွေ စုပုံလာနေသည့်တိုင်အောင် ဘယ်စကားလုံးတွေကို တတ်ဖို့လိုတယ်၊
ကျက်မှတ်ရမယ့်စာရင်းထဲမှာ ထည့်ထားရမယ်ဆိုပြီး ရွေးချယ်ရတဲ့အတွက် အဲဒီစကားလုံးတွေ
တတ်ဖို့ အထောက်အကူပြုနိုင်ပါတယ်။
၃၈။ Vocabulary စာရင်းကို တစ်နေ့ ၃-၄ ကြိမ် ပြန်ကြည့်ပေးပါ။
အလုပ်သွားတဲ့လမ်းမှာ၊ ရထားစီး၊ ကားစီးသွားစဉ်မှာ Vocabulary စာရင်းထဲက စကားလုံးတွေကို
မှတ်သားနေရတာ အဆင်မပြေဘူးဆိုရင် ဒါမှမဟုတ်ရင် ရှက်တယ်ဆိုရင် အီလက်ထရောနစ်အဘိဓာန်
(Electronic Dictionary) ထဲမှာ ထည့်ထားလို့ရပါတယ်။ ဒါမှမဟုတ် လက်ကိုင်ဖုန်းထဲက To
Do List (လုပ်စရာများစာရင်း) ထဲမှာ ထည့်ထားနိုင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း mp3
ဖွင့်စက် ( ဥပမာ iPod ) ထဲမှာ စာသားဖိုင်အနေနဲ့ ထည့်ထားလို့ရပါတယ်။ Format တစ်ခုကနေ တစ်ခုပြောင်းပြီးတော့
အဲဒီလိုအချက်အလက်တွေ စကားလုံးတွေ ထည့်နေရတဲ့အတွက် အချိန်အလဟဿဖြစ်သွားတယ်လို့
ထင်ရပေမယ့် ဒီလိုမျိုး Vocabulary တွေကို အချိန်ပေးပြီး အသုံးပြုမယ်ဆိုရင် အဲဒီ
Vocabulary ကို တတ်သွားမှာပဲ ဖြစ်ပါတယ်။
Wednesday, May 16, 2012
အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ (၇)
At this rate
(ဒီပုံအတိုင်းဆိုရင်)
You say at this rate to suggest what is going to happen if things
continue to develop or progress in the same way as at present:
ဒီပုံအတိုင်းဆိုရင် at this rate ကို ကိစ္စတစ်စုံတစ်ခုသည်
လက်ရှိနှုန်းအတိုင်းသာ ဆက်လက် ဖြစ်ပေါ် (သို့) တိုးတက်နေပါက
မည်သို့ဖြစ်လာနိုင်သည်ကို အကြံပြုပြောဆိုလိုသည့်အခါတွင် အသုံးပြုပါသည်။
1. The traffic is very bad. At
this rate we won't get there before dark.
ကားလမ်းပိတ်တာ တော်တော်ဆိုးနေတယ်။
ဒီပုံအတိုင်းဆိုရင် ငါတို့ အဲ့ဒီကို မမှောင်ခင်မရောက်နိုင်ဘူး။
2. The builders have made very
little progress this week. At this rate the house will certainly not be
finished before Christmas.
အိမ်ဆောက်တဲ့သူတွေက ဒီတစ်ပါတ်မှာ
နည်းနည်းပဲပြီးတယ်။ ဒီပုံအတိုင်းဆိုရင် အိမ်က ခရစ်စမတ် မတိုင်ခင် လုံးဝ
မပြီးနိုင်ဘူး။
With all due respect
(အားတော့နာပါတယ်။)
You use with all due respect in a formal context when you disagree with
what somebody has just said:
အားတော့နာပါတယ် with all due respect ကို
တစ်စုံတစ်ယောက်ပြောဆိုလိုက်သည့်စကားကို သဘောမတူကြောင်း ကိုယဉ်ကျေးစွာပြောဆိုရာတွင်
အသုံးပြုသည်။
1. With all due respect, I think
that your statement is not quite accurate.
အားတော့နာပါတယ် ခင်ဗျားပြောတဲ့အကြောင်းက
သိပ်တော့ မတိကျဘူးဗျ
2. With all due respect, I feel
that you are not telling the whole truth.
အားတော့နာပါတယ်။ ကျနော်ကတော့
ခင်ဗျားအဖြစ်မှန်အကုန်လုံးကို မပြောသွားဘူးလို့ ခံစားရတယ်။
Monday, May 14, 2012
Sunday, May 13, 2012
Saturday, May 12, 2012
မိုးကုတ်ဆရာတော်ကြီး၏ ဥပနိဿယအတိုင်း ပဋ္ဌာန်းအဓိပ္ပာယ်ဖွင့်တရားတော် -ဦးခင်စိုး
ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်ပါ။
Posted by Htun
Friday, May 11, 2012
Subscribe to:
Posts (Atom)

