Tuesday, May 22, 2012

အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု တိုးတက်စေမည့် နည်းလမ်း (၇၀) - အပိုင်း (၉)

၄၁။ မှတ်စုတွေအားလုံးလွှင့်ပစ်လိုက်ပြီး အသစ်ပြန်စနိုင်ပါတယ်။ တချို့လူတွေအတွက် စာမသင်ချင်တော့ဘဲ နောက်ဆုတ်သွားရတဲ့ အကြောင်းတစ်ခုကတော့ တစ်ဝက်တစ်ပျက်ပဲ ဖတ်ရသေးတဲ့ စာအုပ်တွေက အပုံလိုက်၊ ကျက်ရမယ့် Vocubulary စာရင်းကလည်း အရှည်ကြီးဖြစ်နေတာပါဘဲ။ အဲဒါတွေအကုန်လုံးကို ဘေးဖယ်ထားလိုက်ပြီး အစကနေ အသစ်တဖန် ပြန်စမယ်ဆိုရင် စိတ်အားထက်သန်ပြီး စာပြန်ဖတ်ဖြစ် လာနိုင်ပါတယ်။
၄၂။ အိမ်ထဲကပစ္စည်းတွေ၊ ရုံးကပစ္စည်းတွေမှာ post-it စာရွက်လေးတွေနဲ့ အခေါ်အဝေါ်တွေ ရေးပြီး ကပ်ထားနိုင်ပါတယ်။ နေ့စဉ် မြင်တွေ့အသုံးပြုနေတဲ့ အရာဝတ္ထုအမည် ဝေါဟာရတွေကို အလွယ်ဆုံး သင်ယူနည်းပဲဖြစ်ပါတယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ အရာဝတ္ထုတွေရဲ့ အမည်တွေကို စာရွက်ကလေးတွေနဲ့ ရေးပြီး လိုက်ကပ်ထားမယ်ဆိုရင် အသုံးဝင်တဲ့ ဝေါဟာရတွေ တတ်မြောက်လာဖို့ အင်မတန်ကောင်းတဲ့ နည်းလမ်းဖြစ်ပါတယ်။ လာမယ့်နေ့တွေ၊ ရက်သတ္တပတ်တွေမှာ အဲဒီ Vocabulary တွေကို ဆက်ပြီး ကပ်ထားနိုင်ပါတယ်။ စနစ်တကျ တတ်မြောက်ပြီးတဲ့အထိ Vocabulary ကို အလွယ်တကူပြန်နွှေးပြီး ဖြစ်သွားနိုင်ပါတယ်။
၄၃။ ရုပ်ပုံမှာစာတမ်းထိုးပါ။ တကယ့်ပစ္စည်းတွေမှာ စာတမ်းမထိုးနိုင်ဘူးဆိုရင် ဒုတိယအကောင်းဆုံး နည်းလမ်းကတော့ ရုံးခန်းလိုမျိုး နေ့စဉ်ဘ၀ တကယ်တမ်း ကြုံတွေ့နေရတဲ့ နေရာကို ဓာတ်ပုံရိုက်လိုက်ပြီး Printer နဲ့ထုတ်၊ ပြီးရင် ပုံမှာပါတဲ့ အရာဝတ္ထုတွေအားလုံးကို အင်္ဂလိပ်လို စာတမ်းထိုးဖို့ဖြစ်ပါတယ်။ အဘိဓာန်ရဲ့အကူအညီနဲ့ စာတမ်းထိုးပါ။ ဘူတာရုံလိုမျိုး နေ့စဉ်ဖြတ်သန်းသွားရတဲ့ နေရာတွေကိုလည်း အလားတူ ဓာတ်ပုံရိုက်၊ Print ထုတ်၊ စာတမ်းထိုးနိုင်ပါတယ်။ ဒီမြင်ကွင်းကိုပဲ ထပ်ကာထပ်ကာ မြင်ရမှာဖြစ်တဲ့အတွက် အရာဝတ္ထုတွေအတွက် ဝေါဟာရတွေကို အလွယ်တကူ တတ်မြောက်သွားမှာ ဖြစ်ပါတယ်။

Monday, May 21, 2012

ဗွီဒီယိုတည်းဖြတ်မူဆိုင်ရာ နည်းပညာစာအုပ်

ဒါစာအုပ်လေးဟာအသုံးချ ဗွီဒီယိုတည်းဖြတ်နည်းပညာ ဆိုတဲ့ စာအုပ်လေးပဲဖြစ်ပါတယ်.။ ဗွီဒီယိုတည်းဖြတ် ဝါသနာပါတတ်တဲ့ သူငယ်ချင်းတွေအတွက် ရှာဖွေပြီး တင်ပေးထားတာပါ။ Posted by ဝတီ

Easy way to speak English (1)

ဒီကဏ္ဍမှာ ကျွန်တော်တို့သိထားသင့်တဲ့စကားစုတွေ၊ စကားလုံးတွဲတွေကို လေ့လာဖို့အပြင်၊  အစားထိုးရမယ့် နေရာမှာ စိတ်ကူးရှိသလို လိုအပ်တဲ့စကားလုံးတွေကို ပြောင်းလဲအသုံးပြုနိုင်မယ်ဆိုရင် သဒ္ဒါစည်းမျဉ်းလည်း စဉ်းစားစရာ မလိုပဲ လွယ်လွယ်ကူကူနဲ့စကားတွေပြောနိုင်ပါလိမ့်မယ်။ ကဲ့ လေ့လာကြည့်ရအောင်ဗျာ…..။
I don’t have time to + (Verb)
မိမိတစ်စုံတစ်ခုကို ပြုလုပ်ဖို့အချိန်မရှိတဲ့ အကြောင်းပြောတဲ့အခါမှာ I don’t have time to ဆိုတဲ့ စကား လုံးတွဲကို ကျက်မှတ်ထားပြီး နောက်က Verb အမျိုးမျိုးပြောင်းလဲတွဲပေးခြင်းဖြင့် မိမိရဲ့ လတ်တလောအခြေ အနေကို ပြောပြနိုင်ပါတယ်။
ဥပမာအားဖြင့်-
I don’t have time to explain.
ကျွန်တော့်မှာရှင်းပြဖို့ အချိန်မရှိဘူး။
I don’t have time to eat.
ကျွန်တော့်မှာ စားဖို့အချိန်မရှိဘူး။
I don’t have time to exercise.
ကျွန်တော့်မှာ လေ့ကျင့်ဖို့ အချိန်မရှိဘူး။
I don’t have time to watch my favourite TV Show.
အနှစ်သက်ဆုံး တီဗီကြည့်ဖို့ ကျွန်တော့်မှာအချိန်မရှိဘူး။
I don’t have time to talk.
ကျွန်တော့်မှာစကားပြောဖို့ အချိန်မရှိဘူး။
မိမိမနှစ်သက်တဲ့အရာ၊ မိမိနားမလည်တဲ့အရာ၊ မိမိမလုပ်ချင်တဲ့ကိစ္စတွေအကြောင်း ပြောချင်ရင်တော့-
ကျနော်တို့သိပြီးသား I don't ဆိုတဲ့ စကားလုံးတွဲကို အလွတ်ကျက်ထားပြီး နောက်ဘက်က ကြိယာတွဲလုံး စကားစု (Verb phrase) တွေအမျိုးမျိုး ပြောင်းလဲ ထည့်ပေးကာ ပြောဆိုနိုင်ပါတယ်။ နောက်ဘက်က ပြောင်းလဲထည့်ပေးတဲ့ Verb phrase တွေက V 1   ပုံစံဖြစ်ရပါမယ်။
ဥပမာအားဖြင့်-

Sunday, May 20, 2012

Internet ကနေ Mobile Phone တွေဆီ Free SMS ပို့ကြရအောင်


ခေါင်းစဉ်လေးကိုဖတ်လိုက်တာနဲ့တင်ဘဲ အားလုံးစိတ်ဝင်စားသွားကြမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီwebsite လေးက ဘယ်လောက်တောင်အဆင်ပြေလည်းဆိုရင် Register လည်းလုပ်စရာမလိုဘူး။ တခါတည်းတန်းပြီး နိုင်ငံရွေး ဖုန်းနံပါတ်ရေးပြီး Message ရိုက်ပြီးတာနဲ့ တန်းပို့လိုက်ရုံပါပဲ။ အရမ်းလွယ်ပါတယ်။ အားလုံးအဆင်ပြေမယ်လို့ ထင်ပါတယ်။ ပြည်ပနိုင်ငံများအချင်းချင်းလဲ ပို့လို့ အဆင်ပြေပါတယ်။ စမ်းပြီးသုံးကြည့်ပါ။ အောက်မှာအသုံပြုပုံကို ပုံလေးတွေနဲ့ သေချာစွာ ရှင်းပြပေးထားပါတယ်။

Friday, May 18, 2012

အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု တိုးတက်စေမည့် နည်းလမ်း (၇၀) - အပိုင်း (၈)

၃၆။ အင်္ဂလိပ်လိုရေးထားတဲ့ ကလေးစာအုပ်တွေကိုဖတ်ပါ။ ဒါကလည်း အင်္ဂလိပ်စကားပြော ကလေး ရုပ်ရှင်တွေကို ကြည့်သလိုပါဘဲ။ လူကြီးအတွက် စာအုပ်တွေမှာထက် အရုပ်တွေပိုပါတော့ ဖတ်ရတာ ပိုလွယ်ပါတယ်။ ဇာတ်လမ်းကို နားလည်ဖို့အထောက်အကူဖြစ်ပြီး ရောင်စုံ စာမျက်နှာတွေမိုဖတ်ချင်စဖွယ်လည်း ဖြစ်ပါတယ်။
၃၇။ သင်ယူလေ့လာရမယ့် ဘာသာစကား အသုံးအနှုန်းတွေကို စာရင်းလုပ်ထားပါ။ ဥပမာ Vocabulary စာရင်းလုပ်ထားပါ။ Vocabulary စာရင်းကို လေ့လာကျက်မှတ်ဖို့ အချိန်မရလို့ စာရင်းထဲမှာ Vocabulary တွေ စုပုံလာနေသည့်တိုင်အောင် ဘယ်စကားလုံးတွေကို တတ်ဖို့လိုတယ်၊ ကျက်မှတ်ရမယ့်စာရင်းထဲမှာ ထည့်ထားရမယ်ဆိုပြီး ရွေးချယ်ရတဲ့အတွက် အဲဒီစကားလုံးတွေ တတ်ဖို့ အထောက်အကူပြုနိုင်ပါတယ်။
၃၈။ Vocabulary စာရင်းကို တစ်နေ့ ၃-၄ ကြိမ် ပြန်ကြည့်ပေးပါ။ အလုပ်သွားတဲ့လမ်းမှာ၊ ရထားစီး၊ ကားစီးသွားစဉ်မှာ Vocabulary စာရင်းထဲက စကားလုံးတွေကို မှတ်သားနေရတာ အဆင်မပြေဘူးဆိုရင် ဒါမှမဟုတ်ရင် ရှက်တယ်ဆိုရင် အီလက်ထရောနစ်အဘိဓာန် (Electronic Dictionary) ထဲမှာ ထည့်ထားလို့ရပါတယ်။ ဒါမှမဟုတ် လက်ကိုင်ဖုန်းထဲက To Do List (လုပ်စရာများစာရင်း) ထဲမှာ ထည့်ထားနိုင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း mp3 ဖွင့်စက် ( ဥပမာ iPod ) ထဲမှာ စာသားဖိုင်အနေနဲ့ ထည့်ထားလို့ရပါတယ်။  Format တစ်ခုကနေ တစ်ခုပြောင်းပြီးတော့ အဲဒီလိုအချက်အလက်တွေ စကားလုံးတွေ ထည့်နေရတဲ့အတွက် အချိန်အလဟဿဖြစ်သွားတယ်လို့ ထင်ရပေမယ့် ဒီလိုမျိုး Vocabulary တွေကို အချိန်ပေးပြီး အသုံးပြုမယ်ဆိုရင် အဲဒီ Vocabulary ကို တတ်သွားမှာပဲ ဖြစ်ပါတယ်။

Wednesday, May 16, 2012

အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ (၇)

At this rate (ဒီပုံအတိုင်းဆိုရင်)
You say at this rate to suggest what is going to happen if things continue to develop or progress in the same way as at present:
ဒီပုံအတိုင်းဆိုရင် at this rate ကို ကိစ္စတစ်စုံတစ်ခုသည် လက်ရှိနှုန်းအတိုင်းသာ ဆက်လက် ဖြစ်ပေါ် (သို့) တိုးတက်နေပါက မည်သို့ဖြစ်လာနိုင်သည်ကို အကြံပြုပြောဆိုလိုသည့်အခါတွင် အသုံးပြုပါသည်။
  1. The traffic is very bad. At this rate we won't get there before dark.
      ကားလမ်းပိတ်တာ တော်တော်ဆိုးနေတယ်။ ဒီပုံအတိုင်းဆိုရင် ငါတို့ အဲ့ဒီကို မမှောင်ခင်မရောက်နိုင်ဘူး။
  2. The builders have made very little progress this week. At this rate the house will certainly not be finished before Christmas.
      အိမ်ဆောက်တဲ့သူတွေက ဒီတစ်ပါတ်မှာ နည်းနည်းပဲပြီးတယ်။ ဒီပုံအတိုင်းဆိုရင် အိမ်က ခရစ်စမတ် မတိုင်ခင် လုံးဝ မပြီးနိုင်ဘူး။
With all due respect (အားတော့နာပါတယ်။)
You use with all due respect in a formal context when you disagree with what somebody has just said:
အားတော့နာပါတယ် with all due respect ကို တစ်စုံတစ်ယောက်ပြောဆိုလိုက်သည့်စကားကို သဘောမတူကြောင်း ကိုယဉ်ကျေးစွာပြောဆိုရာတွင် အသုံးပြုသည်။
  1. With all due respect, I think that your statement is not quite accurate.
      အားတော့နာပါတယ် ခင်ဗျားပြောတဲ့အကြောင်းက သိပ်တော့ မတိကျဘူးဗျ
  2. With all due respect, I feel that you are not telling the whole truth.
      အားတော့နာပါတယ်။ ကျနော်ကတော့ ခင်ဗျားအဖြစ်မှန်အကုန်လုံးကို မပြောသွားဘူးလို့ ခံစားရတယ်။