Axlerose
Saturday, June 16, 2012
အခမဲ့ သီချင်းဆိုင်
တေးသီချင်းနှစ်သက်ကြတဲ့ သူငယ်ချင်းတို့အတွက် သီချင်း Album အလိုက် download ဆွဲနိုင်တဲ့ blog တစ်ခုကို မိတ်ဆက်ပေးလိုက်ပါတယ်။ မိမိနှစ်သက်ရာတေးသီချင်းများကို နားဆင်ရင်း ဘဝအမောများပြေပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
ဒေါ်အောင်ဆန်းဆုကြည် ရဲ့ နိုဗယ်လ် ဆုပေးပွဲ အခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မှု
မြန်မာတို့ရဲ့ ဂုဏ်ယူလေးစား အားကိုးယုံကြည်၊ အမေတစ်ယောက်လို ချစ်ခင် မြတ်နိုးခြင်းကို ခံရတဲ့ အမေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဗယ်ဆု ပေးပွဲ အခမ်းအနားကို
ဇွန်လ ၁၆ ရက်နေ့ နယူးယောက်အချိန် စနေနေ့နံနက် (၇) နာရီ၊
စကာင်္ပူအချိန် စနေနေ့ည (၇) နာရီ၊
မြန်မာအချိန် စနေနေ့ညနေ (၅ နာရီခွဲ) တွင် အောက်ပါ လင့်မှ တိုက်ရိုက် ကြည့်ရှုနိုင်ပါသည်။
http://www.nobelprize.org/
16th June (Saturday) 2012
Live Webcast of Aung San Suu Kyi's Nobel Lecture, Oslo, Norway
1:00 PM. CET
Source: Min Kyaw Khine FB
Posted by ဂျစ်တီး
ဇွန်လ ၁၆ ရက်နေ့ နယူးယောက်အချိန် စနေနေ့နံနက် (၇) နာရီ၊
စကာင်္ပူအချိန် စနေနေ့ည (၇) နာရီ၊
မြန်မာအချိန် စနေနေ့ညနေ (၅ နာရီခွဲ) တွင် အောက်ပါ လင့်မှ တိုက်ရိုက် ကြည့်ရှုနိုင်ပါသည်။
http://www.nobelprize.org/
16th June (Saturday) 2012
Live Webcast of Aung San Suu Kyi's Nobel Lecture, Oslo, Norway
1:00 PM. CET
Source: Min Kyaw Khine FB
Posted by ဂျစ်တီး
ပိတောက်စိတ်ကူး
ရွှေဝါရောင် တဖိတ်ဖိတ်နဲ့
လူ့ရဲ့စိတ်ကို မရိုးမရွစေတာ
ဒီတခါတော့ ငါလွမ်းရပြီထင်ရဲ့
ပန်းပိတောက်ရယ် ။
အဆက်အသွယ်ပြတ်ခဲ့တဲ့ တခဏ
စိတ်ကူး အိပ်မက်တွေ ပျက်ခဲ့ရတယ်
နင့်ကြောင့် ရယ်လို့တော့ မပြောပါဘူး
ပုံမှန်ရောက်လာတတ်ခဲ့တဲ့
တစ်နှစ်တစ်ခါဆိုတာက
ဖိအားပေးခဲ့တာပါ ။
ပျော်စရာတွေ ယူလာတတ်သလို
ပျော်စရာတွေလဲ ပြန်သယ်သွားတတ်တော့
နင့်ကြောင့်ပဲ ငါလွမ်းတတ်သွားပြီ။
နင့်ကြောင့် စိတ်ကူးတွေ ယဉ်ခဲ့ဖူး
နင့်ကြောင့် ပဲစိတ်ကူးတွေ ယိုင်ခဲ့ဖူး
ဘာမဟုတ်တဲ့ ပိတောက်စိတ်ကူး က
ငါ့ကို ရူးစေခဲ့တာလား ။
ပိတောက်ဖူးနဲ့ ငါ့စိတ်ကူးတဲ့
ခဏတော့ ငါ့မကြာခဏပဲ
ပျော်ဖူးပါတယ်
ပိတောက်စိတ်ကူးလေးရယ် ။ ။
Posted by တကိုယ်ငယ်
လူ့ရဲ့စိတ်ကို မရိုးမရွစေတာ
ဒီတခါတော့ ငါလွမ်းရပြီထင်ရဲ့
ပန်းပိတောက်ရယ် ။
အဆက်အသွယ်ပြတ်ခဲ့တဲ့ တခဏ
စိတ်ကူး အိပ်မက်တွေ ပျက်ခဲ့ရတယ်
နင့်ကြောင့် ရယ်လို့တော့ မပြောပါဘူး
ပုံမှန်ရောက်လာတတ်ခဲ့တဲ့
တစ်နှစ်တစ်ခါဆိုတာက
ဖိအားပေးခဲ့တာပါ ။
ပျော်စရာတွေ ယူလာတတ်သလို
ပျော်စရာတွေလဲ ပြန်သယ်သွားတတ်တော့
နင့်ကြောင့်ပဲ ငါလွမ်းတတ်သွားပြီ။
နင့်ကြောင့် စိတ်ကူးတွေ ယဉ်ခဲ့ဖူး
နင့်ကြောင့် ပဲစိတ်ကူးတွေ ယိုင်ခဲ့ဖူး
ဘာမဟုတ်တဲ့ ပိတောက်စိတ်ကူး က
ငါ့ကို ရူးစေခဲ့တာလား ။
ပိတောက်ဖူးနဲ့ ငါ့စိတ်ကူးတဲ့
ခဏတော့ ငါ့မကြာခဏပဲ
ပျော်ဖူးပါတယ်
ပိတောက်စိတ်ကူးလေးရယ် ။ ။
Posted by တကိုယ်ငယ်
Friday, June 15, 2012
အင်္ဂလိပ်စကားပြောပိုကောင်းစေရန်နည်းလမ်းများ (အပိုင်း-၁)
ယနေ့ခေတ်မှာ
လူတိုင်းကိုမေးလိုက်။ ဘာလုပ်နေလဲ “အင်္ဂလိပ် စပီကင် တက်နေတယ်” ဟူသည့်အဖြေကို
ညံညံစီစီ ကြားနေရသည်။ အင်္ဂလိပ်စာ၏အရေးကြီးပုံကို လူတိုင်း သဘောပေါက်နေကြပြီဖြစ်သည်။
တစ်ချိန်ကလို ကျွန်လုပ်ချင်သည့်သူများအတွက် စာနှင့်စကားဟု ယိုးစွပ်သည့်ခေတ် မဟုတ်တော့ပြီ။
သူသူငှာငှာ
အင်္ဂလိပ်စကားပြောတတ်ချင် ကြသည်။ အင်္ဂလိပ်လို ဒွတ်ဒက်ရွှတ်ရှက် နှင့်ပြောနေ
သူတစ်ယောက်ကို မြင်ရကြားရတိုင်း သူတို့လို ပြောတတ်ချင်စိတ်တွေ တဖွားဖွားပေါ်လာ
တတ်ပါသည်။ ဒါကြောင့်လည်း ဟိုသင်တန်း ဒီသင် တန်းတွေကို ဈေးကြီးပေးပြီး
တက်ကြပြန်သည်။ သင်တန်းတွေကလည်း သင်ပေးကြပါသည်။ ဒါပေမယ့် တကယ့်တစ်ကယ် မြို့ထဲမှာ
တိုးရစ်တစ်ယောက်က ကိုယ့်ကို အိမ်သာ ဘယ်နေရာ မှာရှိသလဲလို့ လာလည်းမေးရော
ရင်တွေတဒိန်းဒိန်းခုန်၊
ပါးစပ်က အာစေးထည့်ထားသလို ပြောမထွက်၊ တိုးရစ်က တစ်လုံးချင်း အသံအကျယ်ကြီးထွက်ပြောတာကိုလည်း
နားမလည်၊ အင်း- အဲ လုပ်ရင်း ကိုယ်ပြောချင်တာက တစ်မျိုး၊ တစ်ကယ်ညွှန်ပြလိုက်တာက
တစ်ခြားနဲ့ဧည့်သည်လည်း ရောက်ချင်ရာရောက်။ နောက်ပိုင်း သွေးအေးသွားသည့်အချိန်ပြန်
စဉ်းစားလိုက်မှ ငါ ဒီလို ပြောလိုက်ရင်ရတာပဲ။ ဘာဖြစ်လို့ အဲဒီလိုပြောဖို့
သတိမရခဲ့ရတာလဲ ဟု မကျေမချမ်းနှင့် ကိုယ့်ကိုယ်ကို ပြစ်တင်ရသည့်အဖြစ်မျိုး
ကြုံဖူးကြမည် ထင်ပါသည်။
မိမိတစ်ယောက်တည်း
မဟုတ်ပါ။ စာသင်သားအများစုဖြစ်ပါသည်။ အင်္ဂလိပ်စကားကို သွက်သွက်လက်လက်နှင့်
ကိုယ်ပြောတာကို သူများနားလည်၊ သူများပြောတာကိုလည်း ကိုယ်ကနားလည် ဖြစ်ချင်ပါက
အောက်ပါနည်းလမ်းများက မိမိဆန္ဒများကို ဖြည့်ဆည်း ပေးနိုင်ပါလိမ့်မည်။
Thursday, June 14, 2012
ဂဟေဆော်လုပ်ငန်းနှင့် ကျန်းမာရေး
ဒေါက်တာခင်ဗျာ Welding
(Co2, Ar) အငွေ့အသက်တွေကို ရှုရှိုက်မိခြင်းအားဖြင့် ဘာဆိုးကျိုးတွေ ရှိနိုင်ပါသလဲခင်ဗျာ။
၂ဝဝ၄ မတ်လ ၁၁ နေ့ ထုတ်ပြန်ချက်တခုထဲမှာ
"အမေရိကန်မှာ ဂဟေဆော် လုပ်ငန်းမယ် လူပေါင်း ၄ သိန်းကျော် လုပ်ကိုင်နေရတယ်၊ သူတို့မှာ
လုပ်ငန်းခွင်-ကျန်းမာရေး အန္တရာယ်တွေ ရှိနေကြရတယ်၊ အဲဒါတွေထဲမှာ အသက်ရှူလမ်း၊ အာရုံကြောနဲ့
မျိုးပွားလမ်းတွေမှာ ထိခိုက်နိုင်တယ်" လို့ ပါရှိခဲ့တယ်။ သုတေသနတွေ ဆက်လုပ်စရာတော့
ရှိတယ်လို့လဲ ဆိုပါတယ်။
၂ဝဝ၃ ခုနှစ်က အတော်ကြီးပြည့်စုံတဲ့
ဂဟေဆော်ခြင်းနဲ့ပါတ်သက်တဲ့ သိပ္ပံစာပေ ဆန်းစစ်ချက်တခု ထုတ်ခဲ့တယ်။ အဲဒီ ဂဟေဆော်ခြင်းနဲ့
ကျန်းမာရေး စာတမ်း အဆိုအရ Bronchitis လေပြွန်ရောင်ခြင်း၊ Airway irritation အသက်ရှူလမ်း
ထိခိုက်ခြင်း နဲ့ တခြား အသက်ရှူလမ်းဝေဒနာတွေ အများစုမှာ ခံစားကြရတယ်လို့ ပါရှိခဲ့တယ်။
တချို့ကလည်း အဆုပ်-ကင်ဆာ၊ အာရုံကြောရောဂါ ဖြစ်မလားပြောကြတယ်။ အထောက်အထားတွေတော့ မပြည့်စုံပါ။
ဂဟေဆော်ရာကနေ ထွက်တဲ့ အငွေ့ထဲမှာ
Nickel နစ်ကယ်လ် Chromium ခရိုမီယမ် နဲ့ Manganese မင်းဂနီးစ်တွေ ပါနေနိုင်တယ်။ အမေရိကန်
ပြည်နယ်၊ ကောင်တီ နဲ့ မြူနီစပယ် အလုပ်သမားမားအဖွဲ့ American Federation of State,
County, and Municipal Employees (AFSCME) ကနေထုတ်တဲ့ သတိပေးစာထဲမှာ ပိုပြီး ပြည့်စုံအောင်
ပါတယ်။ Chromium, Nickel, Manganese တွေအပြင် Arsenic, Asbestos, Silica,
Beryllium, Cadmium, Nitrogen oxides, Phosgene, Acrolein, Fluorine compounds,
Carbon monoxide, Cobalt, Copper, Lead, Ozone, Selenium, Zinc တွေ ပါနေတာဟာ အဆိပ်အတောက်တွေ
ဖြစ်ချင် ဖြစ်နိုင်တယ်လို့ ရေးထားတယ်။ အတိအကျ ပြောရတာတော့ ခက်တယ်လို့ ဝန်ခံပါတယ်။
Tuesday, June 12, 2012
ပုံများ
အောင်မငီး....တေပါဘီ၊ ဒီလောက်ကြီးအံကြိတ်ပြီး ရိုက်ရလား
သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ
ယုံဘူး...ဆို ယုံဘူးပဲ
တကောင်ကြွက်လေးမို့ပါ
ဒီလိုပဲလေ...ကြုံသလိုဖြေရှင်းရတာ။ နားလည်ပေးကြပါ
Posted by ဂျစ်တီး
Source: လွမ်းမပြေ
Monday, June 11, 2012
တတ်ချင်ရင်ဖတ်ပါ
ဆိုလိုချင်တာက အင်္ဂလိပ်စာတတ်ချင်ရင်
အင်္ဂလိပ်စာဖတ်၊ ပြင်သစ်စာတတ်ချင်ရင် ပြင်သစ်စာဖတ်ဖို့ပြောချင်တာ။ စာဖတ်တာဟာ
ဘာသာစကားတစ်ခုခုကို ကျွမ်းဝင်ဖို့အတွက် အများကြီး အထောက်အကူပြုနိုင်တယ်။
စာဖတ်တယ်ဆိုတာ ဦးနှောက်ကို အများကြီး
အလုပ်ပေးရတယ်။ စာရေးရင် တွေးရတယ်၊ ရေးရတယ်၊ ပိုပြီး အလုပ်ရှုပ်သွားတယ်။
စာဖတ်တယ်ဆိုတာလည်း မျက်လုံးကကြည့်၊ ဦးနှောက်နဲ့ အသိဖလှယ်နိုင်မှ နားလည်ခံ
စားလို့ရတယ်။ အင်္ဂလိပ်စာတစ်လုံးမှ မတတ်သူက အင်္ဂလိပ်စာတွေကို ကြည့်သာကြည့်တယ်
နားမလည်ရင် ဘယ်လိုမှ ခံစားနိုင်မှာ မဟုတ်ဘူး။
စာဖတ်ရင်
-
ခေါင်းထဲမှာ အရင်ဆုံး သူပြောတာဘာလဲဆိုပြီး မြင်ကြည့်ရတယ်
-
သူပြောတဲ့အကြောင်းအရာကို သိပြီဆိုရင် ခံစားကြည့်ရတယ်
- စာရေးသူရဲ့ ရေးသားထားချက်ကို သဘောတူခြင်း
မတူခြင်းတွေနဲ့ တုံ့ပြန်နိုင်ရတယ်
စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူး
ဘာသာစကားတစ်ခုကို လေ့လာရာမှာ Skill
လေးမျိုးစလုံးအရေးကြီးတယ်။ Listening, Speaking, Writing, Reading တွေအားလုံး
အရေးကြီးတယ်။ Reading က အများကြီးအထောက်အကူပေးနိုင်တယ်။ စာဖတ်ခြင်း ကြောင့်
ရရှိလာနိုင်တဲ့ အကျိုးတရားတွေ အများကြီးရှိတယ်။
Sunday, June 10, 2012
နိုင်ငံတော် သမ္မတမိန့်ခွန်း
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ယနေ့ည ၈ နာရီတွင် နိုင်ငံပိုင်
ရုပ်သံမီဒီယာများ မှတဆင့် ပြည်သူလူထုသို့ မိန့်ခွန့်ပြောကြားမည်
ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ သတင်းရရှိသည်။
သမ္မတ မိန့်ခွန်းကို တိုက်ရိုက်ကြည့်ချင်သူများ TVU player ကိုဒေါင်းပြီး install လုပ်ပါ http:// www.tvunetworks.com/ downloads/player.html# ထို့နောက် ပလေယာတွင် search channel နံပါတ် ၉၉၂၂၁ ကိုထည့်ရှာပါ။ စကိုင်းနက် ရုပ်သံမှတိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။
သမ္မတ မိန့်ခွန်းကို တိုက်ရိုက်ကြည့်ချင်သူများ TVU player ကိုဒေါင်းပြီး install လုပ်ပါ http://
Friday, June 08, 2012
အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု တိုးတက်စေမည့် နည်းလမ်း (၇၀) - အပိုင်း (၁ဝ)
၄၆။ အင်္ဂလိပ်ဘာသာနဲ့ထုတ်လွှင့်တဲ့ ရေဒီယိုသတင်းကိုနားထောင်ပါ။
ပိုလွယ်အောင်လို့ သတင်းကို အင်္ဂလိပ်လို ဖတ်ထားပြီးမှ နားထောင်နိုင်ပါတယ်။ ဒါမှမဟုတ်
ကိုယ့်ရဲ့ဘာသာစကားနဲ့ သတင်းကို ကြိုဖတ် ကြိုနားထောင်ထားနိုင်ပါတယ်။
၄၇။ အင်္ဂလိပ်ဘာသာ သတင်းစာကို ဖတ်ပါ။ လန်ဒန်မှာ
Metro သတင်းစာလို အခမဲ့ရတဲ့ သတင်းစာတွေက ဖတ်လို့ အလွယ်ဆုံး ဖြစ်တတ်ပါတယ်။ အဲဒီနောက်တော့
အင်္ဂလိပ်ဘာသာ အသုံးအနှုန်း ခက်ခဲမှု အလယ်အလတ်အဆင့်ရှိတဲ့ Daily Express သတင်းစာ၊
Daily Mail သတင်းစာတွေ ရှိပါတယ်။ The Sun လိုမျိုး လူကြိုက်များတဲ့ သတင်းစာတွေကတော့
မျက်နှာဖုံးသတင်းခေါင်းစဉ်တွေ၊ ဆောင်းပါးတွေမှာ Idiom တွေ၊ ဘန်းစကားအသုံးအနှုန်းတွေ
နောက်ပြီးတော့ ဟာသတွေလည်း ထည့်ရေးထားတဲ့အတွက်ကြောင့် ပိုပြီးတော့ ခက်ခဲတတ်ပါတယ်။
၄၈။ အင်္ဂလိပ်လိုဝတ္ထုရေးပါ။ ဥပမာ ၀တ္ထုတိုရေးနိုင်ပါတယ်။
နေ့တိုင်းဘာတွေဖြစ်ပျက်တယ်ဆိုတာကို နေ့စဉ်မှတ်တမ်းရေးရတာ ပျင်းရိငြီးငွေ့သူတွေအတွက်
အကောင်းဆုံးကတော့ စိတ်ကူးစိတ်သန်းရှိတဲ့အတိုင်း ခေါင်းထဲဝင်လာတာတွေကို လွတ်လွတ်လပ်လပ်
ရေးခြင်း ဖြစ်ပါတယ်။ ဒီအတွက် ကောင်းကျိုးကတော့ အင်္ဂလိပ်လိုတစ်ခုခုကို ဘယ်လို ပြောရမလဲ
စဉ်းစားလို့မရဘူးဆိုရင် ရေးလို့လွယ်တဲ့ အကြောင်းအရာ တစ်ခုကို ပြောင်းလဲလိုက်လို့ ရပါတယ်။
အင်္ဂလိပ်လို ၀တ္ထုစရေးဖို့ အလွယ်ကူဆုံးနည်းလမ်းကတော့ နေ့စဉ်မှတ်တမ်းရေးတာကနေစပြီး အသေးစိတ်
အချက်အလက်လေးတွေကို ပြောင်းပြီးတော့ စိတ်ဝင်စားစရာ ဖြစ်လာအောင် လုပ်နိုင်ပါတယ်။ ၃ပတ်
၎ပတ် စသည်ဖြင့် အချိန်ကြာလာတာနှင့်အမျှ စိတ်ကူးယဉ်အချက်တွေကို ပိုပြီးတော့ထည့်နိုင်ပါတယ်။
Thursday, June 07, 2012
New Big Money
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တစ်သောင်းကျပ်တန်ငွေစက္ကူအမျိုးအ စားသစ်ကို ၂၀၁၂ခုနှစ် ဇွန်လ၁၅ရက်တွင် စတင်ထုတ်ဝေမည်ဖြစ်ကြောင်း ယနေ့ညနေ (ဇွန်၇ရက်) ၆နာရီသတင်းတွင် တရားဝင်ကြေညာခဲ့သည်။
အဆိုပါငွေစက္ကူအမျိုးအစားသစ်ကို အများပြည်သူအား ဘဏ်ဖွင့်ချိန် အ တွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ငွေကြေးဌာန၊ ဘဏ်များနှင့်အစိုးရငွေတိုက်များ တွင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုလက်ရှိတရားဝင် လှည့်လည်သုံးစွဲလျက်ရှိသည့် ငွေစက္ကူများနှင့် ငွေအကြွေများသည် တရားဝင်သုံးစွဲငွေများအဖြစ် ဆက်လက်တည်ရှိသွားမည်ဖြစ်ကြောင်း လည်း အဆိုပါသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တစ်သောင်းကျပ်တန်ငွေစက္ကူသစ်၏အရွ ယ်အစားမှာ 15x7 စင်တီမီတာရှိပြီး လက်ရှိသုံးစွဲနေသော ကျပ်၁၀၀၀တန်(အသေး)နှင့်ကျပ်ငါး ထောင်တန်တို့နှင့်အရွယ်အစားတူညီ သည်။
ပေါ်လွင် ထင်ရှားသောအရောင်မှာ အပြာရောင်ဖြစ်ပြီး၊ မျက်နှာစာတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်ြေ မပုံ၊ သပြေခက်နှစ်ခက်နှင့် ဆင်ဖြူနှစ်စီးနှင့် ကြာဖြူတစ်ပွင့်တို့ဖြင့် ဖွဲ့စည်းရိုက်နှိပ်ထားသည်။
“ထူး၂ခြား၂ဖြစ်မယ်မထင်ဘူး။ ငါးထောင်တန်ထွက်တုန်းကလည်း ငွေကြေးဖောင်းပွမှုနဲ့ပတ်သက်ပြီး ပြောခဲ့ကြတယ်။ ဒါပေမယ့် မဖြစ်ခဲ့ဘူး။ အခုလည်းဖြစ်မယ်မထင်ဘူး”ဟု စီးပွားရေးပညာရှင် ဦးခင်မောင်ညို(ဘောဂဗေဒ)ကသုံးသပ်ပြောကြားသည်။
အဆိုပါငွေစက္ကူအမျိုးအစားသစ်ကို အများပြည်သူအား ဘဏ်ဖွင့်ချိန် အ တွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ငွေကြေးဌာန၊ ဘဏ်များနှင့်အစိုးရငွေတိုက်များ
ယခုလက်ရှိတရားဝင် လှည့်လည်သုံးစွဲလျက်ရှိသည့် ငွေစက္ကူများနှင့် ငွေအကြွေများသည် တရားဝင်သုံးစွဲငွေများအဖြစ် ဆက်လက်တည်ရှိသွားမည်ဖြစ်ကြောင်း
တစ်သောင်းကျပ်တန်ငွေစက္ကူသစ်၏အရွ
ပေါ်လွင် ထင်ရှားသောအရောင်မှာ အပြာရောင်ဖြစ်ပြီး၊ မျက်နှာစာတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်ြေ
“ထူး၂ခြား၂ဖြစ်မယ်မထင်ဘူး။ ငါးထောင်တန်ထွက်တုန်းကလည်း ငွေကြေးဖောင်းပွမှုနဲ့ပတ်သက်ပြီး
Posted by ဂျစ်တီး
Source: 7Day News Journal
Subscribe to:
Posts (Atom)





