Thursday, June 21, 2012

သီတဂူဆရာတော်ဘုရားကြီး အရှင်ဥာဏိဿရ၏ ဓမ္မသဘင်

နေ့ ရက်  ။       ။ ၂၃၊ ၀၆၊ ၂၀၁၂ (စနေနေ့ )
                     ၂၄၊ ၀၆၊ ၂၀၁၂ (တနင်္ဂနွေနေ့ )
အချိန်     ။      ။ စင်္ကာပူအချိန် ညနေ ၇း၃၀ မှ ၉း၀၀ အထိ (မြန်မာစံတော်ချိန် ညနေ ၆း၀၀ မှ ၇း၃၀)
နေရာ     ။      ။ Function Room 1, The ARENA Country Club, 511 Upper Jurong Road, Singapore 638366, near (JooKoon MRT)
Posted by ဝတီ

Wednesday, June 20, 2012

အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု တိုးတက်စေမည့် နည်းလမ်း (၇၀) - အပိုင်း (၁၁)

၅၂။ ရုပ်ရှင်ကြည့်တဲ့အခါမှာ အဘိဓာန်ကိုင်ပြီးကြည့်ပါ။ ရုပ်ရှင်တွေမှာ ဒီစကားလုံးကိုပဲ အကြိမ်ပေါင်း များစွာ သုံးထားတတ်ပါတယ်။ ဒါကြောင့် စကားလုံးတွေကို ပထမအကြိမ် ဒါမှမဟုတ် ဒုတိယအကြိမ် ကြားတဲ့အခါမှာ အရေးကြီးတဲ့စကားလုံးတွေကို အဘိဓာန်မှာ ရှာထားမယ်ဆိုရင် ရုပ်ရှင်လည်း ဆုံးရော အဲဒီစကားလုံးတွေကို တတ်သွားမှာဖြစ်ပါတယ်။ အင်္ဂလိပ် စာတမ်းထိုးပြီး ကြည့်မယ်ဆိုရင် အဘိဓာန် သုံးရတာ ပိုပြီးတော့ လွယ်မှာ ဖြစ်ပါတယ်။
၅၃။ အသံထွက်သင်္ကေတတွေကို သင်ထားပါ။ အသုံးပြုပါ။ အင်္ဂလိပ်ဘာသာမှာ စာလုံးပေါင်း ပုံစံတွေက အသံအရေအတွက်ထက် ပိုများတယ်။ အသံထွက်သင်္ကေတတွေကို သင်ယူပြီး Vocabulary ရေးတဲ့အခါမှာ အသံထွက်သင်္ကေတပါ တစ်ပါတည်းရေးခြင်းအားဖြင့် Vocabulary သင်တဲ့အဆင့်တစ်ဆင့် ထပ်ဖြည့် နိုင်တယ်၊ ပိုပြီး နှံ့နှံ့စပ်စပ် လေ့လာနိုင်တဲ့အပြင် အသံထွက်လည်း ပိုကောင်းလာမှာ ဖြစ်ပါတယ်။ အသံထွက်တစ်ခုတည်းကိုပဲ နည်းလမ်းအမျိုးမျိုးနဲ့ စာလုံးပေါင်းထားတာတွေကို မှန်းဆပြီး အသံထွက်စရာ မလိုတော့တဲ့အတွက်ကြောင့်လည်း ပိုပြီးတော့ လွယ်ကူအဆင်ပြေသွားမှာဖြစ်ပါတယ်။
၅၄။ စာလုံးပေါင်းစည်းမျဉ်းတွေကိုသင်ယူပါ။ အင်္ဂလိပ်စာလုံးပေါင်းက ကြုံရာကျပန်း စာလုံးပေါင်းတာမျိုးလို့ လူအတော်များများက ထင်ကြပါတယ်။ ဒါပေမယ့် တကယ်တော့ စကားလုံး အများစုက စည်းမျဉ်း တစ်မျိုးမျိုးနဲ့ ကိုက်ညီလေ့ရှိပါတယ်။ ဥပမာ mad နဲ့ made လိုမျိုး နောက်ဆုံးမှာ e ပါတဲ့အတွက် အသံထွက်ပြောင်းလဲသွားတာမျိုးဖြစ်ပါတယ်။
၅၅။ ကိုယ့်အသံကို အသံသွင်းထားပြီး ပြန်နားထောင်ပါ။ ဆရာဆရာမက အသံထွက်ပြင်ပေးတာမျိုးမရှိရင် ဒါမှမဟုတ် နည်းပါးလို့ရှိရင် ကိုယ့်ဘာသာ အသံသွင်းပြီး ပြန်နားထောင်ခြင်းဖြင့် အင်္ဂလိပ်ဘာသာ အသံထွက်တွေ တကယ်တမ်း မှန်အောင် ထွက်နိုင်ရဲ့လား ပြန်ပြီးကြားနိုင်မှာဖြစ်ပါတယ်။
ရေးသားသူ - Language Republic of MyanmarNetwork
Posted by ကိုတူး(မိတ္ထီလာ GTI)

Monday, June 18, 2012

Call Center မှ ဝန်ဆောင်မှုအသစ်နှင့် ဖုန်းလိုင်းအသစ်တစ်ခု ထပ်မံတိုးလာ

ပြည်တွင်းရှိ Call Center သည် လက်ရှိဆောင်ရွက်ပေးနေသော ဝန်ဆောင်မှုများအပြင် နောက်ထပ်ဝန်ဆောင်မှု အသစ်များကို ဇွန်လအတွင်း ထပ်မံတိုးချဲ့လိုက်ပြီး ဆက်သွယ်ရန် ဖုန်းနံပါတ်အသစ် တစ်ခုလည်း တိုးလာကြောင်း သတင်းရရှိသည်။ ယခင်က ဆက်သွယ်ရန် ဖုန်းနံပါတ်မှာ ၁၈၇၆ တစ်ခုတည်းဖြစ်ပြီး အသစ်တိုးလာသော ဖုန်းနံပါတ်မှာ ၁၈၇၅ ဖြစ်ကြောင်း သိရသည်။ ယင်းနံပါတ်အသစ်သို့ ဆက်သွယ်မေးမြန်းနိုင်မည့် ဝန်ဆောင်မှုအသစ်များမှာ ကျန်းမာရေးဝန်ဆောင်မှုများ၊ ဟိုတယ်ဝန်ဆောင်မှုများ၊ အလုပ်အကိုင်ရှာဖွေပေးသည့် ဝန်ဆောင်မှုများနှင့် ဗေဒင်ဝန်ဆောင်မှုများဖြစ်ကြောင်း သိရသည်။ ကျန်းမာရေးဝန်ဆောင်မှုတွင် ၂၄ နာရီ အချိန်မရွေး မေးမြန်းနိုင်ပြီး ဆရာဝန်များမှ ကျန်းမာရေးနှင့် ပတ်သက်၍ ဆွေးနွေးတိုင်ပင်ပေးခြင်း၊ အိမ်တိုင်ရာရောက် ကျန်းမာရေးဝန်ဆောင်မှုပေးခြင်းတို့ ပါဝင်ကြောင်း သိရသည်။ အလုပ်အကိုင် ဝန်ဆောင်မှုအဖြစ် အလုပ်ရှာဖွေသူများမှ ၁၈၇၅ သို့ ဖုန်းဆက်ပြီး မိမိတို့၏ CV များကို တင်နိုင်ခြင်း၊ ကုမ္ပဏီများမှလည်း ၁၈၇၅ သို့ ဖုန်းဆက်ပြီး ဆက်သွယ်ဆောင်ရွက်နိုင်ခြင်းတို့ကို လုပ်ဆောင်နိုင်မည်ဟု သိရကြောင်း ၂၀၁၂ ခုနှစ် ဇွန်လ ၂၀ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

Posted by ဂျစ်တီး 
Source: ခေတ်လူငယ်

Sunday, June 17, 2012

လျှပ်တစ်ပြတ် ဆိုးလ် (Seoul)


လျှပ်တစ်ပြတ် ဆိုးလ် (Seoul) တဲ့။ ဟုတ်ပါသည်- လျှပ်တစ်ပြတ်မှ တကယ့်ကို တခဏလေးပါပဲ။ ထိုတခဏလေး အတွင်းကျွန်တော် ရောက်ရှိခဲ့သော၊ အမှတ်မထင် တွေ့ကြုံခဲ့ရသော ကိုရီးယားနိုင်ငံ၏ မြို့တော်ဖြစ်သော ဆိုးလ်မြို့နှင့်ပတ်သက်သည်လေးများအား ဖောက်သည်ချ ရေးဖွဲ့ပါမည်။ ကျွန်တော်ရေးဖွဲ့မည်ဆိုသော အကြောင်းအရာလေးများသည် ကျွန်တော်၏ လျှပ်တစ်ပြတ် အတွင်းတွေ့ကြုံခဲ့ရသည်များသာ ဖြစ်သောကြောင့် မှန်ကောင်းမှန်ချင်မှ မှန်ပေမည်။ ကွဲလွဲသည်များလည်း ရှိနိုင်ပေမည်။ တိုက်ဆိုင်သည်များလည်း ပါပေလိမ့်မည်။ ပွင့်ပွင့်လင်းလင်းပြောရမည်ဆိုပါလျှင် ကျွန်တော်သည် ၂၀၀၈ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့မတိုင်ခင်အထိ နိုင်ငံခြားတိုင်းပြည်များသို့ မရောက်ဖူးသေးပါ။ ကိုယ့်မြေကိုယ့်ရေ အတွင်းမှာနေ  ကိုယ့်လူမျိုးတွေနဲ့သာ ထိတွေ့ဆက်ဆံ ဖူးလေတော့ ဖွံ့ဖြိုးပြီးစနိုင်ငံတွေ တိုးတက်ကြပါသည်ဟု ပြောနေကြားနေရသည်။ မထိတွေ့ရ၊ ကိုယ်တွေ့ မမြင်ရတော့ အကြားပဲရှိသည်။ မသိ။ ဒီအတောအတွင်း မြန်မာပြည်သို့ အကြောင်းတိုက်ဆိုင်စွာ ပြန်ရခွင့်ကြုံတော့လဲ လေယာဉ်အတက်အဆင်း လုပ်စဉ်မှာပဲ တိုးတက်နေပါပြီဟုဆိုသော ဘန်ကောက်မြို့ကြီးကိုအကဲခတ်ကြည့်မိပါသည်။ မြင်ရသလောက်လဲ တိုးတက်သည့် အရိပ်အယောင်တွေ တွေ့နေရသည်။ ဂျပန်ဆိုတာကတော့ နှစ်နဲ့ချီနေထိုင်နေခဲ့ပြီးတဲ့နောက် သူတို့လူမျိုးတွေနဲ့ ထိတွေ့ ဆက်ဆံရသည်။ သွားလာရင်း မမြင်ချင်အဆုံး မြင်တွေ့နေရသည်။ သူတို့လူမျိုးသဘောကို အတော်အတန် စောကြောမိလာပြီ။ Laboratory ထဲမှာ သူတို့နဲ့ အတူလုပ်ကိုင်နေရတော့လဲ သူတို့ရဲ့ လုပ်နည်းလုပ်ဟန်တွေ အတော်အတန်တီးမိခေါက်မိလာပြီ။ သိသင့်သလောက် သိလာရတော့မှပဲ သြော- ဒါ့ကြောင့် ဂျပန်နိုင်ငံ တိုးတက်နေရတာကိုး- ကမ္ဘာ့ဒုတိယ စီးပွားရေး အဖွံ့ဖြိုးဆုံးနိုင်ငံရယ်လို့ ရပ်တည်နိုင်ခဲ့တာကိုးလို့ ကောက်ချက်ချမိပါတယ်။ မွန်ဘူးရှိုးပညာတော်သင်တစ်ယောက်လည်းဖြစ်တဲ့ ရင်မောင် (ဒေါက်တာတိုင်းအုပ်) ရေးသားထားတဲ့ "ဂျပန်ပြည်မှာ ရက်ပေါင်း တစ်ထောင့်သုံးရာ" ဆိုတဲ့ စာအုပ်လေးရဲ့  အစပိုင်းမှာ ဂျပန်နိုင်ငံ တိုးတက်ရတဲ့ အကြောင်းရင်းတွေကို စာရေးသူသုံးသပ်ထားတာက ဂျပန်နိုင်ငံသည် လူမျိုးတစ်မျိုးတည်းသာရှိခြင်း၊ နယ်နမိတ် ထိစပ်လျှက်မရှိသော ကျွန်းနိုင်ငံဖြစ်နေရခြင်းတို့ဖြစ်ပါတယ်။ ကျွန်တော်လည်း ထိုအချက်တွေကို ထောက်ခံပါသည်။ နိုင်ငံတစ်နိုင်ငံ ဖွံဖြိုးတိုးတက်ဖို့သည် သဘာဝကဖန်တီးပေးထားခြင်းများကလည်း လျစ်လျူရှု၍မရပါ။ လူမျိုးတစ်မျိုးတည်းသာရှိခြင်းကြောင့် ဥပဒေ ပြဌာန်းရာတွင်လည်းကောင်း အုပ်ချုပ်ရာတွင်လည်းကောင်း လွယ်ကူခြင်း၊ နယ်နမိတ် ထိစပ်မနေခြင်းကြောင့် ၎င်းနှင့်သက်ဆိုင်သော ပြဿနာများ အထိုက်အလျောက်လျော့ပါးခြင်းများ စသည်တို့ကို ထောက်ပြထားပါသည်။ 

ကျွန်တော်၏ အပိုင်းအစများ (၁)


ကျွန်တော်၏ အပိုင်းအစများမှာ အပိုင်းအစများသာ ဖြစ်၏။ ဤကမ္ဘာမြေနှင့်ဆက်စပ်ပက်သက်သော အကြောင်းအရာများ လည်းဖြစ်၏။ အခြားဂြိုလ်ကမ္ဘာအကြောင်းများ မပါဝင်။ အကြောင်းမှာ ကျွန်ုပ်သည် ဤကမ္ဘာမြေပေါ်တွင်သာ နေထိုင် နေသောကြောင့် ဖြစ်၏။

ဗုဒ္ဓ၊ ဗိုလ်ချုပ်

တရံရော အခါက ကျွနု၏လက်ထဲသို့ ထိုအချိန်က ခေတ်စားနေသော “ရေးပေးပါ” ဟူသော စာအုပ်လေး ရင်းနှီးသူတစ်ယောက်ထံမှ ရေးပေးရန် လက်ခံရ၏။ ကိုယ်ရေးအကြောင်းအရာများ ရေးပေးရန်ဖြစ်ပါ၏။ တချို့က ကိုယ့်အကြောင်းအရာများကို ဟာသနှော၍ရေး၏။ တချို့ကလည်း သွယ်ဝိုက်၍ရေး၏။ တချို့က အတည်ရေး၏။ မည်သို့ပင်ရေးစေကာမူ သူ့အကြိုက်၊ ကိုယ့်အကြိုက်သိရ၍ ဆက်ဆံရေးတွင် အရေးပါ၏။ ကောင်းပါ၏။ ကျွန်ုပ်လည်း ရေးခွင့် ကြုံတုန်း ကိုယ့်အကြောင်းအရာများ အတန်သင့် ရေးလိုက်၏။ ဤလောက၌ မိမိချစ်ခင်လေးစားရသူများဖော်ပြရာတွင် ဗုဒ္ဓ၊ ဗိုလ်ချုပ် ဟုဖော်ပြခဲ့၏။ ယခု အတန်ငယ် ဆင်ခြင်တုံ တရားလေးရလာတော့ အဆိုပါအကြောင်းအရာကို ကိုယ့်ကိုယ်ကို ပြန်သုံးသပ်မိ၏။ အထက်ပါ ပုဂိုလ်များကို မိမိ အမှန်တကယ် ချစ်ခင်လေးစားပါရဲ့လား။ အမှန်တကယ် ချစ်ခင်လေးစားပါမူ ထိုသူတို့ ချမှတ်ထားသော ဝါဒများကို မမှိတ်မသုန် လိုက်နာကျင့်သုံးနိုင်ရမည်။ ဒါမှ ချစ်ခင်လေးစားရာရောက်၏။ ဗုဒ္ဓမြတ်စွာဘုရားမှ ငါဘုရား ဟောကြားထားသော တရားတော်တို့ကို လိုက်နာကျင့်ကြံပါမူ ငါဘုရားနှင့် အနေနီးသည်မည်၏။ ထိုသို့ မဟုတ်မူကား ငါဘုရားနှင့် အနေဝေးသည် မည်၏ ဟု ဟောကြားထား၏။ ဗိုလ်ချုပ်သည်လည်း ကိုယ်ကျိုးအတ္တ မကြီးရာတွင် နာမည်ကျော်၏။ တိုင်းပြည်ကောင်းစားရေး အတွက်မမှတ်မသုန် လုပ်ရာတွင် နာမည်ကြီး၏။ စာရင်းချုပ်လိုက်တော့ ငါထိုသူတို့ကို အမှန်မချစ်သေး ဟူ၏။

Easy way to speak English (4)

အင်္ဂလိပ်စကားကို သွက်သွက်လက်လက်ပြောတတ်ချင်ရင် အခုပြောပြမယ့်အကြောင်းအရာတွေကို မှတ်သားစေချင်ပါတယ်။
ပထမအချက်ကတော့ Do not study grammar ပါတဲ့။ ဒီလိုပြောလို့ အံအားသင့်သွားနိုင်သလား။ သဒ္ဒါတတ် မှ စာတတ်မယ်။ သဒ္ဒါမတတ်ရင် စာမတတ်ဘူးဆိုတဲ့ စကားကလည်းရှိတာကိုး။ စာမေးပွဲအောင်ချင်ရင် (သို့) အမှတ်ကောင်းချင်ရင်၊ အင်္ဂလိပ်စာအရေးအသားကောင်းချင်ရင် သဒ္ဒါ( Grammar) ကိုလေ့လာပါ။
အဲ့………..ဒါပေမဲ့ အင်္ဂလိပ်သွက်သွက်လက်လက်နဲ့ ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ချင်ရင် သဒ္ဒါကိုအလေးပေးတာထက် အသုံးအနှုန်းကို ပိုပြီးလေ့လာသင့်ပါတယ်။ အပြောအင်္ဂလိပ်စကားမှာ သဒ္ဒါစည်းမျဉ်းတွေ တွေးပြီး ၀ါကျဖွဲ့ပြောနေရင် ဖြောင့်ဖြောင့်ဖြူးဖြူးပြောနိုင်တော့မှာမဟုတ်ဘူး နှေးကွေးသွားပါလိမ့်မယ့်။ မိမိပြောမဲ့စကားမှာ အဟန့်အတားဖြစ်နေပါလိမ့်မယ်။ ဒီတော့ မှားမှားမှန်မှန် ပြောရဲတဲ့သတ္တိကိုမွေးပါ။ ဒါဟာ ပထမလိုအပ်ချက်ပါ။
အင်္ဂလိပ်လိုပြောနေတဲ့ ဒေသခံအင်္ဂလိပ်လူမျိုးအစစ်တွေတောင်မှ သူတို့ပြောတဲ့ အပြောအင်္ဂလိပ်စကား မှာ အမှားတွေ ပါတတ်ကြတာပါပဲ။ အင်္ဂလိပ်လူမျိုးအစစ်တွေဟာ အင်္ဂလိပ်သဒ္ဒါကို  ပြည်ပက နိုင်ငံခြားသားတွေလောက် မသိကြဘူး။ ပြည်ပက နိုင်ငံခြားသားတွေက သူတို့ထက်ပိုသိတယ်။  ဒါပေမဲ့ အင်္ဂလိပ်လူမျိုးတွေလောက် စကားမပြောတတ်ကြဘူး။
ကျနော်တို့ မြန်မာလူမျိုးတွေကော??? ။ စကားပြောရင် မြန်မာသဒ္ဒါကို ထည့်စဉ်းစားပြီး ပြောဖူးလားလို့ တွေးမိဘူးလားမသိဘူး။။ ဘယ်ဟာက ကြိယာ၊ နာမ၀ိသေသန၊ ကြိယာဝိသေသန ဆိုပြီးတော့ပေါ့။ အဲ့ဒီ ဥပမာကိုကြည့်ရင် ဆိုလိုတဲ့အချက်ကိုသဘောပေါက်လောက်ပါပြီ။
ဒုတိယအချက်ကတော့ Learn and study phrases ပါ။ အင်္ဂလိပ်စကားလုံးကို တစ်လုံးချင်းကျက်တာထက် စကားလုံးအတွဲလိုက်၊ စကားစုအလိုက် ကျက်မှတ်လေ့လာတာက ပိုကောင်းပါတယ်။ ။ စကားလုံးအတွဲလိုက်၊ စကားစုလိုက် ကျက်မှတ်ထားတယ်ဆိုရင် သဒ္ဒါစည်းမျဉ်းစဉ်းစားစရာမလိုတော့ဘဲ သူ့ဘာသာသူ အလိုအလျောက် ပြောနိုင်ပါလိမ့်မယ်။
အင်္ဂလိပ်စကားကို သက်တောင့်သက်သာနဲ့ သွက်သွက်လက်လက် မှန်မှန်ကန်ကန်ပြောနိုင်အောင် အလွယ် တကူ အသုံးပြုလို့ရမယ့် စကားလုံးအတွဲ၊ စကားစု (Phrases) တွေကိုလည်း ဆက်လက်ဖော်ပြလိုက်ပါတယ်။

Saturday, June 16, 2012

အခမဲ့ သီချင်းဆိုင်

တေးသီချင်းနှစ်သက်ကြတဲ့ သူငယ်ချင်းတို့အတွက် သီချင်း Album အလိုက် download ဆွဲနိုင်တဲ့ blog တစ်ခုကို မိတ်ဆက်ပေးလိုက်ပါတယ်။ မိမိနှစ်သက်ရာတေးသီချင်းများကို  နားဆင်ရင်း ဘဝအမောများပြေပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
Axlerose

Posted by KAE 

ဒေါ်အောင်ဆန်းဆုကြည် ရဲ့ နိုဗယ်လ် ဆုပေးပွဲ အခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မှု

မြန်မာတို့ရဲ့ ဂုဏ်ယူလေးစား အားကိုးယုံကြည်၊  အမေတစ်ယောက်လို ချစ်ခင် မြတ်နိုးခြင်းကို ခံရတဲ့ အမေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဗယ်ဆု ပေးပွဲ အခမ်းအနားကို
ဇွန်လ ၁၆ ရက်နေ့ နယူးယောက်အချိန် စနေနေ့နံနက် (၇) နာရီ၊
စကာင်္ပူအချိန် စနေနေ့ည (၇) နာရီ၊
မြန်မာအချိန် စနေနေ့ညနေ (၅ နာရီခွဲ) တွင် အောက်ပါ လင့်မှ တိုက်ရိုက် ကြည့်ရှုနိုင်ပါသည်။
http://www.nobelprize.org/

16th June (Saturday) 2012
Live Webcast of Aung San Suu Kyi's Nobel Lecture, Oslo, Norway
1:00 PM. CET


Source: Min Kyaw Khine FB

Posted by ဂျစ်တီး

ပိတောက်စိတ်ကူး

ရွှေဝါရောင် တဖိတ်ဖိတ်နဲ့
လူ့ရဲ့စိတ်ကို မရိုးမရွစေတာ
ဒီတခါတော့ ငါလွမ်းရပြီထင်ရဲ့
ပန်းပိတောက်ရယ် ။

အဆက်အသွယ်ပြတ်ခဲ့တဲ့ တခဏ
စိတ်ကူး အိပ်မက်တွေ ပျက်ခဲ့ရတယ်
နင့်ကြောင့် ရယ်လို့တော့ မပြောပါဘူး
ပုံမှန်ရောက်လာတတ်ခဲ့တဲ့
တစ်နှစ်တစ်ခါဆိုတာက
ဖိအားပေးခဲ့တာပါ ။

ပျော်စရာတွေ ယူလာတတ်သလို
ပျော်စရာတွေလဲ ပြန်သယ်သွားတတ်တော့
နင့်ကြောင့်ပဲ ငါလွမ်းတတ်သွားပြီ။

နင့်ကြောင့် စိတ်ကူးတွေ ယဉ်ခဲ့ဖူး
နင့်ကြောင့် ပဲစိတ်ကူးတွေ ယိုင်ခဲ့ဖူး
ဘာမဟုတ်တဲ့ ပိတောက်စိတ်ကူး က
ငါ့ကို ရူးစေခဲ့တာလား ။

ပိတောက်ဖူးနဲ့ ငါ့စိတ်ကူးတဲ့
ခဏတော့ ငါ့မကြာခဏပဲ
ပျော်ဖူးပါတယ်
ပိတောက်စိတ်ကူးလေးရယ် ။     ။

Posted by တကိုယ်ငယ်

Friday, June 15, 2012

အင်္ဂလိပ်စကားပြောပိုကောင်းစေရန်နည်းလမ်းများ (အပိုင်း-၁)

ယနေ့ခေတ်မှာ လူတိုင်းကိုမေးလိုက်။ ဘာလုပ်နေလဲ “အင်္ဂလိပ် စပီကင် တက်နေတယ်” ဟူသည့်အဖြေကို ညံညံစီစီ ကြားနေရသည်။ အင်္ဂလိပ်စာ၏အရေးကြီးပုံကို လူတိုင်း သဘောပေါက်နေကြပြီဖြစ်သည်။ တစ်ချိန်ကလို ကျွန်လုပ်ချင်သည့်သူများအတွက် စာနှင့်စကားဟု ယိုးစွပ်သည့်ခေတ် မဟုတ်တော့ပြီ။
သူသူငှာငှာ အင်္ဂလိပ်စကားပြောတတ်ချင် ကြသည်။ အင်္ဂလိပ်လို ဒွတ်ဒက်ရွှတ်ရှက် နှင့်ပြောနေ သူတစ်ယောက်ကို မြင်ရကြားရတိုင်း သူတို့လို ပြောတတ်ချင်စိတ်တွေ တဖွားဖွားပေါ်လာ တတ်ပါသည်။ ဒါကြောင့်လည်း ဟိုသင်တန်း ဒီသင် တန်းတွေကို ဈေးကြီးပေးပြီး တက်ကြပြန်သည်။ သင်တန်းတွေကလည်း သင်ပေးကြပါသည်။ ဒါပေမယ့် တကယ့်တစ်ကယ် မြို့ထဲမှာ တိုးရစ်တစ်ယောက်က ကိုယ့်ကို အိမ်သာ ဘယ်နေရာ မှာရှိသလဲလို့ လာလည်းမေးရော
ရင်တွေတဒိန်းဒိန်းခုန်၊ ပါးစပ်က အာစေးထည့်ထားသလို ပြောမထွက်၊ တိုးရစ်က တစ်လုံးချင်း အသံအကျယ်ကြီးထွက်ပြောတာကိုလည်း နားမလည်၊ အင်း- အဲ လုပ်ရင်း ကိုယ်ပြောချင်တာက တစ်မျိုး၊ တစ်ကယ်ညွှန်ပြလိုက်တာက တစ်ခြားနဲ့ဧည့်သည်လည်း ရောက်ချင်ရာရောက်။ နောက်ပိုင်း သွေးအေးသွားသည့်အချိန်ပြန် စဉ်းစားလိုက်မှ ငါ ဒီလို ပြောလိုက်ရင်ရတာပဲ။ ဘာဖြစ်လို့ အဲဒီလိုပြောဖို့ သတိမရခဲ့ရတာလဲ ဟု မကျေမချမ်းနှင့် ကိုယ့်ကိုယ်ကို ပြစ်တင်ရသည့်အဖြစ်မျိုး ကြုံဖူးကြမည် ထင်ပါသည်။
မိမိတစ်ယောက်တည်း မဟုတ်ပါ။ စာသင်သားအများစုဖြစ်ပါသည်။ အင်္ဂလိပ်စကားကို သွက်သွက်လက်လက်နှင့် ကိုယ်ပြောတာကို သူများနားလည်၊ သူများပြောတာကိုလည်း ကိုယ်ကနားလည် ဖြစ်ချင်ပါက အောက်ပါနည်းလမ်းများက မိမိဆန္ဒများကို ဖြည့်ဆည်း ပေးနိုင်ပါလိမ့်မည်။