Wednesday, June 27, 2012

လူငယ်နှင့် အချိန်အသုံးချမှု

လူဘ၀သက်တမ်း တစ်လျှောက်မှာ အကောင်းဆုံးတွေကိုလုပ်ဆောင်နိုင်မှာကတော့ လူငယ်လို့ သတ်မှတ်ထားတဲ့ အချိန်ပါပဲ။ လူငယ်လို့ ပါးစပ်ကနေ အော်လိုက်ရရင်ကို တော်တော်လေး ခွန်အားတွေ ပြည့်လာသလိုပဲ။ လူငယ်ဆိုတဲ့ ဂုဏ်ကိုတော့ အလွန်တန်ဖိုးထားတယ်။ ရှေ့ဆောင်ပုဂ္ဂိုလ်ကြီးတွေရဲ့ လူငယ်ဘ၀ ဖြတ်သန်းခဲ့ကြပုံလေးတွေကိုလည်း တတ်နိုင်သလောက်တော့လေ့လာမိတယ်။ တကယ်ကိုထွန်းပေါက် အောင်မြင်သွားကြတဲ့ ပုဂ္ဂိုလ်တိုင်းဟာ အခက်အခဲ ဒုက္ခဆိုတာတွေကို ခက်ခက်ခဲခဲ ရင်ဆိုင်ဖြတ် သန်းခဲ့ကြ တယ်ဆိုတာလေးတော့ တွေ့ရပါ တယ်။ ဒါလေးတွေကို သာဓကပြုပြီး ယနေ့လူငယ်တွေ လက်ဖက်ရည် ဆိုင်မှာ အချိန်တွေကို အလဟသတ် ကုန်ဆုံးနေတာတွေ့ ရလို့ အကြောင်းပြုပြီးရေးသားဖော်ပြခြင်းဖြစ်ပါတယ်။
ဘ၀ဆိုတာကိုအချိန်နဲ့တည်ဆောက်ထားတယ် လို့ဆရာပီမိုးနင်း စာအုပ်တွေမှာ တွေ့ခဲ့ရတယ်။ တန်ဖိုးရှိတဲ့ အရာတွေထဲမှာ အချိန်ဆိုတာကတော့ ဘာနဲ့မှာ အစားပြန်ထိုးလို့မရတဲ့ အရာပဲ ဖြစ်ပါတယ်။ ဒါကိုလူငယ် လေးတွေ သိပြီးသားပါ။ တန်ဖိုးရှိတဲ့ အချိန်တွေအတွက် အကျိုးရှိရှိ အသုံးချကြဖို့ ပြောခဲ့တဲ့ စာအုပ်ပေါင်း တွေလည်း ထပ်နေပါပြီ။ လက်ဖက်ရည်ဆိုင်မှာ အကျိုးမရှိတဲ့ စကားတွေပြောပြီး အချိန်ကုန်နေကြမယ့်အ စား တစ်ခုခုကိုအာရုံစိုက်ပြီး လုပ်ကိုင်ကြမယ် ဆိုရင်ဖြင့် အဖိုးတန်လူငယ်တွေ မြန်မာပြည်မှာ အမြောက်အများ ထွက်လာမှာပါ။
ဘ၀ဆိုတာကတော့ အမျိုးမျိုးရှိပါတယ်။ ကိုယ့်ဘ၀အကျိုးပေးနဲ့ကိုယ် ဆင်းရဲတာရှိသလို ချမ်းသာတာလည်း ရှိကြမယ်။ ဘယ်လိုဘ၀မျိုးပဲဖြစ်ဖြစ် ကိုယ်ဖြစ်ချင်ရာကို ဖြစ်ခွင့်ရှိပါတယ်။ အဓိကအကျဆုံးကတော့ ကိုယ့်စိတ်ပါ။ ဘ၀အကျိုးပေးနုံချာလို့ လောကဓံဆိုးတွေရင်ဆိုင်ကြရတယ်။ လွတ်လပ်မှုမရှိလို့ လုပ်ချင် ရာလုပ်လို့မရဘူးဆိုတာတွေလည်း ရှိပါတယ်။ ဘယ်လိုမျိုး အနေအထားမှာပဲ ရှိနေပါစေ ဖြစ်ချင်တယ်ဆိုရင် အားလုံးကိုရင်ဆိုင်ကျော်လွှားရဲတဲ့သတ္တိတစ်ခုပဲလိုပါတယ်။ ဘ၀အခြေမွဲလို့ နိုင်ငံတော်သမ္မတ မဖြစ်နိုင်ဘူးဆိုတဲ့ခံယူချက်ရှိနေကြမယ်ဆို ရင် အမေရိကန်နိုင်ငံရဲ့ မော်ကွန်တင် သမ္မတကြီး အေဗရာ ဟမ်လင်ကွန်း အကြောင်းလေး လေ့လာဖတ်ရှု့ကြည့်ကြစမ်းပါ။

Monday, June 25, 2012

စင်္ကာပူလုပ်ငန်းရှင်တစ်ဦးဆိုက်ရောက်ဗီဇာ ငြင်းပယ်ခံရ

( အမှန်တော့ ကိုယ့်လူတွေ လုပ်တာ မရှင်း မရှင်း နိုင်ပေမယ်လို့ ဒီလိုသတင်းမျိုး ရှားရှားပါးပါး ဖတ်ရတာ အရသာ ရှိလွန်းလို့ မျှဝေလိုက်ပါတယ်။ မကြာခင် ကိုယ့်အလှည့် ရောက်တော့မယ် ထင်ပါရဲ့ )
အာဆီယံနိုင်ငံများနှင့်ဥရောပနိုင်ငံများအပါအ၀င် နိုင်ငံပေါင်း၂၇ နိုင်ငံကိုဇွန်လ၁ ရက်မှစပြီး ရာနှုန်းပြည့်ဆိုက်ရောက်ဗီဇာ ခွင့်ပြုမည်ဟု တရားဝင်ထုတ်ပြန် ခဲ့သော်လည်းယခုလ၂၀ ရက်နေ့က စကာင်္ပူနိုင်ငံသားစီးပွားရေးလုပ်ငန်းရှင် တစ်ဦးကိုစာရွက်စာတမ်းမပြည့် စုံမှုဖြင့် ဆိုက်ရောက်ဗီဇာထုတ်ပေးရန် ငြင်းဆိုခဲ့သဖြင ယင်းနေ့တွင်ပင်မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာခဲ့ရ ကြောင်း ၎င်းနှင့်ရင်းနှီးသူ မြန်မာဧည့်လမ်းညွှန် ကTheVoice Weekly သို့ထုတ်ဖော် ပြောကြားသည်။

အဆိုပါ စီးပွားရေးလုပ်ငန်းရှင်ကဲ့သို့ ရန်ကုန်လေဆိပ်မှ ပြန်လည်ထွက်ခွာရသူ နိုင်ငံခြားသားများလည်းရှိကြောင်း ဧည့်လမ်းညွှန်များထံက စုံစမ်းသိရသည်။

"နှစ်ရက်လောက်ပဲ ရှိ ဦးမယ်၊ကျွန်တော့်မိတ်ဆွေ လုပ်ငန်းဆိုက်ရောက် ဗီဇာလုပ်ဖို့စကာင်္ပူကနေ လာတာ၊ဒီရောက်တော့အထောက်အထား မပြည့်စုံလို့ပြန်လွှတ်ခံရတယ်၊သူကပြောတယ် ဒါဟာတကယ့်ဆိုက်ရောက်ဗီဇာ အစစ်မဟုတ်ဘူးလို့၊လ၀က ကသူဆီက ဒီကိုဝင်ဖို့လျှောက်တဲ့အခါမှာ လုပ်ငန်းအတွက်လာ ကြောင်း ၊ဖိတ်ကြားတဲ့ကုမ္ပဏီက ထောက်ခံတဲ့ ဖိတ်တဲ့ စာ ပါမပါမေးတဲ့အကြောင်းမေးတော့ သူက ဆိုက်ရောက်ဗီဇာဆိုတာ ဒီရောက်မှ လုပ်ရတာ မဟုတ်လားလို့ဆိုတော့ကြိုတင် အထောက်အထားပြ တင်ပေးရမယ်အဲဒီအခါမှ ခွင့်ပြုမယ်လို့ပြောတယ်”ဟု၎င်းက မိတ်ဆွေနိုင်ငြံ ခားသား ကြုံခဲ့ရသည်ကိုရှင်းလင်းပြောကြားသည်။

ယင်းသို့ဆိုက်ရောက်ဗီဇာ ခွင့်ပြုသည်ဟု ပြောသော်လည်းလက်တွေ့တွင်ယခင်ခွင့်ပြုသည် ကြိုတင်ဆိုက်ရောက်ဗီဇာစနစ် အတိုင်းသာ ဧည့်သည်များအားလုပ်ဆောင်စေပြီးမ ၀င်ခွင့်ပြုသဖြင့်ယခုရာနှုန်းပြည့်ဗီဇာဟု ဆိုခြင်းမှာ များစွာ ကွဲလွဲလျှက်ရှိကြောင်း၎င်း ကသုံးသပ်ပြသည်။

ယင်းသို့ပြန်လည်ခွင့်ပြုခဲ့သော ဆိုက်ရောက်ဗီဇာများမှာလုပ်ငန်းဆိုက်ရောက်ဗီဇာ၊ပြည်ဝင်ဆိုက်ရော က်ဗီဇာ နှင့်ဖြတ်သန်းခွင့် ဆိုက်ရောက်ဗီဇာ များဖြစ်ပြီး၎င်းဗီဇာများအတွက်လူတစ်ဦးလျှင် အချိန်တစ်မိနစ်အတွင်း ထုတ်ပေးသွားမည့်အပြင် လေဆိပ်တွင်လည်းကောင်တာငါးခုဖြင့်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလ. ၀.ကညွှန်ကြားရေးမှုးချုပ် ဦးမောင်မောင်သန်းက မေလ၂၈ ရက်နေ့ကမီဒီယာများတွင်ေ ပြာကြားခဲ့သည်။

မြန်မာနိုင်ငံတွင်ဆိုက်ရောက်ဗီဇာ ထုတ်ပေးခြင်းကို မေလတွင်စတင်ခွင့်ပြုခဲ့သော်လည်း စက်တင်ဘာလတွင်ပင်ပြန်လည်ရပ်နားခဲ့ပြီး ယင်းအချိန်မှစပြီးနိုင်ငံခြားသားများအားကြိုတင် ဆိုက်ရောက်ဗီဇာ စနစ်ဖြင့်သာ ၀င်ရောက်ခွင့် ပြုခဲ့သည်။
Posted by ဂျစ်တီး 
Source: News of Myanmar

Sunday, June 24, 2012

သီတဂူဆရာတော်ဘုရားကြီး အရှင်ဥာဏိဿရ၏ ဓမ္မသဘင်(ဒုတိယနေ့) ပြန်လည်ထုတ်လွှင့်မူအစီအစဉ်

သီတဂူဆရာတော်ကြီး ဦးဥာဏိဿရ၏ တရားပွဲ (ဒုတိယနေ့)”ကို Function Room 1, The ARENA Country Club, 511 Upper Jurong Road, Singapore 638366, Near (Joo Koon MRT) တွင် ၂၄-၀၆-၂၀၁၂ တနင်္ဂနွေနေ့ ညနေ(ရး၃၀)နာရီမှ ည(၈း၃၀)ထိ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါသဖြင့် မအားလပ်၍ တရားဓမ္မ မနာယူနိုင်ခဲ့ကြသော ဓမ္မမိတ်ဆွေသူငယ်ချင်းအပေါင်းတို့အတွက် ပြန်လည်ထုတ်လွှင့် တက်ဆက်ပေးခြင်းဖြစ်ပါသည်။

Posted by MTLA GTI GROUP

Facebook မှာ Comment ကို ပြန်ပြင်နိုင်ပြီ

Facebook မှာ ကိုယ်ပေးခဲ့တဲ့ Comment တွေကို ပြန်ပြင်နိုင်တဲ့ Feature တစ်ခုကို ထည့်သွင်းပေးလိုက်ပါပြီ။ ကိုယ့် Comment ပေါ်မှာ Mouse တင်လိုက်တာနဲ့ ပေါ်လာတဲ့ ခဲတံပုံလေးကို နှိပ်ပြီး ပြင်လို့ရပါပြီ။

အရင်တုန်းက ကိုယ်ပေးခဲ့တဲ့ Comment ကို ဖျက်လို့ပဲရပြီး ပြင်လို့ မရခဲ့ပါဘူး။ အခုမှသာ ပြန်ပြင်ဆင်နိုင်ခွင့် ထည့်ပေးလိုက်ခြင်း ဖြစ်ပါတယ်။
Posted by ဂျစ်တီး
Source: MM IT

Saturday, June 23, 2012

သီတဂူဆရာတော်ဘုရားကြီး အရှင်ဥာဏိဿရ၏ ဓမ္မသဘင်(ပထမနေ့) ပြန်လည်ထုတ်လွှင့်မူအစီအစဉ်

သီတဂူဆရာတော်ကြီး ဦးဥာဏိဿရ၏ တရားပွဲ (ပထမနေ့)”ကို Function Room 1, The ARENA Country Club, 511 Upper Jurong Road, Singapore 638366, Near (Joo Koon MRT) တွင် ၂၃-၀၆-၂၀၁၂ စနေနေ့ ညနေ(ရး၃၀)နာရီမှ ည(၈း၃၀)ထိ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါသဖြင့် မအားလပ်၍ တရားဓမ္မ မနာယူနိုင်ခဲ့ကြသော ဓမ္မမိတ်ဆွေသူငယ်ချင်းအပေါင်းတို့အတွက် ပြန်လည်ထုတ်လွှင့် တက်ဆက်ပေးခြင်းဖြစ်ပါသည်။

Posted by MTLA GTI GROUP

အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု တိုးတက်စေမည့် နည်းလမ်း (၇၀) - အပိုင်း (၁၃)

၆၁။ အပြန်အလှန်စကားပြောဖို့စီစဉ်ပါ။ ရည်းစားမထားလိုသူတွေ၊ ရှုပ်ရှုပ်ယှက်ယှက် မလုပ်လိုသူတွေ အတွက် ကိုယ့်ရဲ့ဘာသာစကားကို သင်ယူချင်တဲ့သူနဲ့ အပြန်အလှန် သင်ပေး၊ အပြန်အလှန် စကားပြောဖို့ စီစဉ်နိုင်ပါတယ်။ ရွေးချယ်စရာ နည်းလမ်းကောင်းတစ်ခုပါဘဲ။ ရည်းစားထားချင်ရင်လည်း အခွင့်အလမ်း ရလာနိုင်ပါတယ်။
၆၂။ အင်္ဂလိပ်ဘာသာစကားစာမေးပွဲဖြေပါ။ အင်္ဂလိပ်စကားစာမေးပွဲဖြေဖို့ စာရင်းသွင်းပါ။ စာမေးပွဲဖြေဖို့ မလိုဘူးဆိုရင်တောင် ဒါမှမဟုတ် စာမေးပွဲမဖြေချင်ရင်တောင်၊ စာမေးပွဲဖြေဖို့သင်တန်းလည်း မတက်နိုင်ရင်တောင် TOEFL, TOEIC, IELTS ဒါမှမဟုတ် FCE လို စာမေးပွဲအတွက် စာရင်းသွင်းပြီး ဖြေလိုက်မယ်ဆိုရင် အင်္ဂလိပ်စာလေ့လာရာမှာ အလေးအနက်ထားပြီး စိတ်ဝင်တစားဖြစ်လာနိုင်ပါတယ်။
၆၃။ အသံထွက်အတွက် သရုပ်ဆောင်တစ်ဦးကို စံနမူနာထားပြီး လေ့ကျင့်ပါ။ ဥပမာ Robert Deniro လိုမျိုး စကားပြောကြည့်ပါ။ တချို့ ကျောင်းသူကျောင်းသားတွေက အင်္ဂလိပ်စာကို မိခင်ဘာသာစကားအဖြစ် ပြောတဲ့သူတစ်ယောက်လို အသံထွက်ချင်တယ်၊ ဒါပေမယ့် ခက်တာက မိခင်ဘာသာစကားအဖြစ် ပြောတဲ့သူတွေကိုယ်တိုင် တစ်ယောက်နဲ့တစ်ယောက် အသံထွက်က သိပ်မတူကြဘူး။ ဒါကြောင့် တစ်ယောက်ယောက်ကို စံနမူနာအနေနဲ့ ရွေးချယ်လိုက်ခြင်းအားဖြင့် အသံထွက်ပိုကောင်းအောင် လုပ်ရတာ လွယ်သွားတယ်။ ပျော်စရာလည်းကောင်းလာနိုင်တယ်။ ပါတီပွဲတွေလိုနေရာမျိုးမှာလည်း သရုပ်ဆောင်ပြလို့ ရပါတယ်။
၆၄။ အင်္ဂလိပ်-အင်္ဂလိပ်အဘိဓာန်ကိုအသုံးပြုပါ။ ဘာသာနှစ်မျိုး အဘိဓာန်ကို လျှော့သုံးပြီး အင်္ဂလိပ်ဘာသာ တစ်မျိုးတည်း အဘိဓာန်ကို ပြောင်းသုံးခြင်းအားဖြင့် စကားပြောတဲ့အခါ ဒါမှမဟုတ် နားထောင်တဲ့အခါ ဘာသာပြန်မနေရအောင် အထောက်အကူပြုနိုင်ပါတယ်။ အဘိဓာန်သုံးနေတုန်းမှာ အခြားအသုံးဝင်တဲ့ စကားလုံးတွေလည်း ရလာနိုင်ပါတယ်။
၆၅။ ရံဖန်ရံခါ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အင်္ဂလိပ်လို စကားပြောပါ။ e-mail ပို့ပါ။လူအတော်များများက အဲဒီလို အင်္ဂလိပ်လို ပြောရ ရေးရ တာကို ပုံမှန်မဟုတ်သလိုမျိုး၊ ရှက်စရာကောင်းသလိုလို ထင်ကြပါတယ်။ ဒါပေမယ့် ဘာသာစကားလေ့လာ နေတာဘဲလို့ သဘောထားပြီး အချိန် ဒါမှမဟုတ် နေရာ သတ်မှတ်ပြီးတော့ ပြောမယ်ဆိုရင် သင်္ချာအတူ လေ့လာသလိုပါဘဲ၊ ဘာမှ တိုးပြီး ထူးခြားစရာမရှိပါဘူး။
ရေးသားသူ - Language Republic of MyanmarNetwork
Posted by ကိုတူး(မိတ္ထီလာ GTI) 

Friday, June 22, 2012

ပြည်တွင်းကုမ္ပဏီအချို့မှ ဝန်ထမ်းလစာပေးခြင်းကို ATM ကတ်ဖြင့် အသုံးပြုလာကြ

ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီအချို့မှ ၎င်းတို့၏ ဝန်ထမ်းများ လစာပေးခြင်းကို ATM ကတ်ဖြင့် ပြုလုပ်လာကြောင်း လက်ရှိ အဆိုပါ စနစ်ဖြင့် ဝန်ဆောင်မှုပေးနေသော CB ဘဏ်မှ မန်နေဂျာဒေါ်စန္ဒာထွန်းက ပြောကြားသည်။ ‘အခုလက်ရှိက ပြည်တွင်းကုမ္ပဏီ ကိုးခုနဲ့ CB ဘဏ်နဲ့ချိတ်ပြီး သူတို့ရဲ့ ဝန်ထမ်းတွေကို ATM ကတ်နဲ့ လစာပေးတာ လုပ်နေပါတယ်။ လကုန်ရင် ကုမ္ပဏီဘက်က ဝန်ထမ်းအမည်၊ ကုတ်နံပါတ်၊ ရရှိလစာ စတာတွေကို အွန်လိုင်းကနေ ပို့ပေးရတယ်။ ပြီးမှ ဘဏ်ဘက်ကနေ ATM ကတ်ထဲကို ဝန်ထမ်းရဲ့ Data တွေ ထည့်ပေးရပါတယ်။ ဝန်ထမ်းတွေကတော့ သူတို့နီးစပ်ရာ ATM စက်တွေထဲကနေ ထုတ်ယူကြပါတယ်’ ဟု ဒေါ်စန္ဒာထွန်းက ဆိုသည်။ လက်ရှိ CB ဘဏ်ဖြင့် ချိတ်ဆက်၍ ATM ကတ်ဖြင့် ဝန်ထမ်းလစာပေးခြင်းကို ဆောင်ရွက်နေသော ပြည်တွင်းကုမ္ပဏီများမှာ MIT Co.Ltd, Right Lab ဓာတ်ခွဲခန်းနှင့် Computer ဆက်စပ်ပစ္စည်းများ ထုတ်လုပ်သော ကုမ္ပဏီအချို့မှ ဆောင်ရွက်လျက်ရှိကြောင်း ထပ်မံသိရှိရသည်။ ‘အခုပြည်တွင်းမှာ ATM ကတ် အသုံးတွင်ကျယ်ဖို့ လိုအပ်လာပါပြီ။ နောက်ပိုင်း MPO, Debit card, Credit card စတာတွေကို တဖြည်းဖြည်း အကောင်အထည် ဖော်သွားရမှာပေါ့။ ငွေစက္ကူ အထပ်လိုက်ကိုင်ပြီး အသုံးပြုတာထက် နိုင်ငံတကာလို ကတ်စနစ် အသုံးပြုနိုင်တာ ပိုကောင်းပါတယ်’ ဟု ပြည်တွင်း သဘောင်္သား ကုမ္ပဏီတစ်ခုမှ ဝန်ထမ်းတစ်ဦးက ပြောကြားခဲ့သည်။ ပြည်တွင်း ပုဂ္ဂလိက ဘဏ်များတွင် ATM ကတ်စနစ် အသုံးပြုနိုင်ရန် ၂၀၁၁ ခုနှစ်အတွင်းမှ ဆောင်ရွက်ခဲ့ကြပြီး ယခုနှစ်တွင်ပို၍ အသုံးတွင်ကျယ်လာကြောင်း၊ CB ဘဏ်မှ အဆိုပါ ကတ်စနစ်ကို ၂၀၁၁ ခုနှစ် အောက်တိုဘာလအတွင်းမှ ဆောင်ရွက်ခဲ့ပြီး ယခုအချိန်ထိ အဆိုပါကတ် အသုံးပြုသူဦးရေ ခုနစ်ထောင်ကျော်လာပြီ ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

Posted by ဂျစ်တီး
Source:  ခေတ်လူငယ်

အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု တိုးတက်စေမည့် နည်းလမ်း (၇၀) - အပိုင်း (၁၂)

၅၆။ အသံထွက်ကို ကွန်ပျူတာနဲ့ စစ်ပါ။ အသံထွက် မှန်မမှန် ပြပေးနိုင်တယ်ဆိုတဲ့ ကွန်ပျူတာပရိုဂရမ် အများစုက တကယ်တမ်းတော့ အတိအကျ မှန်အောင် မပြနိုင်ပါဘူး။ ဒါပေမယ့် အကြိမ်ကြိမ်နားထောင်ပြီး စီဒီမှာပါတဲ့ အသံထွက်တွေအတိုင်း ကိုက်ညီအောင် အကြိမ်ကြိမ် ပြောရတဲ့အပြင် အသံလှိုင်းပုံစံတွေကို တွေ့မြင်နေရတဲ့အတွက် လေ့ကျင့်လို့ကောင်းတယ်။ ကိုယ့်အသံကို အသံသွင်းတာထက်လည်း ပိုပြီး စိတ်ဝင်စားစရာ ကောင်းတယ်။
၅၇။ အကြောင်းအရာတစ်ခုနဲ့ပတ်သက်တဲ့ စကားလုံးတွေကို တတ်နိုင်သလောက်များများ သင်ယူပါ။ ဥပမာ တိရစ္ဆာန်အမည်တွေ ဖြစ်ပါတယ်။ ဆင်တူစကားလုံးတွေကို အတွဲလိုက် သင်ယူခြင်းအားဖြင့် အထွေထွေ ဝေါဟာရကြွယ်ဝလာပြီး ဦးနှောက်ထဲမှာလည်း စကားလုံး တစ်လုံးနဲ့တစ်လုံးအကြား ချိတ်ဆက်မှတ်သား နိုင်တဲ့အတွက် သင်ရတာလွယ်နိုင်ပါတယ်။
၅၈။ ပြည်ပကို အားလပ်ရက် ခရီးထွက်ပါ။ ပြည်ပမှာ နေ့စဉ်နေထိုင်မှုအတွက် တခြားသူတွေ နားလည်အောင် အင်္ဂလိပ်လို တကယ်တမ်း ပြောရမယ့် အခြေအနေတွေ ကြုံတွေ့ရမှာဖြစ်ပါတယ်။ အဲဒီအပြင် ခရီးမထွက်ခင် ရက်သတ္တပတ်၊ လများ အတွင်းမှာ အင်္ဂလိပ်စာကို အလေးအနက် လေ့လာဖို့လည်း စိတ်အားထက်သန်စေမှာ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် ကိုယ့်ဘာသာစကားကို အသုံးပြုနိုင်တဲ့ အချိန်မှာတောင် အင်္ဂလိပ်ဘာသာစကားကို အသုံးပြုဖို့ ကြိုးစားပါ။ ဥပမာ ပြတိုက်မှာ လမ်းညွှန်နဲ့တကွ လျှောက်ကြည့်တာမျိုး၊ သမိုင်းဝင်နေရာမှာ လျှောက်ကြည့်တာမျိုး၊ အင်တာနက်ကနေ လေယာဉ်လက်မှတ် ကြိုတင်မှာထားတာမျိုး ဖြစ်ပါတယ်။ အုပ်စုလိုက် သွားမယ့်နေရာ သတ်မှတ်ပြီး ခရီးစဉ် (package tour) တွေမှာတော့ အင်္ဂလိပ်စကားပြောရဖို့ အခွင့်အလမ်း နည်းတတ်ပါတယ်။
၅၉။ တတ်ချင်တဲ့စကားလုံးတွေကို ရုပ်ပုံရေးဆွဲပါ။ အနုပညာဝါသနာပါသူဆိုရင် ဝေါဟာရတွေကို ရုပ်ပုံဆွဲပြီး မှတ်သားတာက ဘာသာပြန်တာ၊ ဥပမာ ၀ါကျတွေရေးတာထက် ပိုပြီးထိရောက်နိုင်ပါတယ်။
၆၀။ နိုင်ငံခြားသူ နိုင်ငံခြားသားကို မိတ်ဆွေဖွဲ့ထားပါ။ ဘယ်လိုလုပ်ရမယ်ဆိုတာ အကြံတော့မပေးလိုပါဘူး။ ဒါပေမယ့် အင်္ဂလိပ်စကားပြောလို့ရတဲ့သူနဲ့ အဲဒီလို  မိတ်ဆွေဖွဲ့နိုင်ဖို့ ရှာဖွေတာနဲ့တင် ဘာသာစကား ကျွမ်းကျင်မှု တိုးတက်ကောင်းမွန်လာဖို့ အများကြီးစေ့ဆော်မှုပေးနိုင်ပါတယ်။
ရေးသားသူ - Language Republic of MyanmarNetwork
Posted by ကိုတူး(မိတ္ထီလာ GTI)

Thursday, June 21, 2012

မည်သည့်ဖုန်းဖြင့်မဆို နိုင်ငံတကာသို့ တိုက်ရိုက် ဖုန်းခေါ်ဆိုမှု စနစ်

မည်သည့်ဖုန်းဖြင့်မဆို နိုင်ငံတကာသို့ တိုက်ရိုက် ဖုန်းခေါ်ဆိုမှု စနစ်ကို ဇူလိုင်တွင် စတင်မည်ဖြစ်ကြောင်း Blue Ocean Operating Management ကုမ္ပဏီလီမိတက်မှ သိရသည်။ ယင်းသို့ ဖုန်းခေါ်ဆိုခြင်းကို မိုဘိုင်းဖုန်း သို့မဟုတ် လိုင်းဖုန်းတွင်ပါ အသုံးပြုနိုင်မည်ဖြစ်ပြီး 1877 သို့ ဖုန်းဆက်သွယ်ရုံဖြင့် မိမိခေါ်ဆိုလိုသည့် နိုင်ငံသို့ တိုက်ရိုက် ဖုန်းပြောဆိုနိုင်မည်ဖြစ်ကြောင်း သိရသည်။ “ဒီစနစ်က အင်တာနက်ရှိဖို့ မလိုအပ်ပါဘူး။ Call Center ကနေ ၂၄ နာရီ ဝန်ဆောင်မှုပေးမှာပါ။ ဖုန်းခေါ်ဆုခကိုတော့ ဖုန်းထဲကနေပဲ ဖြတ်သွားမှာပါ။ ကျသင့်ငွေကို မိနစ်အလိုက် ကောက်ခံသွားမှာပါ။ Y talk Service ကို Call Center နဲ့ ပူးပေါင်းလိုက်ခြင်းပါပဲ။ နိုင်ငံတကာနဲ့ ဖုန်းခေါ်ဆိုခကိုတော့ အတိအကျ မသတ်မှတ်ရသေးပါဘူး။ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းနေဆဲပါ” ဟု Blue Ocean အုပ်ချုပ်မှု ဒါရိုက်တာ ဦးထွန်းထွန်းနိုင်က ပြောသည်။ ယင်းစနစ်ဖြင့် စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ အမေရိကန် အစရှိသည့် နိုင်ငံများသို့ ဖုန်းခေါ်ဆိုနိုင်မည်ဖြစ်ကြောင်း သိရသည်။ ယင်းဖုန်းခေါ်ဆိုခြင်းနှင့်ပတ်သက်၍ ကုမ္ပဏီဝန်ထမ်းကို အောင်အောင်က “ဒီစနစ်လုပ်ပေးတာ ကောင်းပါတယ်။ ဈေးနှုန်းကတော့ ဘယ်လိုဖြစ်ဦးမလဲ မသိဘူး။ ဆက်သွယ်ရေးကနေ နိုင်ငံခြားကို ဖုန်းခေါ်ဆိုရတာလဲ အဆင်မပြေတာတွေ ရှိတယ်လေ။ အဓိကက ဈေးနှုန်းသက်သာဖို့ပါပဲ” ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။

Posted by ဂျစ်တီး
Source: MEG

တစ်ရက်ကို ၂၀၀ ကျပ်နဲ့ အင်တာနက် သုံးစွဲနိုင်မယ့် Mobile E-mail Service

Call Center မှ ၀န်ဆောင်မှု အသစ် အနေနဲ့ တစ်ရက်ကို ၂၀၀ ကျပ်နဲ့ အင်တာနက် သုံးစွဲနိုင်မယ့် Mobile E-mail Service ၀န်ဆောင်မှုကို ဇွန်လ ၁၅ ရက်
နေ့မှာ စတင် မိတ်ဆက်ခဲ့ပြီး ယခုအခါ စတင် အသုံးပြု နိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ စနစ်မှာ အင်တာနက် လျှောက်ထား ပြီးဖြစ်တဲ့ CDMA, GSM Mobile ဖုန်းတွေသာ အသုံးပြု နိုင်မှာ ဖြစ်ပြီး အင်တာနက် အသုံးပြုခ ဖြစ်တဲ့ ၁ မိနစ်ကို ၂ ကျပ်၊ ၄ ကျပ်တို့ ပေးစရာ မလိုပဲ ရက်နဲ့သာ တွက်ပြီး ၁ ရက်ကို ၂၀၀ ကျပ်နဲ့ ၂၄ နာရီ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အသုံးပြုလို သူတွေ အနေနဲ့ Call Center သို့ အသုံးပြု လိုကြောင်း Message ပေးပို့ ရမှာ ဖြစ်ပါတယ်။ ဒီလို ပေးပို့ရာမှာ Call Center ရဲ့ ကုတ်နံပါတ် တစ်ခုဖြစ်တဲ့ ၁၈၈၃ ကို GET MAIL ဆိုတဲ့ စကားလုံးကို အင်္ဂလိပ် အက္ခရာ စာလုံး အကြီးများ အသုံးပြုကာ သုံးစွဲမယ့် သူရဲ့ အင်တာနက် Account နဲ့ Passward ကို ပေးပို့ရမှာ ဖြစ်ပါတယ်။ အသုံးပြုခ ကိုတော့ ဖုန်းဘေလ် ထဲမှ ဖြတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ သုံးစွဲပုံ အသေးစိတ်ကို သိရှိလိုပါ ကလည်း Call Center သို့ စုံစမ်း မေးမြန်း နိုင်တယ် လို့လည်း သိရပါတယ်။

သုံးစွဲသူတွေ အနေနဲ့ ၁ ရက်ကို ၂၀၀ ကျပ်နဲ့ ၁ လစာ ၆၀၀၀ ကျပ် သတ်မှတ် ထားပြီး အသုံးမပြု လိုတဲ့ ရက်ရှိပါက Call Center သို့ ကြိုတင် အကြောင်းကြားပြီး Server ပိတ်ထားရမှာ ဖြစ်ပါတယ်။ ဒီလို အကြောင်း မကြားပါက တစ်လစာ အတွက် ကျပ် ၆၀၀၀ ကို မိမိဖုန်းဘေလ် ထဲက ဖြတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ၀န်ဆောင်မှုကို ယခုဇွန်လ ကုန်အထိ အခမဲ့ အသုံးပြုနိုင် မှာဖြစ်ပြီး အသုံးပြုခ ကောက်ခံမှု ကိုတော့ ဇူလိုင်လ ၁ ရက်နေ့မှ စတင်ကာ ကောက်ခံမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

Posted by ဂျစ်တီး
Source: MEG