Saturday, July 07, 2012

ကြံ့ကြံ့ခံ လောကဓံ

လူရယ်လို့ဖြစ်လာကြပြီဆိုရင် လောကဓံတရားကို မည်သူတစ်ဦးတစ်ယောက်မျှ ရှောင်ကွင်းနိုင်းစွမ်း မရှိကြချေ။ အသက်ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ ဆင်းရဲသူဖြစ်စေ၊ ချမ်းသာသူဖြစ်စေ လောကဓံတရားကို တစ်နေ့မဟုတ် တစ်နေ့ ရင်ဆိုင်ကြရပေမည်။ ဤသို့လောကဓံတရားနှင့် မလွဲမသွေ ရင်ဆိုင်ကြရသည့်အခါ စိတ်ဓာတ်ကြံ့ကြံ့ခံ နိုင်စွမ်းရှိဖို့လိုသည်။
လောကဓံ တရား ရှစ်ပါးရှိ၏။ ဤသည်တို့ကား ‘လာဘော’ ဥစ္စာပေါများ၍ တက်ကြွတုန်လှုပ်ခြင်း၊ ‘အလောဘ’ ဥစ္စာနည်းပါ၍ ညှိုးငယ်တုန်လှုပ်ခြင်း၊ ‘ယတော’ အခြံအရံများ၍ တက်ကြွတုန်လှုပ်ခြင်း၊ ‘အယတော’ အခြံအရံနည်းပါး၍ ညှိုးငယ်တုန်လှုပ်ခြင်း၊ ‘နိနံ္ဒ’ ကဲ့ရဲ့ခံရ၍ ညှိုးငယ်တုန်လှုပ်ခြင်း၊ ‘ပသံကံ’ ချီးမွမ်းခံ၍ တက်ကြွတုန်လှုပ်ခြင်း၊ ‘သုခံ’ ချမ်းသာခြင်းကိုစွဲ၍ တက်ကြွတုန်လှုပ်ခြင်း၊ ‘ဒုက္ခံ’ ဆင်းရဲခြင်းကိုစွဲ၍ ညှိုးငယ်တုန်လှုပ်ခြင်းတို့ပင်ဖြစ်သည်။ ဤလောကဓံတရားကို ကြံ့ကြံ့ခံနိုင်စွမ်းရှိမှ လူဟု ရှင်တော်ဗုဒ္ဓက ဟောကြားတော်မူခဲ့လေသည်။
တရံရောအခါက ဘုရင်ကြီးတစ်ပါးသည် ထိုလောကဓံတရားနှိပ်စက်၍ မအိပ်နိုင်၊ မစားနိုင်ဘဲရှိသည်။ ထိုအခါ ဘုရင်ကြီးက အမတ်ပညာရှိတို့အား မိမိအားကိုးပြုစရာ ဆောင်ပုဒ်တစ်ခုရေးသားပြုစုပေးရန် တောင်းဆိုလေသည်။ ဆောင်ပုဒ်သည်ကား လက်စွပ်တစ်ကွင်းပေါ်မှာ ရေးထွင်း၍ရလောက်အောင်လည်း တိုရမည်၊ အောင်မြင်စဉ်မှာရော နိမ့်ပါးစဉ်မှာပါ သုံးစွဲနိုင်တာမျိုးလည်းဖြစ်ရမည်ဟု သူကဆိုသည်။ မှူးမတ်တွေဆောင်ပုဒ်အမျိုးမျိုး တင်လျှောက်ကြသည်။ ရှင်ဘုရင်က လက်မခံ။ အားလုံးကိုပယ်ချသည်။ နောက်ဆုံး သမီးတော်က သူမရွေးချယ်ထားသည့်ဆောင်ပုဒ်ကို မြလက်စွပ်တစ်ကွင်းပေါ်တွင် ရေးထွင်းပြီး ဆက်သတော့မှ ရှင်ဘုရင် နှစ်သက်သဘောကျသွားသည်ဟု ဆိုသည်။ ထိုဆောင်ပုဒ်သည်ကား ‘ဒါလည်း ပြီးသွားမှာပါ’ ဟူ၍ ဖြစ်သည်။ အင်္ဂလိပ်လိုတော့ This, too, will pass ဟူ၍ ဖြစ်သည်။

Friday, July 06, 2012

အလုပ်အကိုင်ရှာဖွေနေသူများအတွက် (၂) လသင်တန်းများ

ဟိုတယ်ကြီးများ ၊စားသောက်ဆိုင်ကြီးများ ၊သဘောင်္လိုင်း၊
လေကြောင်းများနှင့်အရောင်းဆိုင်
များ
တွင်အလုပ်အကိုင်ရရှိနိုင်သည့်ြ
မန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း
(ရန်ကုန်ဇုန်) မှ အသိအမှတ်ပြု Certificate   ချီးမြှင့်သည့်
(၁) ဟိုတယ်စားဖိုမှူးသင်တန်း    (၂)နိုင်ငံတကာမုန့်ဖုတ်သင်တန်း  (၃)
ဟိုတယ်စားပွဲထိုးသင်တန်း
(၄)   ဟိုတယ်ဧည့်ကြိုနှင့်လေယာဉ်မယ်     (၅)    ဟိုတယ်အိပ်ခန်းဆောင်ထိန်း
 (၆)ဘားဝန်ထမ်း
(၇)အရောင်းနှင့် စာရင်းကိုင်သင်တန်း
အထက်ပါသင်တန်းတစ်ခုတက်လျှင် အင်္ဂလိပ်ဘာသာစကား၊ ကွန်ပျူတာနှင့်
အင်တာနက်အခမဲ့ အတတ်သင်ပေးသည်။ ယူနီဖောင်းတစ်စုံပေးသည်။ ရန်ကုန်မြို့ရှိ
ဟိုတယ်ကြီးများနှင့်  စားသောက်ဆိုင်များသို့ လေ့လာရေး
ခရီးပို့ဆောင်ပေးသည်။ ဟိုတယ်ကြီးများမှ HR များနှင် ဆက်သွယ်ထားရှိပြီး
အလုပ်အကိုင် ရရှိနိုင်ရေး ကူညီဆောင်ရွက်ပေးသည်။

DIPLOMA IN HOTEL MANAGEMENT(CTH)

CTHသည် အင်္ဂလန်နိုင်ငံအစိုးရအသိအမှတ်ပြု အောင်လက်မှတ်
ထုတ်ပေးသည့်အဖွဲ့အစည်း Confederation of Tourism and Hospitality
ဖြစ်သည်။ ဘာသာရပ် (Module) ၁၀-ခု သင်ကြားသည်။ တစ်နှစ်လျှင် ဇန်န၀ါရီ၊ဇွန်
 နှင့် စက်တင်ဘာလတွင် စာမေးပွဲ (၃) ကြိမ်ရှိသည်။
မိမိပိုင်နိုင်ရာဘာသာရပ်ကို ဖြေဆိုနိုင်သည်။ဘာသာရပ်(၁၀) ခုပြီးစီးပါက
Diploma in Hotel Management ကို အင်္ဂလန်နိုင်ငံမှ ချီးမြှင့်သည်။

အင်္ဂလိပ်ဘာသာစကားနှင့်  I.C.T ကျွမ်းကျင်သင်တန်းများ

အင်္ဂလိပ်ဘာသာစကား နှင့် I.C.T ကို ကျွမ်းကျင်စွာတတ်မြောက်လိုသူမျာ
း၊
အလုပ်အကိုင် အင်တာဗျူး ၀င်လို သူများအတွက်
ဖွင့်လှစ်ထားသောသင်တန်းများဖြစ်
သည်။

0973050603 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါ
သည်။
Source: http://www.komoethee.blogspot.sg/
Posted by ဂျစ်တီး

ဓမ္မစေတီ ခေါင်းလောင်းတော်ကြီး



 ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်နှင့် သမိုင်းတန်ဖိုးအလွန်ကြီးမားလှသောဓမ္မစေတီ ခေါင်းလောင်း တော်ကြီးကို စင်္ကာပူနိုင်ငံမှ S.D markInternational LLP ကုမ္ပဏီတစ်ခုမှ အမေရိကန် ဒေါ်လာငွေ(၁၀)သန်း အကုန်အကျခံကာရှာဖွေဆယ်ယူပေးရန်  စီစဉ်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ခေါင်းလောင်းကြီးမှာ ရန်ကုန်မြစ်နှင့်ပဲခူးတို့ဆုံရာပန်းအလွဲမြစ်အတွင်း နှစ်ပေါင်း(၄၀၀)ခန့် နစ်မြှုပ်ပျောက်ကွယ်နေ ခဲ့ခြင်းဖြစ်သည်။

ခေါင်းလောင်းကြီးမှာ အရွယ်အစားအားဖြင့် စောက်(၁၂)တောင်၊အ၀(၈)တောင်ရှိပြီး အလယ်ဖောင်းရစ်ရစ်တွင်   နှစ်ကျိပ်ရှစ်ဆူ ပါသောဖောင်းကြွဘုရား(၂၈)ဆူပါပြီး ၄င်း၏အပေါ်ဖက်တွင် အတွဲတစ်တွဲလျှင် ကျောက်သံပတ္တမြား(၄၅)လုံးပါရှိ ရှိသော အတွဲ(၄၅)တွဲ၊ အတန်း(၂)တန်းပါရှိသဖြင့်စုစုပေါင်းကျောက်သံပတ္တမြားပေါင်း (၄၀၅၀)လုံးပါရှိကြောင်းသမိုင်းအထောက်အထားများတွင် ဖတ်ရှုလေ့လာခဲ့ရသည်။

ဓမ္မစေတီခေါင်းလောင်းတော်ကြီး၏ ရာဇ၀င်သမိုင်းကြောင်းကိုပြန်လည်လေ့လာကြည့်ရာ၌ မြန်မာ့သမိုင်းတွင် မွန်တို့၏ မဂဒူမင်းဆက်(၁၆)ဆက်မြောက်မွန်ဘုရင်စမ္မစေတီမင်းသည် ဟံသာဝတီ(ယခုပဲခူး)မှအုပ်စိုးပြီး ၁၄၈၀ ခုတွင် အမတ်ကြီး ဗညားအိန်အားခေါင်းလောင်းအဖြစ်သွန်းစေခဲ့ရာ ပဲခူးရွှေမော်စောဘုရား ရာဟုထောင့် အနောက်ဖက် မြေကွက်လပ်၌၁၄၈၄ ခုဖေဖော်ဝါရီ(၅)ရက်၊ ခရစ်နှစ်(၁၄၇၆)ခုနှစ် တပေါင်းလဆန်း(၈)ရက်နေ့တွင်  ပွဲသဘင်ကျင်းပ၍  သွန်းလောင်းခဲ့ကြောင်းသိရှိရသည်။

Wednesday, July 04, 2012

ပြုတ်သောက်၍မရသော ပုပ္ပားနှင့် ကင်စား၍မရသော ငပလီ


ကျွန်တော် ကချင်ပြည်နယ် မိုးညှင်းမြို့သို့ရောက်ရှိစဉ်က ကချင်တိုင်းရင်းသူကလေးတစ်ဦးနှင့် စကားစမြည်ပြောဆိုခွင့်ရခဲ့ရာ ထိုတိုင်းရင်းသူကလေးမှာ ဂျပန်အတွေ့အကြုံ အနည်းငယ်ရှိသော တိုင်းရင်းသူကလေးဖြစ်ကြောင်း သိခွင့်ရလိုက်ပါသည်။ ထိုစဉ်က ဂျပန်-မြန်မာ ရင်းနှီးချစ်ကြည်ရေးအတွက် မြန်မာကျောင်းသူ ကျောင်းသားကလေးများကို ဂျပန်သို့ခေါ်ဆောင်ကာ ဟိုအိမ်သည်အိမ်များသို့ တစ်အိမ်တစ်ယောက်ကျ ပို့ဆောင်ပေးသည့် အစီအစဉ်ဖြင့် ထိုတိုင်းရင်းသူကလေး ပါဝင်သွားခဲ့ရာ ဂျပန်မိသားစုများနှင့်အတူ ရောနှောနေထိုင်ရသဖြင့် ချစ်ကြည်မူရင်းနှီးမူများအပြင် ဂျပန်လိုအနည်းငယ်တီးမိခေါက်မိရှိအောင် လုပ်ဆောင်သော အစီအစဉ်ဟု နားလည်ရပါသည်။ ထိုအစီအစဉ်သည် ကာလနှင့်ချီကာ အချိန်ကြာသောအစီအစဉ်လည်း ဖြစ်ပါသည်။
သို့ဖြင့်၍ မြန်မာကျောင်းသူကျောင်းသားကလေးတို့ သက်ဆိုင်ရာဂျပန်အိမ်ကလေးများ၌ တော်တော်လေးနေသားကျသွားသည့်တစ်နေ့တွင် ကျွန်တော့်တိုင်းရင်းသားကလေးက သူနေထိုင်ရာ အိမ်ကလေး၏ ရှေ့မြေကွက်တွင် စိုက်ထားသည့် နှင်းဆီပင်မှ နှင်းဆီပွင့်ကလေးကို သဘောကျသွားကာ ဆိုးခနဲ့ဆက်ခနဲ့ဆို ခူးယူလိုက်ပါသည်။
ဤတွင် ဂျပန်ဇနီးမောင်နှံက လှမ်းတွေ့ကာ မျက်နှာအနည်းငယ်ပျက်သွားပြီး ဘာကြောင့် ခူးသလဲမေးပါသည်။ တိုင်းရင်းသူကလေးကလည်း မြတ်နိုးလို့ဟု ဖြေပါသည်။ ထိုအခါ ဂျပန်ဇနီးမောင်နှံက မြတ်နိုးရင် မခူးရဘူးလေတဲ့။
ထို့နေ့က တိုင်းရင်းသူကလေး ကျွန်တော်ကိုပြောပြနေပုံက ဂျပန်တို့၏ စိတ်ကို အတုယူခြင်းဖြင့် ပြန်လည်သုံးသပ်ကာ မိမိကိုယ်မိမိ ဝေဖန်ရေးလုပ်နေပုံမျိုးဖြစ်ပါသည်။ သူတို့ပြောသလို ကျွန်မတို့မှာ မြတ်နိုးတတ်တဲ့စိတ်ကလေးတွေများ အားနည်းနေသလား ဆရာ...တဲ့။
အော်...မြတ်နိုးတတ်တဲ့စိတ်

Monday, July 02, 2012

The Key to Excellent English Speaking

အရေးအကြီးဆုံးသော English ကျွမ်းကျင်မှုက ဘာပါလဲ။ ပြေပြေပြစ်ပြစ် English လို (ပြောဆို) ဆက်ဆံဖို့ ဘယ်လိုကျွမ်းကျင်မှုရှိရမှာပါလဲ။
အထင်အရှားဆုံ နံပတ် (၁) တော့ fluencyပါ။ fluencyဆိုတာကရော ဘာပါလဲ။ fluencyဆိုတာ  ဘာသာပြန်မှုမပြုပဲ လွယ်ကူ မြန်ဆန်စွာ အင်္ဂလိပ်လို နားလည် ပြောဆိုနိုင်တဲ့ စွမ်းရည် ဖြစ်ပါတယ်။ fluencyဆိုတာ ဒေသခံ အင်္ဂလိပ်လူမျိုးတွေနဲ့ သက်တောင့်သက်သာ စကားပြောနိုင်တဲ့ စွမ်းရည်လို့ ဆိုလိုပါတယ်။ သူတို့ သင်ပြေတာကို လွယ်လင့်တကူ နားလည် သင်က သူတို့ပြောတာကို လွယ်လင့်တကူနဲ့ နားလည်နိုင်ရမယ်ပေါ့။ တကယ်ပြောရရင် သင်ဟာ ချက်ချင်း နားလည်နိုင် ပြန်ပြောနိုင်ရပါမယ်။ fluencyဆိုတာ English စာသင်ကြားခြင်းရဲ့ အရေးအကြီးဆုံးသော ပန်းတိုင်ပါ။
သုတေသီတွေရဲ့ အလိုကတော့ ရှင်းပါတယ်။ fluencyကိုရဖို့ တနည်းပဲ ရှိပါတယ်။ ပြဋ္ဌာန်းစာအုပ်တွေကို ဖတ်လို့ fluencyကို မရနိုင်ပါဘူး။ English ကျောင်းတွေမှာ တက်လို့လဲ fluencyကို မရနိုင်ပါဘူး။ Grammar စည်းကမ်းတွေကို သင်ယူလို့လဲ fluencyကို မရနိုင်ပါဘူး။
နားထောင်ခြင်းသည် သော့ချက်
fluencyကို ရဖို့ ကျွန်တော်တို့တွေ နားလည်ပြီး ပြန်လည် ရွတ်ဆိုနိုင်တဲ့ ( English စကားသံတွေကို) နားထောင်မှု အများကြီး လိုပါတယ်။ ဒါဟာ တခုတည်းသော နည်းလမ်းပါ။ English စကားပြော ကောင်းသူ တယောက်ဖြစ်ဖို့ နားနဲ့ ကျွန်တော်တို့ သင်ယူရမှာပါ။ မျက်စိနဲ့ သင်ယူရမှာ မဟုတ်ပါဘူး။ တနည်းအားဖြင့် ကျွန်တော်တို့ ( English စကားသံတွေကို) နားထောင်ရပါမယ်။ ကျွန်တော်တို့ရဲ့ နားတွေဟာ English စကားပြော ကောင်းသူ ဖြစ်ဖို့ သော့ချက်တွေ ဖြစ်ပါတယ်။
ဘယ်လို ( English စကားတွေကို) နားထောင်ခြင်းက အကောင်းဆုံးပါလဲ။ ကောင်းပါပြီ၊ ကျွန်တော်တို့ နားထောင်တဲ့ English ဟာ ကျွန်တော်တို့ နားလည်ရပါမယ်။ လိုက် ပြောနိုင်ရပါမယ်။ ဒီနှစ်ခုက အင်မတန် အရေးကြီးပါတယ်− နားလည်ရပါမယ် ပြီးတော့ လိုက်ပြောနိုင်ရပါမယ်။

Saturday, June 30, 2012

အလုပ်အကိုင် အခွင့်အလမ်း

Marine Engine နဲ့ပတ်သက်လို့ ခိုင်ခိုင်မာမာ ရပ်တည်လျှက်ရှိတဲ့ ကုမ္ပ္ပဏီ "Wartsila" ဟာ ဒီရက်ပိုင်းမှာပဲ မြန်မာပြည် ကိုသွားပြီး လူခေါ်ဖို့ ရှိပါတယ်။ အလုပ်သမားကနေ အင်ဂျင်နီယာ position အထိ ခေါ်ဖွယ်ရှိတယ် လို့ သိရပါတယ်။ စိတ်ပါဝင်စားသူတွေ အနေနဲ့ အောက်ပါလိပ်စာ အတိုင်းဆက်သွယ်မေးမြန်းကြည့်နိုင်ပါတယ်။

ဦးသိန်း.ဟန်
Golden Falcon
44th Street
Lower Block
2nd Floor


Posted by ဂျွန်

ကျေင်းဖွင့်ချိန်

ခေါင်းလောင်းသံတိတ်
ကျောင်းတွေပိတ်ပြီ
အလွမ်းကမ္ဘာ ရင်ဝယ်ထားကာ
ကျောင်းကြီးဖွင့်ရက်
လက်ချိုးတွက်လို့
စောင့်မျှော်နေမယ်
သူငယ်ချင်းတို့ရယ်။   ။

ကျောင်းတော်ရင်ခွင်
တို့ပြေးဝင်မဲ့
ရာသီလေမြူး ၀သန်ဦးလဲ
စောင့်မျှော်ရက်ကြာ
ရောက်လို့လာတော့မှာမို့
နင်လဲငါ့လို ငါလဲနင့်လို
အလွမ်းတွေ ပိုလို့သာ
စောင့်မျှော်နေမှာ
ကျေင်းဖွင့်ချိန်ရာ ။   ။

Posted by တကိုယ်ငယ်

အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု တိုးတက်စေမည့် နည်းလမ်း (၇၀) - အပိုင်း (၁၄)

၆၆။ အနောက်တိုင်းစားသောက်ဆိုင်များကိုသွားပါ။ အင်္ဂလိပ်လို Menu ယူပြီးကြည့်ရမှာဖြစ်တဲ့အပြင် အင်္ဂလိပ်စကားပြောနိုင်ငံတွေရဲ့ ယဉ်ကျေးမှုအကြောင်း သိရှိနားလည်ဖို့ နည်းလမ်းကောင်းလည်း ဖြစ်ပါတယ်။ အဲဒီအပြင် အင်္ဂလိပ်ဘာသာနဲ့ စာရင်းတွေ ဖော်ပြထားတဲ့ အခမဲ့မဂ္ဂဇင်းတွေလည်းရှိတာကို တွေ့ရမှာဖြစ်ပါတယ်။ တီဗွီမှာ အင်္ဂလိပ်လို အားကစားကဏ္ဍ ကြည့်နိုင်ပါတယ်။ စကားပြောလို့ရမယ့် နိုင်ငံခြားသားတွေလည်း တွေ့မှာဖြစ်ပါတယ်။
၆၇။ အသံထွက် အီလက်ထရောနစ်အဘိဓာန်ဝယ်ပါ။ အီလက်ထရောနစ်အဘိဓာန်တွေမှာ ပါတဲ့ စကားလုံးတစ်လုံးစီအတွက် ဖွင့်ဆိုရှင်းလင်းချက်တွေက ပုံနှိပ်အဘိဓာန်တွေမှာလောက် မကောင်းပါဘူး။ ဒါပေမယ့် အချို့ အီလက်ထရောနစ်အဘိဓာန်တွေက အသံထွက်ပါတဲ့အတွက် အသုံးဝင်ပါတယ်။
၆၈။ အီလက်ထရောနစ်အဘိဓာန်ပါတဲ့ Vocabulary စာရင်းကို ကျက်မှတ်ပါ။ အီလက်ထရောနစ် အဘိဓာန် အများစုမှာ နောက်ဆုံးကြည့်ခဲ့တဲ့စကားလုံး ၃၀၊ ဒါမှမဟုတ် အဲဒီထက် ပိုပြီး ပြန်ကြည့်လို့ ရအောင် ခလုတ်တစ်ခု ပါတတ်ပါတယ်။ အသုံးမ၀င်ဘူးလို့ယူဆတဲ့ စကားလုံးတွေ၊ ကျက်မှတ်ပြီး စကားလုံးတွေကို အဲဒီစာရင်းကနေ ဖျက်ထားနိုင်ပါတယ်။ ဒါဆိုရင် အဲဒီစာရင်းကို ကျက်ရမယ့်စာလုံး စာရင်း အနေနဲ့ သုံးနိုင်ပါတယ်။ ရထားစီးချိန် ကားစီးချိန်အတွင်း တစ်နေ့ကို ၃-၄ ကြိမ် အဲဒီစာရင်းကို ကြည့်ပေးနိုင်ပါတယ်။

Thursday, June 28, 2012

အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ (၉)

I mean (ငါပြောချင်တာက)
You use I mean when you wish to explain what you have just said:
ငါပြောချင်တာက I mean ကို မကြာမီက မိမိပြောလိုက်သော အကြောင်းအရာကို ရှင်းပြလိုသောအခါတွင် အသုံးပြုသည်။
  1. I'm surprised that Jane and Mike have bought a flat together. l mean they've only known each other a few weeks.
      Jane နဲ့ Mike နှစ်ယောက်ပေါင်းပြီး တိုက်ခန်းတစ်ခန်းဝယ်လိုက်တာကို ငါ အံ့သြတယ်။ ငါပြောချင်တာက သူတို့နှစ်ယောက် အချင်းချင်းသိကြတာ ရက်သတ္တပတ်အနည်းငယ်ပဲရှိသေးတယ်။
  2. I can’t understand why Mum and Dad want to go there again on holiday. I mean it always rains and there's nothing for us to do.
      အမေနဲ့အဖေဟာ ဘာ့ကြောင့် အဲဒီနေရာကို အပန်းဖြေဖို့ ထပ်သွားချင်တာလည်းဆိုတာကို ငါ နားမလည်နိုင်ဘူး။ ငါပြောချင်တာက အဲဒီမှာ မိုးအမြဲရွာပြီး ငါတို့ လုပ်စရာ ဘာမျှလည်း မရှိဘူး။
What's more (ဒါ့အပြင်)
You use what's more when you wish to add something to what you have just said, often something which is more important, more interesting or surprising:
ဒါ့အပြင် what’s more ကို အများအားဖြင့် အခုလေးတင် သင်ပြောလိုက်သော အကြောင်းအရာ တစ်ခုခုပေါ်တွင် ပို၍ စိတ်ဝင်စားဖွယ်ကောင်းသော (သို့) ပို၍ အံ့သြဖွယ်ကောင်းတဲ့ အချက်အလက်တစ်ခုကို ထပ်လောင်းဖြည့်စွက်လိုသောအခါ အသုံးပြုသည်။
  1. Jim's new girlfriend is very pretty and, what's more, she seems to be very much in love with him.
      Jim ရဲ့ရည်းစားအသစ်က အရမ်းချောတာပဲ။ ဒါ့အပြင် သူ့ကိုလည်း အရမ်းချစ်ပုံရတယ်။
  2. Ken is leaving to work for another firm and, what's more, his two assistants are going with him.
      Ken က အခြားစီးပွားရေးလုပ်ငန်းတစ်ခုမှာ အလုပ်သွားလုပ်ဖို့ ထွက်တော့မှာ။ ဒါ့အပြင် သူ့ရဲ့ လက်ထောက်နှစ်ယောက်က သူနဲ့လိုက်သွားမှာ။

Wednesday, June 27, 2012

လူငယ်နှင့် အချိန်အသုံးချမှု

လူဘ၀သက်တမ်း တစ်လျှောက်မှာ အကောင်းဆုံးတွေကိုလုပ်ဆောင်နိုင်မှာကတော့ လူငယ်လို့ သတ်မှတ်ထားတဲ့ အချိန်ပါပဲ။ လူငယ်လို့ ပါးစပ်ကနေ အော်လိုက်ရရင်ကို တော်တော်လေး ခွန်အားတွေ ပြည့်လာသလိုပဲ။ လူငယ်ဆိုတဲ့ ဂုဏ်ကိုတော့ အလွန်တန်ဖိုးထားတယ်။ ရှေ့ဆောင်ပုဂ္ဂိုလ်ကြီးတွေရဲ့ လူငယ်ဘ၀ ဖြတ်သန်းခဲ့ကြပုံလေးတွေကိုလည်း တတ်နိုင်သလောက်တော့လေ့လာမိတယ်။ တကယ်ကိုထွန်းပေါက် အောင်မြင်သွားကြတဲ့ ပုဂ္ဂိုလ်တိုင်းဟာ အခက်အခဲ ဒုက္ခဆိုတာတွေကို ခက်ခက်ခဲခဲ ရင်ဆိုင်ဖြတ် သန်းခဲ့ကြ တယ်ဆိုတာလေးတော့ တွေ့ရပါ တယ်။ ဒါလေးတွေကို သာဓကပြုပြီး ယနေ့လူငယ်တွေ လက်ဖက်ရည် ဆိုင်မှာ အချိန်တွေကို အလဟသတ် ကုန်ဆုံးနေတာတွေ့ ရလို့ အကြောင်းပြုပြီးရေးသားဖော်ပြခြင်းဖြစ်ပါတယ်။
ဘ၀ဆိုတာကိုအချိန်နဲ့တည်ဆောက်ထားတယ် လို့ဆရာပီမိုးနင်း စာအုပ်တွေမှာ တွေ့ခဲ့ရတယ်။ တန်ဖိုးရှိတဲ့ အရာတွေထဲမှာ အချိန်ဆိုတာကတော့ ဘာနဲ့မှာ အစားပြန်ထိုးလို့မရတဲ့ အရာပဲ ဖြစ်ပါတယ်။ ဒါကိုလူငယ် လေးတွေ သိပြီးသားပါ။ တန်ဖိုးရှိတဲ့ အချိန်တွေအတွက် အကျိုးရှိရှိ အသုံးချကြဖို့ ပြောခဲ့တဲ့ စာအုပ်ပေါင်း တွေလည်း ထပ်နေပါပြီ။ လက်ဖက်ရည်ဆိုင်မှာ အကျိုးမရှိတဲ့ စကားတွေပြောပြီး အချိန်ကုန်နေကြမယ့်အ စား တစ်ခုခုကိုအာရုံစိုက်ပြီး လုပ်ကိုင်ကြမယ် ဆိုရင်ဖြင့် အဖိုးတန်လူငယ်တွေ မြန်မာပြည်မှာ အမြောက်အများ ထွက်လာမှာပါ။
ဘ၀ဆိုတာကတော့ အမျိုးမျိုးရှိပါတယ်။ ကိုယ့်ဘ၀အကျိုးပေးနဲ့ကိုယ် ဆင်းရဲတာရှိသလို ချမ်းသာတာလည်း ရှိကြမယ်။ ဘယ်လိုဘ၀မျိုးပဲဖြစ်ဖြစ် ကိုယ်ဖြစ်ချင်ရာကို ဖြစ်ခွင့်ရှိပါတယ်။ အဓိကအကျဆုံးကတော့ ကိုယ့်စိတ်ပါ။ ဘ၀အကျိုးပေးနုံချာလို့ လောကဓံဆိုးတွေရင်ဆိုင်ကြရတယ်။ လွတ်လပ်မှုမရှိလို့ လုပ်ချင် ရာလုပ်လို့မရဘူးဆိုတာတွေလည်း ရှိပါတယ်။ ဘယ်လိုမျိုး အနေအထားမှာပဲ ရှိနေပါစေ ဖြစ်ချင်တယ်ဆိုရင် အားလုံးကိုရင်ဆိုင်ကျော်လွှားရဲတဲ့သတ္တိတစ်ခုပဲလိုပါတယ်။ ဘ၀အခြေမွဲလို့ နိုင်ငံတော်သမ္မတ မဖြစ်နိုင်ဘူးဆိုတဲ့ခံယူချက်ရှိနေကြမယ်ဆို ရင် အမေရိကန်နိုင်ငံရဲ့ မော်ကွန်တင် သမ္မတကြီး အေဗရာ ဟမ်လင်ကွန်း အကြောင်းလေး လေ့လာဖတ်ရှု့ကြည့်ကြစမ်းပါ။