Friday, August 17, 2012
Wednesday, August 01, 2012
အင်္ဂလိပ်စာ အင်္ဂလိပ်သဒ္ဒါ လေ့လာစရာ သိစရာလား
အင်္ဂလိပ်စာ လေ့လာလျင်
သဒ္ဒါကိုလေ့လာဖို့ လိုသလား။
လိုပါသည်။
ဘာကြောင့်လဲ။
သဒ္ဒါသိမှသာ မှန်မှန်ကန်ကန်ပြန်သုံးတတ်မှာပါ။
ပြန်သုံးဖို့ မရည်ရွယ်ရင်ရော။
မရည်ရွယ်ရင်လည်း
သဒ္ဒါကိုလေ့လာသင့်ပါသည်။ ပြန်သုံးသည်ဆိုရာမှာ အပြောနှင့် အရေးကိုဆိုလိုပါသည်။ ပြန်သုံးဖို
့မရည်ရွယ်လျှင်လည်း အဖတ်နှင့်အကြားအတွက် လိုပါသည်။ စွမ်းရည်လေးမျိုးစလုံးအတွက် လိုသည်ဟု
ဆိုရပါမည်။ သို့သော် အဖတ်အတွက်မူ အခြေခံဝါကျပုံစံများကို သိထားရုံမျှဖြင့် စာအုပ်အလွယ်ဖတ်အတော်များများကို
ဖတ်နိုင်ပါလိမ့်မည်။ အကြားအတွက်မူ အခြေခံအသံထွက်ပိုင်းကိုပါ လေ့လာရပါမည်။ ဝေါဟာရကြွယ်ဖို့ရန်လည်း
အာရုံစိုက်ရပါမည်။ ဝေါဟာရများများရဖို့သည် သဒ္ဒါထက်ပင် ပိုအရေးကြီသည်ဟုဆိုနိုင်ပါမည်။
သဒ္ဒါရရုံဖြင့်
အဖတ် အကြား အရေး အပြော လေးမျိုးစလုံးပိုင်နိုင်ပါသလား။
မပိုင်နိုင်ပါ။
သဒ္ဒါရရုံဆိုသည်မှာ များသောအားဖြင့် ဘာသာစကားဆိုင်ရာ သတ်မှတ်ထားသည့် စည်းမျဉ်းများကို
သိသည့်အဆင့်သာရှိတတ်ပါသည်။ ဥပမာ ကတ္တားဆိုသည်မှာ ဘာ.... ကြိယာဆိုသည်မှာဘာ... သိသည့်သဘောကို
ဆိုလိုပါသည်။ ရေကူးတတ်ဖို့ ရေထဲမဆင်းကြည့်ဘဲ ကုန်းပေါ်တွင် လက်လှုပ်ခြေလှုပ်နေသည်နှင့်
တူပါသည်။
ဘာကို စလေ့လာရမလဲ။
သဒ္ဒါကလား အဖတ်ကလား။
ဘာကစ စ ရပါသည်။
အရေးကြီးသည်မှာ တစ်ခုတည်းကို အာရုံမစိုက်မိဖို့ ဖြစ်သည်။ ဝေါဟာရ၊ အသံထွက်တို့ကိုလည်း
လေ့လာဖို့ ရန်မမေ့သင့်ပါ။ တခုချင်းစီသပ်သပ်လေ့လာသလို ရောပေါင်းပြီလည်း လေ့လာလို့ရပါသည်။
ဥပမာ ဖတ်မိသည့် စာအုပ်တွင်ပါသည့် ကိုယ်လေ့လာချင်သည့် စာကြောင်းပုံသဏ္ဌာန်ကို လိုက်ရှာကြည့်တာမျိုးပါ။
ပေးရမည့်အချိန်အားဖြင့်ဆိုလျှင် တစ်နာရီတွင် သဒ္ဒါအတွက် ဆယ်မိနစ်စာလောက်ပေးပြီး ကျန်သော
ဝေါဟာရ၊ အဖတ် နှင့် အပြောအတွက် ကို ပိုအချိန်ပေးသင့်ပါသည်။
Thursday, July 26, 2012
အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ (၁၁)
Look! (ဒီမှာ)
ဒီမှာ look! ကို
တစ်စုံတစ်ယောက်အား သင်ပြောမည့်အကြောင်းအရာကို အာရုံစိုက်စေလိုသည့်အခါ အသုံးပြုပါသည်။
အများအားဖြင့် ထိုသူနှင့်ပတ်သက်၍ စိတ်အနှောက်အယှက်ဖြစ်သည့်အခါတွင် အသုံးပြုပါသည်။
1. Look! I've
told you that I don't want you here. Get out!
ဒီမှာ မင်းကို ဒီမှာ မရှိစေချင်ဘူးလို့ပြောခဲ့ပြီးပြီပဲ။
ထွက်သွားစမ်း။
2. Look!
We're going to be late if we don't leave now.
ဒီမှာ၊ ငါတို့အခုမထွက်ရင် နောက်ကျလိမ့်မယ်၊
It's no use (အသုံးမ၀င်ဘူး)
အသုံးမ၀င်ဘူး it’s
no use ကို ကိစ္စတစ်ခုကို အကျိုးသက်ရောက်မှုမရှိသည့်အတွက်
လုပ်ကိုင်ရန် ရည်ရွယ်ချက်မရှိ (သို့) တန်ဖိုးမရှိဟု ယူဆသည့်အခါတွင် အသုံးပြုနိုင်ပါသည်။
1. It's no
use asking Ben to help. He's very busy just now.
Ben ကို အကူအညီပေးဖို့တောင်ဆိုတာ အသုံးမ၀င်ဘူး။
သူကအခုအရမ်းအလုပ်များနေတာ
2. It's no
use ringing the office today. It's closed on Saturdays.
ရုံးကို ဒီနေ့ဖုန်းဆက်တာ အသုံးမ၀င်ဘူး။ စနေနေ့တွေရုံးပိတ်တယ်။
Wait and see
(စောင့်ကြည့်ပါ)
စောင့်ကြည့်ပါ
wait and see ကို တစ်စုံတစ်ဦးအား တစ်စုံတစ်ခုနှင့်ပတ်သက်၍ ဘာဖြစ်လာမလဲဆိုတာ သိနိုင်ရန်
စိတ်ရှည်ရှည်ထား၍ စောင့်စေလိုကြောင်း ပြောသည့်အခါတွင် အသုံးပြုသည်။
1. 'Do you
think my birthday present from Dad will arrive tomorrow?'
ကျွန်မအတွက် အဖေ့ရဲ့မွေးနေ့လက်ဆောင် မနက်ဖြန်
ရောက်လာမယ်လို့ထင်လား။
'You'll just have to wait and see.'
မင်းစောင့်ကြည့်ရမှာပဲ
2. 'Will
there be champagne at the party?'
ပါတီမှာ ရှန်ပိန်ပါမှာလား။
'Wait and see!'
စောင့်ကြည့်ပေါ့ကွာ။
Tuesday, July 24, 2012
Mozila Firefox ထက်ပိုမြန်တယ်ဆိုပဲ
Mozila
Firefox ထက်ပိုပြီမြန်တဲ့ browser ပေါ်လာပါပြီ။ Maxthon (Version 3) ဖြစ်ပါတယ်။
ကျွန်တော်ကတော့ သုံးကြည့်ပြီးပါပြီ။ သူငယ်ချင်းတို့ သုံးနိုင်ဖို့
မူရင်းလင့်နှင့်တကွ download လုပ်နိုင်တဲ့လင့်တွေကိုပါ ဖော်ပြပေးလိုက်ပါတယ်။
ကျွန်တော် ဒီ browser အကြောင်းကို MMID ကနေ ဖတ်ရှူခဲ့ပြီး တဆင့်
ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။
http://www.mediafire.com/?5neq2o1t32i47hb မှာလဲ download ရယူနိုင်ပါတယ်။
Posted by
မောင်စူးစမ်း (MTLA GTI GROUP)
အင်္ဂလိပ်စာလေ့လာသူတို့ရင်ဆိုင်ရမည့်အကြီးမားဆုံးစိန်ခေါ်မှု ၃ ရပ်
antimoon
website က by Tomasz P. Szynalski ရေးတဲ့
Three biggest challenges facing an English learner ကိုဘာသာပြန်ပေးထားပါတယ်။
ကျွန်တော့်ရဲ့အမြင်မှတ်ချက်တစ်ချို့ကို စာလုံးစောင်းနဲ့ကွင်းခတ်ပြီးထည့်ပေးထားပါတယ်။
၁။ အင်္ဂလိပ်ဘာသာစကားလေ့လာချင်စိတ်ပျိုးထောင်ခြင်း
အင်္ဂလိပ်ဘာသာစကား
လေ့လာသူအားလုံးကတော့ အင်္ဂလိပ်စကား ကောင်းကောင်းပြောတတ်ချင်ကြပါသည်။ သူတို့ဟာ အင်္ဂလိပ်စကားနဲ့သွက်သွက်လက်လက်
ဆက်သွယ်ပြောဆိုနိုင်မယ်ဆိုတဲ့ အတွေးနဲ့တက်ကြွနေတတ်ပါတယ်။ သို့သော်လည်း သူတို့ဟာ အင်္ဂလိပ်စာလေ့လာမှုဖြစ်စဉ်ကို
ကိုယ်တိုင်ကိုယ်ုကျတော့ စိတ်ဝင်တစားမရှိတတ်ကြပါဘူး။ စာသင်သားအများစုအတွက် အင်္ဂလိပ်စာလေ့လာချင်းဆိုတာဟာ
မလုပ်မဖြစ်လုပ်ရမယ့် တာဝန်ကြီးတစ်ရပ်လို ဖြစ်နေပါတယ်။ အင်္ဂလိပ်စာလေ့လာမှုမှာ ပျော်စရာမတွေ့တတ်ကြပါဘူး။
အတိုချုံ့ပြောရရင်တော့
လေ့လာသူအများစုဟာ အင်္ဂလိပ်လိုပြောတတ်ချင်ပေမယ့် အင်္ဂလိပ်စာမလေ့လာချင်ကြပါဘူး။ ဒါဟာ စာသင်သားတွေရဲ့
နံပါတ်တစ် အကြီးမားဆုံးပြဿနာတစ်ခုပါပဲ။ ဘာကြောင့်လဲဆိုတော့ စာမသင်ချင်တဲ့လူအတွက် စာတတ်ဖို့မလွယ်ပါဘူး။
အင်္ဂလိပ်စာကို သင်ကမချစ်ရင် အင်္ဂလိပ်စာကလည်း သင့်ကိုပြန်ချစ်မှာ မဟုတ်ဘူးလေ။
(ဒါဟာတကယ့်အမှန်တရားပါပဲ။
ကျွန်တော်စာသင်ခဲ့သမျှတစ်လျှောက်လုံး ကျောင်းသားတွေကိုစိတ်ဓါတ်မြင့်တင်ပေးရတဲ့အလုပ်ဟာ
အခက်ခဲဆုံးပါပဲ။ ဘယ်လောက်ပဲ သူတို့ကို အင်္ဂလိပ်စာတတ်ခြင်းရဲ့အကျိုးကျေးဇူးတွေရှင်းပြရှင်းပြ
သူတို့ဟာ ဆရာတစ်ယောက်သင်တဲ့အတန်းထဲလာထိုင်တာနဲ့ အင်္ဂလိပ်စာပြောတတ်ရေးတတ်မယ် ထင်နေကြတုန်းပါပဲ။
တစ်ချို့ကျောင်းသားတွေကတော့ မိဘကတက်ခိုင်းလို့၊ ကိုယ့်ရည်းစား၊ သူငယ်ချင်းရှိတဲ့အတန်းမို့လို့
အပျော်လာတက်ကြသူတွေလည်းရှိပါရဲ့။ သူတို့ကတော့ နဂိုတည်းက စာတတ်ချင်စိတ်မရှိတာမို့ ကျွန်တော့်ရဲ့
မြင်ဆရာကြားဆရာ ကိုကျော်သူရိန်ပြောသလို I don't care for losers. လို့ပဲပြောရမယ် ထင်ပါတယ်။
တစ်ခါတစ်ရံကျတော့လည်း learning must be fun ဆိုလို့ ရယ်ရဖို့လောက်ပဲအားထုတ်နေရင်လည်းအဓိကလမ်းကြောင်းက
လွဲသွားနိုင်ပါတယ်။)
Sunday, July 22, 2012
Mt.Fuji hiking plan
နာဂိုယာမှ
မြန်မာ အသိမိတ်ဆွေသူငယ်ချင်းများ ခင်ဗျား-
အားလုံးပဲ Theory works တွေ၊Lectures တွေ၊ Reports တွေ Experiments တွေနဲ့ရှုပ်နေမြုပ်နေ
အားလုံးပဲ Theory works တွေ၊Lectures တွေ၊ Reports တွေ Experiments တွေနဲ့ရှုပ်နေမြုပ်နေ
ကြပြီလား။ နွေရာသီလဲ စလာနေပါပြီ။ တော်တော်လဲပူလာနေပါပြီ။နွေရာသီ ကျောင်းပိတ်ရက်လေးတွေလဲ
ရှေ့လ ၈-လပိုင်းဆို စပိတ်ပါပြီဗျား။ ကျောင်းပိတ်ရက်လေးအတွင်းမှာ ခရီးသွားဖို့ ပြင်ဆင်နေကြပြီလား။ ကျွန်တော်ကတော့ ဖူဂျီတောင်တက်ဖို့ ပြင်ဆင်နေခဲ့တာတော့ ကြာပါပြီ။ လွန်ခဲ့တဲ့ ၃-နှစ်လောက်
ရှေ့လ ၈-လပိုင်းဆို စပိတ်ပါပြီဗျား။ ကျောင်းပိတ်ရက်လေးအတွင်းမှာ ခရီးသွားဖို့ ပြင်ဆင်နေကြပြီလား။ ကျွန်တော်ကတော့ ဖူဂျီတောင်တက်ဖို့ ပြင်ဆင်နေခဲ့တာတော့ ကြာပါပြီ။ လွန်ခဲ့တဲ့ ၃-နှစ်လောက်
ကတည်းက လိုအပ်မယ့်အချက်အလက်လေးတွေလဲ
စုလာခဲ့တာပါ။ စိတ်ဝင်စားကြမယ်ဆိုရင်တော့ ပူးပေါင်းပြီး တပျော်တပါးကြီး တက်ကြတာပေါ့ဗျာ။
တခြားခရီးစီစဉ်ပြီးသားရှိရင်တော့လဲ မတတ်နိုင်
တော့ဘူးပေါ့ဗျာ။ ကျွန်တော် နိုးဆော်တာ နဲနဲ နောက်ကျသွားပါတယ်။တောင်တက်ဖို့ အကြမ်းဖျဉ်းရေးဆွဲထားတဲ့ အစီအစဉ်လေးတွေ ရှင်းပြပါမယ်။ လောလောဆယ်ကျွန်တော်တို့
ဇနီးမောင်နှံ ၂-ယောက်နဲ့ အခြားမြို့မှ ကျွန်တော့်သူငယ်ချင်းရယ်ကတော့ တက်ဖြစ်မှာပါ။
ဖူဂျီတောင်တက်ဖို့ အကောင်းဆုံးအချိန်
ဇနီးမောင်နှံ ၂-ယောက်နဲ့ အခြားမြို့မှ ကျွန်တော့်သူငယ်ချင်းရယ်ကတော့ တက်ဖြစ်မှာပါ။
ဖူဂျီတောင်တက်ဖို့ အကောင်းဆုံးအချိန်
Saturday, July 21, 2012
၉ဝ-၁ဝ နိယာမ
၉ဝ-၁ဝ နိယာမက သင့်ဘဝကို ပြောင်းလဲလိမ့်မယ်။ (အနည်းဆုံးတော့ သင့်ရဲ့တုံ့ပြန်မှုကို ပြောင်းလဲလိမ့်မယ်)
၉ဝ-၁ဝ နိယာမဆိုတာ ဘာလဲ?
ဘဝရဲ့၁ဝ%က သင့်ရဲ့ကံကြမ္မာကြောင့်ဖြစ်တယ်။ ကျန်တဲ့ ၉ဝ%က သင့်ရဲ့တုံ့ပြန်ချက်အပေါ်
မူတည်တယ်။
ဒါ ဘာအဓိပ္ပာယ်လဲ?
ကံကြမ္မာကြောင့်ဖြစ်လာတဲ့ ၁ဝ%ကို ကျွန်တော်တို့ မထိန်းချုပ်နိုင်ဘူး။ ကားပျက်တာ၊ လေယာဉ်နောက်ကျတာ၊ ကားပိတ်ဆို့တာတွေကို ကျွန်တော်တို့ မထိန်းချုပ်နိုင်ဘူး။ ဒါပေမယ့် ကျန်တဲ့ ၉ဝ%ကိုတော့ ကျွန်တော်တို့ဆုံးဖြတ်နိုင်တယ်။ ဘယ်လိုဆုံးဖြတ်မလဲ? သင့်ရဲ့တုံ့ပြန်မှုပေါ်မှာပဲ မူတည်ပါတယ်။
ကားမီးနီသွားတာကို သင်မထိန်းချုပ်နိုင်ဘူး။ ဒါပေမဲ့ သင့်ရဲ့တုံ့ပြန်မှုကို သင်ထိန်းချုပ်နိုင်ပါတယ်။ တခြားသူ အရူးလုပ်တာကို မခံပါနဲ့။ ဘယ်လိုတုံ့ပြန်မယ်ဆိုတာကို သင်ထိန်းချုပ်နိုင်ပါတယ်။ ဥပမာတစ်ခုပြရရင်.... သင်နဲ့ သင့်မိသားစု မနက်စာစားနေတယ်။ သင့် သမီးငယ်က ကော်ဖီခွက်ကို သင့်အင်္ကျီပေါ် မတော်တဆ လောင်းမိတယ်။ ဒါက သင်မထိန်းချုပ်နိုင်တဲ့ အဖြစ်တစ်ခုဖြစ်တယ်။ နောက်ထပ် ဘာဆက်ဖြစ်မယ်ဆိုတာက သင့်ရဲ့တုံ့ပြန်မှုပေါ်မှာ မူတည်တယ်။ သင် စဆူပြီ.... သမီးကို သင်ဆူဆဲပစ်လိုက်တယ်။ သမီး ငိုယိုတော့တယ်။ အဲဒီနောက် သမီးကို ဆူဆဲနေရာက မြှားဦးကို ဇနီးဖက် သင်လှည့်လိုက်တယ်။ ကော်ဖီခွက်ကို စားပွဲစွန်းမှာ တင်ထားတာကို ဆူဆဲတယ်။ တစ်ဆက်တည်းမှာ အပြန်အလှန် အဆူအဆဲစစ်ပွဲလေး စတင်တော့တယ်။ သင် ဒေါသထွက်ထွက်နဲ့ အပေါ်ထပ်တက် အဝတ်အစားလဲတယ်။ အောက်ထပ်ပြန်ရောက်တော့ သမီးက ငိုငိုယိုယိုနဲ့ မနက်စာဆက်စားပြီး ကျောင်းသွားဖို့ အမြန်ပြင်တယ်။ ဒါပေမဲ့ ဘတ်စ်ကားက ထွက်သွားခဲ့ပြီ...
သင့်ဇနီးကလည်း အလုပ်ကို အမြန်ထွက်သွားတယ်။ သင်လည်း သမီးကို ကျောင်းပြေးပို့ရတယ်။ သင်ရုံးနောက်ကျမှာစိုးလို့ တစ်နာရီ မိုင်၃ဝပဲ မောင်းရတဲ့လမ်းမှာ သင် ၄ဝနဲ့မောင်းတယ်။
Thursday, July 19, 2012
အာဇာနည်
အာဇာနည်ခေါင်းဆောင်ကြီး ကိုးဦးအား လေးစားအားကျ နှမျောလွမ်းဆွတ်ခြင်း များစွာဖြင့် ဦးညွှတ်ပါသည်။
Posted by ဂျစ်တီး
Photo Source:အဘ ဥက္ကာကိုကို
Posted by ဂျစ်တီး
Photo Source:အဘ ဥက္ကာကိုကို
Wednesday, July 18, 2012
အခြေခံ အင်္ဂလိပ်သဒ္ဒါစည်းမျဉ်းများ အပိုင်း (၁)
အခြေခံ အကျဆုံးနဲ့
အရေးကြီးဆုံး အင်္ဂလိပ်သဒ္ဒါစည်းမျဉ်းတွေကတော့ ၀ါကျဖွဲ့စည်းပုံနဲ့ တိုက်ရိုက် ပတ်သက်တဲ့
စည်းမျဉ်းများဘဲ ဖြစ်တယ်။ အောက်ပါစည်းမျဉ်းမျိုးဖြစ်တယ်။
- ကတ္တား Subject က အနည်းကိန်း Singular ဆိုရင် ၀ါကျရဲ့အဆိုပိုင်း Predicate ကလည်း အနည်းကိန်း Singular ဘဲဖြစ်ရမယ်။
- ၀ါကျ Sentence တစ်ကြောင်းမှာ ပြည့်စုံတဲ့ အတွေးကို ဖော်ပြရမယ်။
ဝါကျ Sentence
ကို နောက်တစ်မျိုးခေါ်တာက သီးခြားလွတ်လပ်တဲ့ ၀ါကျကဏ္ဍ independent clause ဖြစ်တယ်။
- ၀ါကျကဏ္ဍ Cause တွေက ၀ါကျ Sentence တွေလိုဘဲ ကတ္တား Subject နဲ့ အဆိုပိုင်း Predicate ပါဝင်တယ်။ စကားစုတစ်ခုမှာ ကတ္တား Subject နဲ့ အဆိုပိုင်း predicate မပါဘူးဆိုရင် စကားစု Phrase လို့ဘဲ ခေါ်တယ်။
- သီးခြားရပ်တည်နိုင်ပြီး ပြည့်စုံတဲ့ အတွေးတစ်ခုကို ဖော်ပြရင် ၀ါကျ Sentence ဖြစ်တယ်။
- ပြည့်စုံတဲ့ အတွေးတစ်ခုကို မဖော်ပြရင် မှီခိုဝါကျကဏ္ဍ dependent clause လို့ ခေါ်တယ်။ ဥပမာ “when I finish my work” (အလုပ်ပြီးသောအခါ) ဆိုတာဟာ မှီခိုဝါကျကဏ္ဍ dependent clause ဖြစ်တယ်။
ဒါဆိုရင် အခြေခံ
ဝါကျ ဖွဲ့စည်းပုံ အင်္ဂလိပ်သဒ္ဒါစည်းမျဉ်းတွေက ဘာကို ဆိုလိုပါသလဲ
ကတ္တား Subject
နှင့် အဆိုပိုင်း Predicate
ဘယ်ဘာသာမှာမဆို
ဝါကျ sentence က အခြေခံဖြစ်တယ်။ ကတ္တား
Subject နဲ့ အဆိုပိုင်း Predicate ပါဝင်ပြီး ပြည့်စုံတဲ့ အတွေးကို ဖော်ပြတယ်။
ကတ္တား Subject နဲ့ အဆိုပိုင်း Predicate ဆိုတာ
ဘာလဲလို့ မေးရင်
Saturday, July 14, 2012
၁၉၆၂ ခုနှစ်မှ ယနေ့အထိ ဖုံးကွယ်ဖျောက်ဖျက်ထားခြင်းခံရသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း
အောက်ပါ မိန့်ခွန်းမှာ ဂျပန်ခေတ် ၁၉၄၄ -ခု မတ်လ ၁၃ ရက်နေ့ နံနက်အချိန်တွင် မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဆင်း ပွဲ၌ ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိနှင့် စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသော မိန့်ခွန်းတရပ် ဖြစ်ကြောင်း။ သူကျဆုံးသွားခဲ့ရသော ဤဇူလိုင်လတွင် သူ့အား ပြန်ပြောင်းသတိရမိသည့်အားလျှော်စွာ သူ၏ ပြောင် မြောက်သော မိန့်ခွန်းကို ရှာဖွေဖော်ပြလိုက်ရခြင်းဖြစ်ကြောင်း။
(ဗိုလ်ဥတ္တမကျော်)
…………………………………………………………………….
ရဲဘော်တို့
ယနေ့ ရဲဘော်တို့ အစုအချို့ဟာ စစ်ဗိုလ်လောင်းကလေးများအဖြစ် ဘွဲ့အဆင့်အတန်းကို ခံယူကြရတော့မယ်။ ယနေ့ အထိ ရဲဘော်တို့ဟာ ကျောင်းသားများဖြစ်ပြီး တာဝန်ရယ်လို့ မိမိတို့အပေါ်မှာ မရှိကြသေးဘူး။
ယနေ့ကျောင်းကထွက်ပြီး ဗမာ့တပ်မတော်အသီသီး ဋ္ဌာနအသီးသီးမှာ ရာထူးအလုပ်ဝတ္တရားများရတာနဲ့ တပြိုင်နက် ရဲ ဘော်တို့ အသီးသီးမှာ ကိုယ့်တာဝန်နှင့် ကိုယ့်ဝတ္တရားနှင့် ဖြစ်သွားပြီ။ ဒီလို ကိုယ့်တာဝန် ကိုယ့်ဝတ္တရားနှင့် ဗမာနိုင်ငံ တော်နဲ့ ဗမာ့တပ်မတော်ရဲ့ အမှုကိုထမ်းကြတဲ့အခါ ရဲဘော်တို့ကို မှာသင့်မှာရာ အချက်တွေကို ငါတို့မှာကြားလိုတယ်။
ပထမဆုံး ရဲဘော်တို့ကိုမှာချင်တာက ငါတို့ အခု ဗမာနိုင်ငံဟာ ကိုယ့်မင်းကိုယ့်ချင်းနိုင်ငံ ဖြစ်တယ်။ ဒို့တပ်မတော်ဟာ တနိုင်ငံလုံးတမျိုးသားလုံးရဲ့ အကျိုးအတွက်ဖြစ်တယ်။ ဒါကြောင့် ဒီနိုင်ငံ ဒီအကျိုးကို ကာကွယ်ရမယ့် ဗမာ့တပ်မတော် ဟာလည်း ဗမာတနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ်တယ်ဆိုတာ နားလည်ရမယ်။
Subscribe to:
Posts (Atom)

