Saturday, September 03, 2011
Puppies For Sale
                    ဆိုင်ပိုင်ရှင်တစ်ယောက်သည်“ခွေးကလေးများရောင်းရန်ရှိသည်”ဆိုသောဆိုင်းဘုတ်ကို တံခါးရဲ့အပေါ်မှာ  သံမှို နဲ့ ရိုက်တင်ထားလိုက်၏။ ဒီဆိုင်းဘုတ်ဟာ ကလေးငယ်တွေကို ဆွဲဆောင် နိုင်တာ 
ကတော့သိပ်ကိုသေချာပြီးသူ့မကြာခင်သူ့ဆိုင်ကိုရောက်လာကြတော့တာပါပဲ။ ခွေးကလေးတွေကိုဘယ်လောက်နဲ့ရောင်းမှာပါ လဲ ခင်ဗျာလို့ ကောင်လေးတစ်ယောက်ကမေးလိုက်သည်။ ၃၀ နဲ့ ၅၀ ကြားလောက်ဖြစ်လိမ့် မယ်လို့ ဆိုင်ရှင်ကပြန်ပြောလိုက်၏။ ဒီတော့ ကလေးရဲ့ လက်ကသူ့ ပိုက်ဆံအိတ်ဆီ ရောက်သွားပြီး အကြွေ တစ်ချို့ကို ဆွဲထုတ်လိုက်သည်။ ပြီးတော့ ကျွန်တော့်မှာ ၂ဒေါ်လာနဲ့ ၃၇ ဆင့်ပဲရှိတယ်၊ ကျေးဇူးပြုပြီး ကျွန်တော် သူတို့ကို ကြည့်လို့ရမလားလို့ မေးလိုက်၏။  
                        ဆိုင်ရှင်က ပြုံးပြီး ခွေးလှေင်အိမ်နားမှာရှိနေတဲ့အမျိုးသမီးတစ်ယောက်ကို အချက်ပြလိုက်သည်။ အဲဒီအမျိုးသမီးဟာပြေးဆင်းလာပြီး သူ့နောက်မှာတော့အလွန်သေးငယ်လှတဲ့မွေးပွခွေးကလေး၅ကာင်ပြေးလိုက် လာ၏။အဲဒီအထဲက ခွေးကလေးတစ်ကောင်ကတော့အတော်လေးကိုသိသိသာသာနောက်မှာပြတ်ကျန်နေခဲ့သည်။ 
ချက်ချင်းဆိုသလိုပဲကောင်လေးဟာအဲဒီနောက်ကျကျန်နေရစ်ပြီးယိုင်တိုင်တိုင်ဖြစ်နေတဲ့ခွေးကလေးကိုကြည့်ပြီးမေး လိုက်တယ် "အဲဒီခွေးလေးဘာဖြစ်နေလဲ ခင်ဗျာ"။
           တိရစ္ဆာန်ဆရာဝန်ပြောတာကတော့သူ့မှာတင်ပဆုံအခေါင်း(ဂျွိုင့်)ပါမလာလို့ လို့ပြောတာပဲဟု ဆိုင်ရှင်ကရှင်းပြ၏။ ဒါကြောင့် သူဟာ အမြဲတမ်း ပျော့ခွေနေပြီး ခြေဆာ နေတော့ မှာလို့ ပြောလိုက်သည်။ ကောင်လေးဟာ အတော်စိတ်လှုပ်ရှား သွားခဲ့တယ်၊ ပြီးတော့ “ကျွန်တော် ၀ယ်ချင်နေတဲ့ ခွေးလေးဟာ ဒီလိုခွေးလေး” ပါ ပဲလို့ ပြောလိုက်ပါတော့တယ်။ 
        ဆိုင်ရှင်က “မဟုတ်သေးဘူး၊ ဒီခွေးလေးကို မင်းမ၀ယ်ချင်ပါနဲ့၊ မင်းတကယ်ကို သူ့ကိုမှ လိုချင်တယ်ဆိုရင် ငါမင်းကို အလကားလေးလိုက် ပါ့မယ်” လို့ ပြောလိုက်သည်။ကောင်လေးဟာ အတော်ကို စိတ်ပျက် လက်ပျက် ဖြစ်သွားခဲ့တယ်။ ပြီးတော့ ဆိုင်ရှင် ရဲ့ မျက်လုံးထဲကို တည့်တည့် ကြည့်ပြီး လက်ညှိုးထိုးကာ အောက်ပါအတိုင်း ပြောချလိုက်သည်။
         “ ခင်ဗျား ကျွန်တော့်ကို အလကားပေးတာ မလိုချင်ဘူး၊ ဒီခွေးလေးဟာ လည်း တခြားခွေးတွေ လိုပဲ တန်ဖိုးရှိတယ်။ ကျွန်တော် သတ်မှတ်ထားတဲ့ ဈေးအတိုင်း အပြည့်ပေးမယ်။ ဒါပေမယ့် လောလောဆယ် ကျွန်တော့်မှာ ၂ဒေါ်လာနဲ့ ၃၇ ဆင့်ပဲရှိတယ်။ ဆိုတော့ တစ်လကို ဆင့် ၅၀ နှုန်းနဲ့ မကြေမချင်း ပေးသွားမယ်” ။
         မင်းသူ့ကို တကယ်သာ ၀ယ်လိုက်မယ်ဆိုရင် သူဟာ တခြားခွေးတွေလို ပြေးလိုက် ခုန်လိုက် လုပ်ပြီး မင်းနဲ့ ကစားနိုင်မှာ မဟုတ်ဘူး လို့ ဆိုင်ရှင် ကတုန့်ပြန် လိုက်၏။
     အဲဒီမှာပဲ ကောင်လေးက အောက်ငုံ့ပြီး သူ့ဘောင်းဘီ ရဲ့ ခြေထောက်ကို အပေါ် လိပ်တင်ပြီး လှစ်ပြ လိုက်တော့တယ်။သတ္တုနဲ့လုပ်ထားတဲ့ကိရိယာခပ်ကြီးကြီးတစ်ခုနဲ့ထိန်းချုပ်ထားရတဲ့တ်ာတော်ကိုဆိုးဆိုးရွားရွားလိမ်ပြီးကျိုးနေတဲ့ ဘယ်ဖက် ခြေထောက် တစ်ဖက်ကို တွေ့လိုက်ရတော့သည်။ 
         ပြီးတော့ ကောင်လေးက ဆိုင်ရှင်ကို မော့ကြည့်် ပြီး ညင်ညင်သာသာ နဲ့ ပြန်ပြောလိုက်တယ် “ကျွန်တော် ကိုယ်တိုင်လဲ ကောင်းကောင်း မပြေးနိုင်ပါဘူးဗျာ၊ ဒီခွေးလေးဟာ သူ့ကို နားလည်ပေးနိုင် မဲ့ လူတစ်ယောက် လိုအပ်နေပါလိမ့်မယ်” ။ 
 ဖတ်မိသောPuppies For Sale” ဆိုသော STORY လေးကို အဆင်ပြေသလို ဘာသာပြန်ဆို ထားပါသည်။  
ဂျစ်တီး
Friday, September 02, 2011
ဘဝမှာ မရှိမဖြစ်တဲ့သူငယ်ချင်း
သူငယ်ချင်း မိတ်ဆွေတွေနဲ့ပတ်သက်တဲ့ စကားတစ်ခွန်းက ဒီလိုဆိုထားပါတယ်။
"သူငယ်ချင်းမိတ်ဆွေများရင် လျှောက်တဲ့လမ်းက ဖြောင့်သွားတယ်"တဲ့။
သူငယ်ချင်း မိတ်ဆွေတွေ အသစ်တိုးတာ မင်္ဂလာတစ်ပါးပါ။ လူတိုင်း သူငယ်ချင်းအသစ်တွေနဲ့ ခင်မင်ရင်းနှီးနိုင်ဖို့ မျှော်လင့်ကြတယ်။ ဒါပေမဲ့ (American Sociological Review
ASR) က သူတို့လေ့လာဆန်းစစ်ခဲ့တဲ့ ဆန်းစစ်ချက်အရ အခုခေတ်လူတွေမှာ သူငယ်ချင်းတွေ နည်းသထက်နည်းခဲ့ကြတာကို တွေ့ရတယ်။ လေ့လာဆန်းစစ်ခံရသူ ၄ပုံ၁ပုံက သူတို့မှာ သူငယ်ချင်းနည်းရတဲ့အကြောင်းက ဘယ်သူ့ကိုမှ ယုံကြည်လို့မရကြောင်း ဆိုထားကြတယ်။
လျင်သူစားစတမ်း၊ သာသူမြတ်ဆိုတဲ့ ခေတ်ကာလကြောင့် လူအချင်းချင်းကြားမှာ ဘယ်သူက အစစ်အမှန်၊ ဘယ်သူက အတုအယောင်ဆိုတာကို ခွဲခြားဖို့ခက်ခဲသွားတယ်။ "သူငယ်ချင်း"ဆိုတဲ့ အခေါ်ကိုလည်း ကျွန်တော်တို့ ထိတ်လန့်လာခဲ့ကြတယ်။
ဒီလိုဆိုရင် ဘယ်လိုအရာမျိုးကို သူငယ်ချင်းအစစ်အမှန်လို့ ခေါ်သလဲ?
လူတစ်သက်မှာ အဲဒီလို သူငယ်ချင်းမျိုး ဘယ်နှစ်ယောက်လိုသလဲ?
အမေရိကန်စာရေးဆရာ Todd Parrက "အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်ဆီကနေ သင်လိုချင်တဲ့အရာတွေ ရလိမ့်မယ်လို့ မမျှော်လင့်ပါနဲ့"လို့ ဆိုထားတယ်။ အမေရိကန်စာရေးဆရာ Tom Rathက လူတစ်ယောက်မှာ မရှိမဖြစ်တဲ့ သူငယ်ချင်း(၈)မျိုး လိုအပ်တယ်ဆိုပြီး အခုလို့ရေးသားခဲ့ပါတယ်။
အင်္ဂလိပ်စာ ဝေါဟာရကြွယ်ဝအောင်
(ကိုဇာနည် ရေးသားထားတာပါ။ သူရဲ့အင်္ဂလိပ်စာ ဝေါဟာရကြွယ်ဝအောင် ချဉ်းကပ်လေ့လာနည်းလေးပါ။)
တစ်ခါတလေမှာ ကိုယ့်မိခင်ဗမာစကားကိုပြောနေရင်းနဲ့ ကိုယ်ပြောချင်တဲ့စကားလုံး ရှာမရတာမျိုးကြုံဖူးကြပါသလား။ “ဟိုလေ. . . အဲဒါ ဘယ်လိုခေါ်ပါလိမ့်... ကျွန်တော်ပြောချင်တာက ဟိုဒင်းလေ” စတဲ့ ဟိုဒင်း...တို့ ...ဟိုဟာ... တို့နဲ့ လိုရင်းကိုကွက်တိမရောက်နိုင်တဲ့အခါမျိုးမှာ စိတ်အလိုမကျ ဖြစ်ရတတ်ပါတယ်။ ဒါက ကိုယ့်မိခင်ဗမာစကား။
တခြား နိုင်ငံခြားဘာသာစကားဖြစ်တဲ့ အင်္ဂလိပ်စကားပြောတဲ့အခါကျတော့ တစ်ခါတလေ မကတော့ဘဲ ခဏခဏဖြစ်နေတတ်တော့ စကားတစ်ခွန်းပြောဖို့အရေး စကားလုံးကို လည်းစဉ်းစားရသေး၊ ထွက်လာတဲ့စကားလုံးတွေကိုလည်း ၀ါကျပြန်စီရသေးဆိုတော့ စိတ်ပျက်အားငယ်ရ တတ်တာ လေ့လာကာစ စာသင်သားတို့ မလွဲမသွေ တွေ့ကြုံရတဲ့ ဒုက္ခတစ်ခုပါပဲ။ ဒီလိုနဲ့ စာသင်သက်ကြာ လာတော့ စကားလုံးတွေဟာ မိုးရေမိုးစက်များတစ်ပေါက်တစ်ပေါက်နဲ့ စဥ့်အိုးကြီး ပြည့်လာသလို တဖြည်းဖြည်း များလာတဲ့အခါကျမှ နည်းနည်းအဆင်ပြေလာပါတော့တယ်။ ဒါတောင်မှ နေ့စဉ်သာမန် ပြောဆိုနေကျတာမျိုးမှာအဆင်ပြေနိုင်ပေမယ့် မိန့်ခွန်းလို ဟောပြောပွဲလို နေရာမျိုးမှာ အင်္ဂလိပ်လို့ပြောရတဲ့ အခါမျိုးမှာ စကားလုံးတိုင်းသည် တစ်ဖက်သားရင်ကိုတိုက်ရိုက်ထိမှန်မည့် စကားလုံးမျိုးကို ရွေးချယ်သုံးနှုံးရတဲ့အခါမျိုးမှာ အခက်တွေ့နိုင်ပါတယ်။
ဘာသာစကားဆိုတာ လူသားတို့ရဲ့ အဓိက ဆက်သွယ်ရေးလက်နက်ဖြစ်တဲ့အတွက် ဉာဏ်ပညာကြီးမားတဲ့ လူသားတွေဟာ မိမိတို့ရဲ့လက်နက်ကို ထက်မြက်နိုင်သမျှ ထက်မြက်နေအောင် အားထုတ်တဲ့အနေနဲ့ စကားလုံးအသစ်တွေတီထွင်ကြ၊ တစ်ချို့စကားလုံးတွေကို ကျောခိုင်းပစ်ကြ၊ တစ်ချို့စကားလုံးတွေကို အဓိပ္ပါယ်ပြောင်း ပစ်ကြ၊ တိုးပစ်ကြနဲ့ မဆုံးနိုင်အောင်ပါပဲ။ ဒီတော့ ကိုယ်က ဘာသာစကားတစ်ခုကို လေ့လာထားမိပြီ။ စထားမိပြီ ဆိုတော့ မဆုံးတမ်းဆက်လျောက်ရပေတော့မည်။ လေ့လာရပေတော့မည်။
ဝေါဟာရ ဆိုရာတွင် အကြမ်းဖျဉ်းအားဖြင့်အောက်ပါအတိုင်းအုပ်စုခွဲကြည့်ကြပါစို့။
Wednesday, August 31, 2011
Monkey laughing at small dog
Posted by ငခဲ
အောင်မြင်ရေးပညာရှင်တို့၏ လက်စွဲနည်းနာများ
(ဒီစာရဲ့မူရင်းစာအုပ်ကတော့ Michael Jeffreys ၏ The Winner's Guide to Sucessဖြစ်ပါတယ်။ သူငယ်ချင်းတို့အတွက် မျှဝေပေးတာပါ။)
အောင်မြင်သောပုဂ္ဂိုလ်တွေမှာ ဘယ်လိုထူခြားသည့်အတွေး အမြင်များရှိကြသနည်း။
        သူတို့အား သူတစ်ပါးထက်ထူးခြားအောင်မြင်သောသူများဖြစ်လာအောင် တွန်းထိုးမောင်းနှင်သောအရာသည် အဘယ်နည်း။
        သည်ပုစ္ဆာများအတွက် အဖြေကိုရရှိရန်ထူးခြားသောပုဂ္ဂိုလ်တချို့ကို ကျွန်တော်
ချဉ်းကပ်မေးမြန်းခဲ့သည်။ ယင်းပုဂ္ဂိုလ်က စိတ်ဓါတ်ထက်သန်တက်ကြွရေးတရား
ဟောပြောပို့ချကြသူများထဲတွင် အထင်ရှားဆုံး ထိပ်သီးပုဂ္ဂိုလ်များနှင့် အောင်မြင်ကြီး
ပွားရေးကျမ်းပြုစုသူများထဲမှ အအောင်မြင်ဆုံး အရောင်းရ တွင်ကျယ်ဆုံးကျမ်းပြုပုဂ္ဂိုလ်
များဖြစ်သည်။
        တနည်းဆိုရသော် ကိုယ်တိုင်အောင်မြင်ထင်ရှားလျက်ရှိသည့် အောင်မြင်ကြီး
ပွားရေးသဘောတရားဆရာများ။
ကို ကျွန်တော် ပြန်လည်ထုတ်နုတ်တင်ပြပါမည်။
လေယူလေသိမ်း ကွာခြားချက်(၂)
Verb ကြိယာတစ်လုံးနဲ့ အမိန့်ပေးဝါကျပုံစံ ဖြစ်လာတာကို လေယူလေသိမ်း ကွာခြားချက်(၁) တွင် ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။
ယဉ်ကျေးတဲ့ တောင်းပန်စာကြောင်း
“PLEASE” = …………………..ပါ ။ (ကျေးဇူးပြု) [ S ကို Z အသံထုတ်ပါ)
ဒီစာလုံးကို ငယ်ငယ်ကတည်းက ကျွန်တော်တို့သင်လာခဲ့ကြတာပါ။ “ကျေးဇူးပြု၍” လို့ ကျက်မှတ်ဖူးမယ်။ ဒါပေမဲ့ မြန်မာပတ်ဝန်းကျင်မှာ “ကျေးဇူးပြု၍” လို့ ပြောတဲ့သူ မရှိပါဘူး။ ပတ်ဝန်းကျင်မှာမသုံးတဲ့ မြန်မာဘာသာပြန်ကို ကျွန်တော်က ကြိယာနဲ့တွဲသုံးရင် ပိုမိုယဉ်ကျေးတဲ့ “……………ပါ” ထည့်ပြောတဲ့ပုံစံ သုံးပါမယ်။
ဥပမာ-
      ပြော      -       ပြောပါ
(အမိန့်ပေး)  -   (တောင်းပန်)
  SPEAK     - PLEASE, SPEAK
PLEASE, SPEAK - ပြောပါ
PLEASE, SIT - ထိုင်ပါ
PLEASE, DRINK - သောက်ပါ
PLEASE, GIVE - ပေးပါ
PLEASE, Answer - ဖြေပါ
PLEASE, DO - လုပ်ပါ
PLEASE, LISten - နားထောင်ပါ
PLEASE, READ - ဖတ်ပါ
PLEASE, wRite - ရေးပါ
PLEASE, COME - လာပါ
PLEAEE, EAT - စားပါ
PLEASE, STAND - ထပါ
PLEASE, TAKE - ယူပါ
PLEASE, SLEEP - အိပ်ပါ
PLEASE, ASK - မေးပါ
PLEASE, LOOK - ကြည့်ပါ
PLEASE, Open - ဖွင့်ပါ
PLEASE, TEACH - သင်ပေးပါ
PLEASE, UNderSTAND - နားလည်ပါ
ဒီလိုဆိုရင် ယဉ်ကျေးတဲ့ တောင်းပန်စာကြောင်းတွေရလာပါလိမ့်မယ်။
Tuesday, August 30, 2011
ကြယ်တွေဆုံတဲ့ည
ထူးအိမ်သင်ရဲ့သီချင်းလေးထဲကလို ကြယ်တွေဆုံတဲ့ညရောက်တိုင်း အဝေးအိမ်ကိုလွမ်းတတ်တဲ့ သူငယ်ချင်းတွေအတွက် အမှတ်တရလေးပါ....
Posted by အိမ်လွမ်းသူ
ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၂၆)
အခုထိ တင်ပြခဲ့တဲ့ Adj Clause, Adv Clause, N Clause ဆိုတဲ့ ပုဒ်စု သုံးမျိုးဟာ ပင်မ၀ါကျကြီးရဲ့ အစိတ်အပိုင်းမျှသာဖြစ်တယ်။ ပင်မ၀ါကျကြီးနဲ့ ခွဲထုတ်လို့မရဘူး။ ပင်မ၀ါကျကြီးကို မှီခိုနေတယ်။ ဒါကြောင့် သူတို့ကို လက်အောက်ခံပုဒ်စု ( Subordinate Clause ) ၊ အမှီခိုပုဒ်စု ( Dependent Clause ) စသည်ဖြင့်ခေါ်ကြတယ်။ ဒီပုဒ်စုတွေဟာ အင်္ဂလိပ်သဒ္ဒါရဲ့ ဒုတိယဆင့်မှာ ( Noun တွေ Verb တွေ ကျေပွန်တတ်ကျွမ်းလာပြီးနောက် ၀ါကျဖွဲ့တဲ့အဆင့်မှာ ) အလွန်အရေးကြီးပါတယ်။ တော်ရုံတန်ရုံ အင်္ဂလိပ်စာ တတ်သူ သဒ္ဒါရေးမှားတယ်ဆိုတာ ဒီမှီခိုပုဒ်စုတွေကို သုံးတဲ့နေရာမှာ မှားတာပါပဲ။ ဥပမာ……..
Because he had no money.
( အတိုကောက်ပြောနေတာ၊ အဖြေပေးနေတာဆိုရင်တော့ ဒီပုဒ်စုကို ခွင့်လွှတ်နိုင်ပေမယ့် စာစီစာကုံး နေရာမှာ ခုလိုရေးတာဆိုရင်တော့ မပြည့်စုံတဲ့အတွက် မှားတယ်။ )
When I got to Mandalay, where my uncle lives.
( ရေးရင်းက မျက်ခြည်ပြတ်သွားပြီ ပင်မ၀ါကျကို ထည့် ရေးဖို့ မေ့သွားတာပါ။ ဒါများဆုံးမှားလေ့ရှိတဲ့ နမူနာပါပဲ။ )
အဲ့လိုအမှားမျိုး မကျူးလွန်မိရလေအောင် တင်ပြပြီးသမျှ Adj, Adv, N Clause တွေကို ကျကျနန နားလည်နေပါစေ။
အခုတင်ပြမယ့် Coordinate Clause ဆိုတာကတော့ အဲလောက် မခက်ခဲလှပါဘူး။ မှတ်သားစရာ မများသလို အမျိုးအစားလည်း နည်းပါတယ်။
Birds fly ............. ငှက်များ ပျံသန်းတယ်။
Fish swim .......... ငါးများ ရေကူးတယ်။
ဒီဝါကျနှစ်ခုကို and နှင့် ဆက်လိုက်လျှင် ……..
Birds fly and fish swim.
ငှက်များ ပျံသန်းပြီး ငါးများ ရေကူးတယ်။
အဲလို တစ်ဝါကျဖြစ်သွားပေမယ့် Birds fly ကလည်း Fish swim အပေါ် မှီခိုမနေပါဘူး။ သီးခြား လွတ်လပ်လို့ပဲ နေကြတယ်။ ဘယ်သူကမှ ဘယ်သူရဲ့ လက်အောက်ခံ မဟုတ်ပါဘူး။ မှီခိုသူမဟုတ်ဘူး။ တန်းတူရည်တူ ရှိကြတာပေါ့ ။ ဒါကြောင့် ဒီပုဒ်စုတွေကို Coordinate Clause ( တန်းတူရည်တူ ပုဒ်စု ) လို့ ခေါ်ကြတယ်။
မှတ်ချက်.။........။ အခုတင်ဆက်နေတဲ့ Coordinate Clause ဆိုတာ မြန်မာစကားမှာ မရှိဘူး။ ဒါကို မြန်မာပညာရှိများရော၊ နောက်နိုင်ငံသား ပညာရှင်အချို့ပါ ရှိလေဟန် အထင်မှားတတ်ကြတယ်။ မြန်မာမှာ Subordination သာရှိပြီး Coordination မရှိဘူး။
Coordinate Clause လေးမျိုးရှိတယ်။
Monday, August 29, 2011
လေယူလေသိမ်း ကွာခြားချက်(၁)
(ညအလင်္ကာ ရေးသားထားတာပါ။ ဖတ်ကြည့်ကြပါအုံး။)
ကျွန်တော်တို့ ကလေးဘ၀ ကျောင်းတွင် အင်္ဂလိပ်စာ စသင်သည်မှာ Noun "(နာမ်)" များဖြင့် စသင်ခဲ့ရသလို မြန်မာဘာသာပြန်လျှင်လည်း "အပြောစကား" ဖြင့်မပြန်ဘဲ? "အရေး စာစကား" ဖြင့် ဘာသာပြန်ပေးကြောင်းတွေ့ရပါတယ်။ ဤသည်မှာ အင်္ဂလိပ်စကားလုံး တိုးပွားစေရေးအတွက် အထောက်အကူဖြစ်သော်လည်း အင်္ဂလိပ်စကားပြောရေးအတွက်မူ အဟန့်အတားဖြစ်နေကြောင်း သတိပြုမိပါတယ်။
ကျွန်တော်အခုပြောပြချင်တဲ့အကြောင်းအရာက Verb "ကြိယာ" မှစ၍  မြန်မာဘာသာပြန်ရာတွင် "စကားဖြင့်" ဘာသာမပြန်ဘဲ၊ "အပြောစကား" ဖြင့်ဘာသာပြန်စေလိုခြင်းဖြစ်သည်။
ကျွန်တော်လည်း အင်္ဂလိပ်စာလေ့လာလိုက်စား ၀ါသနာကြီးနေသူတစ်ယောက်ပါ။ အင်္ဂလိပ်စကား ပြောရဲစေလိုသူ တစ်ယောက်သာဖြစ်ပါသည်။ အခုကျွန်တော် ဖော်ပြမည့်အကြောင်းအရာမှာ အင်္ဂလိပ်စကားပြော ကျွမ်းကျင်သွားအောင် စွမ်းဆောင်နိုင်မည်မဟုတ်သော်လည်း အင်္ဂလိပ်စကားကို လွယ်လွယ်ကူကူပြောတတ်စေရန် ၊ ပြောရဲစေရန်၊ ပြောဖြစ်စေရန် အတွက် ရည်ရွယ်ပါသည်။
ကျွန်တော်တို့ငယ်ငယ်က ခေါက်ရိုးကျိုးပြီးသင်ခဲ့ရတာတွေအားလုံး ခ၀ါချပြီး အမှန်တကယ် နားလည်းအသုံးပြုနေသော အသုံးအနှုန်းဖြင့် သိရှိစေလိုခြင်းအတွက် ဒီဆောင်းပါးလေးအား ရေးသားဖော်ပြလိုက်ပါတယ်။ 
တန်ဖိုးရှိသော စကားများ
၂၀၀၅ ခုနှစ် ဇွန်လ ၁၂ရက် နေ့တွင် ကျင်းပခဲ့သော Stanford တက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် Apple Computer နှင့် Pixar Animation Studio တို့ကို စတင်တည်ထောင်ခဲ့သူ Steve Jobs ပြောကြားခဲ့ သည့် မိန့်ခွန်း
ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်ကြီးတခုရဲ့ ဘွဲ့ရ မောင်မယ်များကို တွေ့ဆုံစကားပြောခွင့်ရတဲ့အတွက်ကြောင့် အင်မတန် ဂုဏ်ယူမိကြောင်း ပြောပါရစေ။ ကျနော်ဟာ တက္ကသိုလ်ဘွဲ့ရ တယောက်မဟုတ်ပါ။ အမှန်အတိုင်း ပြောရရင် ဘွဲ့နှင်းသ ဘင် အခမ်းအနားဆိုတာ ဒီနေ့မှ တက်ဖူးတာပါ။ ဒီ ဘွဲ့နှင်းသဘင် အခမ်းအနားမှာ ကျနော့်ဘဝ ဇာတ်လမ်းလေး သုံးပုဒ် ပြောပါရစေ။ မိန့်ခွန်းအရှည်ကြီး မဟုတ်ပါ။ ကြီးကြီးကျယ်ကျယ် အကြောင်းအရာတွေ မဟုတ်ပါ။ ဇာတ်လမ်း သုံးပုဒ် ထဲ ပါ။
ပထမဆုံးဇာတ်လမ်းကတော့ ဆက်စပ်ပုံဖော်ခြင်း အကြောင်းပါ။
ကျနော် Reed College မှာ ခြောက်လပဲ တက်ပြီး ကျောင်းထွက် ခဲ့ပါတယ်။ ဒါပေမဲ့ ကျောင်းက မခွါနိုင်သေးပဲ နောက် ၁၈ လလောက် အတန်းတွေ ဆက်တက်ခဲ့ပါတယ်။ ကျနော် ဘာကြောင့် ကျောင်းထွက်ခဲ့ရတယ် ထင်ပါသလဲ။
ဒီဇာတ်လမ်းက ကျနော် မမွေးခင် အချိန်ကစပြီး ပြောပြရမှာပါ။ ကျနော့်ကို ကိုယ်ဝန်ရှိတဲ့အချိန်မှာ အမေဟာ အိမ်ထောင် မရှိသေးတဲ့ ဘွဲ့လွန်ကျောင်းသူ တယောက်ပါ။ အဲဒါကြောင့်လည်း ကျနော့်ကို မွေးစားဖို့ ပေးလိုက်မယ်လို့ ဆုံးဖြတ်ခဲ့ပါ တယ်။ ကျနော့်ကို မွေးစားမဲ့ မိဘများဟာ ဘွဲ့ရပညာတတ်တွေသာ ဖြစ်သင့်တယ်လို့ အမေ့ စိတ်ထဲမှာ အကြီးအကျယ် စွဲနေခဲ့ပါတယ်။ ဒါကြောင့်လဲ ဥပဒေပညာရှင် တယောက်နဲ့ သူ့ဇနီးတို့က ကျနော့်ကို မွေးပြီးပြီးချင်း လွှဲယူလိုက်ဖို့ ကြိုတင် စီစဉ် ထားခဲ့ပါတယ်။ ဖြစ်ချင်တော့ ကျနော် ကို “အူဝဲ” ဆိုပြီး မွေးလိုက်တဲ့အချိန်မှာ သူတို့က မိန်းကလေးမှ လိုချင်ပါ တယ်လို့ စိတ်ပြောင်း သွားခဲ့ပါတယ်။ ဒါကြောင့်မို့ အချိန်မတော် ညကြီးသန်းခေါင်မှာ မွေးစား မိဘလောင်း တန်းစီစာ ရင်းထဲက ကျနော့်မိဘများကို ဖုံးဆက်ခဲ့ပါတယ်။
“ဒီမှာ မမျှော်လင့်ဘဲ ယောကျာင်္းလေး တယောက် ရထားတယ်။ ယူမလား…” တဲ့။ မိဘများကလဲ “သိပ်ယူတာပေါ့…” တဲ့။ အဲဒီလို ပေးလိုက်ပြီးမှ ကျနော့်ရဲ့ အမေဟာ ဘွဲ့ရပညာ တတ်မဟုတ်တာ၊ ကျနော့်ရဲ့ အဖေဟာလဲ အထက် တန်းကျောင်း တောင်မှ မအောင်တာကို ကျနော့် မွေးမိခင်က သိသွားတာပါ။ မွေးမိခင်ဟာ မွေးစားစာချုပ်မှာ သဘောတူကြောင်း လက် မှတ်ထိုးမပေးခဲ့ပါဘူး။ နောင်လပေါင်း အတော်ကြာပြီး ကျနော့်ရဲ့ မိဘတွေက ကျနော့်ကို “တက္ကသိုလ် ထားပေးပါ့မယ်…” လို့ ကတိပေးမှ မွေးမိခင်က စိတ်လျော့ပြီး လက်မှတ်ထိုးပေးခဲ့တာပါ။