Monday, August 29, 2011

လေယူလေသိမ်း ကွာခြားချက်(၁)

(ညအလင်္ကာ ရေးသားထားတာပါ။ ဖတ်ကြည့်ကြပါအုံး။)
ကျွန်တော်တို့ ကလေးဘ၀ ကျောင်းတွင် အင်္ဂလိပ်စာ စသင်သည်မှာ Noun "(နာမ်)" များဖြင့် စသင်ခဲ့ရသလို မြန်မာဘာသာပြန်လျှင်လည်း "အပြောစကား" ဖြင့်မပြန်ဘဲ? "အရေး စာစကား" ဖြင့် ဘာသာပြန်ပေးကြောင်းတွေ့ရပါတယ်။ ဤသည်မှာ အင်္ဂလိပ်စကားလုံး တိုးပွားစေရေးအတွက် အထောက်အကူဖြစ်သော်လည်း အင်္ဂလိပ်စကားပြောရေးအတွက်မူ အဟန့်အတားဖြစ်နေကြောင်း သတိပြုမိပါတယ်။
ကျွန်တော်အခုပြောပြချင်တဲ့အကြောင်းအရာက Verb "ကြိယာ" မှစ၍  မြန်မာဘာသာပြန်ရာတွင် "စကားဖြင့်" ဘာသာမပြန်ဘဲ၊ "အပြောစကား" ဖြင့်ဘာသာပြန်စေလိုခြင်းဖြစ်သည်။
ကျွန်တော်လည်း အင်္ဂလိပ်စာလေ့လာလိုက်စား ၀ါသနာကြီးနေသူတစ်ယောက်ပါ။ အင်္ဂလိပ်စကား ပြောရဲစေလိုသူ တစ်ယောက်သာဖြစ်ပါသည်။ အခုကျွန်တော် ဖော်ပြမည့်အကြောင်းအရာမှာ အင်္ဂလိပ်စကားပြော ကျွမ်းကျင်သွားအောင် စွမ်းဆောင်နိုင်မည်မဟုတ်သော်လည်း အင်္ဂလိပ်စကားကို လွယ်လွယ်ကူကူပြောတတ်စေရန် ၊ ပြောရဲစေရန်၊ ပြောဖြစ်စေရန် အတွက် ရည်ရွယ်ပါသည်။
ကျွန်တော်တို့ငယ်ငယ်က ခေါက်ရိုးကျိုးပြီးသင်ခဲ့ရတာတွေအားလုံး ခ၀ါချပြီး အမှန်တကယ် နားလည်းအသုံးပြုနေသော အသုံးအနှုန်းဖြင့် သိရှိစေလိုခြင်းအတွက် ဒီဆောင်းပါးလေးအား ရေးသားဖော်ပြလိုက်ပါတယ်။ 


(၁) လေယူလေသိမ်း (Intonation) နှင့်ပတ်သက်ပြီး Stress (အော်ရမည့်အသံ)၊ Unstress (မအော်ရမည့်အသံ)၊ Secondary Stress (နည်းနည်းအော်ရမည့်အသံ) နှင့်ပတ်သက်ပြီး မြန်မာအသံ နှင့်အင်္ဂလိပ်အသံကွာခြားချက်လေးကို ဖော်ပြရခြင်းဖြစ်ပါသည်။
အသံ(၁)သံ
ဥပမာ
ထ     = ပီပီသသ ထွက်ဆိုသည်
go    = ပီပီသသထွက်ဆိုသည်။
(၂)
အသံ(၂)သံ
ဥပမာ
မင်း     = ရှေ့သံ (ထ) ကို တိုးတိုးဆိုပြီး (မင်း)မှာကျတော့ကျယ်ကျယ်ဆိုဖြစ်ပါသည်။
Father    = ရှေ့သံ ကို ကျယ်ကျယ်ဆိုပြီး နောက်သံကို ပါရုံလောက်သာဆိုပါသည်။ 
(၃)
အသံ (၃)သံ
    = စကားလုံးတစ်လုံးခြင်းတော့ဘယ်သူမှမဖတ်ပါဘူး။ တစ်ဆက်တည်းဖတ်ကြည့်ပါ.။
             အင်္ဂလိပ်လိုအဓိပ္ပါယ်က (president) ကိုပြောချင်တာပါ.
Afternoon    = ရှေ့သံကို နည်းနည်းကျယ်၊ အလယ်သံ ကို တိုးပြီး နောက်သံကို အော်ပြီးပြောပါတယ်
မြန်မာအသံ နှင့်အင်္ဂလိပ်အသံကွာခြားချက်လေးပါ
မိမိကိုယ်တိုင်လည်းနားဆင်ကြည့်ပါ။အသံကွာခြားချက်လေးကိုတွေ့ရပါလိမ့်မယ်။
နောက်ပြိး နိုင်ငံခြားသားတွေပြောရင် ကျနော်တို့ ဘာလို့ နားမလည်တာလဲ???
သူတို့စကားပြောရင် စကားလုံးကို ဆက်ပြီးပြောသွားကြတယ်
ဥပမာ
(1) This is the book ( အသံ ဘယ်နှစ်သံလိုထင်လဲ၊ ပုံမှန်အားဖြင့် စကားလုံး(၄)လုံးတွေ့လို့ (၄)သံမထွက်ပါဘူး။
 This sis the book. (လို့ အသံထွက်ပါတယ်။ ဒီနေရာမှာ The အသံက ပါရုံလေးပဲဆိုသွားတာပါ)
a  , e , i , o , u တို့ နဲ့ တွေ့ရင် များသောအားဖြင့် ရှေ့ က ဆုံးတဲ့စကားလုံးနဲ့တွဲပြီး အသံထွက်ပါတယ်။
နောက်ထပ် ဥပမာကိုကြည့်ပါ။
This is the voice of America Washington D.C .
This sis the voice cof America Washington D.C .
(အသံထွက်ရင် ကျနော် စာလုံးကြီးပြထားတဲ့စကားလုံးနဲ့တွဲပြီးဆိုသွားပါတယ်)/

How old are you.??
How old dar you လို့ပဲ ပြောပါလိမ့်မယ်။
နောက်ပြီး ကျနော်တို့ အင်္ဂလိပ်-မြန်မာအဘိဓါန်မှာ Verb တစ်ခုကိုရှာကြည့်ရင် အောက်ပါပုံစံနဲ့တွေ့ရပါမယ်။
ဥပမာ
Speak (V)  ပြောသည်။
ဒီပုံစံဟာ အဘိဓါန်အရ မှန်ပေမဲ့ စကားပြောအင်္ဂလိပ်စာအတွက် မကောင်းပါဘူး။ ဒီတော့ နောက်က (သည်) ကို ဖြုတ်လိုက်ပါတယ်။
Speak (V) ပြော
Verb အားလုံးရဲ့  (သည်) ကို ဖြုတ်လိုက်ရင် အဲ့ဒီ Verb တွေဟာ ကျွန်တော်တို့မြန်မာစကားမှာ "အမိန့်ပေးတဲ့ပုံစံ" ဖြစ်လာတာကို တွေ့ရပါတယ်။  အသံကို ခပ်ပြင်းပြင်း အမြင့်ကနေ နိမ့်သွားအောင် (နှိမ့်သံ Glide down) နဲ့ ပြောရပါမယ်။ အသံသင်္ကေတ ( '_ )အမှတ်အသားနဲ့ ပြပါတယ်။
ဥပမာ.
  • Come   လာ
  • Sit       ထိုင်
  • Eat      စား
  • Drink    သောက်
  • Give     ပေး
  • Take    ယူ
  • Go      သွား
  • Sleep   အိပ် 
အထက်ဖော်ပြပါ ပုံစံအတိုင်း အသံခပ်ပြင်းပြင်းသာပြောရင်တော့ အမိန့်ပေးတာနဲ့တူတူပါပဲ။
ဒါ့အပြင် အင်္ဂလိပ်စကားလုံးတွေနောက်မှာ အပိတ်သံပါအောင်ဆိုပေးရပါတယ်.

မြန်မာမှာ ( ကံ - ကန် - ကမ် ) အသံတူလို့မရပါဘူး။
အသံထွက်မှန်အောင်တော့ နီးစပ်ရာ ဆရာ/မ အင်္ဂလိပ်သတင်းတွေနားထောင်ပြိး လေ့ကျင့်ကြည့်ကြပါ။
Posted by ကိုတူး(မိတ္ထီလာ GTI)

No comments:

Post a Comment