Sunday, May 22, 2011

လူတွေဘာလို့မအောင်မြင်မှုတွေ၇ှိနေတာလဲ?

၁။ တိကျသော ရည်ရွယ်ချက် မရှိခြင်း။
၂။ မျိုးရိုးလိုက်ပြီး မွေးရာပါကိုယ်အင်္ဂါများ မတင့်တယ် မဖွယ်မရာ ရှိခြင်း။
၃။ အခြားသူများ၏ အရေးအခင်းများတွင် ၀င်ရောက်စွက်ဖက်တတ်သော ထူးဆန်းသည့် အကျင့်ရှိခြင်း။
၎။ မိမိအလုပ်အကိုင်နှင့် ပက်သက်ပြီး လုံလောက်သော ပြင်ဆင်မှု မရှိခြင်း။
၅။ ကိုယ်တိုင် စည်းကမ်းသေ၀ပ်မှု မရှိခြင်း။
၆။ မိမိ၏ တိုးတက်ရေးနှင့် အခွင့်အလမ်းများအပေါ် အရေးမစိုက်ခြင်း၊ စိတ်ဝင်စားမှုမထားခြင်း။
၇။ အလယ်အလတ်တန်းစား အဆင့်ထက် ကျော်လွန်၍ရောက်ရှိရန် မှန်းဆသောကြီးမြင့်စိတ် မရှိခြင်း။
၈။ ကျန်းမာရေးကို အလေးမထား၊ ဂရုမစိုက်ခြင်း။
၉။ ငယ်စဉ်ဘ၀က ပတ်ဝန်းကျင်၏ မကောင်းမှု အရှိန်အ၀ါများ ရိုက်ခတ်မှုဒဏ် ခံခဲ့ရခြင်း။

၁၀။ စတင်ထားသော အလုပ်ကိစ္စကို ပြီးဆုံးသည်အထိ လုပ်ကိုင်နိုင်သော ဇွဲမရှိခြင်း။
၁၁။ အဖျက်စိတ်ထားများ လက်ခံကျင့်သုံးနေခြင်း။
၁၂။ စိတ်ထိခိုက် လှူပ်ရှားမှုများအပေါ် ထိမ်းချုပ်ကွပ်ကဲမှု မပြုနိုင်ခြင်း။
၁၃။ မိမိကဘာမျှ မပေးပဲနဲ့ သူတပါးထံမှ ရယူလိုသော ဆန္ဒထားရှိခြင်း။
၁၄။ ဆုံးဖြတ်နိုင်စွမ်း မရှိခြင်းနှင့် အရာရာကို တိကျမှု မရှိခြင်း။
၁၅။ တစ်စုံတစ်ခုကို ဖြစ်စေ၊ ထို့ထက်များများကို ဖြစ်စေ မလုပ်ရဲ မကိုင်ရဲဘဲ အမြဲ ကြောက်ရွံ့စိတ် ရှိနေခြင်း(၇)မျိုး ၇ှိသည်။
(က) ဆင်းရဲ ပင်ပမ်းမည်ကို ကြောက်ရွံ့ခြင်း။
(ခ) ဝေဖန်ပြစ်တင် ခံရမည်ကို ကြောက်ရွံ့ခြင်း
(ဂ) မကျန်းမမာဖြစ်မည်ကို ကြောက်ရွံ့ခြင်း။
(ဃ) ချစ်ခင်မှုများ ပျက်ပြားမည် ၊ ချစ်ခင်သူများ ဆုံးရုံးမည်ကို ကြောက်ရွံ့ခြင်း။
(င) အသက်ကြီးရင့် အိုမင်းမည်ကို ကြောက်ရွံ့ခြင်း။
(စ) လွတ်လပ်ခွင့် ဆုံးရှုံးမည်ကို ကြောက်ရွံ့ခြင်း။
(ဆ) သေရမည်ကို ကို ကြောက်ရွံ့ခြင်း တို့ဖြစ်သည်။
၁၆။ အိမ်ထောင်ပြုရာတွင် အိမ်ထောင်ဖက် အရွေးမှားခြင်း။
၁၇။ အလုပ်အကိုင်၊ အရောင်းအ၀ယ်ပြုလုပ်ရာတွင် ပေါင်းသင်း ဆက်ဆံသူ အရွေးမှားခြင်း။
၁၈။ မတော်တဆ ဖြစ်မလားဟု တွေးတော စိုးရိမ်မှု လွန်ကဲခြင်း။
၁၉။ အလုပ် အကိုင်၊ အသက်မွေး ၀မ်းကျောင်းပြု မှု အရွေးမှားခြင်း။
၂၀။ မိမိ၏ အချိန်နှင့် အားများ ဆုတ်ယုတ်ပျက်ပြားမှု ဖြစ်စေခြင်း၊ စိတ်အာရုံစူးစိုက် ထိမ်းချုပ်ရန် အားမထုတ်ခြင်း။
၂၁။ ၀င်ငွေနှင့်ထွက်ငွေကို စာရင်းဇယား စီမံချက် မထားခြင်း၊ မဆင်မခြင် မထိမ်းချုပ်ပဲ သုံးစွဲခြင်း။
၂၂။ မိမိကိုယ်ပိုင်အချိန်ကို စာရင်းဇယားဆွဲ၍ မှန်ကန် အကျိုးရှိစွာ မသုံးတတ်ခြင်း။
၂၃။ စိတ်ဝင်စားမှု၊ စိတ်အားထက်သန်မှုတို့အပေါ် ထိမ်းချုပ်ကွပ်ကဲမှု မပြုခြင်း။
၂၄။ စိတ်ရှည် သည်းးခံနိုင်စွမ်း မရှိခြင်း။
၂၅။ လူအများနှင့် ဆက်ဆံရာတွင် မျှတမှန်ကန်မှု မရှိခြင်း၊ သဟဇာတစိတ်နှင့် မပူးပေါင်းခြင်း။
၂၆။ ရသင့်ရထိုက်သည်ကို အခြေမခံအကြောင်းမပြု ၊ ထိုက်သင့်သောကြိုးပမ်းမှုမပါပဲ တန်ခိုးအာဏာ၊ ကြွယ်ဝမှုများ၊ လိုချင်တပ်မက်မောလွန်းခြင်း။(တန်ရာတန်ရာမမှန်းပဲ အချောင်လိုချင်လွန်း၊ လောဘကြီးလွန်းခြင်း)
၂၇။ သစ္စာမရှိ၊ သစ္စာတရားမဲ့ခြင်း။
၂၈။ မာနကြီး ဘ၀င်မြင့်ခြင်း ၊ ၀ါကြွားအထင်ကြီးခြင်းများကို ထိမ်းချုပ်ကွပ်ကဲမှု မပြုနိုင်ခြင်း။
၂၉။ တစ်ကိုယ်ကောင်း ဆန်လွန်း၊ တစ်ကိုယ်ကောင်း စိတ်ကြီးခြင်း။
၃၀။ မိမိသိပြီးသား အမှန်တရားအပေါ် အခြေမခံပဲ၊ ၀င်ရောက်စပ်စု အကြံပေးခြင်း။
( မိမိ အမှန်တကယ် မသိသော ကိစ္စများကို ၀င်ရောက် စပ်စု အကြံပေးခြင်း)
၃၁။ ဖြစ်နိုင်ရာ ဖြစ်တန်ရာကို မကြံစည် မကြည့်မြင်တတ်ခြင်း။
၃၂။ အရည်အချင်း၊ အတွေ့အကြုံ၊ ဗဟုသုတ ရှိသူများနှင့် ကြီးမြင့်စိတ်မဖွဲ့ခြင်း၊ ပူးပေါင်းလုပ်ကိုင်ရန် ပျက်ကွက်ခြင်း။ (အရည်အချင်း၊အတွေ့အကြုံ၊ ဗဟုသုတ ရှိသူများကို အားကျစိတ်၊ အတူပူးပါင်းလုပ်ကိုင်လိုစိတ် မရှိခြင်း၊ မပူးပေါင်းခြင်း)
၃၃။ အနန္တ ဥာဏ်ပညာရှင် ရှိသည်ကို အသိအမှတ် မပြု၊ ဥာဏ်တော်ရှင်၏ အင်အားကို မိမိ
နှင့်သင့်လျော်အောင် ရယူသုံးစွဲခြင်း မပြုခြင်း။ (ပညာရှိကို မမှီဝဲ မဆည်းကပ်ခြင်း)
၃၄။ ညစ်ညမ်း-ရိုင်းစိုင်း- ဆိုးသွမ်းသော စကားများ ပြောဆိုခြင်း။
၃၅။ စဉ်းစားဆင်ခြင်မှုမပြုပဲ စကားပြောဆိုခြင်း ၊ စကားများလွန်းခြင်း။
၃၆။ သူတပါးပိုင်ပစ္စည်းများ တပ်မက်မောခြင်း။
၃၇။ အချိန်ဆွဲခြင်း ၊ဖင့်နွှဲလေးကန်မှု အကျင့်ရှိခြင်း။
၃၈။ အကြောင်းတစုံတရာ မရှိဘဲ သူတပါး မကောင်းသတင်း မမှန်မကန်လုပ်ကြံ ပြောဆိုခြင်း။
၃၉။ စိတ်တန်ခိုးအင်အားများနှင့် စိတ်၏သဘောသဘာဝများကို နားမလည်ခြင်း၊ မလုပ်ဆောင်တတ်ခြင်း။
၄၀။ တိကျသော ရည်ရွယ်ချက် မရှိ၍ ကိုယ်တိုင်ဦးဆောင် တီထွင်လုပ်ကိုင်မှုမပြုတတ်ခြင်း။
၄၁။ တိကျသော ရည်ရွယ်ချက် မရှိ၍ မိမိကိုယ်ကို အားထားယုံကြည်စိတ် မရှိခြင်း။
၄၂။ နှစ်လိုဖွယ်ရာ၊ ခင်မင်ဖွယ်ရာ၊ ကြည်ညိုဖွယ်ရာ ရုပ်အဆင်း အင်္ဂါမရှိခြင်း။
၄၃။ လာလတ္တံ့သော အချိန်ကာလအပေါ် မိမိ အပေါင်းအသင်း ၊ မိမိလူမျိုး၊ မိမိကိုးကွယ်ရာ ဘုရားအပေါ် ယုံကြည်မှုမရှိခြင်း။
၄၄။ ထိမ်းချုပ်ကွပ်ကဲမှုမပါပဲ ကြံစည်ခြင်း၊ မိမိစိတ်တန်ခိုး အင်အားကို တိုးတက်အောင် မပြုလုပ်ခြင်း။
ဝန်ခံချက်။ ။ သူငယ်ချင်းတစ်ယောက်ပို့ပေးတဲ့ mailမှ သူငယ်ချင်းများအတွက် ပြန်ပြီး ဝေငှလိုက်တာပါ။
(ကိုယ်ကိုယ်တိုင်လည်း ၁၀ ချက်ထက်မနည်း ထိနေပါတယ်။ ရှောင်သင့်တာ ရှောင်နိုင်ပြီး ဆင်ခြင်သင့်တာတွေ ကိုသိမြင်သုံးသပ်နိုင်ပါစေလို့ ဆုတောင်းရင်း.......)
Posted by သူငယ်ချင်းတစ်ဦး

No comments:

Post a Comment