Tuesday, May 03, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၅)

Present Continuous Tense

Present Progressive Tense လို့ လည်း ခေါ်ကြသေးတယ်။ ရုပ် သဏ္ဍာန်က ……..
Is
Am . .......... V –ing.
Are
ရှေ့ က is – am – are တစ်ခုခု သင့်ရာပါမယ်။ ပြီးလို ရာ Verb ကို ing ထည့်တယ်။ ဒါပါပဲ။     He is reading. I am eating. We are going. စသဖြင့် …
ဒီ Present Continuous Tense ကို အခုလောလောဆယ် လုပ်တာ ကိုင်တာကို ပြညွှန်းရာမှာ သုံးပါတယ်။
What are you doing now?
မင်း ဘာလုပ်နေလဲ။
I am reading.
ကျနော် စာဖတ်နေတယ်။ ……………… အလားတူပဲ ..
What are you waiting for?
ဘာစောင့် နေတာလည်း။
I am waiting for bus.
ဘတ်စ်ကား စောင့်နေတာပါ။
Where are you going?
ဘယ်သွားမလို့ လဲ။
I am going to market.
ဈေးသွားမလို့။

စသဖြင့် စကားပြောတဲ့ အခိုက်အတန့် မှာ လုပ်နေ ကိုင်နေတာ မှန်သမျှ ဒီ Tense ကို သုံးရတယ်။ မြန်မာလို့  နေ . ထည့်တာများနှင့် ဆင်တယ်။ အမြဲတမ်းတော့ မဟုတ်ဘူး။ အထက်က နောက်ဆုံး ဥပမာ ကို ကြည့်လေ။ ရံဖန် ( မလို့ ) သုံးတာကို တွေ့ နိုင်တယ်။ ဒါကြောင့်  အင်္ဂလိပ်စကားကို မြန်မာ စကား တစ်ခွန်း တည်းနဲ့  ဘာသာပြန်ပြီး ကျက်မှတ်တဲ့ မကျင့်ဆိုးကြီးကို ရှောင်ပါလေ။ သဘောအဓိပ္ပာယ်ကိုသာ ငုံမိအောင် လေ့ကျင့်ပါ။
The teacher is coming.
ဆရာလာပြီ။
The Russians are coming.
ရုရှားတွေ လာကုန်ပြီ။
It is raining again.
မိုးရွာပြန်ပေါ့ ။
အခုလောလောဆယ် လုပ်ကိုင်နေတာအပြင် နီးကပ်တဲ့  အနာဂတ်အချိန်ကိုလည်း ဒီ Tense က ညွှန်းသေးတယ်။
I am going to Mandalay tomorrow.
ကျွန်တော် မနက်ဖြန် မန္တလေးသွားမယ်။
We are taking the exam next week.
ကျနော်တို့  လာမည့် အပတ် စာမေးပွဲ ဖြေကြရမယ်။
Are you marrying that old girl?
မင်းက ဒီကောင်မကြီးကို ယူမလို့ လား။
ခုထိ Active Voice ရုပ်တွေ ဖြစ်တယ်။ Passive Voice ကို လို ရင် is , am , are နောက်က being ဆိုတဲ့  စကားလုံးထည့် ပြီး လိုရာ Verb ကို Past Participle ( PP ) သုံးပေးရတာ သတိပြုပါလေ။
The roads are being repaired.
လမ်းတွေ ပြင်နေကြပြီ။
The book is being printed again.
စာအုပ်ကို ထပ်ရိုက်နေပါတယ်။
Your letter is being typed now.
ခင်ဗျားရဲ့  စာအုပ်ကို လက်နှိပ်စက်ရိုက်နေပါတယ်။
ဒီ tense နဲ့  သုံးလေ့သုံးထ မရှိတဲ့  Verbs များကို မှတ်ထားရမယ်။ Non-conclusive Verbs လို့ ခေါ်တယ်။ လူကလုပ်ချင်သလို လုပ်လို့ မရတဲ့  စိတ်ပိုင်းဖြစ်ရပ်တွေကို ညွှန်ပြတဲ့  Verbs တွေပါပဲ။ သူတို့ ကို Continuous သုံးလေ့မရှိပဲ အမြဲတမ်းရော အခုလောလောဆယ်ပါ Simple Tense သုံးရတယ်။
see
want
hate
hear
wish
mean
know
smell
think (that)
like
understand
taste
believe
dislike
remember
feel
have
love
ဥပမာ ….
( ကျွန်နော် ခင်များ ဖခင်ကို တွေ့ ချင်တယ် ) လို့ ပြောချင် တယ်ဆိုပါတော့။ အခု တွေ့ ချင်တာပဲ။ ဒါပေမဲ့  Continuous မသုံးရဘူး။ Simple ပဲ သုံးပြီး …
I want to see your father. လို့ပဲ ပြောရမယ်..။ ( I am wanting to see your father. မဟုတ်ဘူး )။
I hear you are marrying that girl.
ခင်ဗျား ဟိုမိန်းကလေးကို ယူတော့မယ် ကြားပါတယ်။
( Verb နှစ်ခုပါတာ ရုပ်မတူတာကိုပြတာ သတိပြုပါလေ။ ကြားတာက အခုကြားတာမို့  hear ၊ ယူမှာက နီကပ်တဲ့  အနာဂတ်မို့  are marrying)
I think you are right.
မင်းမှန်တယ်လို့  ငါထင်ပါတယ်။
အခုဆိုရင် tense နှစ်ခုကို လေ့လာပြီးပြီ။ ဒီတော့  အင်္ဂလိပ်စကားတစ်ခွန်းပြောမယ်ဆိုရင် ဘယ်လိုအခြေအနေမျိုးမှာ ဒီ Verb ကို သုံးမှာလည်းဆိုတာ ချင်ချိန်တတ်ပြီပေါ့ ။ မြန်မာလို သာမန်ကာ လျှံကာ မတွေးပဲ အခု ဆွေးနွေးခဲ့ တဲ့  အချက်တွေကို ဦးနှောက်ထဲ အလေးအနက် ထည့် ထားကာ စဉ်းစားတတ်ရပါမယ်။ ဥပမာ - ညီလေးကျောင်းနေတယ် လို့ ပြောချင်တယ်ဆိုပါတော့။ ကျောင်းနေတယ်ဆိုကတည်းက နေ့ စဉ်နဲ့ အမျှ ကျောင်းတက်နေရတာကို ပြောတာလို့  နားလည်ရမယ်။ ဒါကြောင့်  Simple Present ရဲ့ အလုပ်ပဲလို့  နားလည်ရမယ်။ ( မြန်မာလို . နေတယ် . ပြောပေမယ့် အင်္ဂလိပ်လို Live တို့  stay တို့ နဲ့ မပြောရဘူး။ go ပဲ ဖြစ်ရမယ်။ ဒါကိုနားလည်ဖို့ ကတော့  grammar နဲ့  မဆိုင်ဘူး။ အင်္ဂလိပ်စာ အတွေ့ အကြုံနဲ့  ဆိုင်တယ်။ ဒါကြောင့်  စာများများ ဖတ်ဖို့ လိုတယ်။)
တစ်ခါ ( ညီလေး ကျောင်းသွားတယ် ) လို့  ပြောချင်ပြန်ပြီ ဆိုပါတော့။ တစ်ယောက်က ( ညီလေး ဘယ်သွားလဲ ) လို့  မေးလိုက်လို့  ဖြေလိုက်တဲ့  အဖြေဖြစ်နိုင်ပါတယ်။ အခု သွားနေတာကို ပြောချင်တာပဲ လို့  သိရမယ်။ ဒါကြောင့်  ----
My brother is going to school.
အခုဆိုရင် စောစောက ထောက်ပြခဲ့ တဲ့  A boy eats a cake. ဟာ ဘာကြောင့်  အဓိပ္ပာယ် မရှိမှန်းသိလောက်ပါပြီ။ သူပြောတာက ( ယောက်ျားလေးတိုင်း မုန့် ကို အမြဲတမ်း စားလေ့စားထရှိတယ် ) လို့  အဓိပ္ပာယ်ထွက်နေတယ် ။ မုန့် ကို စားလေ့စားထရှိတာ ယောက်ျားလေးတိုင်းရဲ့  အလေ့အထလား။ မုန့် မစားရတဲ့  ကလေးကော မရှိနိုင်ဘူးလား။ သူပြောချင်တာက ဒီသဘော မဟုတ်ပါဘူး။ တစ်ချိန်မှာ မုန့် တစ်ခုစားတာကို ပြောချင်တာပါ။ အင်္ဂလိပ်စာ မတတ်လို့  tense အသုံးမှားသွားတာပါ။
အလားတူပဲ I come to my native village to see my grandmother. ဆိုရာမှာလည်း အမြဲတမ်း လာလေ့လာထ ရှိတယ်လို့  ပြောချင်ပုံ မရပါဘူး။ အခုလောလောဆယ်လာခဲ့တာကို ပြောချင်တာပဲ ဖြစ်မှာပါ။ ဒါကြောင့်  I am coming ….. စသဖြင့်  ဖြစ်ရလိမ့် မယ်။ ( I have come… ) လည်း ရနိုင်ကြောင်း နောက်သင်ခန်းစာမှာ တွေ့ ရမယ်။

Posted by ကိုတူး(မိတ္ထီလာ GTI)

No comments:

Post a Comment