Monday, May 09, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၉)

Past Perfect Tense
had + Past participle
လိုရာ Verb ရဲ့ Past participle ရုပ်ရှေ့မှာ had ကို ထည့်လိုက်လျှင် Past Perfect Tense ရပါတယ်။ ဧက၀ုစ်ရော၊ ဗဟုဝုစ်ပါ had တစ်ခုပဲ သုံးရတာကို မှတ်ပါလေ။
He had gone.
They had gone.
တကယ်လို့  have ကို Past Perfect လုပ်လျှင် had had လို့ ရပေလိမ့်မယ်။ ပထမ had က Past Perfect မို့ ထည့် ရတာ ၊ ဒုတိယ had က have ကို Past Participle လုပ်ထားတာ။
I had had dinner.
ဒီ Tense ကလည်း Past Continuous လိုပဲ အဖြစ်အပျက် နှစ်ခု နှိုင်းယှဉ်ပြီးပြောရာမှာ အသုံးပြုပါတယ်။ အဖြစ်ပျက်နှစ်ခုမှာ တစ်ခုက တစ်ခု အလျှင်ဖြစ်ပျက်တာကို ဒီ Tense သုံးတယ်။

When we got to the station, the train had gone.
ကျနော်တို့  ဘူတာရောက်သွားတော့ ရထားးက ထွက်သွားပြီ။
( မီးရထားထွက်သွားတာက ကျနော်တို့  ဘူတာကို ရောက်သွားတာထက် အလျင်ကျတယ် )။
When အပြင် ဒီ Tense နဲ့ တွဲသုံးလေ့ ရှိတဲ့ စကားဆက်နှစ်ခုက after and before ပါပဲ။ after ဆိုတာ တစ်ခုခု ဖြစ်ပြီးတဲ့ နောက်လို့  ညွှန်ပြတယ်။ before ဆိုတာက တစ်ခုခု မဖြစ်ခင်လို့  အဓိပ္ပာယ်ရတယ်။ ဒီတော့  Past Perfect ရဲ့သဘောတွေပေါ့ ။
After the rain had stopped, we set out.
မိုးတိတ်သွားပြီးတဲ့ နောက် ကျနော်တို့  ခရီးစကြတယ်။
ဒီနေရာမှာ စကားအလျဉ်းသင့်လို့  ပြောချင်တာကတော့  before ဆိုတဲ့  စကားလုံးထဲမှာ မြန်မာလို ( မ ) အဓိပ္ပာယ် ပါနေပြီးဖြစ်တယ်ဆိုတာပါပဲ။ ဒါကြောင့်  ( ကျနော် မေ၇ာက်ခင် ) ဆိုတာကို Before I did not arrive. လို့ မပြောရဘူး။ မြန်မာလို ဘာသာပြန်ပြီးရေးရာမှာ ကျောင်းသားများ မှားလေ့ရှိကြတယ်။
As soon as ဆိုတဲ့စကားဆက်နဲ့လည်း Past Perfect သုံးလေ့ရှိတယ်။
As soon as they had finished their work, the workers went home.
တစ်ဆင့် ပြန်ပြောတယ်ဆိုတာ တစ်ခုခု ဖြစ်ပျက်ပြီးမှ ပြန်ပြောတာများတယ်မဟုတ်လား။ ဒီတော့  Past Perfect ကို သုံးလေ့ ရှိတယ်။
He said he had lost his pen.
သူက ဖောင်တိန် ပျောက်တယ်လို့ ပြောတယ်။(အလျင်ပျောက်တာ၊ နောက်မှပြောတာ။)
He wondered where he had left it.
ဘယ်နေရာများ ထားမိပါလိမ့်မလဲ သူစဉ်းစားနေမိတယ်။ (အရင် ထားတာ၊ နောက်မှ စဉ်းစာတာ။)
မှတ်ချက်။ ။ ဒီနေရာမှာ သုံးတဲ့  wonder က သိချင်တယ်။ သိချင်လို့ စဉ်းစားတယ်လို့  အဓိပ္ပာယ်ရတယ်။ အံ့သြတယ် မဟုတ်။
Twinkle, twinkle, little star,
How I wonder what you are. ဆိုတာ ( မှိတ်တုတ် မှိတ်တုတ် ကြယ်ကလေး၊ မင်းဟာ ဘာလေးလဲဆိုတာ ငါသိချင်စမ်းပါဘိ ) လို့ ဆိုတယ်။ ( သင်သည် အံ့သြဖွယ်ပါတကား ) လို့ ပြောတာ မဟုတ်ပါ။ တစ်ခုက တစ်ခုထက် အရင်မကျလျှင် Past Perfect ကို သုံးဖို့ မလိုတာကို သတိပြုပါလေ။
As soon as he saw the police, the thief ran off.
ရဲတွေကို မြင်တာနဲ့ သူခိုးထွက်ပြေးရော။ ( အလျင် မြင်ပြီးမှ ပြေးတယ်လို့ ပြောလိုတာမဟုတ်။ ခုမြင် ခုပြေးတာ။)
He said he was a teacher.
သူက ကျောင်းဆရာတစ်ယောက်ပါလို့ ပြောတယ်။(ပြောတဲ့ အချိန်မှာ ကျောင်းဆရာ ဖြစ်နေတုန်း။)
Past Perfect ကို Passive လုပ်လျှင် had နောက်က been ထည့်သုံးရတယ်။
The bridge had been built before we arrived there.
ကျနော်တို့  အဲ့ဒီကို မရောက်ခင်မှာပဲ တံတားက ဆောက်ပြီးတာ။
Nothing had been done before we came.
ငါတို့ မရောက်ခင် ဘာမှ မလုပ်ကြရသေးဘူး။
စကားလုံးတွေ တူနေတဲ့ အတွက် ဂရုမစိုက်တဲ့  ကျောင်းသားများ မှားလေ့ ရှိကြောင်း အရင် ဆောင်းပါးများမှာ ထောက်ပြဖူးပြီ။ အခုလည်း Passive မှာ သုံးတဲ့ had been နဲ့ Active had been ရောနိုင်တယ်။ သေသေချာချာ မှတ်သားပါ။
He had been here before we arrived.
( Active၊ ရောက်နေနှင့် တာကို ပြောတာ။ be ကို Past Perfect လုပ်ထားတာ။)
He had been killed before we arrived.
( Passive ၊ အသတ်ခံရတာကို ပြောတာ။ kill ကို Passive Past Perfect လုပ်ထားတာ။ )

Past Perfect Continuous Tense
Had been + V-ing
အသုံးနည်းပါတယ်။ ကိစ္စတစ်ရပ် မဖြစ်ခင်မှာဘဲ အခြားကိစ္စတစ်ရပ်က ကြာရှည်လေးမြင့် ဆက်လက် ဖြစ်ပွားနေခဲ့ တာကို ဖောက်ပြလိုတဲ့ အခါမှာ သုံးပါတယ်။ ဥပမာ.......
The war had been going on for five years when we moved to Mawlamyaing.
စစ်ကြီးဖြစ်နေလို့  ငါးနှစ်အကြာမှာ ကျနော်တို့  မော်လမြိုင်ကို ပြောင်းခဲ့ ကြတယ်။
( for five years ဆိုတာပါလို့  ဒီ Tense ကို သုံးထားကြောင်း သတိပြုပါလေ။ ဒီလိုသာမပါဘဲ ပြောမှာဖြစ်ရင် The war was going on လို့  Past Continuous ကို သုံးမှာပေါ့ ။ )

Posted by ကိုတူး(မိတ္ထီလာ GTI)

No comments:

Post a Comment