Wednesday, May 11, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၁၀)

Past Continuous Tense
was, were + .......... Ving
ရှေ့က was (or) were ကိုသုံးပြီး နောက်က ပေးထားတဲ့  ကြိယာကို V - ing ထည့်တာကို Past Continuous tense လို့ ခေါ်တယ်။ I, he, she, the boy စတဲ့ နာမ်များနဲ့ was ကိုသုံးမယ်။ We, You, they, the boys စတဲ့နာမ်များနဲ့ were ကိုသုံးတယ်ပေါ့။
ဒီ Tense ရဲ့ အသုံးကတော့ တစ်ခုခုဖြစ်ပျက်နေတုန်း နောက်တစ်ခုက ဖြစ်ပျက်နေတာကို ဖော်ပြချင်လျှင်ဖြစ်ပျက်နေတုန်း ကြိယာကို ဒီ tense နဲ့ သုံးတယ်။ နောက်ဖြစ်ပျက်တာကို Simple သုံးတယ်။ ဒါပါပဲ.။
ဥပမာ ..............
(ကျွန်တော် စာဖတ်နေတုန်း သူရောက်လာတယ် ) လို့ ပြောချင်တယ်ဆိုပါတော့။ စာဖတ်နေတုန်းကို ဒီ tense နဲ့ သုံးပြီး was reading လို့ ပြောရမယ်။ ( ရောက်လာတာ )ကို ရိုးရိုး Past သုံးပြီး arrived လို့ ပြောရမယ်။ ဒီတော့.........
I was reading when he arrived.
အလားတူပဲ-
ကျွန်တော်တို့ စားသောက်နေတုန်း မီးပျက်သွားတယ်။
We were eating when the light went out.
ကောင်လေးတွေ ကစားနေတုန်း မိုးစရွာတယ်။
The boys were playing when it began to rain.
မောင်ပု ပြေးနေတုန်း လဲသွားတယ်။
Mg Pu was running when he fell down.
တစ်ခုတော့ ရှိတယ်။ အင်္ဂလိပ်စကားးမှာ ၀ါကျအနေအထားက မြန်မာထက်လွတ်လပ်တယ်။ ဒါကြောင့် အထက်က ၀ါကျကို When he arrived I was reading. လို့ ရေးလည်းရတယ်။ He arrived while I was reading. ဆိုလည်းရတယ်။ while နေရာမှာ as သုံးပြီး ပြောလည်းရတယ်။ နောက်ပြီး အမြဲ when နဲ့  while ၀ါကျနှစ်ခုကို ဆက်ထားမှ ဒီ Tense ကို သုံးရမယ်လို့ လည်း မဆိုလိုပါဘူး ။ ၀ါကျနှစ်ခု ခွဲရေးထားလည်း ၀ါကျတစ်ခုက နောက်ခံကားသဖွယ် ဖြစ်နေလျှင် ( ဖြစ်နေတုန်း သဘောဆောင်နေလျှင် ) ဒီ Tense ကိုသုံးရပေလိမ့်မယ်။ ဥပမာ --
ခင်များကို ကျွန်တော် မနေ့ က မြင်သားပဲ ။ လက်ဖက်ရည်ဆိုင်မှာထိုင်လို့ လေ ။
I saw you yesterday. You were sitting in a cafe.
တစ်ခါ when, while တို့ နဲ့ ဆက်ထားတိုင်းလည်း ဒီ tense သုံးချင်မှ သုံးပေလိမ့် မယ်။ ဥပမာ ---
ဘတ်စ်ကားတိုက်တော့ လူဆယ်ယောက်သေတယ်လို့  ပြောမယ်ဆိုပါတော့ ။ ဘတ်စ်ကားတိုက်နေတုန်း သေကြတာမဟုတ်ဘူး။ (Continuous သဘောအကြာကြီး ဆက်ဖြစ်နေတာမဟုတ်ဘူး။) ခုတိုက် ခုသေတာပဲ ။ ဒါကြောင့် ..........
When the bus crashed, ten people died. လို့ ပဲ နှစ်ခုစလုံး Simple past ချည်း သုံးပြီးရေးရမယ်။
Present tense အကြောင်းပြောစဉ်က Continuous Tense မှာ သုံးလေ့သုံးထမရှိတဲ့ Verbs များကိုလည်း သတိရပါလေ။ သူတိုလည်း ဖြစ်နေတုန်းပြောတာဆိုပေမယ့် Past Continuous မသုံးရဘူးပေါ့ ။
ဥပမာ ---
သတင်းကြားတော့ ကျွန်တော် သူ့ ဆီ သွားလိုက်တယ်။
When I heard the news, I went to him.
တစ်ခါတစ်လေတော့ လည်း အဖြစ်အပျက်နှစ်ခုဟာ တစ်ပြိုင်နက် ဆက်လက်ဖြစ်နေကြတယ်။ အဲဒါမျိုးကို ဖော်ပြလျှင်တော့ Verb နှစ်ခုစလုံး Past Continuous သုံးရတယ်။
မောင်ပု စာဖတ်နေတုန်း မောင်စုက ကစားနေတယ်။
While Maung Pu was reading, Maung Su was playing.
ဒီ Tense ကို Passive Voice လုပ်လျှင် was/were နောက်က being ကို သုံးရတယ်။ ပြီးတော့ လိုရာ Verb ကို Past Participle လုပ်ပါလေ။
When we got there, the bridge was being built.
ကျွန်တော်တို့ အဲဒီကို ရောက်သွားတော့ တံတားက ဆောက်နေတုန်း။
When I got there, the pigs were being fed.
ကျနော် အဲ့ဒီကိုရောက်သွားတော့ ၀က်တွေကို အစာကျွေးနေတုန်း။
Verb ကို Active သုံးမလား၊ Passive သုံးမလား ဆိုတာကတော့  အထက်က ဆွေးနွေးခဲ့တဲ့ အတိုင်း စဉ်းစားရမှာ ဖြစ်ပါတယ်။
Posted by ကိုတူး(မိတ္ထီလာ GTI)

No comments:

Post a Comment