Tuesday, May 24, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၁၂)

Condition
အခေါ်အဝေါ် အပြည့်အစုံကတော့ Conditional Sentence လို့  ခေါ်ပါတယ်။ အတိုကောက် Conditional လို့လည်းခေါ်ကြတယ်။ အလွယ်ဆုံး Condition လို့ပဲ ခေါ်လိုက်တယ်။ If ပါတဲ့ ၀ါကျမျိုးကို ခေါ်တာပါပဲ။ ဒီလို ၀ါကျမျိုးမှာ သုံးနှုန်းတဲ့  ကြိယာကို စနစ်တကျ လေ့လာရပါမယ်။
Condition သုံးမျိုးရှိတယ်။ တစ်မျိုးစီမှာ ကြိယာသုံးပုံကို အလွတ်ကျက်မှတ်ထားရပါမယ်။
(၁) If.....present….., …. will+V…..
(၂) If…..past……, …….. would+V…..
(၃) If…..past perfect ….., …….. would have + past participle ……
ဥပမာ...............

If he goes to Mandalay, he will visit Mahamuni.
သူမန္တလေးကို သွားလျှင် မဟာမုနိကို ဖူးရမယ်။
If I were you, I would marry that girl.
ငါသာ မင်းဆိုလျှင် အဲဒီကောင်မလေးကို ယူမှာပဲ။
If you had been earlier, you would have met her.
မင်းသာ ဒီထက်စောစောရောက်ခဲ့လျှင် သူမကို တွေ့မှာ.။
ပထမ၀ါကျမှာ goes နဲ့ will visit
ဒုတိယ၀ါကျမှာ were နဲ့ would marry
တတိယ၀ါကျမှာ had been နဲ့ would have met တွဲရပုံတို့ ကို သေသေချာချာ မှတ်သားပါလေ။ အဲလို ကြိယာရုပ် သုံးနှုန်းပုံကို ရင်းနှီးသွားပြီးတဲ့နောက် အနက်အဓိပ္ပာယ်သဘောကို သိရှိ သဘောပေါက်ရမယ်။
(၁) ဒီအမျိုးအစား Condition က တကယ်ဖြစ်နိုင်တဲ့ အကြောင်းကိစ္စကို ပြောတာပါ။ ဥပမာ ၀ါကျကို ကြည့်လျှင် သူမန္တလေးကိုသွားဖို့  ဖြစ်နိုင်ပါတယ်။ မန္တလေးရောက်လျှင် မဟာမုနိကို တကယ်ဖူးရမှာပါ။ အလားတူ စာကြိုးစားလျှင် စာမေးပွဲအောင်မယ်။ ရေကို အပူပေးလျှင် အငွေ့ဖြစ်သွားမယ်ဆိုတာတွေဟာ ဒီပထမ အမျိုးစားထဲမှာပါတယ်။ အချိန်အားဖြင့် ပစ္စုပ္ပန်အချိန်၊ အနာဂတ်အချိန်တို့ ကိုညွှန်းတယ်။
(၂) ဒီအမျိုးစား Condition က တကယ်မဖြစ်တဲ့ အကြောင်းကိစ္စကိုပြောတာ။ ဥပမာ- ၀ါကျကိုကြည့်လျှင် ကျနော်ဟာ ဘယ်လိုလုပ်ပြီး ခင်များ ဖြစ်နိုင်မလဲ။ တင်စားပြောတာပဲရှိတယ်။ အလားတူ ငါသာ မင်းချစ်သူဖြစ်လျှင်….........၊ လောကကြီးမှာ နေမထွက်လျှင် ..... ဆိုတာမျိုးတွေဟာတကယ်မဖြစ်ပဲ တင်စားတာတွေချည်း။ အားလုံး ဒီ ဒုတိယအမျိုးထဲမှာ ပါတယ်။ အချိန်အားဖြင့်  ပစ္စုပ္ပန်အချိန်၊ အနာဂတ်အချိန်တို့ ကို ညွှန်းတယ်။
(၃) ဒီအမျိုးစား Condition ကလည်း တကယ်မဖြစ်နိုင်တာပါပဲ။ ဒုတိယနဲ့ကွာခြားနေတာက အချိန်ဖြစ်တယ်။ ဒုတိယက ပစ္စုပ္ပန်နဲ့ အနာဂတ်မှာ တကယ်မဖြစ်တာ။ ခုတတိယက အတိတ်မှာ တကယ်မဖြစ်ခဲ့တာကို ပြောတာ။ ဥပမာ- ၀ါကျကိုကြည့်လျှင်၊ တကယ်က ခင်များဟာ စောစောမလာဘူးလေ။ စောစောက လာတာဟာ တကယ်မဟုတ်ဘူး။ တင်စားပြောတာဖြစ်တယ်။ မင်းသာ စောစောလာခဲ့လျှင်…၊ အလားတူ သူသာ မနှစ်က စာမေးပွဲ အောင်ခဲ့လျှင်… ( တကယ်က စာမေးပွဲ ကျခဲ့ပြီ ) ။ ဗိုလ်ချုပ်အောင်ဆန်းသာ ၁၉၄၇ ခုနှစ်က မသေခဲ့လျှင်… ( တကယ်က သေခဲ့ပြီ ) စတာမျိုးတွေဟာ ဒီအမျိုးစားထဲမှာ ပါဝင်တယ်။
အထက်က ပေးခဲ့တဲ့အတိုင်း ကြိယာရုပ် အတွဲအဖက်တွေကို ကျေညက်ပိုင်နိုင်နေအောင် မှတ်သားထားဖို့  လိုအပ်ပေလိမ့်မယ်။ အဲဒါတွေဟာ Condition ရဲ့ သုံးရိုးသုံးစဉ်တွေပါပဲ။ အငယ်တန်းမှာ ဆိုလျှင်တော့ အဲလောက်ဆို လုံလောက်ပါပြီ။ အဆင့်မြင့်တန်းအတွက် ဆိုလျှင်ဖြင့် တခြားမူကွဲများလည်း ရှိသေးကြောင်း ဗဟုသုတအဖြစ်မှတ်သားရပါမယ်။
(၁) Condition 1 အတွက် Future Tense အပြင် Simple Present တို့ Imperative ( အမိန့်ပေးစကား )တို့ လည်း သုံးနိုင်သေးတယ်။ ဒီအသုံးမှာ If အစား when ကို အသုံးပြုနိုင်တယ်။ ဥပမာ.............
If you heat water, it boils.
ရေကို အပူပေးလျှင် ဆူပွက်လာတယ်။ ( boils ဟာ Present tense )
When you heat water, it boils.
If one buys a car, it costs money.
ကားဝယ်လျှင် ပိုက်ဆံကုန်တယ်။ ( costs ဟာ present tense )
If you meet her, tell her to come back.
မင်း သူမကိုတွေ့လျှင် ပြန်လာဖို့ ပြောလိုက်ပါ။ ( tell က အမိန့်ပေးစကား )
(၂) အမိန့်ပေးစကားနဲ့ and သုံးပြီး ရိုးရိုးဝါကျကို သုံးလျှင် Condition ဖြစ်သွားတယ်။
Say that again and I will hit you.
( = If you say that again I will hit you. ) ဒီစကားကို ထပ်ပြောစမ်း ၊ မင်းကို ငါရိုက်မယ်။
( မင်း ဒီစကားကို ထပ်ပြောလျှင် မင်းကို ငါရိုက်မယ်။ )
Drive too fast and you will get killed.
အရမ်းမောင်း၊ သေလိမ့် မယ်။
(၃) Should ဆိုတဲ့ စကားလုံးဟာ shall ရဲ့ Past tense ဆိုပြီး Condition -2 လို့  မမှတ်ယူအပ်ဘူး။ ( သင့် တယ် ) လို့  အဓိပ္ပာယ်ထွက်လျှင် Present tense မှာပဲ သုံးတယ်။ ဒါကြောင့်  Condition-1 အတိုင်းပဲ ကြိယာကို သုံးနှုန်းရတယ်။
If you should meet my friend, tell her to go home at once.
ကျနော့်  သူငယ်ချင်းကိုများတွေ့လျှင် အိမ်ပြန်ဖို့ ပြောပါ။
ဒီလိုသုံးတာမျိုးကို If မပါပဲ should ကို ၀ါကျရဲ့ ရှေ့ဆုံးမှာထားပြီးရေးလို့ လည်းရတယ်။
Should you meet my friend, tell her to go home. ( မြန်မာလို အထက်ကနဲ့ အတူတူပဲ )
(၄) အလားတူ Condition-2 မှာလည်း If ကိုဖြုတ်ပြီး were ကို ၀ါကျရဲ့ ရှေ့ဆုံးမှာထားပြီး ရေးလို့ လည်းရတယ်။ ဥပမာ...........
If I were a cat, I would eat you up.
Were I a cat, I would eat you up.
ငါသာကြောင်ဆိုလျှင် မင်းကိုစားပစ်မယ်။
(၅) အလားတူ Condition-3 မှာ If ကိုဖြုတ်ကာ had ကိုဝါကျရှေ့ပို့ ပြီး ရေးနိုင်ပါတယ်။ ဥပမာ…
If you had come earlier, you would have seen her.
Had you come earlier, you would have seen her.
မင်းဒီထက် စောစောလာခဲ့လျှင် သူမကို တွေ့ရမှာ။
(၆) Unless ဆိုတဲ့စကားလုံးဟာ If not နဲ့ ညီမျှပါတယ်။ ဒါကြောင့် If နောက်က Verb မှာ not ပါလျှင် ၀ါကျကို Unless နဲ့ပြောင်းပြီး ရေးနိုင်ပါတယ်။ ( Unless ထဲမှာ not အဓိပ္ပာယ် ပါသွားပြီဆိုတာ သတိပြုပါ။ )
If you do not work, you will fail.
Unless you work, you will fail.
မင်းမကြိုးစားလျှင် မအောင်မြင်ပေဘူး။
Not ကိုဖြုတ်တော့  do ပါ တစ်ပါတည်း ပြုတ်သွားရတာကို သတိပြုပါ။
If it is not very fine, we can’t go out.
Unless it is very fine, we can’t go out.
ရာသီဥတု မသာယာလျှင် အပြင်မသွားနိုင်ဘူး။
If one has no money, one can’t buy a computer.
Unless one has money, one can’t buy a computer.
ငွေမရှိလျှင် ကွန်ပျူတာ မ၀ယ်နိုင်ဘူး။ ( not လိုပဲ no ကို ဖြုတ်ပစ်ရတယ်။ )
ခု သင်ခန်းစာမှာပေးခဲ့တဲ့ နမူနာအားလုံးထဲမှာ If နဲ့ တွဲတဲ့ စကားစုကို ၀ါကျရှေ့က ထားတာချည်းပဲ။ အသုံးအများဆုံး ပုံစံကို ပေးလိုက်တာ ဖြစ်ပါတယ်။ တကယ်က အင်္ဂလိပ်စကားမှာ ပုဒ်စုကို ရှေ့ - နောက် ကြိုက်သလို ရွေ့ထားနိုင်ပါတယ်။ ဒါကြောင့် ….
If you work hard, you will succeed. ကို ..You will succeed if you work hard. လို့ ပြင်ရေးနိုင်ပါတယ်။
She won’t come unless you invite her.
I would have gone had I known.
We must walk should we miss the bus. စသည်ဖြင့် ရေးနိုင်ပါတယ်။
Posted by ကိုတူး(မိတ္ထီလာ GTI)

1 comment:

kyaw khwa said...

ွှThanks for your very useful posts. I encourage you to keep posting just like that.

Post a Comment