Sunday, July 10, 2011

မြန်မာနိုင်ငံမှာ အရက်သေစာ တွင်ကျယ်လာ

မြန်မာနိုင်ငံဟာ စစ်အစိုးအဆက်ဆက် ခေတ်စနစ်ဆိုးအောက်မှာ နိုင်ငံရေး၊ စီးပွားရေး ချွတ်ခြုံကျခဲ့ရသလို လူမှုရေးပိုင်းမှာလည်း နိမ့်ကျ ယိုယွင်းသွားခဲ့တာကို ဒီကနေ့ နိုင်ငံတဝန်းမှာ တနေ့တခြား တိုးများလာတဲ့ အရက်ဆိုင်တွေ တိုင်းပြည်ရဲ့အနာဂတ်လို့ ဆိုကြတဲ့ မျိုးဆက်သစ် လူငယ်တွေကြား တွင်ကျယ်လာတဲ့ အရက်သေစာ သောက်စားမှု ဓလေ့တွေက သက်သေခံနေပါတယ်။

Photo: AFP
မြန်မာအစိုးရ၏ ဦးပိုင်လီမိတက်မှ ထုတ်လုပ်သော မြန်မာဘီယာ။ (Photo: AFP)
လက်ဖက်ရည်ကြိုက်တဲ့ မြန်မာလူမျိုးတွေအဖြစ်ကနေ အရက်ကြိုက်တဲ့ မြန်မာလူမျိုးတွေ ဖြစ်သွားအောင် တစစ ပြောင်းလဲလာနေတဲ့ အခြေအနေဟာ စစ်အစိုးရ အဆက်ဆက် နှစ်ပေါင်းများစွာ ချမှတ်ကျင့်သုံးခဲ့တဲ့ လူမှုရေး ဦးတည်ချက် ၄ ရပ်ရဲ့ အနှစ်သာရ ကင်းမဲ့မှုကြောင့်လားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
ဒီအကြောင်း နာမည်ကျော် အဆိုတော် ကိုဇော်ဝင်းထွ်၊ အထက်လွှတ်တော်အမတ် ဒေါက်တာအေးမောင်၊ အငြိမ်းစား အစိုးရဝန်ထမ်းတဦးနဲ့ ရန်ကုန်မြို့က လူငယ်တွေကို ဆက်သွယ်ပြီး RFA အဖွဲ့သား ကိုကျော်ကျော်အောင်က တင်ပြထားပါတယ်။
ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်        

Posted  by ထွန်းမြင့်ဌေး

No comments:

Post a Comment