ဒီဆောင်းပါးဟာ ဩစတြေးလျ (အော်စီ)ကိုသွားပြီး ပညာသင်ကြားလိုသူတွေအတွက် ရည်ရွယ်ပါတယ်။ ဒါပေမယ့် အေးဂျင့်လို့ခေါ်သူတွေကိုရွေးချယ်ရာမှာ ဘယ်နိုင်ငံအတွက်မဆို အတူတူပဲဖြစ်နိုင်တာကြောင့် ဆင်ခြင် ကြည့်ဖို့လိုပါတယ်။
စဉ်းစားစရာအချက်များ
အော်စီကိုသွားပြီးပညာသင်ဖို့ ဆုံးဖြတ်ပြီးပြီဆိုရင် အေးဂျင့်ကိုတော့ ချဉ်းကပ်ကြည့်တာ မမှားပါဘူး။ ကိုယ်ရွေးချယ်သင့်တဲ့ အေးဂျင့်တွေကတော့
အော်စီကိုသွားပြီးပညာသင်ဖို့ ဆုံးဖြတ်ပြီးပြီဆိုရင် အေးဂျင့်ကိုတော့ ချဉ်းကပ်ကြည့်တာ မမှားပါဘူး။ ကိုယ်ရွေးချယ်သင့်တဲ့ အေးဂျင့်တွေကတော့
အော်စီရဲ့ပညာရေးစနစ်အကြောင်း တိတိကျကျသိသူ၊ မှန်မှန်ကန်ကန်သိသူဖြစ်ဖို့လိုတယ်။အမြဲမပြတ် up-to-date ဖြစ်တဲ့ပညာရေးဆိုင်ရာသတင်းတွေသူ့ထံမှာရှိနေရမယ်။ အော်စီပညာရေးအကြောင်း အပြင် သူဟာ သင်တန်းအကြောင်း၊ သင်တန်းကို အထောက်အပံ့ပေးနေသူတွေအကြောင်း၊ နေထိုင် စရိတ်၊ နေထိုင်စရာနေရာ၊ လူနေမှုဘ၀၊ ယဉ်ကျေးမှု ဓလေ့တွေအကြောင်းကို ကောင်းကောင်းရှင်းပြနိုင်သူ ဖြစ်ဖို့လိုတယ်။
ကိုယ့်ကျောင်းဝင်ခွင့်ဖောင်ကို စာရင်းသွင်းပြီးတဲ့အထိ အကူအညီပေးနိုင်သူဖြစ်ရမယ်။
ကိုယ့်ကျောင်းဝင်ခွင့်ဖောင်ကို စာရင်းသွင်းပြီးတဲ့အထိ အကူအညီပေးနိုင်သူဖြစ်ရမယ်။
ပြည်ဝင်ခွင့်ဗီဇာအတွက် စတင်ပြင်ဆင်ရာကနေ တင်သွင်းပြီးတဲ့အထိ တာဝန်ယူ ပေးနိုင်သူတွေ ဖြစ်ရမယ်။
ပညာရေးအတွက် အေးဂျင့်ထံက အကူအညီ ယူမှဖြစ်တော့မယ်ဆိုရင် ကိုယ့်အတွက် အမှန်တကယ် အကျိုးဆောင်နိုင်သူအမှန်အကန်သမားတွေဖြစ်သင့်တယ်။ဘာကြောင့်လဲဆိုတော့ အကြံအဖန်သမားတွေကလည်း အကွက်ခြောင်းနေတာအများကြီးရှိနိုင်တယ်။
ဘယ်လိုအေးဂျင့်မျိုးတွေကို ရွေးချယ်မလဲ
အေးဂျင့်ကိုမရွေးမီ ကိုယ့်ဘက်က ပြင်ဆင်ထား ရမှာတွေက
ကိုယ့်အလုပ်အတွက် ရည်မှန်းချက်ရှိရမယ်။ ဘာလုပ်မှာလဲ။ ဒါမှ ဘာသင်မှာလဲဆိုတာ ထပ်စဉ်း စားလို့ရမယ်။ အရင်းဆုံး အော်စီမှာပညာသင်ဖို့ ဒီ website လေးကို ဝင်ကြည့်သင့်တယ်။ www.studyinaustralia.gov.au ကိုပါ။ အဲဒီမှာ ဘာကို သင်ရင် ဘယ်လောက်ကျမယ်၊ ဘယ်လိုနေရမယ်ဆို တာတွေကို သိရလိမ့်မယ်။ ကိုယ်က အရင်ဆုံးသိအောင် ကြိုတင်လေ့လာထားပါ။
၂။ ကိုယ်တက်ချင်တဲ့ကျောင်းရဲ့ website ကို အရင်ဆုံး ကြိုတင်လေ့လာမယ်။
တက္ကသိုလ်၊ ကောလိပ်တစ်ခုခုမှာ ပညာသင် ကြားချင်တာဆိုရင် အဲဒီကျောင်းတွေရဲ့ website ကိုဝင်ပြီး ကြိုတင်လေ့လာမယ်။ နိုင်ငံခြားက ကျောင်း သားတွေအနေနဲ့ ဘယ်လိုစာရင်းသွင်းရမယ်ဆိုတာ လောက်ကိုတော့ အနည်းဆုံးလေ့လာထားသင့်တယ်။ အချို့ကျောင်းတွေက တိုက်ရိုက်ကိုယ်တိုင်ဆက်သွယ်လို့ရတာတွေရှိတယ်။ တိုက်ရိုက်ဆက်သွယ်သင့်တယ်။ အေးဂျင့်နဲ့မှ ဆက်သွယ်ချင်တယ်ဆိုရင်လည်း အဲဒီ အေးဂျင့်ဆိုတာ သက်ဆိုင်ရာတက္ကသိုလ် သို့မဟုတ် ကောလိပ်က ထုတ်ပြန်ထားတဲ့ အေးဂျင့်စာရင်းမှာ အမှန်တကယ် ပါ မပါဆိုတာ လေ့လာကြည့်သင့်တယ်။
၃။ ကိုယ့်ဝန်းကျင်၊ သူငယ်ချင်းမိတ်ဆွေနီးစပ်ရာကို အဲဒီအေးဂျင့်အကြောင်း အရင်စုံစမ်းပြီးမှ ဆက်သွယ်သင့်တယ်။
သွားဖူးတဲ့သူတွေ၊ ရောက်နေတဲ့သူတွေရဲ့ အသိုင်း အဝိုင်းကတစ်ဆင့် အေးဂျင့်အကြောင်း စုံစမ်းကြည့်မယ်။
၎။ အွန်လိုင်းမှာ စုံးစမ်းလို့ရနိုင်သမျှ စုံစမ်းပါ။
ကိုယ်ဆက်သွယ်မယ့်အေးဂျင့်ဟာ သူတို့နိုင်ငံ တွေမှာတော့ သင်တန်း (Education Agents Training Course) ဆိုတဲ့ သင်တန်းဆင်းလက်မှတ်ရ၊ မရ အရင်ကြည့်တတ်ကြတယ်။ အော်စီရဲ့ ပညာရေးစနစ်မှာ လက်မှတ်ရတွေကိုပဲ ခန့်ထားလေ့ရှိပြီး အရည်အချင်း ပြည့်မီသူတွေအဖြစ် စာရင်းထုတ်ပြန်ထားတတ်တယ်။ http://www.pieronline.org/qeac/ မှာဝင်ကြည့်နိုင်ပါတယ်။
၅။ လုပ်ငန်းအတွေ့အကြုံရှိတဲ့ အေးဂျင့်ကိုရွေးပါ။
အချို့အေးဂျင့်တွေဟာ လက်မှတ်ရတွေ ဟုတ်ချင်မှဟုတ်မယ်။ဒါပေမယ့် အေးဂျင့်လုပ်စားလာတာ အံတိုနေပြီဆိုတဲ့ သူမျိုးတွေရှိတတ်ပါတယ်။ မှန်ကန်သူဆိုရင်ဆက်သွယ်ပေါ့ ။သူတို့ဆီကအကြံကောင်း၊ ဉာဏ်ကောင်းလမ်းညွှန်မှုကောင်းကောင်းတွေ ရနိုင်ပါတယ်။
၆။ အေးဂျင့်တစ်ယောက်တည်းနဲ့ မဆက်သွယ်ပါနဲ့။
အေးဂျင့်ပေါင်းများစွာရှိရင် အများနဲ့ပဲ လိုက်စကားပြောကြည့်လိုက်ပါ။ အဖြေထွက်လာနိုင်ပါတယ်။
၇။ ဘယ်လောက်ကုန်ကျမလဲဆိုတာကို အပြတ်မေးထားပါ။
ဘယ်လောက်ကုန်မလဲဆိုတာကို ရှင်းလင်းအောင်မေးထားပါ။အေးဂျင့်ကို အချို့သောတက္ကသိုလ်၊ ကောလိပ်တွေက ဝန်ဆောင်ခဆိုတာ မယူခိုင်းဘူးဆိုတာလည်း နားလည်ထားပါ။ သူတို့ကို သက်ဆိုင်ရာ ပညာရေးဌာနက ကော်မရှင်ပေးပါတယ်။အဲဒီ ကော်မရှင်ကိုပဲ သူတို့ခံစားခွင့်ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တက္ကသိုလ်ကောလိပ်တွေက ခန့်ထားတဲ့ အေးဂျင့်တွေဖြစ် နေလို့ပါ။
လက်မှတ်မထိုးမီ သေချာစွာဖတ်ပါ။
ကျောင်းကိုကြိုက်ပြီ၊ သင်ကြားမယ့် ဘာသာရပ်ကိုလည်းကြိုက်ပြီဆိုရင် သဘောတူညီချက်တွေကို လက်မှတ်ထိုးဖို့လိုပါတယ်။ သတ်မှတ်ကြေးဆိုတာကို မပေးမီ ဘာကြောင့်ပေးရမှာလဲ၊ ဘာတွေကိုပေးရမှာလဲဆိုတာ သေချာစွာဖတ်သင့်ပါတယ်။
စာချုပ်သဘောမျိုး လက်မှတ်ရေးထိုးရမယ်ဆိုတာ ကိုယ်နဲ့ ပညာရေးဝန်ဆောင်မှုပေးသူ သို့မဟုတ် ပညာသင်ကျောင်းဝင်ခွင့်ကို စာရင်းသွင်းဖို့အတွက် ဝင်ခွင့်ကို အရင်လက်မှတ်ရေးထိုးရပါလိမ့်မယ်။ ဒါကြောင့် ရေးထားတဲ့လျှောက်လွှာပါအချက်တွေ၊ ပေးသွင်းရမယ့်ငွေကြေးပမာဏ၊အဲဒီကျောင်းမှာဆက်မတက်ရင် ပြန်ပေးမယ့်ငွေပမာဏ၊ သဘောတူချက်တွေအားလုံး ရှင်းလင်းစွာသိအောင် ဖတ်ထားမယ်။
စာချုပ်ဟာအရေးကြီးပါတယ်။ ပညာမသင်မီ၊ ပညာသင်ပြီး ပေးသွင်းရမယ့် ငွေပမာဏ၊ ပြန်အမ်း ငွေတွေကအစ သိထားသင့်ပါတယ်။ ဒါကြောင့်
- စာချုပ်ပါအချက်အလက်တွေကို လက်မှတ်မရေးထိုး မီ သေချာစွာဖတ်မယ်။
- ကိုယ့်အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေကို သဘောပေါက်ပြီလား၊ ပြန်အမ်းငွေ (refund) ဆိုတာကို နားလည်ပြီလား။
- သဘောတူချက်မှာ ကိုယ့်စိတ်ထဲက တစ်ခုခု သံသယဖြစ်စရာပေါ်နေရင် လက်မှတ်လည်းမထိုးနဲ့၊ အေးဂျင့်ကို ငွေလည်းမပေးပါနဲ့။
- အေးဂျင့်က အတင်းလက်မှတ်ထိုးခိုင်းလို့လည်း လက်မှတ်ကိုမထိုးမိပါစေနဲ့။
- ဘာမှပေးမဖတ်ဘဲ လက်မှတ်ထိုးဆိုပြီး အေးဂျင့်က လက်မှတ်ထိုးခိုင်းတာကို မလိုက်လျောမိပါစေနဲ့။
သက်သေခံမှတ်တမ်းများ
ကိုယ်လက်မှတ်ထိုးလိုက်ရတဲ့ ဘယ်စာရွက် စာတမ်းကိုမဆို မိတ္တူယူထားမယ်။
လက်မှတ်ထိုးရတဲ့ စာရွက်စာတမ်းတိုင်းရဲ့ မိတ္တူ ဆိုတာ ကိုယ့်ရပိုင်ခွင့်တစ်ခုလို့ သိထားပါ။ ဒါဟာ တချိန်ချိန်မှာ ပြဿနာတစ်ခုခုဖြစ်လာရင် အထောက်အကူလည်းဖြစ်နိုင်ပါတယ်။
ငွေပေးဆောင်ခြင်း
ထပ်ပြောပါရစေ ဘာမှမဖတ်ဘဲ၊ နားမလည်ဘဲ၊ သဘောမပေါက်ဘဲ အေးဂျင့်ကို ငွေမပေးပါနဲ့။ အေးဂျင့်က စာချုပ်တစ်ခုဆွဲလာပြီး စာချုပ်မှာ လက်မှတ်ထိုး၊ ငွေရကြောင်းကိုတော့ သူကိုယ်တိုင်မထိုးဘဲ ရုံးကစာရေးမလေးတစ်ယောက်ယောက်ကို လက်မှတ်ထိုးပြီးယူခိုင်းတာလည်း ပိုပြီး တရားမဝင်ကြောင်း သတိထားပါ။
ဘာတွေကို ရှောင်သင့်သလဲ
တစ်ခါတစ်လေ အေးဂျင့်တွေက သူတို့လုပ်ငန်းကို တိုးမြှင့်တဲ့အနေနဲ့ သတင်းမှာတွေပြောတတ်ပါတယ်။ ဥပမာ စို့စို့ပို့ပို့လေးပေးရင် အော်စီမှာ နေထိုင်ခွင့်ရမယ်၊ လစာကောင်းကောင်း အလုပ်လဲရမယ်ဆိုတာတွေ ပြောတတ်ပါတယ်။ ဒီအပြောမျိုးတွေကို မယုံပါနဲ့။ အဲဒီလို မဟုတ်ကဟုတ်ကပြောတတ်တဲ့ အေးဂျင့်မျိုးတွေကိုရှောင်ပါ။
ကျောင်းသားဗီဇာရမယ်၊ အမြဲနေထိုင်ခွင့်ရမယ် လို့ပြောတဲ့ အေးဂျင့်တွေကို လုံးဝမယုံပါနဲ့။
ဩစတြေးလျအစိုးရကသာ လျှောက်လွှာကိစ္စ၊ ကျောင်းသားဗီဇာကိစ္စ၊ နေထိုင်ခွင့်တွေကို အဆုံး အဖြတ်ပေးလို့ရတယ်။ ဘယ်အေးဂျင့်ကမှ အာမခံလို့ မရဘူး။
အော်စီမှ လစာကောင်းကောင်းနဲ့ အလုပ်လည်း ရမယ်လို့ အေးဂျင့်ကပြောရင် မယုံပါနဲ့။
အလုပ်ရနိုင်တယ်၊ မရနိုင်ဘူး၊ လစာကောင်းတယ်၊ မကောင်းဘူးဆိုတာလည်း ကိုယ့်အရည်အချင်းနဲ့ ကျွမ်းကျင်မှု အပေါ်မှာ မူတည်တယ်။ အေးဂျင့် အပြောနဲ့ မရနိုင်ဘူးဆိုတာ သိထားပါ။ ကောင်းကောင်း ကျွမ်းကျင်မှုကိုပြနိုင်ရင် လစာကောင်းကောင်း ရမှာပဲ။
အော်စီမှာနေသူရဲ့ အကြံပြုချက်လိုပါတယ်။
- ဖြစ်နိုင်ရင် အော်စီမှာ နေထိုင်ခွင့်ရထားသူတစ်ဦးဦးကို ဆက်သွယ်ပြီး အကြံတောင်းကြည့်ပါ။ နေထိုင်ခွင့် အကြောင်း သိနိုင်ပါတယ်။ ဒေသဆိုင်ရာအေးဂျင့်တွေ၊ နိုင်ငံရပ်ခြားမှာ လာအလုပ်လုပ်နေသူတွေ၊ နိုင်ငံတကာကကျောင်းသားတွေထဲကနေ အကြံပေးနိုင်သူတွေ ရှိနိုင်ပါတယ်။
- အော်စီမှာနေထိုင်ခွင့်နဲ့ ပတ်သက်ပြီးတော့ ပညာရေးအေးဂျင့်တွေဆီက အကြံမယူပါနဲ့။ မှတ်ပုံတင်ထားတဲ့ ဌာနေအေးဂျင့်တွေဖြစ်နေရင်လည်း နေထိုင်ခွင့်နဲ့ပတ်သက်ပြီး သူတို့ ပြောတိုင်း မယုံပါနဲ့။
Ref : http://www.pieronline.org/
Posted by ဝတီ
Posted by ဝတီ
No comments:
Post a Comment